ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (157) တစ္ဆေနတ်ဆိုးဘုရင်သေဆုံးခြင်း
ချူဖုန်းက တစ္ဆေနတ်ဆိုးဘုရင်၏ သနားစရာကောင်းသော အော်ဟစ်သံအားကြားလိုက်ရချိန်တွင်ရှက်မိသွားသည်။
အမ် ငါက ဘာလို့ စိတ်အနှောက်အယှက် ဖြစ်ရမှာလဲ ၊ တစ္ဆေနတ်ဆိုးဘုရင်ပြောတာက ရွှေရောင်ဆံပင်နဲ့လူကိုဖြစ်ရမယ်၊ဟုတ်တယ် ၊ အဲ့ဒါမှန်တယ် ၊ အဲ့ကောင်က တကယ်စိတ်အနှောင့်အယှက် ဖြစ်စရာပဲ ၊
ငါက ဒီအတိုင်း ဘေးက ကူညီပေးတဲ့လူသက်သက်ပဲ၊ ဟုတ်တယ် အဲ့လိုပဲဖြစ်ရမယ်။
ချူဖုန်းက တွေးရင်းနှင့် သူ့ဘေးမှ ရွှေရောင်ဆံပင်နှင့်လူ ကိုကြည့်လိုက်ကာ
"စီနီယာ ၊ မင်းငါ့ကို ကတိပေးထားတာတည်ရမယ့်အချိန်ရောက်ပြီနော် ၊ ခင်ဗျား ဘာနည်းလမ်းပဲသုံးသုံး ၊ ဒီနေ့ကျွန်တော် လက်ထဲကို ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ် ရောက်ကို ရောက်ရမယ်"
ရွှေရောင်ဆံပင်နှင့်လူက ကို့ယို့ကားရားဖြစ်သွားကာ
"အေးပါကွာ ၊ အေးပါ ၊ ရစေရမယ် ဟုတ်ပြီလား ၊ မင်းကို ငါပေးထားတဲ့ ကတိကို မမေ့ပါဘူးဟ"
တံခါး သော့ကို ဖွင့်ရန်ကြိုးစားပြီး မအောင်မြင်ထဲက ထိုကိစ္စက ဖြစ်လာခြင်းဖြစ်သည်။
တစ္ဆေနတ်ဆိုးဘုရင်က သူတို့၏ ပန်းတိုင်က ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ် ဖြစ်မှန်းသိသွားချိန်တွင် ထိုဖိနပ်ကို သူနှင့်အတူတစ်ပါတည်း ယူထားခဲ့သည်။
ထို့နောက်တွင် ထို ရွံ့စရာကောင်းသောနှစ်ကောင်က သူတို့ အင်္ကျီလက်ထဲမှ လှည့်ကွက်များစွာကိုအသုံးပြုခဲ့ကြသည်။
တစ္ဆေနတ်ဆိုးဘုရင်ပင်လျှင် ထိုယုတ်မာကောက်ကျစ်သော လူနှစ်ယောက် ၏ လက်ထဲမှနေ၍ ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ်ကို မကာကွယ်နိုင်သလိုပင်ခံစားမိလာရသည်။
သူတို့က ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ်ကို ရရှိရန်အတွက် သူ့သားနှင့် သမီးကိုပင်သတ်ပစ်ကာ သူ့သားနှင့်သမီး အယောင် ဆောင် ၍ သူဆီသို့ တိုက်ရိုက်ပင်ရောက်လာခဲ့သည်။
ထိုအချိန်က တစ္ဆေနတ်ဆိုးဘုရင် မှာ လှည့်စားခံရလု နီးပါးပင်ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာပင် အရေးကြီးသောအချိန်တွင် သူ့သမီးက ရှက်ရွံ့နေကြောင်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် သူသတိပြန်ဝင်လာကာ သူခိုးနှစ်ယောက်ကို သူတို့အကြံမအောင်မြင်အောင်တားဆီးနိုင်ခဲ့သည်။
ဒါကပဲ တစ္ဆေနတ်ဆိုးဘုရင်ကို အကြီးအကျယ်ကြောက်ရွံစေခဲ့သည်။ ထိုနှစ်ကောင်၏ ရုပ်ဖျက်စွမ်းရည်က ကြောက်စရာကောင်းလွန်းလှပြီး သူက သဲလွန်စနည်းနည်းလေးမှ ကိုရှာမတွေ့နိုင်ခဲ့ပေ။
ထိုအချိန်မှ စ၍ ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ်ကို သူနားမှ နည်းနည်းမှ မခွာရဲပဲ သိမ်းဆည်းထားလိုက်ရသည်။
ထို့ကြောင့်လည်း ချူဖုန်းက မကောင်းသောနည်းလမ်းများနှင့် ကောက်ကျစ်သောနည်းစနစ်များမည်မျှပင်ကျွမ်းကျင်တက်မြောက်နေပါစေ ထိုအရာများက လုံးဝအသုံးမဝင်နိုင်တော့ပေ။
ငါ့ခွန်အားနဲ့ အနိုင်မယူနိုင်မှတော့ ငါဘာလုပ်သင့်တယ်ထင်လဲ။
ချူဖုန်းက စတင်၍ ရွှေရောင်ဆံပင်နှင့်လူကို စတင်၍ ခြိမ်းခြောက်လိုက်ရတော့သည်။
ချူဖုန်းက ကနဦးတုန်းကတော့ ထိုကဲ့သို့ခိုးယူခြင်းနည်းလမ်း ကိုအထွန့်တက်ခဲ့သော်လည်း သူက နောက်ပိုင်းတွင် တခြားသောအသုံးဝင်ပုံများကို ရှာဖွေတွေ့ရှိခဲ့သည်။
ချူဖုန်းက သုံးရက်ဆိုသည့်အချိန်အတိုင်းအတာလေးတွင် သူက အလင်းဖမ်းယူခြင်းနည်းစနစ်တွင် မယုံနိုင်စရာကောင်းစွာ လျှပ်စီးအမြန်နှုန်းဖြင့် တိုးတက်လာနိုင်ခဲ့ပြီး ထိုနည်းလမ်း အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့သည်။
သူ့၏ စွမ်းရည်တွင်ဆက်ခံသူရှိနေပြီဖြစ်သောကြောင့် ရွှေရောင်ဆံပင်နှင့်လူမှာအကြီးအကျယ်ပျော်ရွှင်နေခဲ့သည်။
အနာဂတ်မှာသာ စွမ်းအားကြီးတဲ့ သတ္တဝါများစွာက သူ့နည်းစနစ်ကိုအသုံးပြုခဲ့ရင် သူကျော်ကြားလာမှာမဟုတ်ဘူးလား။
ထိုအတွေးဖြင့် ရွှေရောင်ဆံပင်နှင့်လူမှာအလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ချူဖုန်း ကိုလည်း သူ့ဆက်ခံသူလို သဘောထားကာ ဂရုတစိုက်သင်ကြားပေးခဲ့သည်။
ချူဖုန်းဂရုစိုက်သည်ဖြစ်စေ ၊ မစိုက်သည်ဖြစ်စေ၊ ဝန်ခံသည်ဖြစ်စေ ၊ မဝန်ခံသည်ဖြစ်စေ သူက ချူဖုန်းကို ရတနာတစ်ခုလို သဘောထားနေခဲ့သည်။
ထို့ကြောင့် ချူဖုန်းက ဆက်၍ မလေ့ကျင့်ပဲ နှုတ်ထွက်သွားမည်ကိုကြောက်ရွံ့နေခဲ့မိသည်။
ချူဖုန်း၏ စွမ်းဆောင်ရည်နှင့် တခြားအဆင့်မြင့်လှုပ်ရှားမှုနည်းလမ်းကို သင်ယူရန်က မခက်ခဲလှပေ။ သာမန်လှုပ်ရှားမှုနည်းစနစ်ကို ကိုင်ဆောင်ထားသည့် လူအိုကြီးရှစ်ယောက်က လည်း ချူဖုန်းသာ သင်ကြားလိုစိတ်ရှိပါက ကျိန်းသေပေါက်ကို သင်ပေးလိမ့်မည်။
သူ့ထက် တခြားရှစ်ယောက်၏ လှုပ်ရှားမှုနည်းစနစ်များက နိမ့်ကျသော်လည်း ချူဖုန်းက ဘာမှသိမည်မဟုတ်ပေ။ မတော်လို့ ချူဖုန်းသာ လှည့်စားခံလိုက်ရလျှင် အနာဂတ်တွင် သူ့နာမည်ကို ရေးထိုးရန်အခွင့်အရေးမရှိနိုင်တော့ပေ။
ထို့ကြောင့် ချူဖုန်းက သူ့ကို ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ်ကို မရလျှင် ဆက်၍ မလေ့ကျင့်နိုင်တော့ဟုပြောလာသောအချိန်တွင် သူက ကူကယ်ရာမဲ့စွာ သဘောတူလိုက်ရတော့သည်။
ဟူးးး ၊ ထားလိုက်ပါ ၊ ငါက အရင်ကတိဖျက်ခဲ့တာပဲလေ။
ရွှေရောင်ဆံပင်နှင့်လူ ကသူ့ကို သူထိုသို့သာပြော၍ ဖြေသိမ့်လိုက်ရသည်။
ဒါကပင် သူတို့ ဘာလို့ တစ္ဆေနတ်ဆိုးခန်းမကိုပွင့်ပွင့်လင်းလင်းလာရသည်ဆိုသည့်အကြောင်းပြချက်ဖြစ်သည်။ ဒီတစ်ခါတော့သောကိုဖွင့်မနေတော့ပဲ ဝိညာဥ်ဆင့်ခေါ်ဖိနပ်ကို ရရှိရန် သူ့လက်သီးများကိုသာ အသုံးပြုရလိမ့်မည်။
ဒါကလည်း လူငယ်မျိုးဆက်သစ်များကိုပြုစုပျိုးထောင်သည့်နညိးလမ်း တစ်ခုဖြစ်သည်။
ရွှေရောင်ဆံပင်နှင့်လူ က တစ္ဆေနတ်ဆိုးဘုရင်နှင့် သူ့ဘေးနားရှိ နတ်ဆိုးဗိုလ်ချုပ်သုံးယောက်အားကြည့်လိုက်သည်။
ဆံပင်ရွှေရောင်နှင့် လူက ချူဖုန်းကိုကြည့်လိုက်ကာ အမှုမထားဟန်ဖြင့်
"ဝေးဝေးကိုသွားနေ၊ မင်းသိလား အမြန်နှုန်းဆိုတာ ထွက်ပြေးဖို့ တစ်ခုတည်းသုံးနိုင်တာမဟုတ်ဘူး......မင်းရဲ့ အမြန်နှုန်းက ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်သွားခဲ့ရင် သစ်ရွက်လေးတစ်ရွက် ၊ ပန်းလေးတစ်ပွင့်နဲ့တောင် လူသတ်လို့ရတယ်၊ တစ်ခါတစ်လေ ၊ လေတစ်ချက်အဝှေ့နဲ့တင်လုပ်ဆောင်နိုင်တယ်......."
ထိုစကားများပြောပြီးချိန်တွင် ရွှေရောင်ဆံပင်နှင့်လူ က သူ့ရှေ့မှ ပျောက်ကွယ်သွားကြောင်း ချူဖုန်းတွေ့လိုက်ရသည်။
ဘာအရှိန်အဝါ ၊ ဘာစွမ်းအင်တုန်ခါမှုမှ ထွက်ပေါ်လာခြင်းမရှိပဲ ၊ သူကဘယ်တုန်းကမှ မတည်ရှိခဲ့ဘူးသလို ပျောက်ကွယ်သွားခဲ့ရသည်။
နောက်တစ်ခဏတွင် တစ္ဆေနတ်ဆိုးဘုရင် ၏ နောက်တွင်ရှိနေသော တစ္ဆေနတ်ဆိုးဗိုလ်ချုပ်သုံးယောက်လုံး၏ မျက်လုံးများက တစ်ချိန်တည်းမှာပင် ပြူးကျယ်သွားခဲ့သည်။
သူတို့၏ လည်ပင်းတွင် အေးစက်သောခံစားချက် တစ်ခုကိုရလိုက်ကာ သူတို့၏ ခေါင်းများက ခန္တာကိုယ်မှ ခွဲထွက်သွားခဲ့သည်။
သူတို့က တိုက်ပွဲ ခေါ်သံကိုပင်မကြားလိုက်ရပဲ သေဆုံးသွားကြရသည်။သွေးများက လည်ပင်းတစ်လျှောက်မှ စီးကျလာပြီး လေထုထဲတွင် သွေးနံ့များက ပျံ့နှံ့သွားခဲ့သည်။
တစ္ဆေနတ်ဆိုးဘုရင် ၏မျက်လုံးများက ပြူးကျယ်သွားခဲ့ရသည်။
သေ.....သေပြီလား။
သူက ထိုလက်အောက်ငယ်သားများကို ပြုစုပျိုးထောင်ပေးရန် အလွန်ကြီးမားသောတန်ဖိုးတစ်ခုကိုပေးဆပ်ခဲ့ရသော်လည်း သူတို့က ဘာအကြောင်းပြချက်မှ မရှိပဲ သေဆုံးသွားခဲ့ရသည်။
သူလေပြေလေညှင်းလေးတစ်ချက်တိုက်ခတ်လိုက်သလိုခံစားမိလိုက်ချိန်တွင် ထိုသုံးယောက်သေဆုံးသွားခြင်းဖြစ်သည်။
ဟိုမကောင်းတဲ့ ခွေးမသားကြောင့်ဖြစ်ရလိမ့်မယ်။
ထိုအချိန်တွင် တစ္ဆေနတ်ဆိုးဘုရင်၏ ဒေါသက အထွဋ်အထိပ်သို့ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ရွှေရောင်ဆံပင်နှင့် လူ၏ မှုန်ဝါးဝါး ပုံသဏ္ဍာန်က လေထုထဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။သူက တစ္ဆေနတ်ဆိုးဘုရင်နှင့် ထိပ်တိုက်ပင်ရင်ဆိုင်လိုက်သည်။
သူ့ပုံရိပ်က တစ္ဆေနတ်ဆိုးဘုရင်နှင့် နှိုင်းယှဥ်လိုက်လျှင် ပုရွတ်ဆိတ်တစ်ကောင်ဟုသာ ထင်ရသော်လည်း သူ့ကို ဘယ်သူကမှ အထင်သေးရဲခြင်းမရှိပေ။ထိုကောင်က အလွန်ကြောက်စရာကောင်းလှသည်။
"နောက်အလှည့်က မင်းပဲ"
ရွှေရောင်ဆံပင်နှင့်လူက တစ္ဆေနတ်ဆိုးဘုရင်အား မျက်စိထဲမထည့်ဟန်ဖြင့်ကြည့်လိုက်ချိန်တွင် တစ္ဆေနတ်ဆိုးဘုရင်က ဒေါသတကြီးဟိန်းဟောက်လိုက်မိသည်။
သူ့လို နတ်ဆိုးအရှင်တစ်ယောက်ရှေ့တွင် ဘာမဟုတ်သည့် A+ အဆင့်လေးက မာနကြီးပြရဲနေသည်။
"ကောင်လေး ၊ နတ်ဆိုးအရှင်တစ်ယောက်ကို လျှော့တွက်မိရင် ဘယ်လို တန်ကြေးပေးဆပ်ရမလဲဆိုတာ ငါမင်းသိအောင်ပြမယ်"
ပြောပြီးပြီးချင်း တစ္ဆေနတ်ဆိုးဘုရင်က သူ့၏ ကြီးမားလှသော ဆူးချွန်များနှင့် တင်းပုတ် ကိုတုံ့ဆိုင်းခြင်းမရှိပဲ လွှဲယမ်းလိုက်သည်။
နတ်ဆိုးဘုရင်၏ လွှဲယမ်းချက်က ကြောက်စရာကောင်းသောလေဆင်နှာမောင်းတစ်ခုကိုဖြစ်ပေါ်လာစေသော်လည်း ရွှေရောင်ဆံပင်နှင့်လူ၏ မျက်နှာထက်တွင်အပြုံးရေးတေးတေးလေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"နတ်ဆိုးအရှင် ဟုတ်လား ဟူးးး အချိန်တွေက ပြောင်းလဲသွားခဲ့ပြီပဲ ၊ ဘာမဟုတ်တဲ့အမှိုက်တွေကတောင် သူတို့ကို သူတို့ နတ်ဆိုးအရှင် ပါလို့ ခေါ်နေကြပြီပဲ"
ပြောပြီးသည်နှင့် ရွှေရောင်ဆံပင်နှင့်လူ၏ ပုံရိပ်က လေထုထဲမှ ပျောက်ကွယ်သွားခဲ့ပြန်သည်။
"အားးးးးးး"
ရန်သူကို ရှာမတွေ့နိုင်ခြင်းက တစ္ဆေနတ်ဆိုးဘုရင်ကို ရူးသွပ်သွားစေလုဖြစ်သွားစေသည်။
"ထွက်ခဲ့စမ်းပါ ၊ မင်းသတ္တိရှိရင် ငါနဲ့ ထိပ်တိုက်တိုက်ခိုက်စမ်းပါ"
"ဟားး ရယ်စရာကောင်းလိုက်တာကွာ ၊ ရန်သူရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုကို ငါ့ရဲ့ အားအနည်းဆုံးတိုက်ခိုက်ချက်နဲ့ တိုက်ရအောင် ငါရူးနေတာမှမဟုတ်တာကွ"
ရွှေရောင်ဆံပင်နှင့်လူ၏ အသံက အရပ်ရှစ်မျက်နှာ နေရာတိုင်းမှ ထွက်ပေါ်လာသလိုခံစားလိုက်ရသည်။
သူစကားသံဆုံးဆုံးခြင်း တစ္ဆေနတ်ဆိုးဘုရင်၏ ခန္နာကိုယ်ပေါ်တွင် အရိုးထိနက်သော ဒဏ်ရာတစ်ခုဖြစ်ပေါ်လာသည်။သွေးများက ရေတံခွန်နှယ် စီးကျနေပြီး မသိလျှင် နတ်ဆိုး ပန်ဒိုရာ သေတ္တာအား တစ်ခဏမျှ ဖွင့်လိုက်မိသလိုပင်။
တစ္ဆေနတ်ဆိုးဘုရင်၏ ခန္တာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖုံးလွှမ်းနေပြီး သွေးများက ခန္တာကိုယ်အနှံ့မှ မြင်မကောင်းအောင် စီးဆင်းနေခဲ့သည်။
သူ့ဘေးပတ်လည်တွင် ရှိနေသောလေစီးကြောင်းများက ရွှေရောင်ဆံပင်နှင့် လူ၏ လူသတ်လက်နက်များဖြစ်လာခဲ့သည်။
ရွှေရောင်ဆံပင်နှင့်လူက တစ္ဆေနတ်ဆိုးဘုရင်အားပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိအောင်ကို အနိုင်ယူခဲ့သည်။ သူက တစ္ဆေနတ်ဆိုးဘုရင်အား အဆုံးသတ်မည့်အချိန်တွင် ချူဖုန်းက ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ အလျှင်အမြန်ပင် အော်ဟစ်လိုက်မိသည်။
"နေဦး ၊ အလျှင်စလိုမလုပ်နဲ့ဦး ၊ သူ့ကို ဓားနဲ့ တစ်ချက်လောက်ခုတ်ခွင့်ပေးပါဦး"
ချူဖုန်းက အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိပဲ အလင်းဖမ်းခြင်းနည်းစနစ်အတွင်းသို့ဝင်ရောက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း နံပါတ်တစ်ဆယ်နှင့် တစ္ဆေနတ်ဆိုးဘုရင်၏ တိုက်ပွဲအလယ်သို့ခုန်ဝင်သွားခဲ့သည်။
ပြီးနောက်တွင် သူကတစ္ဆေနတ်ဆိုးဘုရင်အား ဓားချက်တစ်ချက်ခုတ်ပိုင်းလိုက်သည်။ ခုတ်ပြီးပြီးချင်း ချက်ချင်းပင် ပြန်လည်ထွက်ပြေးလိုက်သည်။ အနည်းငယ်မျှတုံ့ဆိုင်းခြင်း မရှိပေ။
သူက တစ္ဆေနတ်ဆိုးဘုရင်စိတ်ရိုင်းဝင်သွားကာ တစ်စုံတစ်ယောက်ကို ဆွဲချရန်သူ့ကိုသူဖောက်ခွဲသွားမည်ကို ကြောက်လန့်နေခဲ့သည်။ထိုသို့သာဆိုလျှင် တစ္ဆေနတ်ဆိုးဘုရင်မသေခင်သူက အရင်သေ သွားလိမ့်မည်။
ထိုကောင်က တကယ့်အစစ်အမှန် Sအဆင့်ဖြစ်သည်။
ဒါကိုတိုက်ပွဲထဲမှာ ပါတယ်လို့ ယူဆလို့ရလောက်လားမသ်ိဘူး ၊ တကယ်လို့ ဟုတ်တယ်ဆိုရင် ငါက အဆင့်လေးဆင့် ကျော်ပြီးသတ်တဲ့ ဆုလာဒ်ကို ရမှာဟ။
ချူဖုန်းက တော်တော်ဝေးဝေးမြေပေါ်တွင် ဆင်းသက်လိုက်သည်။ သူက နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် ကောင်းကင်ထက်၌ သက်တံတစ်စင်းက လှပစွာ စမ်းချောင်းတစ်ခုကဲ့သို့စီးဆင်းသွားသည်ကိုမြင်လိုက်ရသည်။
ထို့နောက်တွင် ထိုသက်တံရောင်အလင်းက တစ္ဆေနတ်ဆိုးဘုရင်၏ ဦးခေါင်းအား တိုက်ရိုက်ပင် ဖောက်ထွင်းသွားခဲ့သည်။
ချောက်နက်ကြီး၏ နတ်ဆိုးအရှင်တစ်ပါးက ကြေကွဲဝမ်းနည်းဖွယ်ကောင်းစွာသေဆုံးသွားခဲ့ရသည်။ထိုရက်စက်လှသောမြင်ကွင်းကိုကြည့်နေရင်း ချူဖုန်းက တံတွေးတောင်မြိုချမိသွားသည်။
ရွှေရောင်ဆံပင်နှင့်လူ အတွက် Sအဆင့်ပညာရှင်တစ်ယောက်ကို သတ်ရန်ကမလွယ်ကူကြောင်းကိုချူဖုန်း သိနေသည်။
အဲ့ကောင်က A+ အဆင့်ပဲ ရှိသေးတာကို ဘာလို့ အဲ့လောက်ကြောက်စရာကောင်းနေရတာလဲကွာ ၊ ငါက အဆင့် C လေးနဲ့ သူ့ကို ဘယ်လိုများနိုင်အောင်တိုက်ရမှာလဲဟ။ပြီးတော့ ဒီကောင်က သွေးအရိပ်စစ်သည်ဆယ်ယောက် ထဲမှာ အညံ့ဆုံးပဲ။
ချူဖုန်း၏ အံအားသင့်နေသောအကြည့်ကိုမြင်လိုက်ရသည့်အချိန်တွင် ရွှေရောင်ဆံပင်နှင့်လူ၏ ခန္တာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပစွာထွက်လာသည်။ သူ့လက်နှစ်ဖက်အား နောက်သို့ပစ်ထားခဲ့ပြီး မသိလျှင် သူ့ကို ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူတစ်ယောက်ဟု မြင်မိလိမ့်မည်။
သို့သော်လည်း သူ့၏ ခန့်ညားမှုက သုံးစက္ကန့်သာခံလိုက်သည်။
ကူကယ်ရာမဲ့နေသည့် အသွင်ဖြင့် ရှေးကျလှသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"တော်လောက်ပြီ ၊ ဟန်ဆောင်နေတာကို ရပ်လိုက်တော့ ၊ မင်းက S အဆင့်တစ်ယောက်ကို သတ်ဖို့တောင်မှ ပင်မခန္တာကိုယ်ကနေ စွမ်းအား ငှားယူပြီးသုံးခဲ့ရတယ် ၊ မင်းက သွေးအရိပ်စစ်သည်တော်တွေကို တကယ်အရှက်ရစေတာပဲကွ"
ထိုအသံက အကြီးအကဲလော ၏ အသံဖြစ်မှန်း ချူဖုန်း ကသိလိုက်သည်။အကြီးအကဲလောက ဒီနေရာတွင် ဖြစ်ပျက်နေတာ များကိုစောင့်ကြည့်နေဟန်တူသည်။
အချိန်အတားအဆီးကို အကြီးအကဲလောက ချမှတ်ထားသောကြောင့် ဒါက ဖြစ်နိုင်သည်။
သူ့လုပ်ရပ်က ဖော်ထုတ်ခံလိုက်ရသောကြောင့် ရွှေရောင်ဆံပင်နှင့်လူ ၏ခန္တာကိုယ်မှ ရွှေရောင်အလင်းများက ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း ထိုကောင်က ဘာမှမဖြစ်သလိုပြုမူနေပြီး အရှက်လည်း တစ်စက်ကလေးမှ ရှိမနေခဲ့ပေ။ရှက်ရွံ့နေရမည့်အစားသူက ပြုံးလိုက်ပြီး
"ဟား ဟားးးး ၊ အကြီးအကဲလော နယ်ပယ်တိုင်းမှာသူတို့နဲ့သက်ဆိုင်တဲ့ကျွမ်းကျင်သူဆိုတာရှိတယ်လေ ၊ ငါက အမြန်နှုန်း အတွက်ပဲ တာဝန်ယူထားတာ၊ တိုက်ခိုက်ဖို့အတွက်က အကိုကြီးနဲ့ ဒုတိယအကိုရှိတယ်လေ"
ဘယ်လောက်တောင် မျက်နှာအရေထူလိုက်တဲ့လူလဲ ၊ ချူဖုန်းပင်သူ့အစားရှက်ရွံ့မိနေသည်။သူက တကယ်ပင် ထိုလူနှင့် ပတ်သတ်ချင်စိတ်မရှိတော့သလိုခံစားလိုက်ရသည်။
ချူဖုန်းက အေးစက်နေသော တစ္ဆေနတ်ဆိုးဘုရင် ၏ ခြေထောက်မှ ဝိညာဥ်ဆင့်ခေါ်ခြင်းဖိနပ် ကို ချွတ်ယူလိုက်သည်။စိတ်ထဲတွင် ဘယ်လိုမှ ခံစားမနေပဲ ဖိနပ်များကို သူ့ခြေထောက်တွင် ဝတ်ဆင်လိုက်သည်။
နောက်အခိုက်အတန့်လေးတွင် အသစ်စက်စက်ပုံရိပ်ယောင် မျက်နှာပြင်တစ်ခုက ချူဖုန်း၏ ရှေ့တွင်ပေါ်လာခဲ့သည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Phiêu lưuအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...