113-114

45 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (113) ငါ့ပြိုင်ဘက်ဖြစ်ဖို့မထိုက်တန်တော့ဘူး

     အမှန်အတိုင်းပြောရလျှင် သူ့အရင်ဘဝက ရန်သူတော်ကြီးနှင့်တွေ့ရချိန်တွင် ချူဖုန်းနှလုံးသားတစ်ခုလုံးက ရှုပ်ထွေး ၍ နေသည်။
    
     သူက ဓားကိုထုတ်ကာသတ်လိုက်ချင်သော်လည်း အချိန်မတန်သေးပေ။လင်းရီ ၏ခွန်အားကသူ့အတွက်စာမဖွဲ့လောက်ပေ။ ချောက်နက်ထဲတွင်ဘယ်လောက်တိုးတက်လာလာ ဂရုစိုက်စရာမလို။
    
     ဒါပေမယ့်လည်း အဘိုးကြီး ကလင်းရီဘေးတွင်ရှိနေသည်။ထိုအဘိုးကြီးကို ချူဖုန်း က လေးလေးနက်နက်ကြည့်လိုက်မိသည်။
    
     စောနက ထွက်ပေါ်လာသော အရှိန်အဝါနှင့် ခွန်လွန်မှအဘွားကြီး ၊ လို့ဟန်တောင်မှ တာအိုဆရာတို့၏ အမူအရာအရ ထိုလူကသန်မာကြောင်းကိုပြောနိုင်သည်။
    
     အဆင့် 8 အတွင်းအား ပညာရှင်တစ်ယောက်က ဝိညာဥ်အသွင်ပြောင်းလဲခြင်း အဆင့်နှင့်နှိုင်းယှဥ်နိုင်သည်။ထို ကတုံးကြီးဘယ်လောက်သန်မာလဲဆိုတာတော့တိုက်ကြည့်မှသာသိလိမ့်မည်။
    
     ဒါပေမယ့် ချူဖုန်းက ဝိညာဥ်အသွင်ပြောင်းလဲခြင်း နဝမအဆင့် ကိုပင်မကြောက်ပေ။သူကတစ်ယောက်ထဲမဟုတ်ပေ။
    
     သူ့ထံတွင်စွမ်းအားကြီးသော အိမ်မက်မြူခိုးသားရဲဘုရင် နှင့် ရှေးခေတ်ဘိုးဘေးနဂါးတို့ရှိသည်။သူတို့ သုံးယောက်ပေါင်းလိုက်ပါက ဝိညာဥ်အသွင်ပြောင်းလဲခြင်း နဝမ အဆင့်ကိုပင် သတ်ပစ်နိုင်သည်။
    
     ထိပ်ပြောင်သောသူက အတွင်းအား အဆင့် ရှစ် ၏ အထွဋ်အထိပ်ကိုပင်မရောက်သေးသည့်ပုံပင်။
    
     ဒါကချူဖုန်းမတိုက်ရသောအကြောင်းအရင်းထဲမှတစ်ခုသာဖြစ်သည်။ နောက်တစ်ခု ကတော့ သူ့အတွက်အရေးပါလှသည်။
    
     ဒီနေ့က ဟွာရှသိုင်းပညာတက္ကသိုလ် ၏ဝင်ခွင့်စစ်ဆေးပွဲနေ့ဖြစ်သည်။ သူ့အရင်ဘဝက သူကျင့်ကြံခြင်းစတင်ရာနေရာလည်းဖြစ်သည်။ထို့ကြောင့်ပင် ချူဖုန်းက ဖျက်လို ဖျက်ဆီးမလုပ်လိုပေ။
    
     ပြောရရင် ဟွာရှ ကသူ့ရေသောက်မြစ်ဟုပြော၍ရသည်။ သူ့မိဘများနှင့် သူငယ်ချင်းများ၏ ဆွေမျိုးများစွာနေထိုင်သောနေရာတစ်ခုဖြစ်၍ သူကာကွယ်ပေးချင်သောနေရာလည်းဖြစ်သည်။
    
     ချောက်နက်ကြီးပေါ်လာချိန်တွင် တစ်ကမ္ဘာလုံးကတစ်သားတည်းဆိုသော်လည်း ဘယ်သူကမှ ကိုယ့်နိုင်ငံကိုစစ်မြေပြင် မဖြစ်စေလိုကြပေ။ နိုင်ငံအပြင်ဘက် နယ်စပ်တွင်သာစစ်ဖြစ်လိုကြသည်။
    
     အကြောင်းပြချက်အမျိုးမျိုးကြောင့် သာချူဖုန်းက သူ့ဓားကိုဆွဲမထုတ်ခဲ့ခြင်းဖြစ်သည်။ဒါပေမယ့် သူတို့နှစ်ယောက် ချောက်နက်ထဲတွင်တွေ့သည့်အချိန်က ထိုကောင်သေနေ့စေ့သောအချိန်ဖြစ်လိမ့်မည်။
    
     ချူဖုန်းက သတ်လိုစိတ်ကိုသူ့နှလုံးသားထဲတွင်သာထားလိုက်ပြီးမျက်ခုံးပင့်လိုက်မိသည်။ ခုချိန်မှသာ စစ်ဆေးပွဲက ပိုစိတ်ဝင်စားစရာကောင်းလာပြီဟုထင်မိသည်။
    
     သူ့အရင် ဘဝက လင်းရီ က မရေတွက်နိုင်သောလူများ၏ အာရုံစိုက်မှုကိုရယူနိုင်ခဲ့ပြီး ထွန်းလင်းစ လမင်းကြီးလိုတောက်ပခဲ့သည်။
    
     သူက ထိုအခွင့်အရေးကိုအရယူကာ ကျွမ်းကျင်သူများကိုစုစည်းပြီး ကိုယ်ပိုင်တပ်ဖွဲ့ ဖွဲ့ရန် အခြေခံအုတ်မြစ်ချခဲ့သည်။
    
     ယခုဘဝတွင်တော့ သူဆိုသည့် ချူဖုန်းရှိသည်။လင်းရီက အရင်ဘဝက လို သူ့ဒဏ္ဍာရီ ကိုရေးထိုးနိုင်ပါ့မလား၊ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကိုရယူနိုင်ပါ့မလား။
    
    တကယ်လို့သာ ခုချိန်မှာသူဖျက်ဆီးလိုက်ရင် အရင်ဘဝက လင်းရီ လက်တစ်ဖက်နဲ့တည်ထောင်ခဲ့တဲ့ သစ္စာတရားမဟာမိတ်က ပေါ်လာနိုင်ပါ့မလား၊ ချောက်ထဲက နတ်ဆိုးတွေနဲ့ ကျွမ်းကျင်သူတွေကိုတုန်လှုပ်စေခဲ့တဲ့ မဟာမိတ်က ဖြစ်လာနိုင်ပါ့မလားဆိုတာသိချင်မိသည်။
   
    ဘာလဲ သစ္စာတရားမဟာမိတ် ၊ဘယ်လိုနာမည်ကြီးလဲကွာ။ချူဖုန်းက ထိုနာမည်အားပြန်လည်သတိရမိသွားသည်။
   
    သူ့အရင်ဘဝက သူလည်း ထို အဖွဲ့၏ ဒုခေါင်းဆောင်များထဲမှတစ်ယောက်ဖြစ်သည်။ လင်းရီက သူ့ကိုသစ္စာဖောက်ဟုခေါ်ဆို၍ အဖွဲ့ထဲမှနှင်ထုတ်ခဲ့သည်။
   
    ထိုလူက သူ့ကိုနတ်ဆိုးများနှင့်ပူးပေါင်းခဲ့သည်ဟုကြေညာခဲ့သည်။ ထိုအချိန်က ချူဖုန်းက ထွက်ပြေးနေဆဲဖြစ်သောကြောင့်သေချာတော့မသိပေ။
   
    နတ်ဆိုးများနှင့်ပူးပေါင်းခြင်းက ကမ္ဘာကြီးတစ်ခုလုံး၏ ရန်သူဖြစ်သည်။ ထို့ကြောင့်ပင်အမှန်တရားဘက်တော်သားများဟု ဆိုနေသော အကောင်များက သေချာမစူးစမ်းပဲ လင်းရီ၏ နောက်လိုက်ခွေးများလို ဖြစ်လာကြသည်။ချူဖုန်းပုန်းခိုနေ၍ပင်မရခဲ့ပေ။
   
    အချိန်အနည်းငယ်ကြာမှ ချူဖုန်းက အတိတ်ပုံရိပ်များထဲက ပြန်လည်နိုးထလာသည်။သူက လင်းရီကိုတိုက်ရိုက်ပင်ကြည့်လိုက်သည်။သူ့ကိုသတိထားမိသွားမှာကိုမစိုးရိမ်ပေ။ သူ့ လင်းရီကို ပစ်မှတ်ထားနေကြောင်းဘယ်သူမှတွေးမိမှာမဟုတ်ပေ။
   
       ထိုအချိန်မှာတော့ လင်းရီ က လူတိုင်းကို ပြုံးပြကာ နှုတ်ဆက်နေသည်။ သူ့ပုံစံက ရင်းနှီးဖွယ်ကောင်းကြောင်း ၊ ချဥ်းကပ်ရန်လွယ်ကူကြောင်းကိုပြသနေသည်။
      
       (မင်းကအရင်တုန်းကလို ကြောင်သူတော်ဖြစ်နေတုန်းပဲ)
      
       ထိုစကားချိုချိုလေးနှင့်အပြုံးများကြောင့် အရင်ဘဝက သူနှင့် လျှိုရှန်းအာ ခံလိုက်ရခြင်းဖြစ်သည်။
      
       လင်းရီက အချိန်အတော်ကြာနှုတ်ဆက်ပြီးနောက်တွင် ရွှေရောင်စက်ဝိုင်းဆီသို့ လျှောင်လှမ်းသွားလိုက်သည်။ ထိူ့နောက်သူက ပြုံးလိုက်ကာ
      
       "ငါအပြင်မှာ ကြီးမားတဲ့ မျက်နှာပြင်တစ်ခုကိုတွေ့ခဲ့တယ်၊ ငါကမ္ဘာပေါ်မှာ ရက်နည်းန်ညးလောက်မရှိတဲ့အချိန်အဆင့် C အများကြီးပေါ်လာတာတွေ့တော့ အရမ်းပဲဝမ်းသာပါတယ် ၊ ငါကလူတိုင်းကို စည်းစည်းလုံးလုံးနဲ့အတူတကွ တိုးတက်လာစေချင်ပါတယ်"
      
       လင်းရီ၏ အသံက မကျယ်သော်လည်း အားကစားကွင်းအနှံသို့ပျံလွင့်သွားသည်။
      
       "ဘာလဲကွာ ၊ သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ ၊သူပြောတာက မသိရင် အကြီးတစ်ယောက်က ဂျူနီယာတွေကို အားပေးနေတဲ့လေသံကြီးနဲ့"
      
       "ဟုတ်တယ် ၊သူက ဟွာရှရဲ့ နံပါတ်တစ် လူငယ်ဆိုရင်တောင် တစ်ခြားလူတွေကို နှိမ်ချလို့မရဘူးလေ၊ ခုတော့ သူက အကုန်လုံးကိုအထင်သေးနေသလိုပဲ"
      
       "သူက အဆင့် C နှောင်းပိုင်းတောင်မရောက်သေးဘူး အဲ့လိုပြောဖို့ သူ့ ဘယ်ကယုံကြည်ချက်ရတာလဲ"
      
       ပတ်ဝန်းကျင်မှ လူတွေ၏ စကားကိုနားထောင်ရင်း လင်းရီကလှောင်ရယ်လိုက်မိသည်။ ထိုကောင်တွေက တကယ့်ကို ရေတွင်းအောက် ဖားများပင်၊ ကမ္ဘာကြီးဘယ်လောက်ကြီးကြောင်းကိုနားမလည်နိုင်ကြသေးပေ။
      
       ထားလိုက်ပါ ငါကပဲ မင်းတို့ကို မိုးကုတ်စက်ဝိုင်းအလွန်မှာ ဘာရှိလဲပြပေးမယ်။
      
       လင်းရီက သူ့လက်များကိုဆန့်တန်းလိုက်ကာ ဝိညာဥ်စွမ်းအင်များအားထုတ်လွှတ်လိုက်သည်။တစ်ခဏအတွင်း ဝိညာဥ်စွမ်းအင် မုန်တိုင်းက ဖြစ်ပေါ်လာခဲ့သည်။
          
       လင်းရီ၏ ရှေ့ရှိ ရွှေရောင်ကျောက်တိုင် သည် လင်းလက်လာကာ အလင်း နှစ်မီတာကျော်မြင့်မားလေသည်။
      
       "နှစ်မီတာကျော် အဲ့ဒါအဆင့် B ပဲ ၊ သူတကယ် အဆင့်တက်သွားပြီ"
      
       "အိုးးးမိုင်ဂေါ့ ၊ သူ့ရဲ့ လူငယ်မျိုးဆက်တည်းမှာ အသန်မာဆုံးနံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်က ခိုင်မာသွားမှာ ငါစိုးရိမ်မိတယ်"
      
       "ဝိညာဥ်ရွှေစာရင်းရဲ့ နံပါတ် တစ် အဆင့်က ပြန်ပြောင်းဦးမယ်နဲ့တူတယ်"
      
       နီချင်းကန် နှင့်တခြားလူများ၏ မျက်နှာအမူအရာများကပြောင်းလဲသွားခဲ့သည်။ ထိုသူက သူတို့ထက်အရှေ့ကိုရောက်နေပြီဖြစ်သည်။ လူငယ်မျိုးဆက်ထဲတွင်သူနှင့်ယှဥ်ပြိုင်နိုင်မည့်သူရှိပုံမပေါ်တော့ပေ။
      
       လူအုပ်ကြီးက စကားသံများနှင့်ဆူညံနေလေပြီ။လင်းရီအပေါ်သူတို့၏ သဘောထားများက ပြောင်းလဲသွားခဲ့သည်။လင်းရီ ကသူ့ခွန်အားကို သက်သေပြခဲ့သောကြောင့် ထိုသို့သောစကားများကိုပြောပိုင်ခွင့်ရှိနေသည်။
      
       အဆက်မပြတ်ချီးမွမ်းသံများ၊ လေးစားမှုများကို လင်းရီက လိမ္မာပါးနပ်စွာပင်ဆွဲဆောင်သွားခဲ့သည်။
      
       လူပေါင်းများစွာ၏ လေးစားမှုကိုရနေသော လင်းရီကိုကြည့်ကာ ချူဖုန်းက သက်ပြင်းချလိုက်မိသည်။
      
       "မင်းရဲ့အခြေခံအုတ်မြစ်က မခိုင်မာသေးဘူးပဲ ၊မင်းရဲ့ ဝိညာဥ်စွမ်းအင်ကလည်း မတည်ငြိမ်တော့ဘူး၊ မင်းက ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖျက်စီးလိုက်တာပဲ ၊ မစ္စတာလင်း မင်းဘာလို့ အဲ့လိုလုပ်လိုက်တာလဲ ၊ ခုတော့မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့တောင်မထိုက်တန်တော့"
      
       ချူဖုန်း၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း အားကစားကွင်းအနှံသို့ပျံ့လွင့်သွားသည်။လူတိုင်းက ချူဖုန်း၏ စကားသံကိုကြားလိုက်ရသောကြောင့် ရည်ရွယ်ချက်ရှိရှိပြောလိုက်မှန်းသိသာနေသည်။
      
       "ဘယ်သူက အရူးလိုစကားပြောတာလဲ"
      
       လင်းရီက ချူဖုန်းကိုကြည့်လိုက်မိသည်။လူတိုင်းကလည်းစိတ်လှုပ်ရှားစွာပြောဆိုလိုက်ကြသည်။
      
       "ဘယ်လောက်တောင်မောက်မာလိုက်တဲ့စကားလည်း"
      
       "အဆင့် B ကိုကျော်ဖြတ်လာတဲ့လင်းရီက သူ့ပြိုင်ဘက်ဖြစ်ဖို့တောင်မထိုက်တန်ဘူးလို့ ဘယ်လိုလူကပြောတာလဲ
       "
       ချူဖုန်းက ပုန်းအောင်းနေခြင်းမရှိပေ။ သူက လူအုပ်ကြီး၏ ရှေ့သို့တည်ငြိမ်စွာလမ်းလျှောက်သွားလိုက်ပြီး လက်နှစ်ဖက်ကို နောက်သို့ပစ်ထားလိုက်သည်။
      
       သူတို့အချင်းချင်းမျက်လုံးများဆုံ မိချိန်တွင် ချူဖုန်းကပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ
      
       "မစ္စတာလင်း တွေ့ရတာဝမ်းသာပါတယ် ၊ ငါက ချူဖုန်းပါ"
      
       "အာ အဲ့ဒါသူပဲ မာနကြီးတဲ့ကောင်"
      
       လူတိုင်းက ချက်ချင်းပင် အော်ပြောလိုက်ကြသည်။ထိုကောင်က စောနလေးတင်မှ အလွန်မောက်မာသွားသောကောင်ဖြစ်သည်။
      
       "သူက အဆင့် C နှောင်းပိုင်းအဆင့်ရောက်နေပြီဆိုတော့ သူ့မှာ မောက်မာပိုင် ခွင့်ရှိတယ်"
      
       "ဒါပေမယ့် လင်းရီနဲ့ ယှဥ်ဖို့က မဖြစ်နိုင်သေးဘူးလေ၊ သူဘာလို့ ဒီလိုပြောရတာလဲ"
      
       "လင်းရီ ရဲ့ အဆင့်က သူ့ထက်သာသွားလို့ မနာလိုပြီးပြောတာလား"
      
       "ဘယ်သူကသိမှာလဲ စောင့်ကြည့်ကြတာပေါ့"
      
       လူတိုင်း၏ အကြည့်အောက်တွင် ချူဖုန်း၏ အဖြူရောင်ဝတ်စုံက လေတွင်ပျံ့လွင့်နေပြီး သူက လင်းရီကိုသာ မတုန်မလှုပ်စိုက်ကြည့်နေသည်။
      
       အဲ့အချိန်မှာပဲ ကံကြမ္မာရဲ့ စက်ဝိုင်းက ဖြေးညှင်းစွာပြန်လည်လည်ပတ်လာနေခဲ့သည်။



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now