ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (149) နဂါးပုံရိပ်
ချူဖုန်း၏ ခေါင်းထဲတွင် အချက်ပေးသံများကတုန်ဟီးနေသည်။
သူက ဘာတွေဆက်ဖြစ်မလဲစိုးရိမ်နေ စဥ်တွင် အဆုံးသတ်ဆေဘာ ၏တုန်ခါမှုကရပ်တန့်သွားပြီးကျိုးနေသောဆေဘာ ကလည်း ပြန်လည် ၍ တည်ငြိမ်သွားသည်။
"ဘာလဲကွာ"
ချူဖုန်း၏မျက်လုံးများကပြူးကျယ်သွားခဲ့သည်။
"ဒါပဲလားဟ"
ဓားနှစ်ချောင်း၏ တုန်ခါမှုက ရပ်တန့်သွားသည်။
ချူဖုန်းက သူ့နှလုံးသားကိုကြောင်တစ်ကောင်ကုတ်ခြစ်နေသလို ခံစားလိုက်ရသည်။
မင်းတို့အဲ့လိုမလုပ်ကြနဲ့လေကွာ ၊ အစတည်းက မင်းတို့ဘာမှ မလှုပ်ရှားရင်ရတယ် ၊ ငါဘာမှ မဖြစ်ဘူး၊ ခုတော့ မင်းတို့နှစ်ကောင်က လှုပ်ရှားပြပြီးတော့မှ ၊ ဒီနေရာမှာ ထူးဆန်းတာရှိတယ်ဆိုပြီးပြောပြပြီးကာကျမှ မင်းတို့က ဒါပဲ ၊ ဒီလောက်ပဲဆိုပြီး ရပ်မသွားကြနဲ့လေကွာ။
ချူဖုန်းက စိတ်ပျက်လက်ပျက် ဖြင့် ရှေ့သို့ခြေနှစ်လှမ်းခန့်လျှောက်လှမ်းလိုက်သည်။
ထိုအချိန်တွင် အဆုံးသတ်ဆေဘာ က ရုတ်တရက် လှုပ်ရှားလာခဲ့ပြန်သည်။ချူဖုန်း၏မျက်လုံးများကပြူးကျယ်သွားခဲ့သည်။
"မင်းက ငါ့ကိုအဆုံးထိဆက်လျှောက်စေချင်တာလား"
တွင်းထဲတွင် ဆေဘာများစွာက နေရာအနှံ့ရှိနေပြီး ချွန်ထက်လှသောဓားထိပ်ဖျားများက ချူဖုန်း၏ ဦးရေပြားကို ကျိန်းစပ်လာစေသည်။
အကယ်၍သူသာ ခြေလှမ်း မှားယွင်းသွားမိပါက ထိုဓားထိပ်ဖျားများက သူ့ခြေထောက်အား ခုတ်ဖြတ်သွားလိမ့်မည်။
သို့သော်လည်း သူ့ရှေ့ရှိ အခွင့်အလမ်းများကိုမယူမိပါက သူကချူဖုန်းမဟုတ်တော့ပေ။ သူက သူ၏အံကိုတင်းတင်းကြိတ်လိုက်ကာတွင်းထဲသို့ ငြင်သာစွာလျှောဆင်းလိုက်သည်။
သူ့၏ ခြေဖဝါးကို ဖော့လိုက်ကာ သွက်လက်သော သမင်ငယ်တစ်ကောင်ကဲ့သို့ဓားကျိုးများကိုရှောင်တိမ်းပြီး အလယ်တွင်ရှိနေသော ရှေးဟောင်းဓားသုံးချောင်းရှေ့သို့သွားလိုက်သည်။
ထိုအချိန်တွင် ဘယ်ဘက်တွင်ရှိနေသောဓားကျိုးမှာ ချူဖုန်း အနားသို့ရောက်သွားချိန်တွင် ကြမ်းတမ်းစွာ တုန်ခါလာသည်။ချူဖုန်းက ဓားကျိုးအား ဂရုတစိုက်ကြည့်လိုက်မိသည်။
ဆေဘာ က ကျိုးနေသော်လည်း အရှည်က သုံးပေမျှရှိနေသေးသည်။ဓား၏ အစွန်းက အေးစက်ကာချွန်ထက်နေပြီးမည်သူမျှ ထိုဓားအစွန်းကို ရဲရဲတင်းတင်း တိုက်ရိုက် မကြည့်ရဲလောက်ပေ။ဓား၏ လက်ကိုင်တွင် နဂါးပုံစံ ကွင်းကိုးကွင်းရှိသည်။
ချူဖုန်းက ကြည့်လိုက်မိချိန်တွင် အံအားသင့်သွားသည်။ ထိုဓားက သူ့လက်ထဲမှ အဆုံးသတ်ဓားနှင့် အလွန်ပင် ဆင်တူလှသည်။လုံးဝကြီး တူညီနေခြင်းတော့မဟုတ်ပေ။
ဥပမာ သူ့၏အဆုံးသတ်ဓားက ပိုပေါ့ကာ ပိုသေးပြီး လက်ကိုင်တွင် နဂါးပုံစံကွင်းကိုးကွင်းရှိမနေပေ။
ချူဖုန်းက ပတ်ဝန်းကျင်အား အမှတ်တမဲ့ ကြည့်လိုက်ချိန်တွင် သူ့ဓားနှင့်ဆင်တူနေသော ဓားအများအပြားကိုတွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားရသည်။သူတို့အားလုံးက ဒီနေရာတွင် မြှပ်နှံ့ထားခြင်းခံရသည်။
အခုအချိန်တွင် တချို့သော ဆေဘာကျိုးများက အဆုံးသတ်ဆေဘာ နှင့် ပဲ့တင်သံထပ်နေသည်။ထိုအချိန်တွင် ချူဖုန်းကတစ်ခုခုကိုတွေးမိလိုက်သည်။
"ဒီကောင်တွေက တူညီတဲ့အမျိုးအစားထဲကပဲဖြစ်လိမ့်မယ်"
ဒါပေမယ့် ငါ့ရဲ့ အဆုံးသတ်ဆေဘာက ဆေဘာကိုးစင်းအားလှိုင်း လက်နက်အနုပညာကို ဝယ်တုန်းက တစ်ခါတည်း ဝယ်ယူခဲ့တာလေ၊ အဲ့တာက ဘာလို့ ဆေဘာနယ်မြေကဆေဘာသင်္ချိုင်း နဲ့ ဆက်စပ်နေလဲဆိုတာ မတွေးတက်တော့ဘူး ဘယ်လိုပဲဖစ်ဖြစ်ငါ့အရင်ဘဝတုန်းက အဆုံးသတ်ဆေဘာ ကစံသတ်မှတ်ချက်ရှိတဲ့လက်နက်တစ်ခုပဲ ၊ မရေတွက်နိုင်တဲ့လူတွေကဒါကိုပိုင်ဆိုင်ခဲ့ကြတာလေ....."
ချူဖုန်းက အံအားသင့်သွားသော်လည်း ထို ကျိုးနေသောဆေဘာ က အဆုံးသတ်ဆေဘာနှင့် ဆက်စပ် နေ ကြောင်းကိုတော့ငြင်းမရပေ။ဖြစ်နိုင်တာက ရွှေအဆင့်စာရင်းက အဆုံးသတ်ဆေဘာ များကို သူ့အရည်အသွေးအတိုင်းထိန်းသိမ်းထားပြီး ပြန်လည်ရောင်းချခဲ့သည့်ပုံပင်။
"အဲ့လိုဆိုရင် ငါမတော်တဆ အဆုံးသတ်ဆေဘာရဲ့ ဘိုးဘေးနယ်မြေကို ရှာတွေ့သွားတာနဲတူတယ် ၊ အဆုံးသတ်ဆေဘာ ဒါကာမင်းရဲ့ဘိုးဘေးဖြစ်မယ်နဲ့တူတယ် ၊ အဟွတ်"
ချူဖုန်းက ပြောရင်းနှင့် ချောင်းဆိုးမိသွားသည်။ဘယ်လိုတောင်တိုက်ဆိုင်လိုက်တာလဲ၊ ဒါပေမယ့်လည်းကောင်းပါတယ်။
သူတို့က ဆွေမျိုးတွေ ဖြစ်နေတာ ကြောင့် မလို့ အခွင့်အရေးတွေနဲ့ အကျိုးမမြတ်တွေပေးဖို့ မတွန့်တိုလောက်ပါဘူး ၊ ဟုတ်တယ်မလား။
သို့သော်လည်း ဓားကျိုးက တုန်ခါယုံသာတုန်ခါပြီးဘာမှဆက်မဖြစ်လာတော့ပေ။
"ဘာကြီးလဲကွာ ၊ ဘာအဓိပ္ပါယ်လဲဟ"
ချူဖုန်းက စိတ်ကူးယဥ်ကာ သူ့ကိုသူရေရွတ်လိုက်မိသည်။
"ငါဘာလို့ မကြာသေးခင်က အောင်မြင်ခဲ့တဲ့ ဆေဘာကိုးစင်းအားလှိုင်းအနုပညာကိုမလေ့ကျင့်တာလဲ၊ တကယ့်လို့သာ ငါ့ရဲ့ အရည်အချင်းတွေကိုတွေ့သွားရင် စီနီယာဆေဘာဓားကျိုး ကငါနဲ့ဆက်ဆံရေးတစ်ခုထူထောင်ချင်လာပြီး အကျိုးအမြတ်တွေပေးချင်ပေးမှာပေါ့"
ချူဖုန်းကပြောလိုက်သော်လည်း လှုပ်ရှားခြင်းမရှိသေးပေ။ ဒါကသူ့၏ နောက်ဆုံးအားကိုရာဖြစ်သော်လည်း စိတ်ကူးယဥ်ကြည့်ခြင်းသာဖြစ်သည်။
စမ်းကြည့်ရမလား ၊ ငါလည်း ဘာမှ ဆုံးရှုံးရမှာမှမဟုတ်တာကို။
" နေဦးဟ ၊ တွေးကြည့်လိုက်ရင် ငါက ဆေဘာကိုးစင်းအားလှိုင်းအနုပညာကိုဝယ်တုန်းက အဆုံးသတ်ဓားက ရိုးရှင်းတဲ့ လက်ဆောင်တစ်ခုအနေနဲ့ရခဲ့တာလေ၊ ဖြစ်နိုင်တာက သူတို့နှစ်ခုကြားမှာ ပတ်သတ်ဆက်နွယ်မှုတစ်ခုခုများရှိနေတာလား"
ချူဖုန်းက ထိုသို့တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် လက်ကိုဆန့်တန်းကာ အဆုံးသတ်ဆေဘာ အားဆုပ်ကိုင်လိုက်သည်။
သူ့၏ မျက်လုံးများကိုမှိတ်လိုက်ကာ အာရုံစူးစိုက်သည့် အခြေအနေသို့ဝင်ရောက်လိုက်သည်။ ဒါက ကောင်းကင်ဘုံကျောက်တုံးနှင့် ပေါင်းစည်းပြီးနောက်တွင် ချူဖုန်း ရှာတွေ့ခဲ့သည့် အကျိုးသက်ရောက်မှုတစ်ခုဖြစ်သည်။
ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် မကောင်းသောအတွေးများကိုရှင်းထုတ်ပြီး အာရုံစူးစိုက်၍ကျင့်ကြံနိုင်သည်။
နိယာမများနှင့် ရင်းနှီးလာသောကြောင့် မကောင်းသောအတွေးများကင်းရှင်းလာသည်။ ထို့ကြောင့်လည်း ဒီရက်ပိုင်းအတွင်း ချူဖုန်း၏ စွမ်းအားများက တိုးတက်လာခြင်းဖြစ်သည်။
သူ့အတွေးများက ဖြူစင်သန့်ရှင်းနေသောကြောင့် သူ့၏ တိုက်ခိုက်မှုများက ပို၍တိကျလာသည်။
ဓားကိုးစင်းအားလှိုင်းလက်နက်အနုပညာပထမဓားချက် - လေဓားသွား
ဓားကိုးစင်းအားလှိုင်းလက်နက်အနုပညာဒုတိယဓားချက် - မြေကမ္ဘာဓား
ဓားကိုးစင်းအားလှိုင်းလက်နက်အနုပညာတတိယဓားချက် - တိမ်လွှာလှိုင်း
ချူဖုန်း၏ ဓားချက်ကြောင့် တွင်းထဲတွင် ရှိနေသော ဆေဘာဓား များအားလုံးက နိုးထလာခဲ့သည်။
နဂါးကိုးကောင်ဆေဘာဓားက အစပိုင်းတွင် တုံ့ပြန်မှုမရှိသော်လည်း နောက်ပိုင်းတွင် ရုတ်တရက်နိုးထလာခဲ့သည်။
ဂါးးးးးးး
နဂါးဟိန်းသံတစ်ခုက ထွက်ပေါ်လာကာ ကမ္ဘာတစ်ခုလုံးအားပဲ့တင်ထပ်သွားတော့သည်။
ကျိုးပဲ့နေသောဆေဘာဓားမှ နဂါးအစစ်၏ပုံရိပ်က ကောင်းကင်ထက်သို့ထိုးတက်သွားကာ လှည့်ပတ်ပျံသန်းနေသည်ကို ချူဖုန်းက တွေ့လိုက်ရသည်။
ထိုအချိန်တွင် အသံများဆူညံနေသော ဆေဘာဓားတစ်သောင်းက ရုတ်တရက်တိတ်ဆိတ်သွားသည်။ ချူဖုန်း၏ လက်တွင်ကိုင်ဆောင်ထားသော အဆုံးသတ် ဆေဘာ ပင်လျှင် တိတ်ဆိတ်သွားခဲ့ရသည်။
အိုးးးးနိုးးးးး ငါတော့ကိုက်နိုင်တာထက်ပိုကိုက်မိလိုက်ပြီ နဲ့တူတယ်ဟေ့ ၊ ငါဘာတွေသွားလုပ်လိုက်မိတာလဲ ၊ အဲ့တာက တကယ့်နဂါးကြီးပဲဟ။
ချူဖုန်းက အရင်တုန်းက ရှေးဘိုးဘေးနဂါး၏ ပုံရိပ်ကိုမြင်ဖူးထားသောကြောင့် နဂါးအစစ်မှန်း သိနေသည်။
ဒီနဂါးပုံရိပ်က ရှေးဘိုးဘေးနဂါးနှင့်တော့ကွာခြားပုံရသည်။ ရှေးဘိုးဘေးနဂါးကိုတွေ့လိုက်စဥ်က ထိုကောင်က ချူဖုန်းကို အသက်ရှိပြီး တက်ကြွမှုအပြည့်ရှိသည်ဟု ခံစားခဲ့ရပြီး ဒီနဂါးပုံရိပ်ကတော့ သူ့ကို သေနေသောအရာဝတ္တုတစ်ခုလို ခံစားချက်ကို ပေးစွမ်းနေသည်။
"ဒါက ဘာကြီးလဲ"
ချူဖုန်းက လှုပ်ရဲခြင်းပင်မရှိပေ။ ထိုနဂါးပုံရိပ်က သူ့ကို ကြည့်နေကြောင်းကိုရေးတေးတေးခံစားမိနေသည်။ကောင်းတာလား ဆိုးတာလားဆိုတာကိုတော့သူမသိတော့ပေ။
ငါပြေးရမလား ၊ ဒါမှမဟုတ်နှုတ်ဆက်လိုက်ရမလား ၊ ဒါမှမဟုတ် အကူအညီတောင်းလိုက်ရမလား၊
ချူဖုန်းချီတုံချတုံ ဖြစ်နေချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခုဖြစ်သွားခဲ့သည်။
ချူဖုန်းလက်ထဲတွင်ရှိနေသောအဆုံးသတ် ဆေဘာ ကို နဂါးပုံရိပ်က သူ့၏ မျက်လုံး ဟောက်ပတ်နှင့်ကြည့်လိုက်ကာတုံ့ဆိုင်းခြင်းမရှိပဲ အဆုံးသတ်ဆေဘာ ထဲသို့တိုးဝင်သွားခဲ့သည်။
"ဘာလဲဟ"
ချူဖုန်းက အော်ဟစ်လိုက်မိသည်။ချူဖုန်းက အဆုံးသတ်ဆေဘာ အတွက်တော့ စိုးရိမ်မိခြင်းမရှိပေ။ဒီလို အကောင်ကြီးတစ်ကောင်က သူ့ဓားထဲကိုပြေးဝင်သွားရသည့်အကြောင်းအရင်းကိုသူမသိတော့ပေ။
ချူဖုန်း၏ မျက်နှာအမူအရာက ခါးသီးသွားခဲ့ရသည်။
ဘာကြီးလဲကွာ
သူက အကျိုးအမြတ်အနည်းငယ်ကိုသာရလိုခဲ့ပြီး ဘာအကျိုးအမြတ်မှ မရှိဘဲ သူ့၏ ဆေဘာ ကို မဆုံးရှုံးချင်ပေ။
ချူဖုန်းက အဆုံးသတ်ဆေဘာ အားစစ်ဆေးကြည့်လိုက်ချိန်တွင် ဆေဘာအတွင်းတွင် အားကောင်း၍လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုကို ခံစားလိုက်မိသည်။
ချူဖုန်းက စိတ်ရှုပ်ထွေးသွားသော်လည်း သူ့ဘဝ နှင့် သူ့၏အဆုံးသတ်ဆေဘာအတွက် လာရာလမ်းအတိုင်းအမြန်ပြန်ပြေးလိုက်တော့သည်။
ချူဖုန်းက လှိုဏ်ဂူအတွင်းမှ ပြန်ထွက်လာပြီးနောက်တွင် တောင်ပေါ်သို့ ဆက်တက်ခြင်းမရှိဘဲ တောင်အောက်သို့ အမြန်ပြန်ပြေးလိုက်တော့သည်။
အကူအညီတောင်းရန်အတွက် တစ်စုံတစ်ယောက်အားရှာဖွေလိုနေသည်။
ချူဖုန်းက သူ့၏အဆုံးသတ်ဆေဘာ အတွင်းရှိနေသော နဂါးပုံရိပ်က သူ့အားတိုက်ခိုက်လိုက်မည်ကို ကြောက်လန့်နေခဲ့သည်။ ထိုသို့သာတိုက်ခိုက်လိုက်ပါက သူ့၏ သေးငယ်သော ခန္တာကိုယ်လေးက ခံနိုင်မည်မဟုတ်ပေ။
တောင်ပေါ်မှ ထွက်ခွာလာလာခြင်းချူဖုန်း က နံပါတ်နှစ်ဆီမှ အကူအညီရစေရန်အလျှင်အမြန်ပင်အော်ဟစ်လိုက်သည်။
"စီနီယာ နှစ် ငါ့ကို ကယ်ပါဦး"
ချူဖုန်း၏ အော်သံက ကျယ်လောင်ကာ အဝေးသို့ပြန့်နှံ့သွားသည်။ ချူဖုန်းက နံပါတ်နှစ် သူ့အနားတွင် ရှိမနေဟုမယုံပေ။ချူဖုန်း၏ အစီအစဥ်က သူ့နေရာတွင် ရပ်စောင့်နေရန်ဖြစ်သည်။
ဒါပေမယ့်လည်း မိနစ်ဝက်လောက် အကြာ သူ့အော်သံအဆုံးတွင် နံပါတ်နှစ်နှင့် နံပါတ်တစ်ဆယ်က သူ့အနားသို့ရောက်ရှိနေပြီဖြစ်သည်။
"အရမ်းမြန်တာပဲ"
ချူဖုန်းက ကြောင်အနေမိသည်။ နောက်တစ်ခဏကျမှ ချူဖုန်းက ထိုနှစ်ယောက်က သူ့ကိုကြည့်မနေကြောင်းသိလိုက်ရသည်။
ရွှေရောင်ဆံပင်နှင့်လူငယ်လေးက ပတ်ဝန်းကျင်အားစိတ်ဝင်တစားကြည့်ကာ ပြောလိုက်သည်။
"အဲ့တာအမှန်မဟုတ်ဘူးလား ၊ ငါစောနက အားကောင်းလွန်းတဲ့ ဆေဘာဝိညာဥ်အော်ရာတစ်ခု ဒီနေရာမှာ ထွက်ပေါ်လာတာကို ခံစားမိလိုက်ပါတယ်၊ ဘယ်ရောက်သွားပါလိမ့်"
နံပါတ်နှစ်က ပတ်ဝန်းကျင်အားလှည့်ပတ်ရှာဖွေနေရင်းနှင့်သူက တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။
သူက ချူဖုန်း လက်ထဲတွင်ရှိနေသော အဆုံးသတ်ဆေဘာ အားစိုက်ကြည့်လိုက်ရင်း တစ်စုံတစ်ခုအားတွေးမိလိုက်သလို သူ့မျက်လုံးများကပြူးကျယ်လာကာ မယုံကြည်နိုင်ဟန်ဖြင့်ရေရွတ်လိုက်မိသည်။
"အဲ့တာက မဖြစ်နိုင်ဘူးမလား...... အဲ့ဒါက မင်းနဲ့အတူရှိနေတာတော့မဖြစ်နိုင်ဘူး ၊ ဟုတ်တယ်မလား.."
အားပေးကြတဲ့ လူတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ ၊ မဂ်လာရှိသော မနက်ခင်းလေးပါ 😁😅
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...