အဘွားဂျောင်အွန်းကို အိမ်အထိလိုက်ပို့ပေးပြီး ဆိုင်ကိုပြန်ရောက်လာတဲ့အထိ ဆောင်ဟွန်းက တိတ်ဆိတ်လို့သွားသည်။
အခုမျက်နှာရိပ်မျက်နှာကဲကို လိုက်ဖတ်နေမိတာက ဂျိတ်ခ်တစ်ယောက်တည်းရယ်။ ဆောင်ဟွန်းက ပုံမှန်လို့လည်းပြောလို့ရပြီး ပုံမှန်ထက်ငြိမ်သက်သွားတယ်လို့လည်း ပြောလို့ရသည်။
အဲ့လိုဆိုလို့လည်း ဂျိတ်ခ်ကိုလျစ်လျူရှုထားတယ်ဟူ၍လည်းပြောလို့ကမရ။ ဆောင်ဟွန်းနဲ့အချိန်ပိုင်းကောင်လေးက လုပ်ရမဲ့အလုပ်တွေလုပ်နေပြီး သူက ဧည့်သည်အလာနည်းနေသည့်အတွက် ငုတ်တုတ်ပဲထိုင်နေရရုံသာ။
" ဂျိတ်ခ် ကိတ်မုန့်လုပ်မလို့ဆို၊ ငါ ပြင်ပေးထားတယ် "
ကောင်တာမှာ ဖုန်းထိုင်သုံးနေရတဲ့သူ့ကို ဆောင်ဟွန်းက တိုးတိုးလေးကပ်ပြောလာသည်။ ဘာရယ်မဟုတ် ဆောင်ဟွန်းရဲ့မျက်နှာထက်သို့ မော့ကြည့်လိုက်မိတဲ့အခါ ဆောင်ဟွန်းက သူ့ကိုခပ်ဖွဖွပြုံးပြလာပါတယ်။
ဆောင်ဟွန်း ဦးဆောင်ပြီးခေါ်သွားသည့် မီးဖိုခန်းထဲသို့ ဂျိတ်ခ် ကုတ်ကုတ်ကလေးလိုက်သွားလိုက်တယ်။ စားပွဲပေါ်မှာ လိုအပ်တာတွေအကုန်ပြင်ဆင်ပေးထားပြီးသား သူက အဆင်သင့်လေးလုပ်လိုက်ရုံပဲ။ ဘယ်အချိန်ကပြင်ဆင်လိုက်တာလဲတောင် သူ မသိလိုက် ဆောင်ဟွန်း အလုပ်ရှုပ်နေတယ်ပဲ သူ ထင်နေခဲ့တာ။
ဆောင်ဟွန်းက ခေါက်ထားသည့် apronကို ဖြည်ချပြီး ဂျိတ်ခ်ရဲ့ဦးခေါင်းစီသို့လှမ်းလာသည်ကြောင့် ဂျိတ်ခ် ခေါင်းကိုအနည်းငယ်ငုံ့ကိုင်းပေးလိုက်တယ်။
apronကိုပုံကျအောင်ပြင်ဆင်ပေးပြီးကာမှ ဂျိတ်ခ်ရဲ့ကျောနောက်ဖက်သို့ရွေ့လျားသွားတဲ့ ဆောင်ဟွန်းစီမှ ရနေကျရေမွေးနံ့သင်းသင်းလေးတွေ ဂျိတ်ခ်ရဲ့နှာခေါင်းထဲသို့ လွင့်ပျံ့လာကြသည်။
ရေမွှေးနံ့လေးကို တိတ်တခိုးရှုရှိုက်ရင်း ခါးအနောက်နေရာမှာ ကြိုးတွေကိုလှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေစီသို့ အာရုံစိုက်ထားလိုက်တယ်၊ ချည်နှောင်ပေးလာတဲ့ကြိုးတွေက မတင်းမကြပ် အနေတော်လေးသာ။
YOU ARE READING
Not for me
Fiksi Penggemarပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......