💍13💍

403 42 5
                                    

ဆောင်ဟွန်း ဖြတ်သန်းနေကျပုံမှန်နေ့ရက်တွေထဲမှာ တစထက်တစပုံမှန်မဟုတ်တော့ပဲပြောင်းလဲလာခဲ့တဲ့အပိုင်းအစတစ်ချို့က တဖြည်းဖြည်းနဲ့နေရာဝင်ယူလာခဲ့တာကို သတိမထားမိပဲမနေနိုင်တဲ့အထိ၊လျစ်လျူရှုပြစ်လိုက်ဖို့ခက်ခဲလွန်းတဲ့အထိ၊ စိတ်အနှောက်အယှက်ဖြစ်ရတဲ့အထိ၊ ပျော်ရွှင်ခြင်းတွေဖြစ်တည်လာတဲ့အထိ အမျိုးစုံပါပဲ....

မျက်နှာလှလှလေးကိုနေ့တိုင်းမြင်ချင်မိလာတယ်၊ ဘေးနားမှာအတူရှိနေချင်ပြီး အတူရယ်မောချင်မိလာတယ်၊ ကိုကို့ကို ရယ်မောပျော်ရွှင်အောင်လုပ်ပေးချင်မိပြီး ကိုကိုရဲ့နှုတ်ခမ်းတွေကြားကထွက်လာမဲ့ ရယ်စရာတွေကိုလည်း ဆောင်ဟွန်းက အားပါးတရရယ်မောပြချင်လာမိတယ်။

တစ်စုံတစ်ယောက်ကိုသဘောကျနေတဲ့ခံစားချက်တွေကိုသေချာနားလည်တာမျိုးမရှိခဲ့ပေမဲ့ တခြားသူတွေအပေါ်ထားတဲ့စိတ်မျိုးနဲ့ကိုကို့အပေါ်ဖြစ်တည်လာတဲ့စိတ်မျိုး မတူကွဲပြားတယ်ဆိုတာကိုတော့ ဆောင်ဟွန်းသိပါတယ်။

အနေနီးသွား၍များ ခံစားချက်တွေပြောင်းလဲလာရတာလား၊ ထိုအရောင်တွေဆိုးထားတဲ့ခံစားချက်တွေကို ကိုကိုများရိပ်မိသွားခဲ့ရင် ကိုကိုကဘယ်လိုများ ဆုံးဖြတ်လိုက်မှာလဲ?

ကိုကို့ဘက်ကအလျော့ပေးလိုက်လို့ဆောင်ဟွန်းကရောင့်တက်လာတယ်လို့များ ကိုကိုကထင်သွားမလား.....စတဲ့ စတဲ့ အဆုံးသတ်မကောင်းစွာထွက်လာတဲ့အဖြေတွေကြောင့်နဲ့ စိုးရိမ်မိရတဲ့စိတ်တွေကလည်း အလျံအပယ်ဖြစ်တည်လာပြီး ဆောင်ဟွန်းကိုစိတ်ကျဥ်းကြပ်စေခဲ့တယ်။

တစ်ခါသောညတွေမှာလည်း အိမ်ပြန်မလာဖြစ်တဲ့မင်းကို သတိရလွမ်းဆွတ်မိတဲ့အခါတွေမှာ စိတ်ရဲ့ခိုင်းစေချက်မဟုတ်တဲ့အပြုအမူတွေကိုလည်း ရူးမိုက်စွာနဲ့သတိလက်လွတ်လုပ်ခဲ့မိတာပါပဲ။

ဂျယ်မင်းhyungကိုဆက်သွယ်ပြီး မင်းရှိနေလောက်မဲ့နေရာ ဥပမာ-ရှုတင်ရိုက်ကွင်းလို မြို့ပြင်ဘက်ကနေရာမျိုးကိုတောင် ညဘက်ကြီးရောက်အောင်လာရင်း ဘယ်သူမှမသိအောင် ကားထဲကနေပြီး အလုပ်လုပ်နေတဲ့မင်းကို ငေးကြည့်နေမိခဲ့တာမျိုးတွေပေါ့။ ပြီးရင် တိတ်တိတ်လေးအိမ်ပြန်လာခဲ့မယ်။ ဒီလောက်ပါပဲ၊ ဒီလောက်နဲ့တကယ်ပဲ လုံလောက်တယ်လို့ ငါထင်ခဲ့တာပါပဲ။

Not for meWhere stories live. Discover now