"ဆောင်ဟွန်းနား အထဲမှာရှိလား!!!"
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသေးတဲ့ အခြေအနေမှာ နားထဲကိုဆူညံမှုတွေတိုးဝင်လာတာကြောင့် မထနိုင်သေးတဲ့ဂျိတ်ခ်ရဲ့မျက်ခုံးတွေအလိုလိုစုကျုံ့ကုန်ရသည်၊ဒါပေမဲ့ မျက်လုံးတွေကိုအခုထိမဖွင့်နိုင်သေး။
"ဆောင်ဟွန်းနား"
အဲ့နာမည်ကိုဘာလို့ကြားနေရတာလဲသူက? ညကသောက်တာများပြီး အသိစိတ်တွေဂယောက်ဂယက်ဖြစ်နေတာများလား?
"ဆောင်ဟွန်းနား"
တံခါးကိုထုသည့်အသံတွေပါကြားလာရပြီး ထင်ယောင်နေတာမဟုတ်ပါပဲ တကယ်ကြားနေရတာကိုသေချာသွားတဲ့အခါမှ သူ့မျက်လုံးတွေ အလန့်တကြားဖြင့်ဖြတ်ခနဲပွင့်လာကြတော့တာ။
ရင်းနှီးနေတဲ့ဒီအခန်းက.......ဒီအခန်းက.......
"ဆောင်ဟွန်းအခန်း!!!"
အယောင်ယောင်အမှားမှားဖြင့်ဝုန်းခနဲထထိုင်မိရင်း သူ့ပေါင်ပေါ်ကစောင်ကို လက်တွေဖြင့်ဆုပ်ကိုင်မိထားကာ အခန်းပတ်ပတ်လည်ကိုမျက်ဝန်းတွေရွေ့လျားကာစူးစမ်းမိတော့ လူရှိနေသည့်အရိပ်အယောင်မျိုးမတွေ့ရ။
"ဆောင်ဟွန်းနား..."
အနည်းငယ်ခြားကာထွက်ထွက်လာတဲ့ အခန်းအပြင်ကခေါ်သံဟာ ဂျယ်မင်းhyungရဲ့အသံဖြစ်မှန်းပါ သတိထားမိသွားရသည့်အခါ ဒီအခြေအနေကပုံမှန်မဟုတ်ပဲ တစ်ခုခုထူးဆန်းနေသည်ကို သူ အလိုအလျောက်သိလိုက်ရသည်။
ဂျယ်မင်းhyungကို တံခါးဖွင့်ပေးရန်အတွက်
ကုတင်ပေါ်မှဆင်းလာတဲ့အချိန် အပေါ်မှဘောပင်ဖြင့်ဖိကာမှောက်ချထားတဲ့စာရွက်တစ်ရွက်က
အိပ်ယာဘေးကစားပွဲပေါ်မှာ တသီးတသန့်ရှိနေတာကိုမြင်လိုက်မိသေးသည်။ဆွဲဖွင့်လိုက်တဲ့တံခါးပွင့်သွားတာနဲ့ သူ့ကိုမြင်ပြီး အနည်းငယ်အံ့သြသွားတဲ့hyungရဲ့မျက်နှာမှာ တစ်ခုခုကိုစိုးရိမ်ပူပန်နေဟန်တွေကလည်း အထင်းသားမြင်နေရသည်။
"hyung "
"ဂျိတ်ခ် ဆောင်ဟွန်း ဆောင်ဟွန်းမရှိဘူးလား?"
"ဟင့်အင်း"
hyungရဲ့မျက်ဝန်းတွေကမတည်ငြိမ်၊ဒီလိုပုံစံမျိုးနဲ့hyungကိုသူမမြင်ဖူးခဲ့တာကြောင့် သူပါ ရင်ထဲစိုးထိတ်ခြင်းတွေတသီသီလှိုက်သီလာခဲ့သည်။
YOU ARE READING
Not for me
Fiksi Penggemarပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......