81-82

46 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (81) ရှေးခေတ်သိုင်းပညာရှင်များ

      ချူဖုန်းက ထိုလူငယ်ပြောသောစကားကိုကြားလိုက်ချိန်တွင်မျက်ခုံးပင့်သွားသည်။

    ဝေရှောင်ကော?  ကပ္ပတိန်ဝေလား

      ချူဖုန်းက စိတ်ဝင်တစားဖြင့် ထိုနှစ်ယောက်အားကြည့်လိုက်မိသည်။ထိုနှစ်ယောက်၏ခန္တာကိုယ်မှ ဝိညာဥ်စွမ်းအင်များ ကိုအာရုံခံမိလိုက်သည်။

       ထိုလူငယ်က အဆင့် D ကိုပင်ရောက်နေသည်။ချူဖုန်းနှင့်မယှဥ်နိုင်သော်လည်းပါရမီရှင်တစ်ယောက်ဟုခေါ်၍ရသည်။

       ထို့ပြင် ချူဖုန်းက ထိုလူငယ်ဆီမှ ဝိညာဥ်စွမ်းအင်အပြင်တခြားစွမ်းအားတစ်ခုကိုအာရုံခံမိလိုက်သည်။

        အတွင်းအား

        ချူဖုန်းက လူငယ်အားအနည်းငယ်စိတ်ဝင်စားသွားသည်။အတွင်းအားက ရှေ့ခေတ်သိုင်းပညာရှင်များ၏စွမ်းအင်တစ်ခုဖြစ်သည်။ထိုလူငယ်လေးတွေကနောက်ခံတောင့်တင်းမည့်ပုံပင်။

    လူငယ်၏ပုံစံက မာနကြီးလွန်းပြီး တလောကလုံးသူ့လုပ်စာစားနေရသလိုမျိုးပင်။မိန်းခလေးကတော့အနည်းငယ်ထိန်းသိမ်းသော်လည်းသူမ၏မာနကိုချူဖုန်းခံစားမိသည်။

     ဖြစ်နိုင်သည်က ထိုလူငယ်နှစ်ယောက်က ရှေးဟောင်းသိုင်းပညာရှင်များမိသားစုတစ်ခုခုကဆင်းသက်လာခြင်းဖြစ်ပုံရသည်။ရှေးခေတ်ကိုယ်ခံပညာကလျှို့ဝှက်ပြီးလူနည်းစုသာလေ့ကျင့်ကြသည်။လေ့ကျင့်သူများက ငယ်ငယ်ထဲကပင် လေ့ကျင့်ရေးနည်းလမ်းများကိုအမွေဆက်ခံကာလေ့ကျင့်ကြရသည်။

        အတွင်းအားကြောင့် သူတို့က ရေပေါ်လမ်းလျှောက်ခြင်း ၊နံရံပေါ်ခုန်တက်ခြင်းစသည့်အသေးအဖွဲလေးတွေကိုလုပ်ဆောင်နိုင်ကြသည်။

     နိုင်ငံတော်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကြောင့်ထိုလူများကိုဖိနှိပ်ခဲ့သဖြင့်လူသိပ်မသိကြပေ။သိုင်းပညာရှင်များက တောတောင်များထဲတွင်သာနေထိုင်ကြသည်။ထူးခြားသောနေရာများမှလောကအဆီအနှစ်ကိုစုပ်ယူ၍အတွင်းအားကျင့်ကြံရန်နေထိုင်ကြသည်။

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now