"သဘက်ခါကျရင် နီခီနဲ့အတူ ကြော်ငြာရိုက်ကူးရေးရှိတယ်နော် ဂျိတ်ခ်"
recording studioထဲတွင် အသံသွင်းအပြီး အိမ်ပြန်ဖို့ရန်ပြင်ဆင်နေချိန်မှာ ဂျယ်မင်းhyungက အလုပ်ကိစ္စတစ်ခုကို အသိပေးပြောကြားလာသည်။ ဆောင်ဟွန်းထွက်သွားပြီးကတည်းက ent:ကသူတို့နှစ်ယောက်တွဲအလုပ်တွေပြန်လုပ်စေတာကလည်း ဆောင်ဟွန်းဘက်က ပြန်လည်ခွင့်ပြုပေးဖို့မှာခဲ့တာကြောင့်ပါပဲ။
ဆောင်ဟွန်းထွက်သွားတာ အခုဆို တစ်လကျော်လာပြီဖြစ်ပေမဲ့ သတင်းအစအနသေးသေးလေးတောင် သူတို့ရရှိခဲ့ခြင်းမရှိသေးဘူး။ ဂျယ်မင်းhyungကလည်း အားမလျော့ပဲရှာနေသလို၊ အလုပ်ကိစ္စဖြင့်သွားတဲ့နေရာတွေတိုင်းမှာလည်း ဆောင်ဟွန်းကိုတွေ့လိုတွေ့ငြား လိုက်ရှာမိတာကလည်း သူ့ရဲ့အကျင့်တစ်ခုလိုတောင်ဖြစ်နေခဲ့ပြီ။
ထို့အပြင် ခေါင်းထဲကိုအဆက်အစပ်မရှိရောက်လာတတ်တဲ့အကြောင်းအရာတွေကလည်း ဆောင်ဟွန်းအကြောင်းဖြစ်နေတတ်လေ့ရှိတယ်။
"ဒါနဲ့ ဆောင်ဟွန်းအကြောင်းဘာကြားရတာရှိသေးလဲhyung"
ဂျယ်မင်းhyungက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ခေါင်းခါပြရင်း သက်ပြင်းတွေကိုမှုတ်ထုတ်ပြစ်လိုက်သည်။
"ပုန်းနေတဲ့သူဆိုတော့လည်း ရှာတွေ့ဖို့ ဖြစ်နိုင်ပါ့မလားပဲ။ သူကမှ hyungတို့ကို မမြင်တွေ့စေချင်နေတာကိုလေ၊ သူ့ဘက်က ပြန်လာဖို့သာ ဆုတောင်းရုံကလွဲပြီး သူ့ဆန္ဒအတိုင်းပုန်းကွယ်ခွင့်ပြုပေးလိုက်ရင်ကောင်းမယ် ဂျိတ်ခ်"
"ဟင့်အင်း hyung၊ ပြန်တွေ့မှဖြစ်မယ်.......ကျွန်တော်သူ့ကိုမေးချင်တာတွေရှိတယ်"
"အချစ်"
အခန်းတံခါးအပေါက်ဝတွင် ရုတ်တရက် ပေါ်လာသည့် နီခီရဲ့မျက်နှာမှာ အပြုံးတွေက ပုံမှန်ထက်ပိုပြီးတောက်ပနေကြတယ်။ကြည့်ရတာပျော်စရာတစ်ခုခုရှိလာပုံပါပဲ။
နီခီက ဂျိတ်ခ်စီသို့ တန်းတန်းမတ်မတ်လျှောက်လာကာ ခါးကို လက်တစ်ဖက်ဖြင့်ဆွဲဖက်လာခဲ့သည်။ ဘေးနားမှာရှိနေတဲ့သူ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ပိုင်ဆိုင်ကြောင်းပြလေ့ရှိတာက နီခီ့ရဲ့ အကျင့်စရိုက်ပင်။
YOU ARE READING
Not for me
Fanfictionပျော်ရွှင်စွာနဲ့ ကောင်းကောင်းရှင်သန်သွားပေးပါ ငါ မပိုင်တဲ့ ငါ့အပိုင်လေးရေ......