နောက်နေ့မနက် ထမင်းစားခန်းထဲမှာဆောင်ဟွန်းမနက်စာစားနေတုန်း ဂျိတ်ခ်တစ်ယောက် ညအိပ်ဝတ်စုံနဲ့ ဝင်လာတယ်။ မျက်လုံးနှစ်လုံးက သေချာစွာမပွင့်သေးသလို ဆံပင်တွေကလည်းထိုးထောင်လို့ အိပ်ချင်မူးတူးပုံလေးဖြစ်နေတုန်းပင်။ သူ့အကျင့်ဖြစ်တဲ့အတိုင်း တရွတ်တိုက်လှမ်းနေတဲ့ခြေလှမ်းတွေကရေခဲသေတ္တာစီသို့ဦးတည်နေသည်။
"ဂျိတ်ခ်"
"ဟင်"
"ပြောစရာရှိလို့"
"ခဏလေး" ဟုဆိုပြီး ရေခဲသေတ္တာထဲမှ လိမ္မော်ဖျော်ရည်ပုလင်းကိုထုတ်လာပြီး ဆောင်ဟွန်းရှေ့ကခုံမှာဝင်ထိုင်လာသည်။
"toastစားမလား?"
ဆောင်ဟွန်းစားနေလက်စပန်းကန်ထဲက ကျန်သေးတဲ့ပေါင်မုန့်တွေကို ဂျိတ်ခ်ရှေ့သို့တိုးပေးကာမေးလိုက်သည်။ ခါတိုင်းဆို ဂျိတ်ခ်က သူ နိုးလာတဲ့အချိန်နဲ့ ဆောင်ဟွန်းမနက်စာစားနေတဲ့အချိန်တိုက်နေလျှင် ဘာမှမစားပဲ အလုပ်သွားလေ့ရှိတာကို ဆောင်ဟွန်းသိ၍ အခုလည်းဘာမှမစားသွားမည်ကို စိုး၍ မေးလိုက်ခြင်းဖြစ်သည်။
အစားမက်တဲ့ကောင်လေးက ဗိုက်ဆာနေ၍လားတော့မသိ ဆောင်ဟွန်းတိုးပေးထားတဲ့ပန်ကန်ထဲမှtoastကို ချက်ချင်းယူပြီး ကိုက်စားနေတော့သည်။
"ဘာပြောမလို့လဲ?"
"မင်းရဲ့ အလုပ်မှာဝင်စွက်ဖက်တာတော့မဟုတ်ပေမဲ့ မင်းရဲ့မန်နေဂျာကိုအလုပ်ထုတ်လိုက်ပြီ ဂျိတ်ခ်"
"ဘာလို့လဲ"
"ဟိုနေ့ကကိစ္စမှာ အဲ့လူပါဝင်ပတ်သတ်နေတယ်"
ဝါးလက်စပါးဖောင်းလေးတွေက အံ့သြမှုကြောင့် ခဏတာရပ်တန့်သွားကာ တွေတွေလေးဖြစ်သွားရှာသည်။
"အဲ့hyungက ငါအဆိုတော်ပေါက်စဘဝထဲက မန်နေဂျာလုပ်လာတာကိုလေ..."
"ဘယ်သူ့ကိုမှမယုံနဲ့ ဂျိတ်ခ်။လူအတော်များများက ငွေနဲ့ပတ်သက်လာရင် သစ္စာမရှိကြဘူး။ မင်းရဲ့အလုပ်က ပိုဆိုးတယ် မင်းအနားမှာ အခွင့်အရေးယူချင်တဲ့သူတွေရှိလာတတ်တာကြောင့် နောက်ဆိုသတိထားပါ"
"........"
"နောက်ပြီး မင်းရဲ့မန်နေဂျာအဖြစ် ယုံရတဲ့လူတစ်ယောက် ငါ စီစဥ်ပေးမယ်ဆိုမင်းအဆင်ပြေလား?မင်းသဘောကိုအရင်မေးချင်လို့ ဂျိတ်ခ်"
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......