အကောင်းစားဟိုတယ်ကြီးတစ်ခုရဲ့ 21လွှာမှာရှိတဲ့အခန်းတစ်ခန်းရှေ့ကို မနက်4နာရီလောက်ကြီး ရောက်လာပြီး တံခါးခေါက်နေရတာသိပ်တော့အဆင်မပြေပေမဲ့ မိုးလင်းတဲ့ထိမစောင့်နိုင်တော့တာကြောင့် အခုလိုအလောတကြီးထ ထွက်လာရခြင်းဖြစ်သည်။
"ဘယ်သူလဲ ဒီအချိန်ကြီး လူလိုနားမ.....ဆောင်ဟွန်း?"
"ငါ အထဲဝင်လို့ရမလား?"
"အင်း လာလေ"
အကောင်းစားဇိမ်ခံဟိုတယ်ကြီးရဲ့အပြင်အဆင်တွေကလည်း ဆောင်ဟွန်းရဲ့ပူပင်နေရတဲ့စိတ်တွေကို ဖျော်ဖြေပေးနိုင်ခြင်းအလျဥ်းမရှိ။
"ဝိုင်သောက်ဦးမလား?"
စားပွဲပေါ်ကသောက်လက်စဝိုင်ပုလင်းကို လက်ညှိုးထိုးပြလို့မေးလာသူ မိန်းကလေးတစ်ယောက်က ညအိတ်ဝတ်စုံဂါဝန်အနီရောင်နဲ့ ဆွဲမက်ချင်စရာကောင်းနေတဲ့သူတစ်ယောက်ဖြစ်သည်။
"တော်ပြီ။ လိုရင်းပဲပြောတော့မယ် ပြန်လာမှာကို ငါ့ကိုဘာလို့ ဘာမှမပြောခဲ့တာလဲ?"
"ပြောရင်ရော နင်က လာခွင့်ပြုမှာမလို့လား"
"ငါ ပြောခဲ့ပြီးသားပဲလေ အခြေအနေတစ်ခုကို စောင့်ပါလို့"
"ဘယ်အထိစောင့်နေရမှာလဲ ဆောင်ဟွန်း? 7နှစ်ဆိုတဲ့ အတွင်းငါအဲ့ဒီ့မှာ ဘယ်လိုတောင်နေနေခဲ့ရလဲ နင်သိရဲ့လား"
"ဒါပေမဲ့ အခုက အချိန်ကောင်းမဟုတ်သေးဘူးလို့ ပြဿနာတွေကိုပိုရှုပ်အောင်လို့မလုပ်ချင်စမ်းပါနဲ့"
"သတိရတယ်၊ ငါ့သမီးလေးကိုနေ့တိုင်းသတိရပြီး တွေ့ချင်လွန်းလို့ရူးမတတ်ပဲ ဆောင်ဟွန်း၊ နောက်ထပ်လည်းထပ်မစောင့်နိုင်တော့ဘူး"
"မရဘူး အာယောင်း၊ ငါတွေ့ခွင့်မပေးနိုင်သေးဘူး၊ ငါ့ပြောတာကိုနားထောင်ပါ နင် USက ရုံးကိုပဲပြန်ပါ "
"တော်တော့ဆောင်ဟွန်း၊ ငါ ဒီထိရောက်လာပြီးမှ လှည့်ပြန်ရမဲ့အလုပ်မျိုးမလုပ်ဘူး၊ နင်လည်းငါ့ကို တားပိုင်ခွင့်မရှိဘူး ဆောင်ဟွန်း"
"သမီးအတွက် နင့်သမီးအတွက် ဒီလောက်လေးတောင် မလုပ်ပေးနိုင်ဘူးလား အာယောင်း"

YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......