တစ်ခါမှ တစ်ခန်းထဲမှာအတူမနေဘူးတဲ့ သူတို့နှစ်ယောက်ကြားမှာ နေရခက်တဲ့ခံစားချက်ကြီးကကြီးစိုးလို့နေသည်။ ဂျိတ်ခ်က ဆိုဖာပေါ်မှာထိုင်ရင်း ဖွင့်ထားတဲ့tvကို မလှုပ်မယှက်ထိုင်ကြည့်နေတာကြောင့် ဆောင်ဟွန်းကရေအရင်ချိုးဖို့ ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။
ဆောင်ဟွန်းရေချိုးပြီးပြန်ထွက်လာတဲ့ထိကို ဂျိတ်ခ်က ဆိုဖာပေါ်မှာထိုင်ရက်လေးပဲရှိနေတုန်း။ ဒါပေမဲ့ အောက်ကိုငုံ့ကျနေတဲ့ခေါင်းလေးကြောင့် ထိုင်ရက်လေးအိပ်ပျော်နေမှန်း ဆောင်ဟွန်းသိလိုက်သည်။
အရမ်းပင်ပန်းနေပုံရတဲ့ဂျိတ်ခ်ကိုကြည့်ရင်း ဆောင်ဟွန်းရဲ့ရင်ထဲမှာ သနားကရုဏာစိတ်လေးတွေက အလိုလိုဖြစ်ပေါ်လာခဲ့တယ်။ ပွေ့ဖက်ထားပေးလို့ ခေါင်းလေးကိုပွတ်သတ်ပေးကာချော့မြူပေးချင်ခဲ့မိတဲ့ထိကို သနားစိတ်လေးတွေဖြစ်တည်နေပါရဲ့။
အခုချိန်မှာ မင်းက ကလေးလေးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်သိပ်ကောင်းမယ်၊ အဲ့ဒါဆို ငါကလေ ဘာတွေကိုမှ စိုးရိမ်ကြောင့်ကျနေစရာမလိုပဲ၊ မင်းက အလိုမရှိနေခဲ့ရင်တောင်မှပဲ မင်းကို ရင်ခွင်ထဲမှာထည့်လို့ ပွေ့ဖက်ထားရင်း ချော့သိပ်ပေးလိုက်မှာ။ အခုတော့ အဲ့လိုမလုပ်နိုင်တဲ့ ဒီအခြေအနေကြီးက ငါ့အတွက်တော့ ခံစားရခက်လိုက်တာ ကိုကိုရယ်။
အတွေးပေါင်းမြောက်များစွာနဲ့ ရပ်ကြည့်နေမိရင်းနဲ့မှ သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လို့ စိတ်လျော့လိုက်ရင်း ဂျိတ်ခ်ရဲ့အနားကို တိုးကပ်သွားလိုက်သည်။
"ဂျိတ်ခ်! "
"........"
"ဂျိတ်ခ်"
"ဟင်မ်? "
တိုးလျှတဲ့ထူးသံလေးတစ်ခုကို ပြုလို့ ပြန်မတ်လာတဲ့ခေါင်းလေးနဲ့အတူ တစ်ဝက်လောက်ပဲပွင့်လာတဲ့ မျက်ဝန်းလေးတွေက ကလေးလေးတစ်ယောက်လိုမျိုး ချစ်စရာတော့ကောင်းပါရဲ့။ ဂျိတ်ခ်က ဒီအသက်အရွယ်ရောက်နေတာတောင် နိုအာလိုမျိုး မူလတန်းကလေးလေးတစ်ယောက်နဲ့ တူနေနိုင်သေးတာလား?
"ရေချိုးလိုက်ဦးလေ၊ ငါ ညစာမှာထားလိုက်မယ် မင်းဘာစားချင်လဲ"
YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......