💍 25 💍

508 52 38
                                    

စိတ်ပင်ပန်းစရာတွေက တစ်ခုတည်းနဲ့မပြီးသွားဘူး၊ အလုပ်ရောက်တဲ့အခါ နောက်ထပ်ပြဿနာတစ်ခုက ဆောင်ဟွန်းကို ဆီးကြိုနေခဲ့ပြန်တယ်။

"သူဌေး ဒါကို ကြည့်ပါဦး "

အတွင်းရေးမှူးကင်မ်ပြလာတဲ့ သတင်းကိုကြည့်ကြည့်တော့ Edisonမှ စျေးကွက်ထဲသို့ ပစ္စည်းသစ်ထုတ်လုပ်ရောင်းချတဲ့ သတင်းခေါင်းစဥ်ပါပဲ။ ပြဿနာက အဲ့ဒါမဟုတ်၊တကယ့်ပြဿနာက သူတို့ဘက်မှ စျေးကွက်ထဲဖြန့်ဖြူးလိုက်တဲ့ ပစ္စည်းအသစ်က နောက်လမှာထုတ်လုပ်မဲ့ဆောင်ဟွန်းတို့ရဲ့ထုတ်ကုန်အသစ်နဲ့ တစ်ထပ်တည်းဖြစ်နေတာပဲ။

"ဒါက ဘယ်လို?"

" မနက်က သတင်းတက်တက်လာချင်း အကုန်လုံးအံံ့သြနေတာပါ၊ ခဏနေအရေးပေါ်အစည်းအဝေးလည်းရှိပါတယ် သူဌေး "

"ဒီဇိုင်းတာဝန်ခံ မင်အာယောင်းကို အရင် ခေါ်ပေးပါ"

"ဟုတ်ကဲ့ လွှတ်လိုက်ပါ့မယ်"

တစ်ပုံစံတည်းချွတ်စွတ်တူနေတဲ့ ဒီဇိုင်းကို ကြည့်ပြီး ဆောင်ဟွန်းစိတ်အိုက်နေရသည်။ နောက်လဆိုရင်ပဲ စျေးကွက်ထဲဖြန့်ဖြူးဖို့ပြင်ဆင်နေပြီးသားဖြစ်နေပြီ ပြိုင်ဖက်ကုမ္ပဏီက အခုလိုအရင်ထုတ်လိုက်တဲ့ကိစ္စက ဆောင်ဟွန်းတို့ဘက်အတွက် ဆုံးရှုံးမှုက နည်းနည်းနောနောမဟုတ်။

ပျက်ယွင်းနေတဲ့အာယောင်းရဲ့မျက်နှာကလည်း အသိအသာ၊ ဒီကိစ္စအတွက် တာဝန်အရှိဆုံးသူက ဒီဇိုင်းတာဝန်ခံဖြစ်တဲ့အာယောင်းဖြစ်သည့်အတွက် သူလည်း အတော်တုန်လှုပ်နေခဲ့မှာပဲ။

"ဒါ ဘယ်လိုဖြစ်ရတာလဲ တာဝန်ခံမင်အာယောင်းရှီ"

"ကျွန်မ ကျွန်မလည်း ဒီမနက်မှသိရတာပါ "

" ဒါက တစ်ပုံစံတည်းချွတ်စွတ်တူနေတာနော် ဒါကို ဒီဇိုင်းဆွဲတာကလည်း မင်အာယောင်းပဲလေ။ ဘယ်လိုဖြစ်တာလဲမသိဘူးဆိုတာဖြစ်နိုင်ရဲ့လား "

"တကယ်မသိတာပါ "

" တဖက်ကုမ္ပဏီစီက ကူးချတာမျိုးရော မရှိဘူးလား"

"သူဌေး ဒါ ကျွန်မကိုယ်တိုင်ဆွဲထားတဲ့ဒီဇိုင်းပါ။ ကူးချခံရတယ်ဆိုရင်တောင် Edisonဘက်က ကူးချသွားတာပါလို့ ကျွန်မအာမခံရဲပါတယ်"

Not for meWhere stories live. Discover now