အထပ်မြင့်အဆောက်အဦးကြီးတစ်ခုလုံးရဲ့ အပေါ်ဆုံးထပ်မှာရှိနေတဲ့ ရုံးခန်းတစ်ခုတည်းကပဲ မီးတွေ ကွက်ပြီးထိန်ထိန်လင်းလို့နေသည်။ ထိုရုံးခန်းထဲက စားပွဲရှေ့မှာ ကော်ဖီတစ်ခွက်ကိုအမှီပြုလို့ ကျန်ရှိနေတဲ့အလုပ်ကြွေးတွေကို ပြီးပြတ်အောင် မနားတမ်းကြိုးစားလုပ်နေသူက ceoပတ်ဆောင်ဟွန်း။
အိမ်မပြန်ဖြစ်တဲ့ဒီညမှာတောင် ကောင်လေးတစ်ယောက်ကိုစိတ်ပူနေသည်မလို့ အလုပ်မအားတဲ့ကြားကနေ ခဏခဏတက်ကြည့်မိခဲ့တဲ့ ဂျိတ်ခ်ရဲ့သတင်းတွေ။ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုကြည့်ပြီး အနည်းငယ်တော့စိတ်အေးသွားရတယ်ဆိုတာ လိမ်ညာခြင်းတစ်ခုမဟုတ်ခဲ့။
အနည်းဆုံးတော့ ကိုကို့ရဲ့ဘေးမှာ ရှိနေပေးမဲ့တစ်စုံတစ်ယောက်ရှိနေတာပဲလေဆိုတဲ့ အသိမှာ ဆောင်ဟွန်းကတော့ မျက်စိစုံမှိတ်ပြီး စိတ်တွေကိုလွှတ်ချပြစ်လိုက်ရတာပဲ။
ဒါပေမဲ့ ပေါ့မသွားတဲ့ရင်ထဲက ခံစားချက်တစ်စုံတစ်ရာကိုတော့ မသိကျိုးကျွံပြုကာနေရဦးမယ်။ ဘာမှန်းသေချာမသိတဲ့ခံစားချက်တွေရဲ့နှောက်ယှက်ခြင်းကို ခံနေရတာ အနည်းငယ်တော့ကြာနေပြီဖြစ်ပေမဲ့ သူသေချာနားမလည်နိုင်တဲ့ခံစားချက်တွေဖြစ်တာမလို့ ဖြေရှင်းလို့မရတဲ့ပုစ္စာတစ်ပုဒ်လိုမျိုး သူ့စီမှာအမြစ်တွေစတင်အတွယ်ခံနေရပြီ။ ဒါမှမဟုတ်လည်း ဆောင်ဟွန်းကိုယ်တိုင်က နားမလည်ချင်တဲ့ဆန္ဒရှိနေခဲ့လို့များလားပဲ။
*ဟူးးးး*
မှုတ်ထုတ်လိုက်တဲ့သက်ပြင်းတွေက အာရုံတက်ချိန်မှာ ဆိုဖာခုံထက်သို့ လှဲချလိုက်မိတဲ့ ခန္ဓာကိုယ်နဲ့အတူ ဟိုတစဒီတစပျံလွင့်လို့ကျသွားခဲ့တယ်။ ခဏကမှ လည်ချောင်းကနေ တဆင့်စီးဆင်းသွားတဲ့ အိပ်ဆေးတွေရဲ့ အာနိသင်ကလည်း ပင်ပန်းနေတဲ့ဆောင်ဟွန်းရဲ့မျက်ခွံတွေကို ဖိပိတ်ကျဆင်းလာစေခဲ့ပြီ။ ဘယ်လောက်ပင် ပင်ပန်းထားပါစေ အိပ်ဆေးတွေကပဲ ဆောင်ဟွန်းရဲ့အိပ်စက်ခြင်းတွေကို ယူဆောင်လာပေးနိုင်စွမ်းရှိသည်။
မျောလွင့်နေတဲ့အိမ်မက်တွေထဲကနေ လှုပ်နှိုးခံလိုက်ရတဲ့ပြင်ပကသက်ရောက်မှုတစ်ခုကြောင့် ဖွင့်ဟလိုက်မိတဲ့အမြင်အာရုံတွေထဲကို စူးခနဲတိုးဝင်လာတဲ့နေရောင်ခြည်စူးစူးကြောင့် မျက်ခုံးတွေကို စုကျုံ့လိုက်မိတဲ့အထိ အလိုမကျမှုတွေနဲ့နိုးထလာရတဲ့ နေ့ရက်အသစ်တစ်ရက်.....
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......