အဲ့လိုနဲ့ တဖန်ပြန်ပြီးအနေရခက်စွာ အေးစက်သွားရပြန်တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး....... ဟန်ဆောင်ကောင်းပုံရတဲ့ဆောင်ဟွန်းက ပုံမှန်အတိုင်း ဘာမှမဖြစ်ခဲ့သယောင်ဟန်ဆောင်လို့နေနိုင်ခဲ့ပေမဲ့ ဂျိတ်ခ်ကတော့ ဆောင်ဟွန်းကို သိသိသာသာကိုရှောင်ဖယ်လာခဲ့တယ်။
အရင်အချိန်တွေတုန်းက အသားကျနေခဲ့ပြီးသားဖြစ်တဲ့ လျစ်လျူရှုခံရခြင်းတွေက အခုအချိန်မှာတော့ ထူးဆန်စွာပဲ စိမ်းသက်နေခဲ့ရပြန်တယ်။
ရှင်းမ်ဂျိတ်ခ်ဆိုတဲ့သက်ရှိလေးဟာ ဆောင်ဟွန်းရဲ့ ဘဝကြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ ထိုလူသားလေးရဲ့ ဥပက္ခာသေးသေးလေးတစ်ခုကတောင်မှ သူ့ကိုအတုန်းအရုံးပြိုလဲသွားစေနိုင်ခဲ့လောက်တဲ့ထိကိုဖြစ်နေရတာကို ထိုကောင်လေးက မသိနိုင်ဘူးပဲ။
အသက်ဆက်ရှင်ချင်နေရတဲ့အကြောင်းအရင်းဟာလည်း ဂျိတ်ခ်ပဲဖြစ်ပြီး အသက်ဆက်မရှင်ချင်ရတော့တဲ့အကြောင်းအရင်းကလည်း ရှင်းဂျိတ်ခ်ဆိုတဲ့ ကိုကို့ကြောင့်ပဲဖြစ်ရသည်။
ချစ်နေမိပြီဆိုတာကိုလည်း သေချာနေခဲ့ပြီး ပိုင်ဆိုင်ချင်မိတဲ့လောဘကလည်းတရိပ်ရိပ်ထိုးတက်လို့လာတတ်နေပြီ။
မင်းကလျစ်လျူရှုလေ ငါက ပြိုလဲလေ၊ ဘယ်သူ့ကိုမှလဲ ဟန်ဆောင်အပြုံးတွေတောင် မပြုံးပြနိုင်တော့ဘူး၊မင်းနဲ့ပတ်သတ်လာရင် ပိုင်ဆိုင်ချင်မိတဲ့လောဘတွေကိုလည်း မထိန်းချုပ်ထားနိုင်တော့ဘူး။
ဆောင်ဟွန်းက အဲ့လိုမျိုး တစ်ယောက်တည်းကမ္ဘာပျက်နေရတာက အလုပ်အကြောင်းပြပြီး နိုင်ငံခြားခရီးစဥ်ကို နှစ်ပတ်ကျော်လောက်ထွက်သွားတဲ့
ဂျိတ်ခ်ကြောင့်ပဲ။နှစ်ရက်တည်းနဲ့ပြီးပြတ်သွားတဲ့အလုပ်ကိစ္စတွေနောက်မှာ ဂျယ်မင်းhyungကို ပြန်လွှတ်ပြီး သူကတော့ ခွင့်ရက်ရှည်ယူကာ ပြန်မလာပဲ အဲ့မှာကျန်နေခဲ့တယ်။ အဲ့နေ့မှာပဲ ဂျိတ်ခ်ရှိနေရာ LAသို့ ထွက်သွားတဲ့ နီခီ့သတင်းတွေနဲ့ပုံတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ကမ္ဘာကြီးမှာ အလိုမကျခြင်းမိုးတိမ်စိုင်တွေ ဖုံးလွှမ်းသွားခဲ့ရတာပဲ။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......