ဂျိတ်ခ်တစ်ယောက် ညက အတော်ညဥ့်နက်မှအိမ်ပြန်ရောက်လာပြီး အိပ်တာနောက်ကျသွားတဲ့အတွက် နေ့လည်ခင်းကျမှ နိုးလာခဲ့သည်။ နိုးလာရတဲ့အကြောင်းအရင်းကလည်း အိမ်မက်လိုလိုနဲ့ နားထဲမှာ ကြားနေရတဲ့ ကလေးလေးတစ်ယောက်ရဲ့ ရယ်သံလေးတွေကြောင့် ဖြစ်သည်။
လိုက်ကာကြားကနေ တစ်စွန်းတစ်စတိုးဝင်လာတဲ့ နေရောင်ခြည်နွေးနွေးက စောင်အောက်ကနေ တိုးထွက်နေတဲ့ ဂျိတ်ခ်ရဲ့ ခြေဖဝါးလေးတွေပေါ်ကျရောက်နေကြလို့ အိပ်ယာကထဖို့ရန် တိုက်တွန်းနှိုးဆော်နေသယောင်ယောင်။ လက်နှစ်ဖက် နဲ့ ခြေနှစ်ဖက်ကို ဆန့်တန်းလို့ တစ်ကိုယ်လုံးကအကြောတွေကို ဆွဲဆန့်ကာ ဟိုဘက်ဒီဘက်ကို လှိမ့်လိုက်သေးသည်။
နိုးလာပြီဖြစ်ပေမဲ့ အိပ်ယာထဲကမထချင်သေးတာကြောင့် ခဏလောက်ပြန်မှေးဖို့ မျက်လုံးများကို ပိတ်လိုက်ပေမဲ့ အိမ်မက်မဟုတ်ပဲ ထပ်မံပေါ်ထွက်လာတဲ့ ရယ်သံလေးကြောင့် စပ်စုချင်စိတ်နဲ့ အိပ်ယာထဲကနေအမြန်ထလာခဲ့မိသည်။
ခြံထဲကနေ ထွက်လာပုံပေါ်တဲ့ ထိုရယ်သံလေးတွေက ဒီအိမ်ထဲက ထွက်ပေါ်လာတယ်ဆိုတာက မယုံချင်စရာကောင်းနေခဲ့တယ်။ လိုက်ကာကို အနည်းငယ် ဆွဲဟလိုက်တော့ စူးခနဲကျရောက်လာတဲ့နေရောင်ခြည်ကြောင့် မျက်စိကျိန်းသွား၍ လက်နဲ့ နေရောင်ခြည်ကို ကာလိုက်ရသေးသည်။ ပြီးတော့မှ ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်တဲ့ မြင်လွှာတွေကြားထဲကို ဝင်လာတဲ့ပုံရိပ်လေးဟာပါးချိုင့်လေးတစ်ခုရယ်၊ စိတ်လိုလက်ရပြုံးနေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ပါးချိုင့်လေး....
ထိုအပြုံးက စိတ်အလိုမကျချင်စရာကောင်းလောက်အောင် ကြည့်ကောင်းလွန်းနေခဲ့တယ်။ ပြီးတော့ ထိုလူ့စီက တစ်ခါမှမြင်ဖူးခဲ့ခြင်းမရှိတဲ့ ထိုအပြုံး..... စိတ်တိုချင်စရာကောင်းလိုက်တာ....ဘာကများ ထိုသူကို အခုလို ပြုံးစေခဲ့တာပါလိမ့်?
ပြန်လည် ရပ်တန့်သွားတဲ့နှုတ်ခမ်းတွေကြောင့် ပါးချိုင့်လေးဟာလည်း ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ ထိုသူရဲ့ ညာဘက်လက်က မြောက်တက်လာကာ လှုပ်ရမ်းလို့ပြနေတဲ့ နေရာစီသို့ ဂျိတ်ခ်ပါ လိုက်ကြည့်လိုက်တဲ့အခါ ပတ်ဆောင်ဟွန်းစီကို ပြေးလာနေတဲ့ ဂါဝန်အဝါရောင်လေးကိုဝတ်ဆင်ထားတဲ့ကလေးမလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......