"အားးး မနေ့ကမှပြန်ရောက်တာကိုအခုနောက်တစ်နေရာကို ခရီးထွက်လာရပြန်တယ်"
"ပင်ပန်းနေပြီလား ဂျိတ်ခ်"
"အရမ်းကြီးမပင်ပန်းပေမဲ့ အိမ်မှာအေးဆေးအနားမယူရတာအတော်ကြာပြီမလို့ပါ hyungရယ်"
"နောက်လဆိုရင် scheduleတွေပါးသွားပြီ အဲ့ကျရင် ခွင့်ရက်ယူပေးမယ်၊ အခုတော့သည်းခံထားပါဦး"
နေ့ရက်တွေကိုပုံမှန်အတိုင်းဖြတ်သန်းနေပေမဲ့ ထိုနေ့ရက်တွေက မိမိဘဝထဲကနေလူတစ်ယောက်ပျောက်ကွယ်သွားခဲ့တဲ့နောက်မှာ အဓိပ္ပာယ်မဲ့တဲ့နေ့ရက်တွေဖြစ်မှန်းမသိဖြစ်ဖြစ်လာခဲ့သည်။
တိုက်ဆိုင်တာတစ်စုံတစ်ရာမရှိခဲ့ရင်တောင်မှ အလိုလိုနေရင်းသတိရတမ်းတလို့နေရတဲ့အခါ ဂျိတ်ခ်ရဲ့ နှလုံးသားဟာလည်း နောင်တတွေအထပ်ထပ်နဲ့ကာရံပြီးသားဖြစ်လာရတယ်။
နှစ်ချီလာတဲ့ထိုနေ့ရက်တွေမှာ တစ်နေရာစာလစ်ဟာနေမှုက ဂျိတ်ခ်အတွက်အလွန်ကြီးမားတဲ့လစ်ဟာမှုတစ်ခုဖြစ်နေနိုင်မယ်မှန်းအစတည်းကသိခဲ့ရင် ထိုသူကို သူနောက်ဆုံးတစ်ခေါက်လောက်ဆွဲထားမိမလားပဲ။ ဒါမှမဟုတ်လည်း ထိုသူ့ကို တွန်းထုတ်ခဲ့လောက်မှာမဟုတ်ဘူး။ အခုတော့ ထိုလွတ်နေတဲ့နေရာမှာ ဘယ်အရာကိုမှအစားထိုးလို့မဖြည့်ဆည်းနိုင်ပဲနဲ့ ဒီအတိုင်းနေနေရတဲ့ ဘဝကြီးကို အလိုမရှိလွန်းလို့ ရူးတော့မယ်။
သူ ထိခိုက်အနာတရဖြစ်သွားရင်များ အရင်လိုပဲ ဆောင်ဟွန်းဟာ သူ့စီရောက်လာမလားဆိုပြီး မိုက်ရူးရဲဆန်တဲ့လုပ်ရပ်မျိုးတွေကိုကျူးလွန်ဖို့ကြိုးစားခဲ့တာတောင်မှ မအောင်မြင်ခဲ့ဘူး။
မအောင်မြင်ရတဲ့အကြောင်းအရင်းက ဂျိတ်ခ်ဟာ ထိခိုက်ဒဏ်ရာမရသွားအောင် ကာကွယ်ပေးခြင်းခံနေရတုန်းမလို့ပါပဲ။ဂျိတ်ခ်ဘဝထဲကနေ ပြစ်စလက်ခတ်မထွက်သွားတဲ့ဆောင်ဟွန်းက သူမရှိတော့မဲ့နေ့ရက်တွေမှာ ဂျိတ်ခ်ကို ဘေးအန္တာရယ်တွေကနေ လုံခြုံနိုင်စေဖို့အတွက် စီမံပေးသွားခဲ့တယ်။
အခုထက်ထိ အရိပ်တကြည့်ကြည့်နဲ့ ဆောင်ဟွန်းအစား မျက်စိဒေါက်ထောက်လိုက်မံစောင့်ရှောက်ပေးနေတဲ့ ဂျယ်မင်းhyungဟာလည်း ဆောင်ဟွန်းရဲ့တောင်းဆိုသွားမှုကို သူ့အသက်သေဆုံးသွားမဲ့အချိန်ထိ ဖြည့်ဆည်းပေးချင်ပါတယ်တဲ့လေ။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......