ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (21)
"ချူဖုန်း၊မင်းလား"
လင်းရှောင်လင်ကအော်ဟစ်၍မေးလိုက်လေသည်။
ဟွာရှလေ့လာရေးအဖွဲများလူများကအံ့အားသင့်သွားသည်။
"ဘာလဲဒီလိုအစွမ်းထက်တဲ့လူကချူဖုန်းတဲ့လား"
"အဲ့ဒီလူငယ်လေးလား"
"မဖြစ်နိုင်လောက်ပါဘူး"
လင်းရှောင်လင်ကသူမ၏အဖော်များကိုရှင်းပြရန်ပင်ပျင်းရိနေခဲ့သည်။ထို့ကြောင့်သူမက
" ချူဖုန်း၊ဟုတ်တယ်မလား"
ထိုအချိန်တွင်ချူဖုန်းကသူတို့ဘက်သို့လှည့်ကာ
အားလုံးပဲ၊ပြန်တွေ့ရတာဝမ်းသာပါတယ်၊ငါဒီမီးခိုးမြူတွေကိုစုပ်ယူပြီးမှမင်းတို့နဲ့စကားအေးဆေးပြောမယ်"
"ဟာ"
"သေစမ်း၊တကယ်ချူဖုန်းပဲဟ"
"ဘယ်လောက်တောင်ရဲရင့်လိုက်လဲ၊သူကမြူခိုးတွေကိုတောင်စုပ်ယူရဲတာပဲဟ"
"သူကဘယ်လိုလူလဲဟ၊တကယ့်နတ်ဘုရားလိုပဲ"
ဟွာရှလေ့လာရေးအဖွဲ့ မှလူများကမအံသြဘဲမနေနိုင်ပေ။ချူဖုန်းအတွက်ကတော့သူကံကောင်းသွားခြင်းသာဖြစ်သည်။
ပျက်စီးခြင်းသွေးမျိုးဆက်က အိမ်မက်မြူခိုးသားရဲတွေအတွက်သေမင်းတမန်လက်နက်လိုဖြစ်နေလိမ့်မည်ဟုမထင်ထားမိပေ။
အခြားလူများအတွက်မီးခိုးမြူများကအဆိပ်ဖြစ်သော်လည်းသူ့အတွက်ကတော့အားဆေးတစ်ခွက်လိုဖြစ်နေသည်။
မူလက B အဆင့်သားရဲဖြစ်သောကြောင့်အစွမ်းကုန်တိုက်ရမည်ဟုမျှော်လင့်ထားသော်လည်းခုတော့ဘာမှလုပ်စရာမလိုပေ။
သူကမီးခိုးမြူများကိုစုပ်ယူနေသ၍အိမ်မက်မြူခိုးသားရဲကခန်းခြောက်ကာသေသွားမည်ဖြစ်သည်။
အိမ်မက်မြူခိုးသားရဲသည်လည်းသေချင်စော်နံနေပြီဖြစ်သည်။ထိုလူကသူ့အားအလွတ်မပေးပဲအကုန်လုံးကိုစုပ်ယူနေသည်။
မီးခိုးမြူများကချူဖုန်းနှင့်ထိမိသည်နှင့်စုပ်ယူခြင်းအားခံနေရသည်။ချူဖုန်း၏ဦးနှောက်ထဲသို့ရောက်ရန်လမ်းမရှိပေ။
အိမ်မက်မြူခိုးသားရဲများက သွေးသရဖူနတ်ဆိုးသားရဲများလိုဉာဏ်မတုံးကြပေ။သူတိုမနိုင်မှန်းသိလျှင်ဆက်မတိုက်ကြတော့ပေ။
အခုလည်းချူဖုန်းအားအကုန်စုပ်ယူခံမည့်အစားမြူခိုးများအားဖောက်ခွဲလိုက်လေသည်။
လူအုပ်ကြီးကကျယ်လောင်သောပေါက်ကွဲသံအားကြားလိုက်ကြရသည်။ချူဖုန်းဘေးပတ်လည်တွင်မီးခိုးရောင်မြူများကမရှိတော့ပေ။အဝေးသို့ထွက်ပြေးသွားလေသည်။
"ချူဖုန်းအဲ့ကောင်ကိုထွက်မပြေးစေနဲ့၊ကပ္ပတိန်ဝေအတွက်လက်စားချေပေးပါ"
လင်းရှောင်လင်က ကမန်းကတန်းအော်ပြောလိုက်လေသည်။
ထိုစကားအားကြားလိုက်ရချိန်တွင်ချူဖုန်းမျက်မှောင်ကုပ်သွားလေသည်။လျှိုမင်အားဆွဲခေါ်ကလျှင်မြန်သောအရှိန်ဖြင့်လူအုပ်ဆီသို့ပြန်သွားလိုက်သည်။လူတိုင်းကသူ့အရှိန်ကြောင့်အံသြမသွားခင်ချူဖုန်းက
"ကပ္ပတိန်ဝေကသူ့အသက်ကိုစတေးသွားတာလား"
လင်းရှောင်လင်ကဝမ်းနည်းစွာဖြင့်
"လူတိုင်းကိုကယ်ဖို့ကပ္ပတိန်ဝေကနောက်မှာကျန်နေခဲ့တာ၊အဲ့အချိန်မှာမီးခိုးမြူတွေကသူ့ကိုဖုံးအုပ်သွားခဲ့တယ်၊အသေအချာမသိပေမယ့်လည်းဖြစ်နိုင်တာကတော့......"
လင်းရှောင်လင်ကသူမစကားကိုဆုံးအောင်ဆက်မပြောနိုင်တော့ပေ။မီးခိုးမြူများကဝါးမျိုသွားသောလူများမှာသွေးအိုင်အဖြစ်ပြောင်းလဲသွားကြောင်းသူတို့တွေ့ထားကြသည်။ကပ္ပတိန်ဝေကသေဆုံးနိုင်ချေအလွန်များပေသည်။
ချူဖုန်းမျက်မှောင်ကြုတ်သွားသည်။ကပ္ပတိန်ဝေထိုသို့သေသည်ကိုသူမယုံကြည်နိုင်ပေ။ရုတ်တရက်ပင်သူကထွက်ပြေးနေသောမီးခိုးရောင်မြူများအတွင်းသို့လှမ်းကြည့်လိုက်သည်။
ပြီးနောက်သူကပြုံးလိုက်ကာ
"ကပ္ပတိန်ဝေမသေသေးဘူး၊ငါ့နောက်ကလိုက်ခဲ့ကြ"
ချူဖုန်းပြောတာကိုကြားလိုက်သောလူစု၏မျက်လုံးထဲတွင်မျှော်လင့်ချက်အလင်းတန်းလေးတောက်ပလာသည်။လူတိုင်းကချူဖုန်းနောက်မှကပ်လိုက်လာကြသည်။
အိမ်မက်မြူခိုးသားရဲကရှေ့မှအသက်ရှင်သန်ရန်အစွမ်းကုန်ထွက်ပြေးနေသည်။ချူဖုန်းတို့လူစုကနောက်မှပြေးလိုက်နေကြသည်။
မုဆိုးနှင့်သားကောင်ကနေရာချိန်းသွားပေသည်။စောနကချူဖုန်းအိမ်မက်မြူခိုးသားရဲ၏မြူခိုးများအတွင်း၌ ကပ္ပတိန်ဝေအားတွေ့လိုက်ရသည်။
မြူခိုးများက ကပ္ပတိန်ဝေအားဖမ်းထားပုံကသည်။သို့သော် ကပ္ပတိန်ဝေ ၏ရှေ့တွင်ရွှေရောင်ကျောက်တုံးတစ်တုံးရှိနေသည်။ကျောက်တုံးမှရွှေရောင်အလင်းတန်းများက ကပ္ပတိန်ဝေ အားကာကွယ်ထားသောကြောင့်အိမ်မက်မြူခိုးသားရဲကဘာမှမတက်နိုင်ပေ။
ချူဖုန်းကအရင်ဘဝတွင်ချောက်နက်ထဲမှထိုကျောက်တုံးအားမြင်ဖူးသောကြောင့်မှတ်မိနေသည်။အကာအကွယ်ရွှေကျောက်တုံးပင်ဖြစ်သည်။
{အထွေထွေပစ္စည်းရွှေစာရင်း}တွင်ပင်အမှတ် တစ်ထောင်နှင့်ရောင်းချသောကြောင့်အဖိုးတန်သောပစ္စည်းတစ်ခုအဖြစ်သတ်မှတ်နိုင်သည်။
အကာအကွယ်ကျောက်တုံးအားအသုံးပြုလိုက်ချိန်တွင်ရွှေရောင်အကာကွယ်လွှာပေါ်လာပြီးအချိန်တစ်ခုကြာသည်ထိကာကွယ်ပေးနိုင်သည်။
ပုံရိပ်ယောင်တိုက်ခိုက်မှုကိုသာပြုလုပ်တက်သောအိမ်မက်မြူခိုးသားရဲကအကာအကွယ်လွှာအားချိုးဖျက်ရန်မတက်နိုင်ပေ။ရွှေရောင်အကာအကွယ်ကုန်ဆုံးသည့်အချိန်ထိစောင့်နေပုံရသည်။
မဟာသဟဇာတနိုင်ငံမှလူများလိုချင်နေသောပစ္စည်းမှာအကာအကွယ်ရွှေကျောက်တုံးဖြစ်နိုင်သည်။ကပ္ပတိန်ဝေတို့အဖွဲ့ ချောက်နက်ကြီးထဲမှအသက်စွန့်၍ရယူထားသောအရာဖြစ်ဟန်တူသည်။
ချူဖုန်းကစိတ်မဝင်စားပေ။သူ့အတွက်တော့ထိုအကာအကွယ်အားလက်သီးတစ်ချက်နှင့်ပင်ဖြိုခွဲပစ်နိုင်သည်။
" အိမ်မက်မြူခိုးသားရဲ ငါဘာကိုလိုချင်လဲမင်းသိတယ်မလား၊အဲ့လူကိုလွှတ်ပေးလိုက်၊ဒါမှမဟုတ်ရင်ငါမင်းနှစ်တရာလောက်စုထားတဲ့စွမ်းအင်တွေကိုခြောက်ကပ်အောင်စုပ်ယူပစ်မယ်"
ချူဖုန်းကသူနောက်ကျသွားရင်တစ်ခုခုဖြစ်မှာစိုးရိမ်သောကြောင့်အိမ်မက်မြူခိုးသားရဲအားခြိမ်းခြောက်လိုက်သည်။
ချူဖုန်းစကားအားကြားလိုက်ရသောအိမ်မက်မြူခိုးသားရဲမှာတုန်လှုပ်သွားပြီးကပ္ပတိန်ဝေအားလွှတ်ချကာအဝေးသို့ထွက်ပြေးသွားသည်။
ထိုမြင်ကွင်းကိုမြင်လိုက်သောလင်းရှောင်လင်နှင့်ကျန်သူများမှာအံ့သြတုန်လှုပ်သွားရသည်။
"ကြောက်စရာကောင်းတဲ့မီးခိုးရောင်မြူတွေကပြန်တောင်မတိုက်ခိုက်ပဲနဲ့ချက်ချင်းအရှုံးပေးသွားတယ်တဲ့လား"
မြေပြင်ပေါ်သို့ပြုတ်ကျသွားသောပုံရိပ်ကြောင့်လူတိုင်းစိတ်လှုပ်ရှားသွားကြသည်။
"အရမ်းကောင်းတာပဲ ကပ္ပတိန်ဝေမသေဘူးကွ"
" ချူဖုန်းမင်းကငါတို့အဖွဲ့ရဲ့အသက်သခင်ကျေးဇူးရှင်ပဲ၊တကယ်လို့အနာဂတ်မှာမင်းငါတို့ကိုလိုအပ်ရင်မင်းနောက်မှာငါတို့အမြဲတမ်းရှိနေပေးမယ်"
ချူဖုန်းပြုံးလိုက်မိသည်။ကပ္ပတိန်ဝေကိုနှိုးခါနီးအချိန်တွင်အရှေ့ဘက်မှအော်ဟစ်သံများအားကြားလိုက်ရသည်။
" မလုပ်ပါနဲ့"
" အားးးကယ်ကြပါဦး"
လင်းရှောင်လင်မျက်ခုံးပင့်လိုက်ပြီးမျက်နှာအမူအရာကထူးဆန်းသွားသည်။
"မဟာသဟဇာတကအဖွဲတွေထွက်ပြေးသွားတဲ့နေရာနဲ့မီးခိုးမြူတွေသွားတဲ့နေရာကတူညီတဲ့ပုံပဲ၊သူတို့အကူအညီတောင်းနေကြတယ်"
ချူဖုန်းမျက်ခုံးပင့်လိုက်မိသည်။
"အော်၊အဲ့တော့စိတ်ဝင်စားစရာပဲပေါ့"
ခဏအကြာမှာအော်သံတွေကပျောက်ကွယ်သွားခဲ့သည်။ထိုအချိန်တွင်လူပုတစ်ယောက်ကအနောက်သို့လှည့်ကာမတူညီသောဘက်သို့ထွက်ပြေးလေသည်။သူသည်ချူဖုန်းတို့အဖွဲ့အားတွေ့သောအခါချူဖုန်းတို့ဆီသို့ပြောလာလေသည်။
"ဟွာရှအဖွဲ့သားတွေ၊ငါ့ကိုကယ်ပါအုံး၊ကူညီကြပါ"
ဟွာရှအဖွဲ့သားများကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
"ကပ္ပတိန်တိုးရစ်ဖီးကထွက်ပြေးတဲ့နေရာမှာတော့တကယ်တော်တယ်"
"သူ့အဖွဲ့သားတွေအကုန်သေကုန်ပေမယ့်သူကအသက်ရှင်တုန်းပဲ"
"တကယ်ကံကောင်းတာလား၊အပြေးတော်တာလား"
"ငါတို့သူ့ကိုကယ်မှာလား"
အဖွဲထဲမှတစ်ယောက်ကမှုန်ကုပ်နေသောအမူအရာဖြင့်မေးလိုက်သည်။သူ့ကိုအန္တရာယ်ထဲမှာလည်းထားခဲ့လို့မဖြစ်ပေ။သို့သော်လည်းဘယ်သူမှမကယ်တင်ချင်ကြပေ။
တိုးရစ်ဖီး၏နောက်ရှိ အိမ်မက်မြူခိုးသားရဲမှာစိတ်ဓာတ်ကျနေသည်။
သူ့အတွက်ဒီနေ့ကတကယ်မတန်ပေ။အဆုံးရှုံးများလွန်းလှသည်။ထွက်ပြေးနေစဥ်အားပြန်ပြည့်ရန်သားကောင်အနည်းငယ်အားဝါးမျိုခဲ့သည်။သို့ရာတွင်ထိုအဖွဲ့ထဲမှတစ်ယောက်ကလွတ်သွားခဲ့ပြီးကြောက်မက်ဖွယ်ကောင်းသောလူသားဆီသို့ထွက်ပြေးသွားသည်။သူဆက်မလိုက်ရဲပေ။
ထိုအချိန်တွင်ပြပွဲကိုကြည့်နေသောချူဖုန်းက ကျယ်လောင်စွာပင်
"အိမ်မက်မြူခိုးသားရဲ၊မင်းသူ့ကိုဝါးမျိုလိုက်ရင်တောင်မင်းကိုငါမသတ်ဘူး၊လွှတ်ပေးမယ်။
လူတိုင်းကအံအားသင့်စွာချူဖုန်းအားကြည့်လိုက်ကြသည်။
ဘာအဓိပ်ပါယျလဲဟ
ချူဖုန်းသည် လင်းရှောင်လင်နှင့်အခြားသူများအားကြည့်ကာတိုးညှင်းသောအသံဖြင့်
"မင်းတို့ဘာကိုစောင့်နေတာလဲ၊ကင်မရာကိုထုတ်ပြီးရိုက်ကူးရေးလုပ်ထားလေ၊အိမ်မက်မြူခိုးသားရဲကသူ့သားကောင်ကိုဝါးမျိုနေတဲ့ဗီဒီယိုကရဖို့အင်မတန်ရှားတယ်။အရမ်းတန်ဖိုးရှိတယ်နော်"
"ပြီးတော့မဟာသဟဇာတနိုင်ငံလေ့လာရေးအဖွဲ့က အိမ်မက်မြူခိုးသားရဲလက်ထဲမှာသေ သွားတာလေ၊အဲ့ဒါကငါတို့နဲ့ဘာမှမဆိုင်ဘူး၊ဟုတ်တယ်မလား"
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...