သူ့ရဲ့ တစ်ကိုယ်တည်းနားနေရာအခန်းထဲသို့ ဘောက်ဆက်ဆက်ခြေလှမ်းတွေဖြင့် ခပ်မြန်မြန်လေးလှမ်းလို့နေသည်။
နားသယ်စပ်နားကနေ စီးကျနေတဲ့ ချွေးတွေကို လက်ခုံနဲ့ပွတ်သုတ်ရင်း အခန်းတံခါးကို ဖွင့်ချလိုက်တာကလည်း အလျှင်စလိုဖြင့်
အရောင်စုံစုံပန်းစည်းတွေနှင့် လက်ဆောင်ပစ္စည်းများသည် အခန်းထဲ၌ အပြည့်အလျံ......သို့သော် မျှော်လင့်စောင့်စားနေခဲ့ရသူ၏ တည်ရှိမှုသည် အရိပ်အယောင်အဖြစ်လေးတောင်မမြင်ရ။
ကတိတည်တတ်သူကို ယုံမှားသံသယမရှိ သေချာပေါက်ရောက်လာလိမ့်မည်ဟု သူက တစ်ထစ်ချယုံကြည်နေခဲ့တာ။
ဆံပင်တွေကိုလက်တွေဖြင့်ထိုးစွမိတော့ ပုံသွင်းထားသည့်ဆံသားတွေရဲ့မာတောင့်တောင့်အထိအတွေ့တွေက သူ့ရဲ့စိတ်တွေကို ပို၍ရှုပ်ယှက်ခတ်စေပြန်တယ်။
" အ့ "
လက်မောင်းကနေဆွဲအလှည့်ခံလိုက်ရပြီး ရင်ခွင်တစ်ခုထဲ သူ့တစ်ကိုယ်လုံးနစ်မြုပ်သွားတယ် ထို့နောက် ကျောပြင်ထက်သို့တင်းကြပ်နေအောင်ရစ်ပတ်လာတဲ့ လက်နှစ်ဖက်.....
ရင်းနှီးကျွမ်းဝင်နေသည့် အထိအတွေ့တွေ။
ဒါပေမဲ့ ဆောင်ဟွန်းမဟုတ်ဘူး..........
ခပ်သာသာရုန်းကန်လိုက်တဲ့သူ့ကို တစ်ဖက်လူက အလွတ်မပေးတဲ့အပြင် ပိုလို့တောင်မှ အားဖြင့်ချုပ်နှောင်လာပါသည်။
" လွှတ် နီခီ "
" အရမ်းလွမ်းနေတာ အချစ်ရယ် "
" ငါ့ကို လွှတ်လို့ပြောနေတယ်နော် နီခီ၊ ငါ စိတ်မဆိုးမိခင်....."
တစ်ဖက်လူက ဂရုမစိုက်ပါဘူး၊ ဖက်တွယ်ထားမှုကနေ ဖယ်ခွာပေးလာသည့်တိုင်အောင် ဂျိတ်ခ်ရဲ့မျက်ဝန်းတွေဖြင့်ဆုံအောင်ဖန်တီးယူလာသည့် နီခီက သူ့ပုခုံးနှစ်ဖက်ကို ချုပ်ကိုင်ထားနေဆဲ။
" ကျွန်တော့်ကို ဘယ်အချိန်ထိပြစ်ထားမှာလဲဟင်"
" နီခီ ငါ...."
ပုခုံးထက်က လက်တွေကို ဖယ်ချပြစ်ဖို့ကြိုးစားလိုက်ပေမဲ့ အားခြင်းမမျှနေတဲ့အတွက် နာကျင်သွားရတာပဲအဖတ်တင်သည်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......