ဆောင်ဟွန်း ဒီမနက် ပုံမှန်အချိန်ထက်နောက်ကျမှ နိုးလာရသည်။ ညက သောက်တာအတော်များသွားသည်မလို့ ခန္ဓာကိုယ်ကသေချာပေါက်လန်းမနေခဲ့။ ဘယ်အချိန်၊ဘယ်လိုအိပ်ပျော်သွားလဲလည်း
သူမမှတ်မိ။အလုပ်ပိတ်ရက်ဖြစ်တာမလို့တော့ တော်သေးသည်ဟုပြောရမည်။ ခါတိုင်းပိတ်ရက်တွေတိုင်း ကုမ္ပဏီကိုသွားနေကျ ဖြစ်ပေမဲ့ ဒီနေ့တော့ လန်းဆန်းမနေတာကြောင့် အိမ်မှာပဲနားလိုက်တော့ဖို့ လုပ်ရသည်။
မျက်နှာသစ်ပြီး မနက်စာစားရန် အခန်းထဲကထွက်လာတဲ့အခါ အလုပ်သွားဖို့သေချာပြင်ဆင်ပြီးထွက်လာတဲ့ဂျိတ်ခ်နဲ့ဆုံတော့ ဆောင်ဟွန်းရဲ့မျက်လုံးတွေအနည်းငယ် ဝိုင်းစက်သွားရသည်။
ပြန်မလာဘူးထင်ထားခဲ့တာ... ညတုန်းက ပြန်လာတာလား?
တီရှပ်အဖြူကို အပေါ်မှကာကီရောင်ဂျက်ကပ်ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီအမည်းအရှည်ကိုဝတ်ဆင်ထားတဲ့ကောင်လေးရဲ့ ထူပိန်းပိန်းဆံပင်လေးတွေအရှေ့ကိုဝဲကျလို့နေပုံက ရုတ်တရက်ဖြတ်တိုက်သွားတဲ့လေပြေညှင်းလေးအလား စိတ်တွေကိုလန်းဆန်းလို့သွားစေခဲ့တယ်။
မျက်ဝန်းချင်ဆုံသွားတာနဲ့ အကြည့်ကို ချက်ချင်းလွှဲသွားတဲ့ ဂျိတ်ခ်က အဆင်မပြေတဲ့သူတို့နှစ်ယောက်ကြားကအခြေအနေကို သတိပေးနေသည့်အလား.....
အခန်းရှေ့မှာ ဒီအတိုင်းပဲ မတ်တပ်ရပ်နေမိတဲ့ဆောင်ဟွန်းအရှေ့ကနေ ဖြတ်ကျော်သွားတဲ့ပုံရိပ်လေးအဝေးမရောက်သွားခင်လေးတင် သူ့ရဲ့နှုတ်ခမ်းတွေကအလုပ်ပေးရတော့သည်။
"ဂျိတ်ခ်...ညက ပြန်လာတာလား?"
"ဘာ!!"
စိတ်ပျက်သလိုမျိုးလှည့်ကြည့်လာတဲ့မျက်ဝန်းလေးတွေကြောင့် ဆောင်ဟွန်းပြောတာ ဘာများအမှားပါသွားလို့ပါလဲလို့ ခပ်ဆဆတွေးမိရပြန်တယ်။ သူ့ကိုစကားပြောတာကိုပဲ မကြိုက်လို့များလားပဲ....
"ငါက မင်းမိဘအိမ်ကိုပြန်သွားမယ်ထင်နေတာ"
ဘာမှပြန်မပြောပဲလှည့်ထွက်သွားတဲ့ ဂျိတ်ခ်က တကယ်ပဲ ဆောင်ဟွန်းနဲ့စကားပြောရမှာကို အတော်လေးမကြိုက်ပုံရပါတယ်။
YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......