💍 31 💍

763 69 37
                                    

ဆေးတွေရဲ့အရှိန်ကြောင့် သူအတော်ကြာအောင် အိပ်မောကျသွားခဲ့သည်။ ထူးထူးဆန်းဆန်းပဲ နေမကောင်းဖြစ်တိုင်းဖြစ်နေကျဖြစ်သည့် အိမ်မက်ဆိုးများမက်လေ့ရှိသည့် သူက ဒီတစ်ခါမှာတော့ ဖျားရုံကလွဲပြီး ဘာမှမဖြစ်ခဲ့။ အိပ်မပျော်သွားခင် လုံခြုံစိတ်ချလို့သွားခဲ့တဲ့စိတ်အခံကြောင့်များ ဖြစ်မလားပဲ။

အိပ်ရာမှနိုးထလာချိန် ဖျားနေသောကိုယ်အပူရှိန်က အလုံးစုံပျောက်ကင်းမသွားပဲ ငွေ့ငွေ့လေးတော့ပူနေသေးသည်။ လုပ်စရာအလုပ်များရှိတာကြောင့်ရော လှုပ်ရှားမှုတစ်စုံတစ်ရာမမြင်ရပဲ ငြိမ်သက်နေသောအခန်းတွင်းအခြေအနေကြောင့်ရော သူ လှဲနေရာမှ အားတင်းကာထလာလိုက်သည်။

သူ့စိတ်ထဲ အိမ်ပိုင်ရှင်ကတော့ရှိနေမှာဆိုတဲ့ သေချာနေခဲ့တဲ့အထင်အမြင်တစ်ခုက ဧည့်ခန်းထဲမှာထိုင်နေတဲ့ ပုံရိပ်တစ်ခုကိုမြင်အပြီးမှာတော့ လွှဲမှားသွားတဲ့အမြင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားရတော့တာပါပဲ။

"ဂျယ်မင်းhyung! ဆောင်ဟွန်းရော?"

"ဂျိတ်ခ် နိုးပြီလား သက်သာရဲ့လား"

အခန်းရှေ့မှာရပ်နေသည့်ဂျိတ်ခ်အနားသို့ရောက်လာကာစိုးရိမ်စွာဖြင့်အမေးစကားတွေဆိုနေတဲ့hyungကို ပြန်ဖြေပေးဖို့ထက် သူ့မျက်ဝန်းတွေက တစ်စုံတစ်ယောက်ရဲ့တည်ရှိမှုကိုရှာဖို့ရန်အတွက်သာ အိမ်ရဲ့နေရာအနှံ့သို့ မျက်ဝန်းတွေကို ဖြန့်ကျက်နေမိတာရယ်လေ။

"ဆောင်ဟွန်းရော hyung"

ငြိမ်သက်နေတဲ့အိမ်အတွင်းပိုင်းအခြေအနေကို
ကြည့်ပြီး တွေ့ချင်မိတဲ့သူမရှိဘူးဆိုတဲ့အသိက နည်းနည်းတော့ စိတ်ဆိုးစေနိုင်ခဲ့ပါရဲ့။ နေမကောင်းဖြစ်နေမှန်းသိနေရက်နဲ့ အိမ်ပိုင်ရှင်ကသူ့ကို ဒီအိမ်ထဲမှာတစ်ယောက်တည်း ထားခဲ့ရက်သည်တဲ့လား။

"ဆိုင်ကိုသွားတယ်၊ ဆိုင်မှာ သူမရှိရင်မဖြစ်လို့တဲ့"

ဆောင်ဟွန်းရဲ့အကြောင်းပြချက်က
ဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး နားလည်ပေးလိုက်လို့ရတဲ့အတိုင်းအတာတစ်ခုဖြစ်နေရက်နဲ့ သူက စိတ်ထဲမယ် ဝမ်းနည်းခြင်းတွေလှိုက်တက်လာခဲ့လို့ရယ်။ အနည်းဆုံးတော့ သူနိုးလာတဲ့အထိတော့ ရှိနေပေးသင့်တာမဟုတ်ဘူးလား။

Not for meWhere stories live. Discover now