ဘယ်လိုနည်းနဲ့မှ ဆွဲထားဖို့မဖြစ်နိုင်တော့တဲ့အဆုံး လက်လျော့အရှုံးပေးလိုက်ရမှုနဲ့အတူအပြီးသတ်လိုက်ရတော့မဲ့သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှု။
ဆောင်ဟွန်းအတွက် အဆင်ပြေရဲ့လားမေးရင် သူ့မှာဖြေစရာတောင်မရှိတဲ့အထိ ကိုယ့်ဘာသာကိုယ်အဆင်ပြေနေလား၊မပြေနေလားမသိတော့တဲ့ အခြေအနေတစ်ခုပါပဲ။
ဂျိတ်ခ်ရဲ့အငွေ့အသက်တွေခိုကပ်နေတဲ့အိမ်ကိုလည်း တစ်ပတ်မှာ သုံးရက်လောက်ပဲပြန်ဖြစ်တော့တယ်။
မိုးလင်းပေါက်မနားတမ်းလုပ်ဖြစ်နေတဲ့အလုပ်တွေရယ်၊ အရက်ခွက်ထဲခေါင်းစိုက်စေရင်း ကမ္ဘာ့အပြင်ဘက်တစ်နေရာကို ကိုယ်ကိုယ်တိုင်ကြိုးစားဆွဲထုတ်ရခြင်းတွေရယ်၊ ပုံမှန်ထက် ပိုပြီးသောက်ဖြစ်လာတဲ့အိပ်ဆေးလုံးလေးတွေရယ်....အင်း....ဒါတွေက ကိုကို့ကို သတိမရနေဖို့အတွက် သူ တတ်နိုင်သလောက်ရုန်းကန်ကြည့်ရခြင်းတွေရယ်ပေါ့။
မိဘအိမ်မှာ ကိုကိုတစ်ယောက်အဆင်ပြေနေရဲ့လား တွေးမပူတော့ဘူး၊ ဆောင်ဟွန်းနဲ့နေရတာကလွဲရင် တခြားဘယ်နေရာမှာမဆို အဆင်ပြေနေတတ်တဲ့လူသားလေးမလား ကိုကိုကလေ.....
ဆုံးဖြတ်ချက်တွေပြတ်သားတဲ့ဆောင်ဟွန်းက သိပ်မလိုတော့တဲ့အချိန်တစ်ခုအတွင်းမှာ ရည်မှန်းထားခဲ့တာတွေကိုဖြစ်မြောက်တော့မှာ၊ သူ ကိုကို့ကိုလည်း လွှတ်ပေးလိုက်တော့မှာ၊ မလွယ်ကူပေမဲ့လည်း ထိုလူ့ကိုချစ်ပါတယ်ဆိုတဲ့ ကိုကို့ကို သူ့နှလုံးသားနဲ့ရင်းပြီးတော့ ကိုကို့ဆန္ဒတွေကိုဖြစ်မြောက်ခွင့်ပေးလိုက်တော့မှာ၊ ဒါ သူ ကိုကို့ကို ကာကွယ်ပေးဖို့အတွက် နောက်ဆုံးအနေနဲ့ရင်းပြစ်လိုက်ရခြင်းတစ်ခုပါပဲ။
"သူဌေး "
ပြောစရာရှိပုံပေါ်နေတဲ့ အတွင်းရေးမှုးကင်မ်ရဲ့ပုံစံက ဆောင်ဟွန်းမျက်နှာကိုသေချာအကဲခတ်ရင်းတွေးစစနဲ့ရယ်။
"ပြောစရာရှိလို့လား"
" ကျွန်တော် ဒါကို အစကတည်းကပြောခဲ့သင့်ပေမဲ့......"
"........."
"ကျွန်တော်တွေဝေနေတာနဲ့ အချိန်တောင်အတော်ကြာသွားရပြီ။ ကျွန်တော် လွန်ခဲ့တဲ့ တစ်လလောက်က ဒါရိုက်တာပတ်မင်ဟွန်းနဲ့ Edisonဒုဥက္ကဌကို စားသောက်ဆိုင်တစ်ခုမှာ တွေ့လိုက်ရပါတယ်"
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......