💍18💍

450 48 21
                                    

ဂျိတ်ခ်ရဲ့ပုခုံးသားတွေထဲ အလုံးစုံနစ်ဝင်နေခဲ့တဲ့ဆောင်ဟွန်းတစ်ယောက် ရုတ်တရက်သူ့ရဲ့လည်ပင်းသားပေါ်ကို နှုတ်ခမ်းဖူးလေးတစ်ခုမှ စုပ်ယူနမ်းရှိုက်လာတာကိုခံစားမိလိုက်ချိန်မှာ အခုန်မြန်နေခဲ့တဲ့ရင်ခုန်သံတွေရပ်တန့်သွားခဲ့ရသလို၊ ပုခုံးသားတွေပေါ်မှာ ပြေးလွှားနေတဲ့နှုတ်ခမ်းတွေလည်းရပ်တန့်သွားခဲ့ရတဲ့နောက်...

အုပ်မိုးလျက်သားရှိနေဆဲအနေအထားနှင့်ပင် ခေါင်းငိုက်စိုက်ကျ​နေတဲ့ဆောင်ဟွန်းမျက်လုံးတွေရဲ့အကြည့်က နီးကပ်လျက်ရှိနေဆဲဖြစ်တဲ့ သူ့ရဲ့သွားစွယ်များနစ်ဝင်ခဲ့ရာ ဂျိတ်ခ်ရဲ့ဘယ်ဘက်ပုခုံးသားပေါ်မှ ဒဏ်ရာလှလှလေးပေါ်မှာ

ခေါင်းထဲကို စူးကနဲ အဆက်မပြတ်တိုးဝင်လာတဲ့ အသိပေးသံတွေ.......
.
.
.
.
.
.
အခု ဂျိတ်ခ်ရဲ့တုန့်ပြန်မှုတွေက သူ့အတွက်မဟုတ်လောက်ဘူးမလား.....ဂျိတ်ခ်က အခုချိန်မှာ သူဘယ်သူလဲဆိုတာတောင် သေချာသိမနေခဲ့ဘူးမလား...

ဆောင်ဟွန်းရဲ့အသက်ရှူစနစ်မှာ အမှားအယွင်းတစ်ခုဖြစ်လာခဲ့ပြီး ရှူသွင်းလိုက်တဲ့လေထုတွေရင်ထဲအပြည့်မွန်းကြပ်သွားသလိုမျိုးပဲ။ ထိုးတက်လာတဲ့ ရင်တွင်းရိုက်ခတ်မှုတစ်ခုက မျက်ဝန်းတွေထဲမျက်ရည်တွေပြည့်လျံလာတဲ့အထိ တရိပ်ရိပ်ထိုးတက်လာကြလို့ နှုတ်ခမ်းတွေတောင် တဆက်ဆက်တုန်ရီလာရတယ်။

မျက်ရည်တွေပြည့်လျံလာရကာ မျက်ခမ်းစပ်တွေကနေခုန်ဆင်းကြကုန်တော့ ဂျိတ်ခ်ရဲ့ပုခုံးထက်က သူကိုက်ထားခဲ့မိတဲ့အနီရောင်ဒဏ်ရာလှလှပေါ်သို့ သူ့မျက်ရည်တွေ တစ်စက်ပြီးတစ်စက် တင်ကျန်သွားကြတာကိုကြည့်ရင်း ဂျိတ်ခ်ရဲ့ဘေး တစ်ဖက်တစ်ချက်စီကို ထောက်ထားတဲ့လက်တွေဟာ အဖြူရောင်အိပ်ယာခင်းကို အားနဲ့တင်းနေအောင်ဆုပ်ကိုင်လိုက်မိသည်။

ဆောင်ဟွန်းရဲ့လှုပ်ရှားမှုတွေရပ်တန့်ကုန်တဲ့နောက်မှာ သူ့ရဲ့လည်ပင်းသားတွေပေါ်ရောက်နေခဲ့တဲ့နှုတ်ခမ်းသားတစ်စုံစီမှအနမ်းတွေမှာလည်း ရုတ်တရက်ရပ်တန့်သွားခဲ့တော့တယ်။

မိနစ်ပိုင်းလောက်ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုတွေအကုန် ချက်ချင်းဆိုသလိုကျိန်စာသင့်ခံလိုက်ရပြီ။

Not for meWhere stories live. Discover now