💍 14 💍

321 44 3
                                    

ဆောင်ဟွန်းပြန်သွားပြီနောက်မှာ ဒန်းလေးပေါ်မှာထိုင်ရင်း ညရဲ့အေးချမ်းမှုကိုခဏလောက်ခံစားပြီးမှ ဂျိတ်ခ် အိမ်ထဲကိုပြန်ဝင်လာခဲ့သည်။

"ကိုယ်တို့သားသားကို ဆောင်ဟွန်းလေးနဲ့စိတ်ချထားလိုက်လို့ရပြီထင်တယ်နော် မိန်းမ"

တမင်ခိုးနားထောင်ဖို့ရည်ရွယ်တာတော့မဟုတ်ပေမဲ့ ထမင်းစားခန်းထဲမှ ထွက်လာတဲ့ဖေဖေ့ရဲ့ စကားကြောင့် အပေါ်ထပ်ကိုတက်ဖို့လုပ်နေတဲ့ ဂျိတ်ခ်မှာ သိချင်စိတ်ကြောင့်ပင် အပေါ်မတက်တော့ပဲ ထမင်းစားခန်းနားသို့ ခြေသံဖွကာလျှောက်သွားရင်း ဖေဖေတို့ပြောနေတာကို နားစွင့်နေမိသည်။

"ဘာလို့စိတ်ချထားရမှာလဲ? ရှင် ခုနကမတွေ့ဘူးလား အေးတိအေးစက်နဲ့ ကျွန်မတို့ကိုတောင် လှိုက်လှိုက်လှဲလှဲစကားပြောလို့လား...သားသားအပေါ်ဆိုလည်းအဲ့လိုပဲနေမှာပဲ"

"ဆောင်ဟွန်းလေးက အဲ့လိုပဲနေတတ်လို့နေမှာပါ မိန်းမရယ် ဟိုနေ့တုန်းက သားသားဘက်ကနေ
ကာကွယ်ပြီးပြောသွားတာ မင်းတွေ့ရဲ့သားနဲ့"

"သူ့အမေစီက ကွာရှင်းဖို့စကားထွက်လာလို့နေမှာပေါ့...သားသားနဲ့ကွာရှင်းလိုက်ရင် သူ့အမွေတွေမရတော့မှာစိုးလို့ အဲ့လိုဖြစ်ပျက်နေတာ အသိသာကြီးပါ ယောင်္ကျားရယ်"

မေမေ့ရဲ့လေသံထဲမှာ တကယ်ကိုပဲဆောင်ဟွန်းကိုမနှစ်မြို့မှုတွေက အတိုင်းသားပါပင်။

"အဲ့နေ့က သားသားကို အော်လိုက်မိတာ ကျွန်မတကယ်စိတ်မကောင်းဖြစ်ခဲ့ရတာ။ရှင့်အဖေသာ ဒီမင်္ဂလာပွဲကို ကတိမပေးခဲ့ရင် သားသားက နီခီလေးနဲ့ စိတ်ချမ်းချမ်းသာသာနေနေရမှာ အခုတော့......"

ဖေ့ဖေ့ရဲ့သက်ပြင်းချသံက မေမေ့ရဲ့ပြောလက်စ စကားကို ရပ်တန့်သွားစေတဲ့အထိ ကျယ်လောင်နေခဲ့တယ်။

"အခုလည်း သားသားက နီခီနဲ့တွဲနေတာပဲလေမဟုတ်ဘူးလား "

"တကယ် တွဲနေလား မတွဲနေလားတော့မသေချာပေမဲ့....တကယ်တွဲနေတယ်ဆိုရင်တောင် ပတ်မိသားစုက သိသွားရင် ဒီအတိုင်းထားမယ်ထင်လို့လား"

"ဆောင်ဟွန်းလေးတစ်ယောက်လုံးရှိနေတာပဲ၊ ဖေဖေက သားသားကို ဆောင်ဟွန်းလေးနဲ့သဘောတူခဲ့တာ အကြောင်းရှိမှာပါ၊ မင်းထင်သလို လူမျိုးမဟုတ်လောက်ပါဘူး"

Not for meWhere stories live. Discover now