"သူဌေးအပ်ထားတဲ့ လက်စွပ်ရပါပြီ"
"ကျေးဇူးပါပဲ"
"ဟုတ်...ဒါဆိုသွားခွင့်ပြုပါဦး"
အတွင်းရေးမှူးကင်မ် စားပွဲခုံပေါ်ချပေးသွားတဲ့ စက္ကူအိတ်လေးထဲမှ လက်စွပ်ဗူးလေးကို ထုတ်ယူရင်း ဖွင့်ကြည့်လိုက်တယ်။
ဂျိတ်ခ်ကို clubမှာ သွားခေါ်တဲ့နေ့က နံရံဘက်သို့ ယိုင်သွားတဲ့ဂျိတ်ခ်ကို ထိခိုက်မိမည်စိုး၍ ကျောနောက်ဘက်ကို လက်ထိုးခံလိုက်တာကြောင့် လက်စွပ်နဲ့နံရံနဲ့ပွတ်တိုက်မိ၍ စိန်တစ်လုံးပြုတ်သွားခဲ့တာကို နောက်နေ့မှသူသိခဲ့ရပြီး ပြန်ပြင်ဖို့ရန် ဆိုင်မှာ အပ်ထားခဲ့ခြင်းဖြစ်သည်။
ကိုယ်ပိုင်ဆွဲထားတဲ့designဖြစ်ပြီး တူညီတဲ့စိန်မျိုးကိုရှာတွေ့ဖို့ကလည်း ကြန့်ကြာနေတာကြောင့် ပြန်ပြင်ဖို့အချိန်အတော်ပေးလိုက်ရတယ်။
ဗူးထဲကနေ ထုတ်ယူပြီး ဘယ်ဘက်လက်သန်းကြွယ်ထက်မှာဝတ်ဆင်လိုက်တော့မှ ဒီလက်စွပ်လေးမရှိတဲ့အချိန်တွေအတွင်း လစ်ဟာနေခဲ့တဲ့ခံစားချက်တွေ အခုမှအကုန်ပျောက်ကွယ်လို့သွားရတော့သည်။
"အမြဲ တစ်ခုခုလိုနေတယ်လို့ ခံစားနေရတာ "
လက်ကိုထောင်ကြည့်ရင်း ကိုယ့်ဘာသာကိုယ် စိတ်လိုလက်ရရေရွတ်မိပြန်တယ်။
မချွတ်တမ်းဝတ်ဆင်ခဲ့တာကြာသွားတော့ လက်စွပ်ချွတ်ထားရတဲ့အချိန်တွေတုန်းက အဲ့နေရာကို မသိလိုက်မသိဘာသာနဲ့ လက်မဖြင့်ပွတ်သပ်လိုက်မိတဲ့အချိန်တိုင်း လက်စွပ်လေးရဲ့တည်ရှိမှုကိုမခံစားမိတဲ့အခါ လစ်ဟင်းနေတဲ့ခံစားချက်၊တစ်ခုခုလိုအပ်နေတဲ့ခံစားချက်မျိုးကိုခံစားခဲ့ရတာပေါ့။
အခုတော့ ပြန်ပြည့်စုံသွားသလို ခံစားချက်မျိုး ပြန်လည်ရရှိလိုက်သည်မလို့ လေးလံနေသည့်စိတ်တွေကြားထဲကနေကို ရင်ထဲကျေနပ်လို့သွားမိရပြန်သည်။
" ဒီနေ့ ငါ့အတွက် အားအင်လေးဖြစ်ပေးပါဦးလို့မင်းကိုပဲတောင်းဆိုရတော့မယ်"
မသွားချင်သည့်တိုင်အောင် မသွားလို့မဖြစ်သည့်အကြောင်းကိစ္စတစ်ခု ဆောင်ဟွန်းစီမှာ ရှောင်လွှဲလို့မရပဲဖြစ်လာခဲ့သည့်အတွက် ပြည့်တတ်ခြင်းမရှိတဲ့ဆုတောင်းတွေကို ကလေးတစ်ယောက်လိုမျိုး ကျိတ်မှိတ်ပြီးရေရွတ်မိရတယ်။ အဲ့ဒါကလည်း သက်မဲ့ဝတ္တုတစ်ခုဖြစ်တဲ့ သူ့ရဲ့လက်စွပ်လေးကိုတဲ့လေ.... ဆောင်ဟွန်းက အရူးတစ်ယောက်နဲ့တူသည်မလား....
YOU ARE READING
Not for me
Fanficပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......