စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ထုံးစံအတိုင်း စီးပွားရေးအရ မတက်ရောက်ပဲ နေလို့မရသည့်ပွဲမျိုးတွေဆိုတာက ခပ်များများရယ်။
အဲ့ဒါက ဂျိတ်ခ်ဖေဖေနဲ့မေမေလည်း ထိုနည်းလည်းကောင်းပါပဲ။ ပြဿနာဖြစ်ပြီးနောက်တစ်ရက်မှာတင် ဆောင်ဟွန်းနဲ့အတူ တစ်စားပွဲထဲမှာထိုင်ပြီး ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ပြုံးတွေနဲ့ စကားတွေပြောနေကြတာကိုပဲကြည့်လေ။
မိတ်ဖက်ကုမ္ပဏီဖြစ်သည့်အလျှောက် ဂျိတ်ခ်မိဘတွေရဲ့ကုမ္ပဏီနှစ်ပတ်လည်ပွဲကိုတက်ရောက်ဖို့ဖိတ်ကြားထားသည့်အတွက် ဆောင်ဟွန်းတို့ကုမ္ပဏီက ရှယ်ယာဝင်အချို့နဲ့ ဂျိတ်ခ်မိဘတွေရဲ့ကုမ္ပဏီက ရာထူးကြီးဝန်ထမ်းအချို့ VIPနေရာမှာ ထိုင်ရင်း ပွဲမစခင် စကားစမြည်ပြောနေကြတာပေါ့။
ဆောင်ဟွန်းကတော့ စကားနည်းတဲ့ သူ့အကျင့်အတိုင်းဘာမှဝင်မပြောပဲ ဥက္ကဌရှင်းမ်ရဲ့ ဘေးမှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကိုသာ မသိမသာခိုးကြည့်ရင်း အလုပ်ရှုပ်နေခဲ့တာ။
ဂျိတ်ခ်ကိုယ်၌ကလည်း ဒီလိုပွဲမျိုးကို မတက်ရောက်ချင်သည့်တိုင်အောင် မိဘတွေရဲ့ပွဲဖြစ်သည်မလို့ သားတစ်ယောက်အနေနဲ့ မတက်ရောက်ပဲနေလို့မရပေ။
bow tieပေါ်ကို ခဏခဏရောက်သွားတတ်တဲ့ လက်ဆစ်နီနီတွေကိုကြည့်ရင်း ဒီကောင်လေး အရမ်းကိုမှစိတ်ရှုပ်နေမှန်း ဆောင်ဟွန်းသတိထားမိသည်။ လည်ပင်းမှာ တစ်ခုခုတင်းကြပ်နေတာမျိုးဆို မနေတတ်တဲ့ဂျိတ်ခ်ရဲ့အကျင့်အရ စည်းထားတဲ့ bow tieကို လက်နဲ့ခဏခဏ ဆွဲလှုပ်နေတော့ သူ့လည်ပင်းက bow tieလည်း ညီညာခြင်းမရှိတော့ပဲ စောင်းလို့နေလေပြီ။
ထို စောင်းနေတဲ့bow tieကိုကြည့်ပြီး ဆောင်ဟွန်းတစ်ယောက် မထိန်းနိုင်စွာပဲ ပြုံးရယ်မိတဲ့အထိ.....ရွဲ့စောင်းနေတဲ့bow tieဖြင့် ငြိမ်သက်မှုမရှိပဲလှုပ်ရွလို့နေတဲ့ကောင်လေးတစ်ယောက်က ချစ်ဖို့ကောင်းလွန်းနေတာကြောင့်လေ။
ခဏလောက်ကြာတော့ ဂျိတ်ခ်ဖေဖေက ဧည့်သည်တွေကို လိုက်နှုတ်ဆက်လိုက်ဦးမည်ဟုဆိုကာ
ဂျိတ်ခ်ကိုပါ ဝိုင်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။

YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......