ဂျိတ်ခ်ရဲ့ တစ်ကိုယ်တော်ပွဲကျင်းပတဲ့ ကွင်းထဲကို အလုပ်ကနေဆောင်ဟွန်းအမြန်ပြေးလာခဲ့ရတယ်။ ပွဲမပြီးခင် မိနစ်ပိုင်းလောက်အလိုမှာမှ ရောက်လာခဲ့ရပေမဲ့ စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ဂျိတ်ခ်ကို မြင်လိုက်ရသေးတာကြောင့် တော်ပါသေးရဲ့။ ပြည်တွင်းမှာလုပ်တဲ့ ဂျိတ်ခ်ရဲ့ ပွဲတွေတိုင်းကို ဆောင်ဟွန်းမရောက်ရောက်အောင်တော့ သွားကြည့်ဖြစ်တယ်၊ ဂျိတ်ခ်မသိအောင်ပေါ့။
စင်ပေါ်မှာ တောက်ပနေတဲ့ ဂျိတ်ခ်ကို ကြည့်ရတာ ငယ်ငယ်က ဓါတ်ပုံထဲမှာပြုံးရယ်နေတဲ့ကောင်လေးကို ကြည့်နေရသလိုမျိုးပဲ ခံစားချက်ခြင်းကအတူတူပဲဖြစ်သည်။ ဝါသနာပါရာကို လုပ်ခွင့်ရခဲ့တဲ့ ဂျိတ်ခ်က သိပ်ကိုကံကောင်းခဲ့တာပဲ။ ဆောင်ဟွန်းအမြဲအားကျရပြီး ဂျိတ်ခ်နဲ့ ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဖိုးဖိုးရှင်းမ်သာဆိုလျှင်လည်း ဂျိတ်ခ်ကိုကြည့်ပြီး ဂုဏ်ယူနေလောက်မှာ....
" ဖိုးဖိုးသာ ရှိနေဦးမယ်ဆိုရင် မင်းကို ကြည့်ပြီး ဂုဏ်ယူနေလောက်မှာကိုကိုရယ်"
မျက်နှာကိုဖုံးအုပ်ထားတဲ့ maskအောက်ကနေ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိတယ်။ စင်တဲ့ဝေးတဲ့နေရာမှာဖြစ်တာတောင် ဂျိတ်ခ်သတိထားမိသွားမည်စိုး၍ တစ်ကိုယ်လုံးအမည်းတွေနဲ့ဖုံးအုပ်ထားပြီး maskကိုပါဝတ်လာတဲ့ဆောင်ဟွန်း။
တစ်ကယ်ကိုပါ ဆောင်ဟွန်းရဲ့ပတ်ဝန်းကျင်မှာ အဲ့လိုအပြုံးမျိုးကို ဂျိတ်ခ်စီကသာ ဆောင်ဟွန်းမြင်ဖူးခဲ့တာ။ ဘယ်လိုပြောရမလဲ သွားညီညီလေးတွေ အကုန်ပေါ်အောင် ပြုံးတတ်တဲ့ ဂျိတ်ခ်ရဲ့ အပြုံးခပ်ကြီးကြီးလေးတွေလေ။ သေချာပေါက်တော့ ဆောင်ဟွန်းရဲ့ရှေ့မှာတော့ ထိုအပြုံးလေးတွေက မပေါ်လာတတ်ဘူးပေါ့။
" အခုနောက်ဆုံးတစ်ပုဒ်ကို အတူဖျော်ဖြေပေးမဲ့ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်"
ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ လူအုပ်ကြီးစီက အော်သံတွေနဲ့အတူ " နီခီ နီခီ "ဆိုတဲ့ ဟစ်ကြွေးသံတွေက နောက်မှာကပ်ပါလာလို့ရယ်။ တစ်နိုင်ငံလုံးသိတဲ့ အချစ်ရဆုံးသူငယ်ချင်းတွေဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အမှန်တော့ သူငယ်ချင်းထက်ပိုတဲ့အဆင့်ဆိုတာ ရင်းနှီးတဲ့သူတော်တော်များများကသိနေကြပြီးသားပါ။

YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......