" အင်းမ် အိပ်လို့ကောင်းလိုက်တာ "
ကိုယ်ပေါ်ခြုံထားတဲ့စောင်ကို ခြေထောက်နဲ့ကန်ထုတ်ပြစ်ပြီး လက်တွေကိုအပေါ်ကိုမြှောက် ခြေထောက်တွေကိုပို၍ဆွဲဆန့်ကာ အကြောဖြေလိုက်သည်။
သူတို့အိမ်မှာလိုမျိုးအကောင်းစားမွေ့ယာ၊ကုတင်တော့မဟုတ်ပေမဲ့ ဒီအိပ်ယာက သူ့ကိုပိုပြီးနွေးထွေးစေကာ သက်တောင့်သက်သာဖြစ်စေတာ။
နိုးတာတောင် အပျင်းကြီးကာ မထလာသေးပဲ ဟိုဘက်ဒီဘက်လှိမ့်ရင်း ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲဆိုတာကို စဥ်းစားခန်းဝင်လိုက်တော့ ဆောင်ဟွန်းနဲ့ကော်ဖီဆိုင်ကိုလိုက်သွားဖို့အတွေးက ဖြတ်ခနဲဝင်လာသည်။
အတွေးစိတ်ကူးဖြင့် ပျော်မြူးကာ အိပ်ယာကနေ ကုန်းရုန်းထလာတဲ့သူက နေမြင့်တဲ့အချိန်ရောက်နေပြီဆိုတာကို သတိမထားမိခဲ့ပေ။
သူထွက်လာတော့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ လူရိပ်တောင်မတွေ့ရ။ ဒီအိမ်မှာ သူ နှစ်ကြိမ်နိုးထလာဖူးပြီး အဲ့ဒီ့နှစ်ကြိမ်လုံးမှာ အိမ်ပိုင်ရှင်ကရှိမနေခဲ့ဘူး။
ရေသောက်ဖို့ရန် ထမင်းစားခန်းစီသို့ရောက်သွားသည့်အခါ စားပွဲပေါ်မှာ အုပ်ထားသည့်အုပ်ဆောင်းတစ်ခုကို တွေ့ရတာကြောင့် ဖွင့်ကြည့်လိုက်တော့ toastတွေကိုတွေ့ရသည်။ ဘေးမှာလည်း မှတ်စုစာရွက်အပြာရောင်လေးတစ်ခုကို တစ်စုံတစ်ယောက်က ကပ်သွားခဲ့ပုံပါပဲ။
* ငါ ဆိုင်ကိုသွားတယ် ညမှပြန်ရောက်မယ်၊ မင်းအတွက် မနက်စာလုပ်ပေးခဲ့တာမလို့စားလိုက်ပါ၊ နေ့လယ်စာစားချင်ပြီဆိုရင် ငါ့ကိုဖုန်းဆက် ××××တစ်ခုခုအဆင်မပြေတာရှိရင်လည်း ငါ့ကို ဖုန်းဆက်လိုက်*
ဆောင်ဟွန်းက သူသိပြီးသား ဖုန်းနံပါတ်တစ်ခုကိုပါ ရေးပေးသွားခဲ့သည်၊ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့မှ နာရီလက်တံတွေက 10နာရီခွဲကိုညွှန်ပြလို့နေသည်။
YOU ARE READING
Not for me
Fiksi Penggemarပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......