ယွန်းမင်ဆူhyungရဲ့ နောက်ထပ်brandအသစ်ကြေငြာအတွက် ဒီတစ်ခါတော့ ဂျိတ်ခ်တစ်ယောက်တည်းကို ကမ်းလှမ်းလာခဲ့တယ်။ entertainment က တာဝန်ရှိသူဝန်ထမ်းတွေနဲ့ သေချာကိုဆွေးနွေးပြီးမှ ဂျိတ်ခ်က ဒီဟာကို လက်ခံခဲ့တာပါ။ hyungနဲ့ အတော်အသင့်ရင်းနှီးနေပြီဖြစ်တာကြောင့်လည်း ဂျိတ်ခ်ရဲ့ စိတ်ထဲမှာတော့ ဘာမှထွေထွေထူးထူးဖြစ်နေတာမျိုးလည်းမရှိဘူး။ တစ်ခုပဲ ပတ်ဆောင်ဟွန်းရဲ့စကားတွေက မှားနေတယ်ဆိုတာကိုလည်း ဂျိတ်ခ်ကသက်သေပြချင်နေခဲ့တာ။ ဂျိတ်ခ်ရဲ့ ဘယ်ကိစ္စကိုမဆို ဝင်စွက်ဖက်လေ့မရှိတဲ့ ပတ်ဆောင်ဟွန်းက အခုကျမှ မင်ဆူhyungနဲ့ကျမှ အထူးအဆန်းလာလုပ်နေခဲ့တာကိုး။
မင်ဆူhyungက ဂျိတ်ခ်အပေါ် ဘယ်လိုတောင် ကောင်းပေးပြီး ဂရုစိုက်ပေးလဲဆိုတာကို ပတ်ဆောင်ဟွန်းကမသိပဲနဲ့ ထင်ရာတွေလာပြောနေတာ။ သူတို့က စီးပွားပြိုင်ဖက်တွေမလို့ ပတ်ဆောင်ဟွန်းက အမြင်မကြည်တာလို့ ဂျိတ်ခ်ထင်တယ်။
အချိန်ဇယားတွေအားရင် ဂျိတ်ခ်နဲ့နီခီ့ကို hyungက မုန့်လိုက်ကျွေးတာတို့၊ အိမ်ကိုအလည်ဖိတ်တာတို့ လုပ်လေ့ရှိတယ်။ နီခီကတောင် ဂျိတ်ခ်ကို hyungနဲ့ရင်းနှီးတာကို သဝန်မတိုတာကို အဲ့ပတ်ဆောင်ဟွန်းက ဘာဖြစ်တာလဲ မသိပါဘူး.....
ဒါပေမဲ့ ပတ်ဆောင်ဟွန်းက အဲ့နေ့ကပဲ အဲ့လိုထူးထူးဆန်းဆန်းတွေလုပ်တာပါ နောက်နေ့လည်းကျရော သူမဟုတ်တဲ့အတိုင်းပဲ ဂျိတ်ခ်ကို မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်လို့ သူ့အလုပ်သူပုံမှန်လုပ်နေတာပဲ။ အဲ့နေ့က မူးပြီး ဂျိတ်ခ်ကို ပေါက်ကရတွေလာလုပ်တာလို့တောင် နောက်ပိုင်းထင်လိုက်မိသေးတယ်။
"ဂျိတ်ခ် ပြီးရင် ကိုယ်နဲ့ ညစာသွားစားရအောင်"
ရှုတင်မပြီးခင် ရောက်လာပြီး ဂျိတ်ခ်ခဏနားနေတုန်းမှာ အခန်းထဲရောက်လာတဲ့ မင်ဆူhyungရယ်။
" အားနာလိုက်တာhyungရယ်...နီခီနဲ့အရင်ချိန်းထားပြီးသားဖြစ်နေတယ်"
"သြော် ဒါများ ကိုယ် နီခီ့ကိုလည်း ချိန်းပြီးသား သူက မင်းအဆင်ပြေရင် သူလည်း လာခဲ့မယ်ပြောတယ်"
"ဟုတ်လား? ကျွန်တော့်ကိုဘာမှလည်းမပြောဘူး"
"မင်း အလုပ်ရှိမှန်းသိလို့နေမယ် ဘယ်လိုလဲ?"
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......