💍 Finale 💍

605 67 30
                                    

သူနဲ့ကိုကို အတူတူဖြတ်သန်းလာတဲ့နေ့ရက်တွေက လတွေအလီလီပြောင်းလဲသွားခဲ့ပါပြီ။ အရာအားလုံးဟာ အဆင်ပြေချောမွေ့နေဆဲ။

ဆိုးလ်ကအိမ်လေးမှာ ဂျိတ်ခ်ရဲ့အခန်းက အဝတ်လဲခန်းအဖြစ်ပြောင်းသွားပြီးတော့ ဆောင်ဟွန်းရဲ့အခန်းကတော့ နှစ်ယောက်ကုတင်နဲ့ သူတို့နှစ်ယောက်အတူနေတဲ့အခန်းလေးအဖြစ်ပြောင်းလဲသွားသည်။

ဒီမြို့လေးကဆောင်ဟွန်းရဲ့တိုက်ခန်းမှာတော့ တစ်ယောက်အိပ်ကုတင်လေးကိုနှစ်ယောက်အတူပူးကပ်ကာအိပ်ကြတုန်း။ ဒါပေမဲ့ အခန်းလေးထဲမှာ သူတို့နှစ်ယောက်ပုံလေးတွေနေရာယူလာသလို ဂျိတ်ခ်ရဲ့ပိုက်ဆံအိတ်လေးထဲ၌လည်း ဆောင်ဟွန်းနဲ့ဖိုးဖိုးရှင်းမ်ရဲ့ polaroidပုံလေးတစ်ပုံကနေရာယူလာတယ်။

ဆောင်ဟွန်းကို ဘယ်သူဘယ်ဝါမှန်းသေချာမှတ်မိသွားသည့်ကိုကိုက သကြားလုံးအဖြူလေးတွေကို အချိန်နဲ့နေရာမရွေး ဆောင်ဟွန်းစီကနေ တောင်းတတ်လာလို့ သူတို့နေထိုင်ရာအိမ်လေးတွေစီမှာရော ဆောင်ဟွန်းရဲ့ကားထဲမှာရော ဆောင်ဟွန်းရဲ့အိတ်ကပ်လေးတွေထဲမှာရော တသီးတသန့်မှာယူရတဲ့ ထိုသကြားလုံးအဖြူလေးတွေက နေရာယူလာကြတယ်။

ဂျိတ်ခ်မေမေက ဆောင်ဟွန်းကိုမကြည်ဖြူသေးပေမဲ့ ဂျိတ်ခ်ဖေဖေကတော့ ကိုကို့ရဲ့လက်လေးကိုဆောင်ဟွန်းထံသေချာအပ်ပြီး အတူပျော်ရွှင်စေဖို့ဆုတောင်းလေးတွေပေးတတ်လာတယ်။

အကုန်လုံးသိနေကြသည့် ကိုကိုနှင့်ထိုသူ၏ ပက်သက်ဆက်နွယ်မှုကို ent:ကနေ လမ်းခွဲပြတ်ဆဲကြောင်း တရားဝင်ကြေညာချက်ထုတ်သည့်အချိန်တုန်းက တိုက်ခိုက်ခံလာရတဲ့ဝေဖန်ပြောဆိုမှုတွေ အပြစ်တင်မှုတွေကိုလည်း ဂျိတ်ခ်က ဆောင်ဟွန်းလက်ကို ရဲရဲဆုပ်ကိုင်လို့ မျက်နှာတစ်ချက်မပျက်အပြုံးတွေနဲ့ ရင်ဆိုင်နိုင်ခဲ့တယ်။

အရာရာက အဆင်ပြေပြေရှိနေဆဲပါပဲ။

တစ်ခုပဲ... ရရင်ရတဲ့အချိန်ကခဏလေးဆိုရင်တောင် ဂျိ​တ်ခ်က ဆောင်ဟွန်းနေထိုင်ရာအိမ်လေးစီကို ရောက်ရောက်ချလာတတ်တာပဲ။

ပုံမှန်လုပ်နေကျအလုပ်လေးတွေပဲရှိတဲ့ဆောင်ဟွန်းနဲ့မတူပဲ အားလပ်ချိန်အတည်တကျမရှိတဲ့ဂျိတ်ခ်၊ အလုပ်တွေပုံမှန်လူထက်ပိုရှုပ်တတ်တဲ့ဂျိတ်ခ်ရဲ့နေ့စဥ်ဘဝမှာ ရတဲ့အချိန်လေးကိုဖဲ့ပြီးဆောင်ဟွန်းကို လာတွေ့တတ်တာက ဘယ်လိုမှပြောမရဆိုမရတဲ့ ခေါင်းမာမှု ရင့်ရင့်လေးတွေရယ်။

Not for meWhere stories live. Discover now