ဂျိတ်ခ်ကြောင့်နဲ့ မပြန်ဖြစ်ခဲ့တဲ့ဒီအိမ်ကို သူက ဂျိတ်ခ်ကြောင့်နဲ့ပဲ တဖန်ပြန်ရောက်လာခဲ့ရတယ်။
အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဂျယ်မင်းhyungကိုတွေ့လိုက်မှ ပျက်ယွင်းချင်နေတဲ့ဆောင်ဟွန်းမျက်နှာက ပြိုကျတော့မဲ့မိုးကောင်းကင်ကြီးလိုဖြစ်လာရလေသည်။
"hyung ဂျိတ်ခ်ရော?"
"အခန်းထဲမှာ အိပ်ပျော်သွားပြီ"
"ဆရာဝန်လာသွားပြီလား"
"အင်း ခုနကပဲ လာသွားတာ"
"ဆရာဝန်ဘာပြောသွားလဲhyung၊ အရမ်းဖျားနေတာတဲ့လား"
"ပင်ပန်းတာနဲ့အအေးမိတာရောသွားတာလို့ပြောတယ်။ဆေးထိုးပေးပြီး သောက်ဆေးတွေပေးသွားတယ် အရမ်းကြီးမစိုးရိမ်ရပါဘူး"
"တော်ပါသေးရဲ့"
မျက်နှာလေးကိုမမြင်ရမချင်း အပြီးလွှတ်မချလိုက်နိုင်သေးတဲ့ စိုးရိမ်မှုပေါင်းများစွာက ရင်ဘတ်နားမှာ တစ်ဆို့လို့နေတုန်းပင်။
အပေါ်ထပ်သို့ အဆောတလျှင်လှမ်းလိုနေတဲ့သူ့ကို ဂျယ်မင်းhyungက ခဏလောက် တားဆီးလာပြန်သည်။
"ဆောင်ဟွန်းနား....အိမ်တော်ထိန်းကြီးက မင်း အိမ်မပြန်လာဘူးလို့ပြောတယ်၊ ရန်ဖြစ်ထားကြတာလား မင်းတို့"
" အင်း အဲ့လိုပဲပြောရမယ် hyung"
"ဂျိတ်ခ်ကလည်း အခုတလော ငြိမ်နေသလားလို့"
"ကျွန်တော့်ဘက်က အမှားတွေကြောင့်ပါ၊ နောက်မှပြောပြမယ် hyung ကျွန်တော် ဂျိတ်ခ်ကိုသွားကြည့်လိုက်ဦးမယ် "
ကျယ်လောင်တဲ့ခြေသံပြင်းပြင်းတွေက ဂျိတ်ခ်ရဲ့အခန်းရှေ့အရောက်မှာမှ အရှိန်ကိုထိန်းပြီး ခြေသံတွေကို ဖော့လို့၊ တံခါးကိုလည်း အသံမထွက်အောင် သတိထားပြီးဖွင့်ရတယ်။ အိပ်ပျော်နေတဲ့ကောင်လေးကို အနှောက်အယှက်တွေ မပေးချင်တာကြောင့်ရယ်ပါ။
ဖွဖွလေးတိုးလှမ်းသွားတဲ့ခြေလှမ်းတွေက အိပ်ယာဖြူလေးထက်ကပုံရိပ်လေးစီသို့..... ဂျိတ်ခ်နိုးသွားမည်စိုး၍ အိပ်ယာပေါ်ကို ဆောင်ဟွန်း သတိထားကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး အိပ်ပျော်နေတဲ့မျက်နှာလေးရဲ့အခြေအနေကိုစူးစမ်းလိုက်တော့ နေမကောင်းသဖြင့် နွမ်းလျနေတဲ့နှုတ်ခမ်းဖူးလေးတွေနဲ့မျက်ခွံလေးတွေက ဆောင်ဟွန်းကိုစိတ်မကောင်းဖြစ်အောင်လုပ်လို့နေလေသည်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......