မင်ဟွန်းhyung အလွဲသုံးစားလုပ်ထားတဲ့ စာရင်းဇယားကိစ္စတွေကို ဘယ်သူမှမသိခင် ဆောင်ဟွန်းရှင်းပြစ်ဖို့ရာအတွက် အလုပ်တွေရှုပ်နေရသည်။ ဆောင်ဟွန်းပြောင်းရွှေ့ခွင့်လုပ်လိုက်တဲ့ နယ်ကရုံးတစ်နေရာကို မင်ဟွန်းhyungကပြောင်းသွားပေမဲ့ ဒီကုမ္ပဏီထဲကို မကြာခင်ပြန်ရောက်လာအောင် မေမေကလုပ်နိုင်တယ်ဆိုတာ ဆောင်ဟွန်းသိတယ်။ မင်ဟွန်းhyungရှိနေရင် သူ ဒီကိစ္စတွေရှင်းရာမှာ အတားအဆီးဖြစ်မှာကို ကြိုသိနေလို့ ခဏပြောင်းရွှေ့ဖို့လုပ်လိုက်ရတာ။
ဆောင်ဟွန်းက ကိုယ့်ရဲ့မိသားစုဝင်တွေအပေါ် ချစ်တဲ့စိတ်မရှိပေမဲ့ ဒုက္ခရောက်မှာကိုလည်း လက်ပိုက်ပြီးတော့ကြည့်မနေနိုင်ခဲ့ဘူး။ အဲ့လိုတွေလုပ်ပေးနေပေမဲ့ မေမေ့ရဲ့အမြင်မှာတော့ ဆောင်ဟွန်းဟာ အကိုအရင်းအပေါ်ကို မလိုမုန်းထားတွေရှိနေတဲ့သူလိုမျိုး ဆက်ဆံနေဆဲပါပဲ။
နေ့လယ်စာစားရင်းနဲ့ကို စာရင်းဇယားတွေကို ကြည့်နေတုန်း ရုံးခန်းတံခါးခေါက်လာသောကြောင့်
" ဝင်ခဲ့ "
ဝင်လာသူက ဆောင်ဟွန်းရဲ့ အတွင်းရေးမှူးဖြစ်သူ ကင်မ်အတွင်းရေးမှူး
" ဟိုဟာ ဆရာ ထမင်းစားနေတုန်းဆို ကျွန်တော်နောက်မှပြန်လာခဲ့ပါ့မယ် "
" ရတယ် ပြော...ဘာဖြစ်လို့လဲ"
ဆောင်ဟွန်းကိုမကြည့်ပဲ ခေါင်းကြီးငုံ့ပြီး အင်း အဲ လုပ်နေတဲ့ အတွင်းရေးမှူးကို ဆောင်ဟွန်းစိတ်မရှည်တော့
" ကဲ ဘာဖြစ်လို့လဲလို့ မြန်မြန်ပြော ပြီးရင်အစည်းဝေးသွားရဦးမယ်လေ"
" ဟုတ် ဟို ဟိုဟာလေ ကျွန်တော့်သမီးလေးရဲ့ လိုနေတဲ့ ခွဲစိတ်ခတွေ ဆရာရှင်းပေးလိုက်တယ်လို့ ဆေးရုံကပြော ပြောလာလို့ပါ "
" ဘာများဖြစ်လို့လဲလို့ ဟုတ်တယ် ကျွန်တော်ပေးလိုက်တာ"
" ကျွန်တော် လခထဲကနေ ပြန်ဆပ်ပါ့မယ် အားနာ..."
" အတွင်းရေးမှူးကင်မ်ရဲ့သမီးက မြန်မြန်ခွဲစိတ်ရမဲ့ အခြေအနေဆို။ အဲ့ဒါကြောင့် ခင်ဗျားပိုက်ဆံရှာနေရင် အချိန်ကြာနေမှာစိုးလို့ ကျွန်တော်ပေးလိုက်တာ။ နောက်ပြီး ကျွန်တော့ကုမ္ပဏီက ဘယ်ဝန်ထမ်းမဆိုရဲ့ အခက်အခဲတွေက ကျွန်တော်နဲ့ဆိုင်တယ် ဟုတ်ပြီလား ပြန်ဆပ်စရာလည်းမလိုဘူး ဒီအကြောင်းကိုမေ့လိုက်တော့။ ဘာမှဝန်လေးနေစရာလည်းမလိုဘူး အတွင်းရေးမှူးကင်မ်လုပ်နေကျအတိုင်းပဲ အလုပ်တွေကို ဆက်လုပ်ပါ "

YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......