ဆောင်ဟွန်း ဂျိတ်ခ်ကို ent:အထိလိုက်ပို့ပြီးမှ သူတို့မြို့လေးစီကိုပြန်လာခဲ့ရသည်။
တစ်နေကုန် စာလေးတွေတတောင်တောင်မြည်နေတဲ့သူ့ဖုန်းလေးရဲ့တုန်ခါမှုလေးတွေက အားချိန်ရတိုင်း ဘာရယ်မဟုတ်တဲ့အကြောင်းလေးတွေကို ရှာကြံပြီးပို့တဲ့ ကိုကို့ကြောင့်ရယ်။
ညဘက်ပြန်ရောက်မှ ဖုန်းဆက်လိုက်မည်ဟု သဘောတူထားတဲ့အကြောင်းအရာကိုတွေးရင်း ဆိုင်မှအိမ်သို့ပြန်လာတဲ့လမ်းမှာ ဆောင်ဟွန်းရဲ့ နှုတ်ခမ်းတွေက သေချာကြည့်ရင်ပြုံးယောင်ယဲ့ယဲ့လေးသမ်းလို့နေလေရဲ့။
ဒီနေ့မှ ဆိုင်ပိတ်ချိန်က နှစ်နာရီလောက်နောက်ကျသွားရသည်မလို့ ပုံမှန်ထက်အိမ်ပြန်ချိန်နောက်ကျလို့သွားရသည်။
တံခါးpasswordကို တတီတီနှိပ်ပြီး ဝင်သွားလိုက်သည့်နောက် မီးတွေလင်းထိန်နေသည့်အိမ်က သူ့ကို ဆီးကြိုလို့နေခဲ့လေသည်။
သူများ မပိတ်ခဲ့မိတာလားဟု ခဏလောက်တော့ တွေဝေသွားမိပေမဲ့ ဖိနပ်ချွတ်လေးမှာရှိနေသည့်တစ်ဖက်ကထောင် တစ်ဖက်ကလှဲလို့နေသည့်ဖိနပ်လေးတစ်စုံက မနက်ကသူကိုယ်တိုင်ရွေးခြယ်ဝတ်ဆင်ပေးလိုက်သည့် ရင်းနှီးနေပြီးသားဖိနပ်လေးဖြစ်လို့နေသည့်အခါ သူ့ရင်တွေတလှပ်လှပ်ဖြစ်လာတော့တာပဲ။
" ပြန်လာပြီလား!!! "
သူ့အတွေးထက်ကို ပိုမြန်နေတဲ့လူသားလေးက ဆောင်ဟွန်းရဲ့ရင်ခွင်ထဲသို့ တစ်ကိုယ်လုံးရောက်လို့နေလေပြီ။
တစ်နေကုန်ထိန်းနိုင်ခဲ့တဲ့စိတ်တွေက ဂျိတ်ခ်ကိုမြင်လိုက်ရအပြီးမှာတော့ လွမ်းဆွတ်တမ်းတခြင်းတွေကို မဖုံးကွယ်ထားနိုင်တော့။
လက်ထဲမှာကိုင်ထားခဲ့သည့် အထုပ်တွေကို ကြမ်းပြင်ပေါ်သို့ပြစ်ချလိုက်ပြီး ရင်ခွင်ထဲက ကိုကို့ကို တင်းကြပ်နေအောင်လက်ပြန်ဖက်ပြစ်လိုက်မိတော့သည်။
ဦးခေါင်းလုံးလေးထက်ကို အနမ်းဖွဖွလေးတစ်ခုပေးလို့ ချစ်စရာနားရွက်လေးနားကိုတိုးကပ်တာ ပါးပြင်လေးဖြင့်ပွတ်သပ်မိတော့ ဂျိတ်ခ်ကသူနဲ့အနီးဆုံးမှာရှိနေခဲ့သည့်ဆောင်ဟွန်းရဲ့ပုခုံးထက်ကိုနှုတ်ခမ်းတွေဖိကပ်လာခဲ့သည်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......