115-116

45 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (115) ငါ့ကို ကယ်ဖို့လိုလို့လား

      လူတစ်ယောက်က အသက်ကြီးရင် သေသင့်တယ်၊ ဒီစကားတစ်ခွန်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
     
      နီချင်းကန် နှင့်တခြားလူများက ချူဖုန်း အစားချွေးစီးများ စီးကျနေကြသည်။
     
      ဒီကောင်ရူးသွားတာလား ၊ သူပြောနေတာ ဘယ်သူလဲဆိုတာကောသိရဲ့လား လူအိုကြီးမိုကဘယ်သူလဲ ၊သူက အဆင့် ရှစ်အတွင်းအားပညာရှင်တစ်ယောက်ဖြစ်ပြီး အထိဋ်အထိပ် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
     
      ထိပ်တန်းကျွမ်းကျင်သူများသာ ထွက်မလာရင် သူ့ကို နှိမ်နင်းနိုင်မည့်သူမရှိပေ။လူအိုကြီးမိုရဲ့ အဆင့်အတန်းနဲ့ တခြားမြင့်မြတ်နယ်မြေနှစ်ခုကိုသွားရင်တောင်လေးစားမှုကိုရသည်။
     
      ဒါပေမယ့် ခုတော့ သေးငယ်တဲ့ တက္ကသိုလ်လေးရဲ့စစ်ဆေးပွဲမှာ ဂျူနီယာတစ်ယောက်ရဲ့ ကျိန်းမောင်းတာကို ခံရတယ်တဲ့လား။လူအိုကြီးမိုက သူ့မာနကိုချမည်မဟုတ်ပေ။
     
      ထင်ထားသည့်အတိုင်းပင် အကြီးအကဲမိုက ဒေါသတကြီးဖြင့် ချူဖုန်းဆီသို့ပြေးလာခဲ့သည်။ ဒေါသထွက်လွန်းအားကြီးသောကြောင့် သူ့ခန္တာကိုယ်ကပင် တုန်ရင်နေသည်။
     
      "ဘယ်လိုတောင်ပြောရဲတာလဲ"
     
      လူအိုကြီးမိုက ဒေါသကြီးနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ဟိန်းဟောက်လိုက်သည်။ သူ့အော်သံအဆုံးတွင် စကားလုံးများကလေပြင်းများသဖွယ်ပြောင်းလဲလာပြီး လာပြီး ချူဖုန်းအားဖိနှိပ်ရန်ကြိုးစားလိုက်သည်။
     
      အကြီးအကဲမိုက သူ့ကိုစော်ကားရဲတဲ့ခွေးကောင်လေးကို သူကိုယ်တိုင်သတ်ပစ်ချင်နေသည်။
     
      ချူဖုန်းကတော့ လေလှိုင်းများကိုမရှိသလိုပင်သဘောထားနေသည်။ ထိုသို့သောစွမ်းအားမျိုးက အားနည်းသူများကိုသာဖိနှိပ်နိုင်သည်။ သူ့ကို ဖိနှိပ်ရန်ကြိုးစားနေခြင်းက ဟာသတစ်ခုလိုပင်။
     
      လာစမ်းပါကွာ ၊ မင်းရဲ့တိုက်ခိုက်မှုက ငါ့ကိုထိတာနဲ့ မင်းတို့ကိုငါပြန်တိုက်လို့ရပြီ။ အဲ့အချိန်က မင်းတို့နှစ်ယောက်လုံးသေရမယ့်အချိန်ပဲ။
     
      လူအိုကြီးမိုရဲ့တိုက်ခိုက်မှုကိုသူကမကြောက်သော်လည်း လူတိုင်းကတော့ ထိုသို့မတွေးမိပေ။
     
      သူတို့က စီနီယာအကြီးအကဲ၏ တိုက်ခိုက်မှုမှ ချူဖုန်း လွတ်မြောက်ရန်မဖြစ်နိုင်တော့ဟု ထင်မိနေသည်။
     
      ထိုစိတ်ပျက်ဖွယ်အခြေအနေတွင် ချူစစ်ရိုနှင့် ချိုချိုစွင်း တို့က ချက်ချင်းပင်လှုပ်ရှားရန်ပြင်လိုက်သည်။ သူတို့က ချူဖုန်းနှင့်အတူ အန္တရာယ်ကိုရင်ဆိုင်လိုကြသည်။
     
      ထိုအချိန်တွင် ပိုင်ကျစ်ယွမ်က ကမန်းကတမ်းပင်အော်ဟစ်လိုက်သည်။
     
      "စီနီယာမို ကျေးဇူးပြုပြီးသနားညှာတာပေးပါ ၊ ချူဖုန်းက ကျွန်တော်တို့ ပိုင်မိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်ပါ"
     
      ပိုင်မိသားစုက သိုင်းပညာမျိုးနွယ်စု ဆယ်စုထဲတွင်ပါဝင်သည်။ တစ်ချိန်တည်းတွင် လီဖန်းက ကြောက်ရွံနေမိသော်လည်း အံကြိတ်လိုက်ကာ စိုးရိမ်တကြီးဖြင့်
     
      "စီနီယာမို ကျေးဇူးပြုပြီးသနားညှာတာပေးပါ ၊ ချူဖုန်းက ကျွန်တော်တို့ လီမိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်ပါ"
     
      ထိုစကားများကိုပြောလိုက်ချိန်တွင် ဘေးတွင်ပွဲကြည့်နေသော လီချန်ဖုန်း ကထိတ်လန့်ကာကြောက်ရွံသွားသည်။
     
      ဘယ်ခွေးမသားက လိမ်ပြီးပြောတာလဲကွ ၊ အကြီးအကဲမိုသာ ငါတို့လီမိသားစုကိုပစ်မှတ်ထားရင် ငါတို့ လီမိသားစုက ခံနိုင်ရည်မရှိဘူးဟ။
     
      ချူဖုန်းအတွက် မိသားစုနှစ်စုက တောင်းပန်နေကြောင်းကြားလိုက်ရချိန်တွင် လူအိုကြီးမိုက ရယ်မောလိုက်သည်။ သိုင်းပညာမိသားစု ဆယ်စု ကမြင့်မြတ်နယ်မြေရှေ့တွင် ဘာမှမဟုတ်သော အင်အားစုလေးသာဖြစ်သည်။
     
      ခုချိန်တွင် ဟိုအဘွားကြီးနှင့် တာအိုဆရာက တားရင်တောင်သူက ဒီလူယုတ်မာလေးကို ရအောင်သတ်ဦးမှာပဲဖြစ်သည်။
     
      သူကတကယ်ဒေါသထွက်နေခြင်းဖြစ်သည်။
     
      လေလှိုင်းများက ချူဖုန်းခေါင်းပေါ်ရောက်ခါနီးအချိန်တွင် အဖြူရောင်ကြာပန်းပုံသဏ္ဍာန်တစ်ခုက ရုတ်ချည်းပေါ်ပေါက်လာပြီး ထူးခြား၍မွှေးကြိုင်သောရနံများကိုသယ်ဆောင်လာခဲ့သည်။
     
      ချက်ချင်းဆိုသလို ပေါ့ပါးကာ သာယာသောအသံလေးတစ်သံက အားကစားကွင်းထဲတွင် ပျံ့လွင့်သွားသည်။
     
      "အကြီးအကဲမို ချူဖုန်းနဲ့ ကျွန်မက သူငယ်ချင်းဟောင်းတွေပါ ကျေးဇူးပြုပြီးသနားညှာတာပေးပါ "
     
      အရေးကြီးသောအချိန်တွင် ရောက်ရှိလာသူက တကယ်ပင် လျှိုရှန်းအာဖြစ်နေသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူမက ချူဖုန်းအတွက် အမှန်တကယ်ပင် ဝင် ရောက် တောင်းပန်ပေးခဲ့သည်။
     
      လူတိုင်းကအံအားသင့်သွားသည် ။အမှန်တကယ်ဆိုလျှင် လျှိုရှန်းအာက ခွန်လွန်မြင့်မြတ်နယ်မြေမှဖြစ်သည်။ သို့သော်လည်း သူမက အပြင်လူဘက်ကတကယ်ပင် ဝင်ပါခဲ့သည်။
     
      အကြောင်းအရင်းအစုံကို သိနေသော လီချန်ဖုန်း နှင့် ဝေ့ယန် တို့က ထိုမြင်ကွင်းကိုကြည့်ကာဘာပြောရမယ်မှန်းပင်မသိတော့ပေ။
     
      သူငယ်ချင်းဟောင်းတွေပေါ့ ၊ဟာသမလုပ်ပါနဲ့ကွာ ၊ အဲ့ကောင်လေးနဲ့သိတာ နေ့တစ်ဝက်တောင်မရှိသေးတာကိုတကယ် သူငယ်ချင်းဟောင်းတွေဖြစ်သွားတယ်ပေါ့လေ၊ နတ်ဘုရားမလေးက တကယ်ပဲ အဲ့ကောင်ပေါ်မှာ စိတ်ခံစားချက်ရှိနေတာလားကွာ။
     
      နှစ်ယောက်သားတွေးရင်း ငိုချင်မိလာသည်။ လျှိုရှန်းအာ ကိုယ်တိုင်လည်း သူမဘာလုပ်မိမှန်းကိုမသိတော့ပေ။သူမ၏ မသိစိတ်က စေခိုင်းသည့်အတိုင်းထွက်လာမိခြင်းဖြစ်သည်။
     
      စောနက ချူဖုန်း၏ ရူးသွပ်သောပုံစံက သူမ၏ နှလုံးသားထဲတွင် စွဲထင်သွားခြင်းဖြစ်သည်။
     
      ချူဖုန်းက သူ့ရှေ့မှ လှပသောပုံရိပ်လေးကိုကြည့်ကာ သူမ၏ မွှေးရနံလေးကိုခိုးကာ ရှုရှိုက်လိုက်မိသည်။ လျှိုရှန်းအာ သူ့အတွက်ရှေ့သို့ထွက်လာလိမ့်မည်ဟူမထင်ထားမိပေ။
     
      ဆိုလိုသည်မှာ လျှိုရှန်းအာ၏ နှလုံးသားထဲတွင် သူ့ပုံရိပ်ကအလေးအနက်ရှိနေသည်ဆိုသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။သူအစကောင်းသည်ဟုပြော၍ ရပေသည်။
     
      ချူဖုန်းက လျှိုရှန်းအာ ဒဏ်ရာမရစေရန်ရှောင်တိမ်းရန်ပြင်လိုက်သည်။ ထိုအချိန်တွင် လူအိုကြီးမိုက
     
      "လျှိုရှန်းအာ မင်းဘာလုပ်တာလဲ ၊ဖယ်စမ်း "
     
      လျှိုရှန်းအာက စိုးရိမ်တကြီးဖြင့်
     
      "အကြီးအကဲမို ချူဖုန်းက ရှင့်ကိုစော်ကားဖို့ မရည်ရွယ်....."
     
     " ပါးစပ်ပိတ်ထားစမ်း ၊ သစ္စာဖောက်"
    
     လူအိုကြီးမို ကရူးသွပ်တော့မလို ခံစားနေရသည်။သူ့ကိုတားရန်လာသောသူမှာ သူ့၏ မြင့်မြတ်နယ်မြေမှ ဂျီးနီးယပ် ဖြစ်နေသောကြောင့်ပို၍ပင် အရှက်ရသွားသည်။
    
     "ထွက်သွား ၊ ဒါမှမဟုတ်ရင် လူအိုကြီးလျှိုကိုမျက်နှာသာမပေးလို့ ငါ့ကိုအပြစ်မတင်နဲ့"
    
     လူအိုကြီးမိုက လူအိုကြီးလျှို ကိုကြောက်နေသည်ကအသိသာကြီးဖြစ်သည်။ သူကအပေါ်ယံတွင် လှုပ်ရှားမည်သာပြောနေသော်လည်း တုပ်တုပ်မှမလှုပ်ပေ။
    
     လျှိုရှန်းအာက ဘာမှမပြောရသေးခင်ချူဖုန်းက ဒေါသထွက်သွားခဲ့သည်။
    
     မင်းက ငါ့ရဲ့ အနာဂတ်မိန်းမ ကိုတောင် ပြောရဲတယ်ပေါ့။
    
     ချူဖုန်းက သူ့ပါးစပ်ကိုဖွင့်ဟလိုက်ကာ
    
     "အောက်တန်းကျတဲ့လူအိုကြီး ၊ မင်းကလေးစားမှုနဲ့တန်တယ်ထင်လို့လား ၊ မင်းငါ့ကို သတ်ချင်ရင် ကြိုးစားကြည့်လို့ရတယ် ၊ ဒါပေမယ့် ရှန်းအာကို ဆက်ပြီး အပြစ်တင်ရဲရင် ငါမင်းကိုအနှေးနဲ့အမြန်ဆိုသလိုသတ်ပစ်မယ်"
    
     ချူဖုန်းက ဒေါသအလွန်ထွက်သွားသည်။သူက ကဲ့ရဲ့ခံလိုက်ရသလိုပင်။ဘယ်သူမှားတယ်မှန်တယ်ကိုသူစိတ်မဝင်စားပေ။
    
     မင်းငါ့ကို ကြိုက်သလို ပြောလို့ရတယ် ၊ ဒါပေမယ့် ငါ့မိန်းမကိုတော့မင်းမှာပြောခွင့်မရှိဘူး။
    
     ပြီးနောက်တွင် ချူဖုန်းက လျှိုရှန်းအာကိုသူနောက်သို့ထားလိုက်ပြီးပေါ့ပါးစွာပင်
    
     "နောက်မှာပဲနေ ၊ မဟုတ်ရင် သူ့သွေးတွေမင်းကိုပေကုန်လိမ့်မယ်"
    
     အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။ ဘယ်လိုငရဲလဲကွာ ၊ မသေခင် အချစ်ကိုဝန်ခံတာလား ၊အကြီးအကဲမို က လျှိုရှန်းအာကို အပြစ်တင်မိတာကြောင့်သူက သတ်ချင်နေတာလား ၊ အဲ့လိုမျိုးရဲရင့်ရအောင်လို့ ဘယ်လောက်တောင်နက်နက်ရှိုင်းရှိုင်းချစ်ရတာလဲ။
    
     လျှိုရှန်းအာ ပင် အံအားသင့်လွန်းသောကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူမက ချူဖုန်းကိုငေးကြည့်လိုက်မိသည်။
    
     ချူဖုန်းက တကယ်ပင် လူကြားထဲတွင် ထိုစကားများကိုပြောရဲခဲ့သည်။ သူမက ချူဖုန်းကိုကျေးဇူးတင်ခံချင်လို့ကူညီပေးခဲ့တာမဟုတ်ပေ။သူမတို့နှစ်ယောက်က ခုမှဆုံဖူးခြင်းသာဖြစ်သည်။
    
     သူမကို သူ့ကို ကူညီချင်းက အချစ်ကြောင့်မဟုတ်ပေ။ ဒီတိုင်းသူမ မသိစိတ်အရ လုပ်လိုက်မိခြင်းသာဖြစ်သည်။လျှိုရှန်းအာ ကဘယ်လိုပြောပြရမှန်းပင်မသိတော့ပေ။ ထိုကောင်က တကယ့်ကိုအရူးဖြစ်သည်။
    
     တခြားတစ်ဖက်တွင်လည်း လူအိုကြီးမိုက ဒေါသထွက်လွန်းသောကြောင့် သူ့မျက်လုံးများပင် လည်ထွက်သွားသလိုခံစားလိုက်ရသည်။သူက အသက်ရှုမဝသလိုပင်ခံစားလိုက်ရသည်။
    
     ခုချိန်တွင် သူက ချူဖုန်းကိုသတ်ကာ ရှစ်ပိုင်းခွဲပစ်ချင်နေပြီ ၊ ရက်စက်ကြမ်းကြုတ်သောအရာမှန်သမျှကိုလုပ်ပစ်ချင်နေသည်။
    
     ချူဖုန်းက ထိုအချင်းအရာကိုမြင်လိုက်သည်နှင့် သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လာသည်။
    
     အရမ်းကောင်းတယ်၊ မင်းဒေါသထွက်ပြီးသေလောက်တဲ့တိုက်ကွက်ကို သုံးပြီးတိုက်လိုက်တော့။ မြန်မြန်လုပ်ကွာ ၊ ငါမစောင့်နိုင်တော့ဘူး။
    
      လူအိုကြီးမိုက ချူဖုန်းကို စိတ်ပျက်မသွားစေပေ။တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ချူဖုန်း ကလည်း လျှိုရှန်းအာ ကို သူ့နောက်သို့ ပို့ပြီးသည့်အချိန်ဖြစ်နေသည်။
     
      အတားအဆီးများမရှိတော့သောအချိန်တွင် လူအိုကြီးမိုက သူ့၏ စွမ်းအားများကို ကြီးမားသော လေလှိုင်းများဖန်တီးပြီး ချူဖုန်းအားတိုက်ခိုက်လိုက်သည်။ သူက ချူဖုန်းကို အသားပုံကြီးဖြစ်အောင်လုပ်ချင်နေပုံပင်။
     
      ချူဖုန်းက တိုက်ခိုက်ရန်သူ့ဓား ကိုအဆင့်သင်ပြင်လိုက်သည်။ ထိုအချိန်တွင် အားကစားကွင်းနောက်ဘက်မှ ကြောက်စရာကောင်းလှသော အရှိန်အဝါတစ်ခု ကထွက်ပေါ်လာခဲ့သည်။
     
      ပုံရိပ်တစ်ခုက လျှင်မြန်စွာပင် ချူဖုန်းရှေ့၌ ပေါ်လာခဲ့သည်။ ထိုပုံရိပ်က သူ့၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လူအိုကြီးမို ချူဖုန်းကိုသတ်ရန်ပြင်ဆင်ထားသော စကားလုံးများ၏ စွမ်းအားကို ဖျက်ဆီးပစ်လိုက်သည်။
     
      (သေစမ်းပါကွာ ၊ ငါ့ကိစ္စထဲမှာ နောက်တစ်ယောက်က လာရှုပ်ပြန်ပြီ)
     
      ချူဖုန်ူက ဒေါသအလွန်ထွက် လာကာ သူ့မျက်လုံးများက လည်ထွက်သွားသလိုခံစားလိုက်ရသည်။
     
      သူနှင့်ဆန့်ကျင်ဘက်တွင်တော့ အကြီးအကဲမိုက စကားလုံးစွမ်းအားများ၏ တန်ပြန်သက်ရောက်မှုကိုခံလိုက်ရကာနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
     
      သူ့မျက်လုံးများတွင် ထိတ်လန့်မှုများနှင့်ပြည့်နေကာ သူက
     
      "ခုရောက်လာတာ ဘယ်က သူငယ်ချင်းဟောင်းလဲဆိုတာ သိခွင့်ရှိမလား"
     
      ပုံရိပ်က ထင်ရှားလာချိန်တွင် အားကောင်းပြီးသန်မာသောအသံကိုကြားလိုက်ရသည်။
     
      "ဟားးးး ခေါင်းပြောင်အိုကြီး ၊ဒီ ဂျူနီယာလေးပြောတာ အဓိပ္ပါယ်ရှိတယ် ၊ မင်းက သေခါနီးနေပြီ ဘာလို့ လူငယ်တွေ ကြားထဲဝင်ပါနေရတာလဲ၊ မင်းက လူမြင်ကွင်းမှာလူသတ်ချင်နေရအောင် ခွင့်ပြုချက်ရထားလို့လား၊မင်းတကယ်တိုက်ချင်နေရင် ငါနဲ့လာတိုက်လေ"
     
      ချူဖုန်းက ထိုလူအားရှင်းလင်းစွာမြင်လိုက်ရသည်။ ထိုလူက အရပ်ရှည်ပြီးသန်မာပုံရသော လူအိုကြီးတစ်ဦးဖြစ်သည်။သူက အသက်ကြီးနေသော်လည်း ဖြောင့်ဖြောင့်တန်းတန်းရပ်နေနိုင်သည်။
     
      သူ အကြည့်များမှ စိတ်အားထက်သန်မှုက သတ်လတ်ပိုင်းလူများထက်ပင် သာလွန်နေသည်။
     
      ချူဖုန်း ဘေးနားမှ လျှိုရှန်းအာ ကထိုလူကိုမှတ်မိသွားကာ ဝမ်းသာအားရပင်
     
      "ဟွာရှနဂါးတပ်ဖွဲ့ ရဲ့ စဦးတည်ထောင်သူသုံးယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ယဲ့ချင်ထျန်း ၊ မာစတာယဲ့ တကယ်သူပဲ"
     
      ချူဖုန်း၏ နားမလည်သောအကြည့်ကိုတွေ့လိုက်ချိန်တွင် လျှိုရှန်းအာ က ကမန်းကတန်းရှင်းပြလိုက်သည်။
     
      "ဒါက ဟွာရှ အစိုးရက ဖွဲ့စည်းထားတဲ့ ထူးခြားဆန်းကြယ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့အစည်း ဖြစ်တဲ့ ဟွာရှနဂါးတပ်ဖွဲ့ ၊ တည်ထောင်သူ သုံးယောက် လုံးက အရမ်းစွမ်းအားကောင်သလွန်းတယ်၊ချူဖုန်း နင်တော့ အကယ်ခံရပြီ"
     
    ချူဖုန်းက သူ့မျက်လုံးများကိုသာလှိမ့် လိုက်သည်။ သူကပြောပြချင်သည်။
     
      ငါ့ကို ကယ်ပေးဖို့ သူ့ကို မလိုပါဘူးဟ။

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now