51-52

45 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (51) မင်းအဖေအစားဆုံးမပေးမယ်

      ချူဖုန်းကတော်လှန်ရေးတပ်သားများကိုကြည့်ရင်းပြုံးနေသည်။သူနောက်နေခြင်းမဟုတ်ပေ။အန်ဒါဆန်သာ သဘောမတူပါက သူက တကယ်သတ်ပစ်မှာပဲဖြစ်သည်။
     
      တစ်ခါသေဖူးသဖြင့် ခေါင်းဖိုးသာမက သဂြိုလ်စရိတ်ကိုပါနားလည်နေသည်။သူ့အရင်ဘဝကလည်းခံခဲ့ရဖူးသောကြောင့်သင်ခန်းစာရနေပြီ။
     
      တိုက်ပွဲမစခင် ပွဲကြည့်သူများအားအရင်သတ်ရမည်။ဒါမှသာတိုက်ပွဲနိုင်ပြီးပင်ပန်းနေချိန် နောက်ကျောမှဓားဖြင့်အထိုးမခံရမည်ဖြစ်သည်။
     
      တော်လှန်ရေးတပ်မတော် ဖြစ်နေရင်တောင်မှ လူတွေစိတ်ထဲဘာရှိနေမလဲမသိနိုင်ပေ။
     
      အရင်ဘဝက လူသားများနှင့် တော်လှန်ရေးတပ်မတော်က ဦးတည်ချက်တူညီသော်လည်း မရေတွက်နိုင်သော အငြင်းပွားမှုများစွာရှိနေသည်။
     
      အန်ဒါဆန်ကိုသာကြည့်ပါ။ သူက အိမ်မက်မြူခိုးသားရဲကိုကြောက်နေသောကြောင့်ငြိမ်နေခြင်းပင်။
     
      ချူဖုန်းတစ်ယောက်တည်းဆိုပါက သူဘာလုပ်မည်မှန်းဘယ်သူမှမသိနိုင်ပေ။ချူဖုန်းကလူတွေရ့စိတ်ကိုစမ်းသပ်ရန်စိတ်မဝင်စားပေ။
     
      တိုက်မလား၊သေမလားဆိုတာပဲရွေးခြယ်ခွင့်ရှိသည်။
     
      အန်ဒါဆန် ကလည်းချူဖုန်း ဘာတွေးနေမှန်းသိသည်။သူသည်လည်း နူးညံ့သောလူတစ်ယောက်မဟုတ်ပေ။ဆန့်ကျင်ဘက်အနေနဲ့ရက်စက်ပြတ်သားတက်တဲ့ ဒီလိုလူမျိုးနှင့်အပေါင်းအသင်းလုပ်ရတာကိုပိုကြိုက်သည်။
     
      အထူးသဖြင့်လူတွေရဲ့နှလုံးသားကိုလှုပ်ယမ်းနိုင်သောချူဖုန်းလိုလူမျိုးကိုပိုကြိုက်သည်။
     
      လက်ရှိအချိန်တွင်ချူဖုန်းနှင့်မပူးပေါင်းပါက သူတို့ဘာမှရနိုင်မည်မဟုတ်ပေ။အခန့်မသင့်လျှင်သေတောင်သွားနိုင်သည်။
     
      နတ်ဆိုးတွေနဲ့ပူးပေါင်းဖို့လား။
      နေပါစေ၊သူတို့က တော်လှန်ရေးတပ်မတော်မှဖြစ်ပြီးနတ်ဆိုးများနှင့် ဘယ်သောအခါမှတွဲမလုပ်ပေ။သူတို့၏အကြီးမားဆုံးရန်သူမှာနတ်ဆိုးများဖြစ်သည်။
     
      အန်ဒါဆန် ရဲ့အမူအရာကိုကြည့်ကာ ထိုလူသဘောတူလိုက်ပြီဖြစ်ကြောင်းချူဖုန်းသိလိုက်သည်။
     
      ချူဖုန်းက အချိန်ဆွဲမနေပဲတိုက်ရိုက်ပင်
     
     "ကဲမင်းရဲ့လျှို့ဝှက်ထားတဲ့အင်အားစုတွေကိုပြောပြ၊ မင်းတို့တစ်ဖွဲ့ထဲလို့တော့ငါ့ကိုမပြောနဲ့နော်၊တော်လှန်ရေးတပ်မတော်က အသုံးမကျပေမယ့် သူတို့ကအမြဲတမ်းအရန်အစီအစဥ်တွေလုပ်တက်တာငါသိတယ်"
    
     အန်ဒါဆန် ဆွံ့အသွားသည်။
    
     ဒီကောင်က ငါ့ထက်တောင်မှတော်လှန်ရေးတပ်မတော်အကြောင်းပိုသိနေသလိုပဲ။
    
     ပြီးတော့ မင်း ငါတို့ရှေ့မှာ တော်လှန်ရေးတပ်မတော်မကောင်းကြောင်းပြောတာမသင့်တော်ဘူးဆိုတာနားမလည်ဘူးလားကွ။
    
     ထားလိုက်ပါ၊သူကငါ့ထက်အင်အားသာနေတော့လည်း ငြိမ်နေလိုက်ပါ့မယ်။
    
     သူက လိမ္မာပါးနပ်ပေမယ့်တစ်ခြားသူများက သည်းခံနေမည်ဟုမဆိုလိုပေ။
    
     မာဗယ် ကဒေါသတကြီးဖြင့်
    
     "ငါတို့ရဲ့ တော်လှန်ရေးတပ်မတော်ကိုဝေဖန်ဖို့မင်းကိုဘယ်သူက ခွင့်ပေးထားတာလဲ၊ ဘာမဟုတ်တဲ့ဝိညာဥ်ပြောင်းလဲခြင်းအဆင့်တွေကိုသတ်နိုင်ယုံနဲ့သိပ်ဇောင်းကြွမနေနဲ့၊ငါတို့တော်လှန်ရေးတပ်ဖွဲ့က A+ အဆင့်တစ်ယောက်လွှတ်လိုက်ရုံနဲ့မင်းကိုပုရွတ်ဆိတ်ကိုသတ်နိုင်တယ်"
    
     "မာဗယ် ပါးစပ်ပိတ်ထား"
    
     အန်ဒါဆန် နှင့်တခြားလူများ၏မျက်နှာက စိမ်းတက်သွားသည်။ ဘရော့ ပင်လျှင်ခေါင်းညိတ်လိုက်မိသည်။
    
     ဒီမိန်းကလေးက တကယ်အလိုက်ကမ်းဆိုးမသိဘူး၊ မင်းအဖေက တော်လှန်ရေးတပ်မတော်ရဲ့အထက်လွတ်တော်အမတ်ဖြစ်နေလို့လူတိုင်းကမင်းကိုသည်းခံနေမယ်ထင်လား၊မင်းကိုဒီမှာမင်းအဖေတောင်လာမကယ်နိုင်ဘူး၊မင်းအဖေကမင်းအတွက်လက်စားချေပေးရင်တောင်မင်းကသေနေပြီမဟုတ်ဘူးလား
    
     "အိုး တကယ်လား"
    
     ချူဖုန်းကပြုံးရင်းမေးလိုက်သည်။
    
     "ဟုတ်တယ် ဘာလဲမင်းကြောက်နေပြီလား၊မင်းလိုအဆင့်လေးအတွက် A+ အဆင့်ကိုလွှတ်ဖို့ကမတန်ဘူး"
    
     ချူဖုန်း၏အပြုံးများကပိုကြီးမားလာသည်။
    
     "ငါကမင်းကိုသတ်မယ်ဆိုရင်တော့ထိုက်တန်တယ်မလား"
    
     ချူဖုန်းကပြုံးနေရင်းနှင့်လှုပ်ရှားလိုက်သည်။
    
     တွေဝေတုံ့ဆိုင်းခြင်းမရှိ
    
     သနားညှာတာမှုမရှိ
    
     အန်ဒါဆန်ကချူဖုန်းစကားတစ်ခွန်းမှမပြောဘဲတိုက်ခိုက်လိမ့်မည်ဟုမထင်ထားခဲ့ပေ။သူကသူ့စွမ်းအားကုန်သုံးကာ ချူဖုန်း၏ဓားအားတားရန်ပြင်လိုက်သည်။
    
     သူသာမတားပါက မယ်ဗာ က ကျိန်းသေ သေသွားလိမ့်မည်။ အန်ဒါဆန် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ချူဖုန်း အနောက်၌ရှိနေသောအိမ်မက်မြူခိုးသားရဲလည်းလှုပ်ရှားလိုက်သည်။
    
     မြူခိုးနက်များက အန်ဒါဆန် အားဖုံးအုပ်သွားလေသည်။လွတ်မြောက်နိုင်စွမ်းမရှိပေ။
    
     အိမ်မက်မြူခိုးသားရဲဘုရင် ကဒီနေရာတွင်သူကသာခေါင်းဆောင်ဖြစ်ကြောင်းသူ့လုပ်ရပ်ဖြင့်ပြသခြင်းဖြစ်သည်။
    
     အန်ဒါဆန် ကဘာမှမတက်နိုင်စွာပင် ချူဖုန်း၏ ဓားအားကြည့်နေခဲ့ရသည်။သူကစကားပင်မပြောနိုင်တော့ပေ။
    
     ထိုအချိန်တွင်လည်း မေဗယ် ကနီးကပ်လာသောသေခြင်းတရားကိုခံစားလိုက်ရသည်။
    
     အသက်ပင်မရှုနိုင်တော့ပေ။
    
     သူကငါ့ကိုတကယ်သတ်ချင်နေတာပဲ၊သူတကယ်သတ်ရဲတာလား၊
    
     ဒီအချိန်မှာ တော့မေဗယ်ကထိတ်လန့်ကြောက်ရွံ့မှုကိုစတင်ခံစားလိုက်ရသည်။အရင်လိုမာနများမရှိတော့ပေ။
    
     "မဟုတ်ဘူး ၊ငါ့ကိုမသတ်ပါနဲ့၊ ငါတကယ်တောင်းပန်ပါတယ်၊မသတ်ပါနဲ့"
    
     မေဗယ် ကအလောတကြီးပင်အော်ဟစ်လိုက်သည်။
    
     ဘုန်းးးး
    
     နောက်ဆုံးအခိုက်အတန့်လေးတွင် ချူဖုန်းက သူ့၏ဓားမှစွမ်းအားအများစုကိုပြန်ရုတ်သိမ်းလိုက်ပြီး ဓားပြားနှင့်ပင် မေဗယ် ကိုရိုက်ချလိုက်သည်။ဒါတောင်မှသူမ ကမီတာအတော်များများသို့လွင့်ထွက်သွားခဲ့သည်။
    
     "ဟမ့် မင်းရဲ့အမှားကိုမင်းသိတဲ့အတွက် မင်းကိုငါမသတ်တော့ဘူး၊ဒါကနောင်မှာမင်းရဲ့ပါးစပ်ကိုဆင်ခြင်နိုင်အောင်လို့ငါပေးတဲ့ပြစ်ဒဏ်အသေးစားလို့မှတ်ထားလိုက်"
    
     ချူဖုန်းကဂရုမစိုက်စွာပင်ပြောလိုက်သည်။အစမှအဆုံးထိ ချူဖုန်းမျက်နှာပေါ်တွင်အပြုံးကပျောက်မသွားသေးပေ။
    
     ရိုးရှင်းစွာပင် သူနှင့် အန်ဒါဆန် ကအလုပ်အတူတွဲလုပ်ကြသောလုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ထို့ကြောင့်သူက အန်ဒါဆန်ကိုမျက်နှာသာပေးရန်လိုသည်။ထို့ကြောင့်လည်းအသေမသတ်ခဲ့ခြင်းပင်။
    
     အနက်ရောင်မြူခိုးများကြားမှ အန်ဒါဆန် ကဒေါသတကြီးဖြင့်ထွက်လာသည်။
    
     ချူဖုန်းကအလေးမထားစွာပင်
    
     "ဒီအမျိုးသမီးကို သူ့အဖေကသေချာမသင်ထားပေးဘူးနဲ့တူတယ် ၊ဒါကြောင့်မို့လို့သူ့အစားငါကသင်ပေးလိုက်တာ"
    
     အန်ဒါဆန် ၏မျက်နှာက မဲမှောင်သွားသည်။သို့သော်လည်း သူမ မသေသေးသ၍ကောင်းသည်။သူက ချူဖုန်း၏ဒေါသကိုမစွရဲပေ။ထိုကောင်က အနည်းငယ်ရူးသွပ်လှသည်။
    
     အန်ဒါဆန် ကပြတ်သားသောလူတစ်ယောက်ဖြစ်တာကြောင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုက်ရိုက်ပင်ပြောလိုက်သည်။
    
     "ငါတို့ဒီတစ်ခေါက်စစ်ဆင်ရေးကို လာတာက သုံးဖွဲ့ပဲ၊ တစ်ဖွဲ့စီတိုင်းမှာ ကာကွယ်သူ တွေပါတယ်"
    
     "စုစုပေါင်းခွန်အားနဲ့လူအရေအတွက်"
    
    " ငါက အန်ဒါဆန် ဝိညာဥ်အသွင်ပြောင်းခြင်းတတိယအဆင့် ၊သူမ က မေအန်နာ သာမန် A အဆင့် ၊သူက ဘရော့ B အဆင့် ၊ သူမကတော့..."
   
     မြေပြင်ပေါ်တွင်လဲကျနေသော မေဗယ် ကိုလက်ညိုးထိုးပြကာ
    
     "မေဗယ် B အဆင့်"
    
     ချူဖုန်းကမျက်ခုံးပင့်ကာ
    
     "နှစ်ယောက်ကမျိုးနွယ်နာမည်တူတယ်၊ဘာတော်တာလဲ"
    
    အန်ဒါဆန် က "မေအန်နာ ကမေဗယ်ရဲ့အစေခံ၊ မျိုးရိုးနာမည်ပေးပြီးအစေခံထားထားတာ"
   
    အန်ဒါဆန်ကထိုအကြောင်းကိုသိပ်မပြောချင်ပေ။
   
    "နတ်ဆိုးတွေရဲ့မြို့တော်မှာ မစ်ရှင်လုပ်ဖို့လာတာတောင်၊အစေခံခေါ်လာသေးတယ်၊မင်းတို့တော်လှန်ရေးတပ်ဖွဲ့တွေက တော်တော်မိုက်တာပဲ"
   
         ချူဖုန်းကလေသံက လှောင်ပြောင်မှုများဖြင့်ပြည့်နှက်နေသည်။
        
         သူ့အရင်ဘဝကလည်းတော်လှန်ရေးတပ်ဖွဲ့များကထိုကဲ့သို့ပင်ဖြစ်သည်။သူတို့ကအဆင့်အတန်းများစွာခွဲဲခြားထားပြီးအုပ်စုအမျိုးမျိုးကွဲနေကြသည်။
        
         အကယ်၍သာ အံ့ဖွယ်ဘုရားကျောင်းကိုသာမရထားပါက တော်လှန်ရေးတပ်ဖွဲ့မှာ နတ်ဆိုးများ၏အမြစ်ပြတ်သုတ်သင်ခြင်းကိုခံရမည်မှာအသေအချာပင်။
        
         အန်ဒါဆန်ကပြောစရာ စကားမဲ့နေသည်။သူလည်းမသင့်တော်ကြောင်းကိုသိသည်။သို့သော်လည်းအထက်လူကြီးများကိုသူမလွန်ဆန်နိုင်ပေ။ထို့ကြောင့်ပင် တခြားအဖွဲ့များအကြောင်းပြောကာစကားလမ်းကြောင်းလွှဲလိုက်သည်။
        
         "အခြားအဖွဲ့နှစ်ခုက ကာကွယ်စောင့်ရှောက်သူတွေက ဝိညာဥ်အသွင်ပြောင်းလဲခြင်း ပထမ အဆင့်တွေပဲ၊အဖွဲ့သားတွေကတော့ B အဆင့်တွေချည်းပဲ"
        
         "မင်းတို့အဖွဲ့အင်အားက မဆိုးပါဘူး၊အလယ်အလတ်လောက်တော့ရှိတယ်၊တတိယမင်းသားရဲ့နောက်လိုက်တွေကိုထိန်းဖို့သုံးလို့ရတာပေါ့"
        
         ချူဖုန်း၏စကားကို အန်ဒါဆန် ကမကြားချင်ယောင်ဆောင်လိုက်သည်။
        
         "သူတို့ကိုဒီကိုချက်ချင်းခေါ်လိုက်မယ်၊မင်းမှာအစီအစဥ်ရှိပြီလား၊"
        
         "ဘာအစီအစဥ်ရှိမှာလဲ၊ တတိယမင်းသားက မိုက်မဲမနေသရွေ့တော့သူ့လူတွေကိုအကုန်ပြန်ခေါ်မှာပဲ၊ထိပ်တိုက်ရင်ဆိုင်ဖို့တစ်နည်းပဲရှိတာပေါ့
        
         ဒါပေမယ့်သူတို့ကိုမျှားခေါ်ပြီးထောင်ချောက်ဆင်လို့တော့ရတယ်"
        
         ပြုံးနေသောချူဖုန်းကိုကြည့်ကာ အန်ဒါဆင်က တုန်လှုပ်ချောက်ချားသွားသည်။
        
         သူကအရမ်း ကြောက်ဖို့ကောင်းတာပဲ
        
         ငါဆုံးဖြတ်လိုက်ပြီ ဒီကိစ္စပြီးရင်သူနဲ့လုံးဝ  မတွေ့အောင်နေရမယ်။
        
         မဟုတ်ရင် ငါ့နှလုံးသားလေးကခံစားနိုင်မှာမဟုတ်ဘူး

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now