ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (125) ငါ့နောက်လိုက်တဲ့လူတွေက ချမ်းသာကြွယ်ဝမှုကိုရမယ်၊ ငါ့ကို ဆန့်ကျင်တဲ့လူတွေကသေရမယ်
ချူဖုန်းက လင်းရီ ၏ စိန်ခေါ်မှုကိုလျစ်လျူရှုထားလိုက်ပြီး ကောင်းကင်ကိုသာကြည့်နေခဲ့သည်။တခြားလူတွေက ကူကယ်ရာမဲ့စွာ ချူဖုန်းကြည့်နေသည့်ဆီသို့ကြည့်လိုက်ကြသည်။
လေထုထဲတွင်ရှိနေသော ကောင်းကင်လှေကားထစ်က ရွှေရောင်အလင်းများတောက်ပနေသည်။တစ်ယောက်မှ ဘာတွေဖြစ်နေမှန်းမသိကြပေ။
နောက်အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခုက ကျဆင်းလာကာ 10 ဆင့်မြောက်လှေကားထစ်ကို ရွှေရောင်အလင်းများနှင့်ဖုံးလွှမ်းသွားသည်။ ထို့နောက်နှစ်ယောက်တစ်အုပ်စုခွဲကာလွှမ်းခြုံလိုက်သည်။
လီဖန်း နှင့်လီချန်ဖုန်း
ပါ့ချွမ် နှင့် ပိုင်ကျစ်ယွမ်
ရွှမ်ချန်ကာဇီ နှင့် လင်းစန်
ချူဖုန်း နှင့် နီချင်းကန်
လင်းရီနှင့် လျှိုရှန်းအာ စသည်ဖြင့်ခွဲခြားလိုက်သည်။
"ချီးပဲ ၊ နှမြောဖို့ကောင်းလိုက်တာကွာ"
ချူဖုန်း က လူစာရင်းကိုမြင်လိုက်ချိန်တွင် အနည်းငယ်စိတ်ဓာတ်ကျသွားသည်။ သူက လင်းရီနှင့်တိုက်ချင်သလို လင်းရီကလည်း သူနှင့်တိုက်ချင်နေသည်။
သို့သော်လည်း ကောင်းကင်လှေကားထစ်တွင် ကိုယ်တိုက်ချင်သောလူနှင့်တိုက်ခွင့်မရပေ။ ဟန်ချက်ညီနေစေရန်ကောင်းကင်လှေကားထစ်က အကျွမ်းကျင်ဆုံးပညာရှင်နှစ်ဦးကို စလာတည်း က ထိပ်တိုက်မတွေ့ဆုံစေခဲ့ပေ။
ဆိုလိုချင်သည်မှာ နှစ်ယောက်တစ်တွဲယှဥ်ပြိုင်ပြီး တစ်ယောက်ထွက်ရလိမ့်မည်။ ဒါက စစ်ဆေးပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ ချူဖုန်းက ကောင်းကင်လှေကားထစ် ၏ လုပ်ဆောင်ပုံကိုသိသည်။ ထို့ကြောင့်လည်း သူက လင်းရီကို သောက်ရူးဟုပြောခဲ့ခြင်းဖြစ်သည်။
ခဏအကြာတွင် ရှေးဟောင်းဝိညာဥ်၏ အသံကိုကြားလိုက်ကြရသည်။
"တူညီတဲ့နေရာမှာ လူနှစ်ယောက်တိုက်ခိုက်ရမယ်၊ အဲ့မှာ နတ်ဆိုးတွေအများကြီးရှိပြီးတော့ ပါဝင်တဲ့လူနှစ်ယောက်က နတ်ဆိုးတွေကိုလည်း သတ်ရမယ့်အပြင် ပြိုင်ဘက်ကိုလည်း ရှုံးနိမ့်အောင်လုပ်ရမယ်၊ နိုင်တဲ့လူက နောက်တစ်ဆင့်တက်ခွင့်ရမယ်"
"ဘာလဲဟ"
လင်းရီက ချူဖုန်းကိုမတိုက်နိုင်ကြောင်းသိလိုက်ရချိန်တွင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူက ချူဖုန်းကိုတိုက်ခိုက်ရန်ပြင်ဆင်ပြီးနေမှ မတိုက်ရတော့ဘူးတဲ့လား ၊ လက်မခံနိုင်သလိုခံစားလိုက်ရသည်။
ချူဖုန်းကတော့ လင်းရီဘာတွေးနေလဲဆိုတာကို ဂရုမစိုက်တော့ပေ။နောက်ခဏတွင်းချင်းပဲ တိုက်ပွဲက စတင်ဖြစ်ပေါ်လာခဲ့သည်။
ရွှေရောင်အလင်းတန်းများကြားက လူသားပုံစံ သတ္တဝါများထွက်ပေါ်လာခဲ့သည်။သူတို့က အနက်ရောင်ဝတ်ရုံကိုလွှမ်းခြုံထားပြီး တံစဥ်နက် တစ်ချောင်းကိုကိုင်ထားကြသည်။ သူတို့၏ မျက်နှာများက ပုံပျက်ပန်းပျက်နှင့်တွန့်လိမ်နေသည်။
ထိုကောင်တွေ အကုန်လုံးက အဆင့် C များသာဖြစ်သော်လည်း အရေးကြီးဆုံးက အရေအတွက်များနေခြင်းပင်။
ဒါက ပါဝင်ယှဥ်ပြိုင်သူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီးသူတို့သာသတိမထားမိပါက နတ်ဆိုးများ၏ဝန်းရံခြင်းကိုခံရနိုင်သည်။ထို့နောက်သူတို့က သေသွားနိုင်သည်။
နတ်ဆိုးမျိုးနွယ်
ချူဖုန်းက ကြည့်လိုက်သည်။ ထိုကောင်တွေက ရှေးခေတ်က လူသားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်မှ လူများကိုဖမ်းဆီးကာ အဟွာဟ ဝိဝါဟ လုပ်ပြီးမွေးဖွားလာသောကောင်များဖြစ်သည်။
ထိုကောင်တွေက နတ်ဆိုးများထက်လူသားများကိုပို၍မုန်းတီးကြသည်။ သူတို့က လူသားများကြောင့် ဒီလိုမျိုးဖြစ်လာသည်ဟုထင်မှတ်ကြသည်။
တစ်ခြားတစ်ဖက်တွင် နီချင်းကန် ကရုပ်ဆိုးသောအကောင်များကို တွေ့လိုက်ရသောကြောင့် အမူအရာပြောင်းသွားခဲ့သည်။သူမက ထိတ်လန့်သွားသောကြောင့် သူမရင်ဘတ်ကိုပင် သူမလက်ဖြင့်ဖိလိုက်မိသည်။
ဒါကိုမြင်တော့ ချူဖုန်းက ရယ်ချင်လာပြီးပြုံးစိစိဖြစ်သွားသည်။
"မင်းကိုပထမဆုံးတိုက်ခွင့်ပေးလိုက်မယ်၊ အဲ့လိုမှမဟုတ်ရင် မင်းဘာမှ လုပ်ခွင့်ရတော့မှာမဟုတ်ဘူး"
သူမကိူ တစ်စုံတစ်ယောက်နှိမ်ချကာပြောနေသောကြောင့်နီချင်းကန် ကမကျေမနပ်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ချူဖုန်း၊ သားရဲတွေကိုအမြန်ဆုံးသတ်နိုင်လို့ နင့်ကိုနင်အတော်ဆုံးထင်မနေနဲ့ ၊ ငါ့မှာ မသုံးရသေးတဲ့ ဝှက်ဖဲတွေအများကြီးပဲ"
ချူဖုန်းက နီချင်းကန်၏ ဦးနှောက်မရှိသောပုံစံကိုကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာခေါင်းခါလိုက်မိသည်။
အဲ့လောက်ဥာဏ်ရည်နဲ့ သူမက ဖုန်းလိုင်မြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဘယ်လိုဖြစ်လာမှန်းသူမသိတော့ပေ။ သူမအပြင် တကယ်တော်သောလူများ ဖုန်းလိုင်မြင့်မြတ်နယ်မြေတွင်မရှိတော့သလားမသိပေ။
တူညီသောအချိန် ၊ တခြား ရွှေရောင်အကာအကွယ်လွှာအတွင်း
လင်းရီ vs လျှိုရှန်းအာ
သူတို့နှစ်ယောက်က ခွန်လွန်မြင့်မြတ်နယ်မြေ တွင် အတူတကွကြီးပြင်းလာသောကြောင့်တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးကြသည်။
လင်းရီက သူ့ရှေ့မှ လှပသောကောင်မလေးကိုကြည့်ကာ သူ့မျက်လုံးများတွင် လိုချင်တပ်မက်သော အရိပ်အယောင်များထွက်ပေါ်လာသည်။
သိူ့သော်လည်း သူက ချက်ချင်းပင် ထိုဆန္ဒကိုသူ့နှလုံးသားထဲတွင် အမြန်သိမ်းဆည်းလိုက်ပြီး အပြုံးတစ်ခုအားသူ့မျက်နှာထက်တွင် ဆင်မြန်းလိုက်သည်။
"ရှန်းအာ ၊ ငါစရောက်တည်းက မင်းကိုလာတွေ့ဖို့အချိန်မရှိခဲ့ဘူး၊ ငါဂရုမစိုက်မိသလိုဖြစ်သွားတယ်၊ ငါ့ကို စိတ်မဆိုးပါနဲ့နော်"
လျှိုရှန်းအာ ကအေးဆေးစွာပင်
"အကိုလင်းရီ ၊ ငါတို့အရင်ပြိုင်ရအောင်၊ အချိန်တွေကြာလာရင် နတ်ဆိုးတွေ ပိုပြီးများလာ လိမ့်မယ်"
လင်းရီ၏ အပြုံးများက အေးခဲသွားကာ သူကရှက်ရွံ့စွာဖြင့်
"ဟုတ်ပြီ ၊အော်ဒါနဲ့ရှန်းအာ ငါဒီကိုမလာခင်တုန်းက မဟာအကြီးအကဲက ငါ့ကိုခေါ်တွေ့တယ် ၊ ငါတို့နှစ်ယောက်ကမငယ်တော့ဘူးတဲ့ ၊ အဆင့်အတန်းလည်း တူညီတယ်တဲ့ ၊ ဒါကြောင့်မို့လို့ သူက မင်းနဲ့ကိုယ့်ကို လက်ထပ်ပေးချင်တယ်တဲ့"
"ဘာကြီး"
လျှိုရှန်းအာ၏ တည်ငြိမ်မှုက ပထမဆုံးအကြိမ်လှုပ်ခတ်သွားသည်။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်နေသည်။
"မဖြစ်နိုင်ဘူး နင်လိမ်နေတာ၊ ငါတစ်ခါမှ မဟာအကြီးအကဲပြောတာမကြားဖူးဘူး"
လင်းရီက ရေးတေးတေးလေးပြုံးလိုက်ကာ
"ငါတို့ မဂ်လာပွဲက ငါတို့ဆုံးဖြတ်ရမှာမဟုတ်ဘူး ၊ မဟာအကြီးအကဲသာ ဆန္ဒရှိရင် ဂျူနီယာတွေကိုမေးဖို့ လိုလို့လား"
"မဟုတ်ဘူး ၊ ငါလုံးဝသဘောမတူဘူး"
လျှိုရှန်းအာ ၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားသည်။ မဟာအကြီးအကဲက ထိုသို့ပြောနိုင်ကြောင်းကိုသူမ၏ မသိစိတ်ကပြောပြနေသည်။
ခွန်လွန်မြင့်မြတ်နယ်မြေတွင် သူမတို့မိသားစုနှစ်စုလက်ထပ်ဖို့က မဖြစ်နိုင်တာမဟုတ်ပေ။သို့သော်လည်း သူမက လင်းရီပေါ်တွင် ဘာခံစားချက်မှရှိမနေပေ။
သူမကသူ့ကိုအထင်လည်းမကြီးသလိုအထင်လည်းမသေးပေ။ သူမတို့နှစ်ယောက်က သူစိမ်းသက်သက်သာဖြစ်သည်။ ထို့ကြောင့်သူစိမ်းတစ်ယောက်နှင့်လက်ထပ်ရန်က မဖြစ်နိုင်ပေ။
လျှိုရှန်းအာ၏ ပြတ်သားသော သဘောထားကြောင့် လင်းရီ မျက်မှောင် ကြုတ်သွားသည်။
" ရှန်းအာ ရှုပ်ထွေးအောင်မလုပ်ချင်နဲ့ ၊ ငါ့အဘိုးက အဘိုးလျှို ဆီမှာ ငါတို့ လက်ထပ်ဖို့ကိုသွားပြောနေပြီ၊ မင်စလက်ခံလိုက်တာနဲ့ ငါတို့မိသားစုနှစ်စုက အင်အားပိုကောင်းလာလိမ့်မယ်၊ အနာဂတ်မှာ ခွန်လွန်မြင့်မြတ်နယ်မြေက ငါတို့တွက်ပဲ"
လျှိုရှန်းအာက အသက်ပြင်းပြင်းရှုလိုက်ပြီးသူမခေါင်းကို ခါယမ်းလိုက်သည်။
"အကိုကြီးလင်းရီ ၊ ဒါက ငါ့အတွက်ရုတ်တရက်ကြီးဖြစ်သွားတာမို့လို့ ငါလက်မခံနိုင်ဘူး၊အကိုလင်းရီက အရမ်းထူးချွန်လွန်းတယ် အဲ့ဒါကြောင့်မို့လို့ရှန်းအာနဲ့ မတန်ပါဘူး
မဟာအကြီးအကဲကို သူ့အမိန့်ပြန်ရုတ်သိမ်းပေးဖို့ပြောပေးမယ်လို့ ငါမျှော်လင့်ပါတယ် အကိုကြီးလင်းရီ"
"ရူးလိုက်တာ၊ မဟာအကြီးအကဲက ဘယ်လိုလူမျိုးလဲ၊ သူက သူ့စကားကို ဘယ်လိုပြန်ရုပ်သိမ်းနိုင်မှာလဲ"
လင်းရီ၏ ထိန်းချုပ်ထားသော စိတ်ခံစားချက်များက အထွဋ်အထိပ်သို့ရောက်သွားခဲ့ပြီ၊ သူကအလွန်ပင်ဒေါသထွက်နေခဲ့သည်။
သူက လျှိုရှန်းအာ ကိုမကြိုက်ပေ။ သူမ ကိုပိုင်ဆိုင်ချင်သည့် စိတ်သာရှိသည်။ အဓိက ကတော့ လျှိုရှန်းအာနောက်ရှိ အဖွဲ့၏ အထောက်အပံကို ရယူလိုခြင်းသာဖြစ်သည်။ထို့ကြောင့်လည်းသူက လျှိုရှန်းအာကို ချဥ်းကပ်နေမိခြင်းဖြစ်သည်။
ထို့ကြောင့်လည်းသူက မဟာအကြီးအကဲ လက်ထပ်ပွဲအကြောင်းပြောချိန်တွင် ထောက်ခံခဲ့ခြင်းဖြစ်သည်။ သူထင်ထားသည့်အတိုင်းဆိုလျှင်အရာအားလုံးက အဆင်ပြေနေခဲ့သည်။
လျှိုရှန်းအာနှင့်သူက အရမ်းရင်းနှီးခြင်းမရှိသော်လည်း သူမက သူ့ကိုမမုန်းခဲ့ပေ။ဒါပေမယ့်လည်း ချူဖုန်းပေါ်လာသည့်အချိန်မှစ၍ သူ့အတွက်အရာအားလုံးက အဆင်ပြေမနေတော့ပေ။
လျှိုရှန်းအာကလည်း သူ့အပေါ်သဘောထားများပြောင်းပြီးငြင်းဆန်နေခဲ့သည်။ ထိုအခိုက်အတန့်လေးမှာတော့ သူသည်းမခံနိုင်တော့ပေ။
သူကအရူးတစ်ယောက်လိုအော်ဟစ်မိချင်သွားသည်။ ဘာမှမပြောပဲနေရင် သူတကယ်ရူးသွားမှာကြောက်မိနေသည်။
"ရှန်းအာ ၊ မင်းဘာလို့ ငါ့အပေါ်အမြဲတမ်း အဲ့လိုသဘောထားနေရတာလဲ ၊ ငါကမင်းနဲ့ ဘယ်နေရာမှာများမထိုက်တန်တာရှိလို့လဲ
မင်းက သူစိမ်းတစ်ယောက်အတွက် ကျတော့အကြီးအကဲမို ကိုပြန်ပြောပြီး ငါ့ကိုကျမှ ဘာလို့ စကားမပြောနိုင်ရတာလဲ
မင်းက ခွန်လွန်ရဲ့ သူတော်စင်မ မင်းက ငါ့အနားမှာပဲရှိသင့်တာ ၊ ချူဖုန်းနားမှာမဟုတ်ရဘူး ၊ နားလည်လား"
" လင်းရီ ၊ ငါ့ကိုမစော်ကားနဲ့ ၊ ချူဖုန်းကို ကူညီတာက သက်သက်တစ်ခုပဲ"
လျှိုရှန်းအာ၏ အသံက အေးစက်လာသည်။
"ဟားးး အကြီးအကဲမို ပြောတာမှန်တယ် ၊မင်းက သစ္စာဖောက်မ"
လင်းရီ က ရှုံ့ချလိုက်သည်။ သူကရုတ်တရက် စိတ်ထဲတွင်မကောင်းသောအကြံများထွက်ပေါ်လာသည်။သူတီးတိုးရေရွတ်လိုက်သည်။
"အဲ့ခွေးမသားချူဖုန်းက မင်းကိုတော်တော် စွဲလန်း နေတဲ့ပုံပဲ ၊ ငါသာမင်းကို ဒဏ်ရာရအောင်လုပ်လိုက်ရင် သူဒေါသထွက်သွားမလား"
လင်းရီက အရူးတစ်ယောက်လိုအော်ရယ်လိုက်မိသည်။ သူကတကယ်ရူးသွားသည့်ပုံပင်။
"ငါ ချူဖုန်း ဒေါသထွက်ပြီး ကူကယ်ရာမဲ့နေတာကိုမြင်ဖို့မျှော်လင့်မိတယ်"
လျှိုရှန်းအာ ၏လှပသောမျက်လုံးများက တဖြည်းဖြည်းအေးစက်လာခဲ့သည်။
"လင်းရီ နင်ရူးနေပြီ"
ပြောပြီးပြီးချင်း လင်းရီ၏ ခန္တာကိုယ်မှ အားကောင်းလာသောစွမ်းအားတစ်ခုထွက်ပေါ်လာသည်။ သူကရှေ့သို့ အရှိန်နှင့်ပြေးသွားလိုက်ပြီး လျှိုရှန်းအာ ၏ သေးသွယ်သောလည်ပင်းအား ဆုပ်ကိုင်ကာ အပေါ်သို့မြှောက်လိုက်သည်။
လင်းရီ၏ အရှိန်ကမြန်လွန်းသောကြောင့် လျှိုရှန်းအာ ဘာမှမလုပ်နိုင်လိုက်ပေ။
"အဟွတ် အဟွတ်"
လျှိုရှန်းအာက လွတ်မြောက်ရန်ကြိုးစားလိုက်သော်လည်းလင်းရီ၏ စွမ်းအားကိုမယှဥ်နိုင်ခဲ့ပေ။
အသက်ရှုမဝသော လျှိုရှန်းအာကိုကြည့်ကာ လင်းရီ ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြစ်ပေါ်လာခဲ့သည်။
"ဟ ဟ ဟုတ်တယ်ငါရူးနေပြီ ၊ ငါမေ့နေတာ ငါကမင်းဆီက ဘာလို့သဘောတူညီချက်လိုမှာလဲ ၊ မဟာအကြီးအကဲသာပြောရင် မင်းမိသားစုက ငြင်းနိုင်မှာတဲ့လား ၊ အနှေးနဲ့အမြန်မင်းကငါ့မိန်းမဖြစ်လာမှာပဲ ၊အဲ့တော့မှ ငါမင်းကိုကောင်းကောင်းပြုစုပေးမယ်"
လင်းရီကပြောရင်းပတ်ဝန်းကျင်အားကြည့်လိုက်သည်။ သူက အုပ်စုဖွဲ့နေသောနတ်ဆိုးများအားတွေ့လိုက်ချိန်တွင် ရုတ်တရက်ရယ်မောလိုက်ကာ
"ညီမရှန်းအာ ငါ့မှာ အစကတော့ မင်းကို ဒုက္ခရောက်စေချင်တဲ့စိတ်မရှိဘူး၊ ဒါပေမယ့် မင်းက ခေါင်းမာလွန်းတော့ ငါစိတ်အနှောက်အယှက်ဖြစ်သွားပြီ ၊ ငါတို့စကားပြောနေတဲ့အချိန် နတ်ဆိုးတော်တော်များများတောင်ရှိနေပြီပဲ ၊ ငါသာမင်းကို နတ်ဆိုးတွေကြားထဲ ပစ်ချပေးလိုက်ရင် မင်းအထီးကျန်တော့မှာမဟုတ်ဘူးပေါ့ ဟီးးးးးး"
သူကပြောပြီးသည်နှင့် လျှိုရှန်းအာကို နတ်ဆိုးများကြားထဲသို့ပစ်ချလိုက်သည်။ သူကမနီးမဝေးတွင်ရပ်ပြီး ထိုမြင်ကွင်းအားကြည့်နေခဲ့သည်။
ဒီအခိုက်အတန့်တွင် လင်းရီ ၏ ရယ်မောသံက နတ်ဆိုးတစ်ကောင်ဝင်ပူးနေသကဲ့သို့ကြောက်စရာကောင်းလွန်းလှသည်။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းကတိတ်ဆိတ်သွားကာ သူတို့နှလုံးသားထဲမှ ကြောက်လန့်သွားခဲ့ကြသည်။
သူက တကယ်ပဲ ခွန်လွန်ရဲ့ နှိမ့်ချတက်တဲ့သူတော်စင်ကလေးလားးး?
ဒီအခိုက်အတန့်တွင် လင်းရီ ကချူဖုန်း၏ အရိပ်မိုးခံရခြင်းမှ လုံးဝလွတ်မြောက်သွားပုံရသည်။ သူက
"ဟီးးးး ငါဟန်ဆောင်ထားတာကို ခွာချရတဲ့ ခံစားချက်ကိုကြိုက်တယ်၊ ငါ့နာမည်က လင်းရီ ၊ ငါ့နောက်ကို လိုက်တဲ့လူတွေက ချမ်းသာကြွယ်ဝမှုကိုရလိမ့်မယ် ငါ့ကိုဆန့်ကျင်တဲ့လူကသေရမယ် "
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Aventuraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...