ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (155)
ချူဖုန်း ၏ကျေနပ်နေသောအပြုံးနှင့် သူတို့နှစ်ယောက်သားသစ်ပင်ပေါ်မှခုန်ဆင်းလိုက်ကြသည်။ချိုင့်ဝှမ်းထဲတွင်တော့ နတ်ဆိုးဗိုလ်ချုပ်က ထွက်ခွာသွားပြီဖြစ်ပြီး အရိုးစုစစ်သားများကလည်း အုပ်စုငယ်လေးများခွဲကာ ထွက်ခွာသွားပြီဖြစ်သောကြောင့် အရိုးစုတပ်သား နှစ်သောင်းခန့်သာကျန်နေခဲ့သည်။
ရုတ်တရက် ချူဖုန်းက သူ့ခန္တာကိုယ်ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး ချိုင့်ဝှမ်း ထဲသို့ပြုတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောမှ ရွှေရောင်ဆံပင်နှင့်လူ၏ လှောင်ပြောင်သံက ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး ၊ မင်းက ငါ့ကိုခြိမ်းခြောက်ရဲတာလား ၊ အောက်ဆင်းပြီးတော့ အရိုးစုတွေနဲ့သွားဆော့ချည်၊ အဲ့အရိုးစုတွေက မင်းအစွမ်းပြဖို့ လုံလောက်တယ် ၊ မင်းရဲ့ ဆေဘာကို မသုံးရဘူး၊ မင်းရဲ့အမြန်နှုန်းကိုသုံးပြီး တက်နိုင်သမျှ ရှောင်တိမ်းရမယ် ၊
ဒါက မင်းရဲ့ အမြန်နှုန်းတိုးတက်ဖို့အတွက် အခွင့်အရေးပဲ ၊ အလင်း နောက်ကို လိုက်ဖို့ မမေ့ပါနဲ့ ၊
အင်အားကြီးတဲ့ ရန်သူနဲ့တွေ့ရင် စိတ်မပူနဲ့ ငါတာဝန်ယူလိုက်မယ်"
"လဥ ငါသတိလက်လွတ်ဖြစ်သွားတာပဲ"
ဘုန်းးးး
ချူဖုန်းက ကျယ်လောင်စွာအော်ယုံသာ တက်နိုင်ခဲ့ပြီး အရိုးစုများ၏အလယ်သို့ ပြုတ်ကျသွားခဲ့ရသည်။
"မသာကြီး ၊ အားအများကြီးသုံးလိုက်တာပဲ"
ချူဖုန်းက မရပ်မနား ကျိန်ဆဲနေစဥ် ရုတ်တရက် သူ့ပတ်ဝန်းကျင်မှ အရိုးဖြူဖြူ များအား တွေ့လိုက်ရသည်။သူတို့၏ မျက်လုံးများက ဟောင်းလောင်းပေါက်ဖြစ်နေပြီး မျက်လုံးထဲတွင် ရောင်စုံမီးတောက်များ ပြည့်ကျပ်လျှက်ရှိသည်။
ထိုအချိန်တွင် အရိုးစုများက ခေါင်းကို လှည့်ကာ ချူဖုန်းအားကြည့်လိုက်ပြီး ထိုထဲမှ တစ်ယောက်က ဝမ်းခေါင်းသံကြီးဖြင့်အော်ဟစ်လိုက်သည်။
"ကျူးကျော်သူပဲ သတ်......."
စိမ်းပြာရောင် မျက်လုံးများနှင့် အရိုးစုက ရုတ်တရက် သူ့၏ ဆေဘာ ကို ဆွဲထုတ်ကာအော်ဟစ်လိုက်သည်။
သူ့အသံက ဝိညာဥ်မီးတောက် ထဲမှ လာသည့်ပုံရပြီး အံဝင်ဂွင်ကျမရှိသော်လည်း အကြမ်းဖျဥ်းတော့ နားလည်နိုင်သည်။
နောက်တစ်ခဏအတွင်းတွင် အရိုးစုများက အမိန့်ကို လက်ခံရရှိလိုက်သလို တစ်ညီတည်း သူတို့၏ အရိုးဓားများအား ဆွဲထုတ်လိုက်ကြသည်။ထို့နောက် ချူဖုန်းအား ခုတ်ချလိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် ချူဖုန်း၏ မျက်နှာက စိမ်းတက် သွားကာ ကမန်းကတန်း ခုန်ရှောင်လိုက်ရသည်။ထို့အပြင် ထိုမကောင်းသည့်ကောင်က သူ့ကို ဓားသုံးခွင် ပေးမထားသောကြောင့် ဓားသုံးချင်စိတ်ကို မြိုသိပ်ထားလိုက်ရသည်။
သူ့ခြေထောက်အောက်တွင် လေပွေတစ်ခုပေါ်လာခဲ့ပြီး ချူဖုန်းက ရှောင်တိမ်းလိုက်သည်။ ကံမကောင်းစွာပင် အရိုးစုများ၏ ဓားထိပ်ဖျားများက များပြားလှပြီး ချူဖုန်းအား အဝေးသို့ပြေးမရန်စေရန် တားဆီးထားကြသည်။
ချူဖုန်းက ကူကယ်ရာမဲ့စွာပင် အရိုးစုအုပ်စုတစ်စု၏ကြားသို့ကျဆင်းသွားခဲ့ရပြီးသူ့ခြေထောက်ကို မီးတောက်များဖြင့်ဖမ်းဆီးထားခြင်းခံလိုက်ရသည်။
တစ်ချို့အရိုးစုစစ်သားများ က အဆင့်မြင့်အရိုးစုစစ်သားအဆင့်သို့ပင်ရောက်ခါနီးနေပြီဖြစ်သောကြောင့် ချူဖုန်းက ရွေးချယ်စရာမရှိပဲ သူ့၏ စွမ်းအားအပြည့်အားထုတ်သုံးလိုက်ရသည်။
သူ့၏ ဆေဘာမှ တုနှိုင်းမရသော ဆေဘာအော်ရာ တစ်ခု ထွက်ပေါ်လာကာ သူ့ရှေ့ရှိ အရိုးစု တစ်ဒါဇင်အား ဖျက်စီးပစ်လိုက်သည်။
ချူဖုန်းက သူ့ဓားချက်ကြောင့်ဖြစ်ပေါ်လာသော ဟာကွက်ကို အသုံးပြုကာ အရိုးစုများ ဝိုင်းရံ ထားခြင်းမှ ကျဥ်းမြောင်းစွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ကံကောင်းစွာပင် ဒါဇင်မျှရှိသောအရိုးစုများက သိန်းနှင့် ချီသောအရိုးစုများနှင့် မနှိုင်းယှဥ်နိုင်ပေလို့သာ ၊ မဟုတ်ပါက သူက မောပန်း၍ သေသွားနိုင်သည်။
စိမ်းပြာရောင်မျက်လုံးများနှင့် အရိုးစု ခေါင်းဆောင်က သူ့လောက်နီးနီးကိုသန်မာလှသည်။အရိုးစုခေါင်းဆောင် ၏ ဓားချက်ကို ချူဖုန်းက သူ့၏ ခွန်အားအကုန်အသုံးပြုကာကာကွယ်လိုက်ရသည်။
ထိုကောင်များကသာ နှေးကွေးခြင်းရှိမနေပါက ချူဖုန်း၏ ခေါင်းနှင့် ခန္တာကိုယ်က အိုးစားကွဲသွားလိမ့်မည်။
ထို့အပြင် ချူဖုန်းက ထိုကောင်တွေကို သတ်ခြင်းဖြင့် ဘာဆုမှ မရနိုင်ကြောင်း ကိုသိလိုက်ရသည်။ထိုကောင်တွေကို သတ်ခြင်းက အချိန်ဖြုန်းချင်းသက်သက်သာဖြစ်သည်။
ချူဖုန်းက တစ်ခုခု လုပ်ရန်ပျင်းရိနေပြီး သူ့အသက်အတွက် လွတ်မြောက်ရန်သာထွက်ပြေးလိုက်သည်။
ငါပထမဆုံး ချိုင့်ဝှမ်းထဲက ထွက်သွားမှဖြစ်လိမ့်မယ်။
ချူဖုန်းက ကောင်းကင်အလင်း တောင်ပံကိုအသုံးမပြုခဲ့ပေ။ ထိုအရာကို သူ့လေ့ကျင့်ရေးတွင် အသုံးပြုခြင်းက သူ့အတွက်အကျိုးမရှိပေ။
ချူဖုန်းက ကျိန်ဆဲနေမိသော်လည်း ရွှေရောင်ဆံပင်နှင့်လူ မှန်ကန်ကြောင်းကိုသူသိနေသည်။များပြားလှသော လေ့ကျင့်ရေးအဖော်များက သူသူ့အမြန်နှုန်းတိုးတက်လာ အောင်ကူညီပေးနိုင်သည်။
အချိန်တိုလေးအတွင်းမှာပင် ချူဖုန်းက သူ့၏ အမြန်နှုန်းမှာအများကြီးပိုကောင်းလာ သလို ခံစားမိနေသည်။
ချူဖုန်း ချိုင့်ဝှမ်းထဲမှ လွတ်မြောက်တော့မည့် အချိန်တွင် ချိုင့်ဝှမ်း ထွက်ပေါက်တွင် 12 ပေလောက်ရှည်သော ပုံရိပ်တစ်ခုကပေါ်လာခဲ့သည်။
ထိုပုံရိပ်က အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တင်းပုတ်လက်နက်ကို ကိုင်ဆောင်ထားကာ ကြောက်စရာကောင်း လွန်းလှသည်။ကြောက်မက်ဖွယ်ကောင်းသော အော်ရာ များကလည်း သူ့ခန္တာကိုယ်မှ ထွက်ပေါ်လျှက်ရှိသည်။
"A+ အဆင့်"
ချူဖုန်း၏မျက်လုံးများက ပြူးကျယ်သွားရသည်။ သူကထိုလူကိုသိနေသည်။တစ္ဆေနတ်ဆိုး ဗိုလ်ချုပ်။
တစ္ဆေနတ်ဆိုးဗိုလ်ချုပ်က ဒီနေရာရှိ တိုက်ပွဲအငွေ့အသက်များကို ခံစားမိ၍ ပြန်လှည့် လာဟန်ရသည်။
ထိုအဖြစ်အပျက်ကြောင့် ချူဖုန်းက ရပ်တန့်သွားရကာ အော်ဟစ်လိုက်တော့သည်။
"စီနီယာ ၊ ငါကို ကယ်ဦးလေ၊ A+ အဆင့် တစ္ဆေနတ်ဆိုးဗိုလ်ချုပ်ရောက်လာပြီဟ"
ရွှေရောင်ဆံပင်နှင့် လူငယ်က သူမနိုင်သည့် လူများနှင့်တွေ့ရလျှင် ကူ၍တိုက်ပေးမည်ဟုပြောခဲ့သည်။ ထို့ကြောင့်ချူဖုန်းက အချိန်တန်ပြီဟု ထင်မိလိုက်သည်။သူနှင့် A+ အဆင့်များကြားရှိ ကွာခြားချက်မှာ အင်မတန်ကြီးမားလှသည်။
သို့ပေမယ့် ချူဖုန်းအော်ဟစ်ပြီးချိန်တွင်တောင်အကူအညီက ဘယ်ဆီသောင်ကမ်း ရောက်နေမှန်းမသိပေ။ထိုအခိုက်အတန့်လေးတွင် တစ္ဆေနတ်ဆိုးဗိုလ်ချုပ်က ချူဖုန်း၏ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။ချူဖုန်း၏ အမူအရာက ခါးသီးသွားရသည်။
သေစမ်း ၊ အဲ့မသာ တမင်တကာလုပ်နေတာပဲ၊ ဘယ်နေရာကနေထိုင်ကြည့်ပြီး ရီနေမလဲ ဘယ်သူသိမှာလဲ။
သူက အကျဥ်းအကျပ်ထဲရောက်နေပြီ မှန်း ချူဖုန်းက ရိပ်မိလိုက်သည်။အကယ်၍ သူသာ အခုချက်ချင်းထွက်သွားခြင်းမပြုပါက အိုးထဲရောက်နေသော လိပ်ကဲ့သို့ အနှေးနှင့်အမြန်အဖမ်း ခံရလိမ့်မည်။
သူထွက်ပြေးရန်တစ်ခုသာရှိတော့သည်။ ချူဖုန်းက ကောင်းကင်အလင်းတောင်ပံ များကို အလျှင်အမြန်ပင်အသုံးပြုလိုက်သည်။
သူ့နောက်ကျောမှ ပုံရိပ်ယောင်တောင်ပံတစ်စုံက ထွက်ပေါ်လာပြီး ဖြေးညှင်းစွာခတ်လိုက်သည့်အချိန်တွင် ချူဖုန်း၏ အရှိန်က ပေါက်ကွဲထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း ချူဖုန်းက သူ့နောက်တွင် အရိုးစုစစ်တပ်ကိုချန်ထားခဲ့နိုင်လိုက်သည်။ ဒါပေမယ့် လည်း တစ္ဆေနတ်ဆိုးဗိုလ်ချုပ်က ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်။
သူ့၏ အဆင့် A+ စွမ်းအင်ကြောင့် ချူဖုန်းက ချိုင့်ဝှမ်းအတွင်းမှ ဘယ်ကိုမှ ထွက်ပြေးလို့မရခဲ့ပေ။
တစ္ဆေနတ်ဆိုးဗိုလ်ချုပ်က ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ချူဖုန်း၏ ဦးခေါင်းအား သူ့လက်ထဲမှ တင်းပုတ်ဖြင့်လွှဲရိုက်ချလိုက်သည်။
နောက်တစ်ခဏတွင် ချူဖုန်း၏ ခေါင်းမှ သွေးများစီးကြလာခဲ့ပြီး ချူဖုန်းက အလွန်ခက်ခဲသည့်အချိန်သို့ရောက်နေကြောင်းခံစားလိုက်သည်။A+ အဆင့်များ၏ ရှေ့တွင် သူ့နည်းလမ်းများက အသုံးမဝင်တော့ပေ။
သူ့၏ ဆေဘာကိုးစင်းအားလှိုင်းလက်နက်အနုပညာက တစ္ဆေနတ်ဆိုးဗိုလ်ချုပ်ကို ခဏတာတားနိုင်မည်ဖြစ်သော်လည်း နောက်မှ လိုက်လာသည့်အရိုးစုများ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။
ထိုအချိန်တွင် ချူဖုန်းက ရွှေရောင်ဆံပင်နှင့်လူ နှင့် အတူရှိစဥ်တုန်းက ထိုလူပြသခဲ့သည့် အလင်းအမြန်နှုန်းအားအကောင်းဆုံးပြန်လည်ကြိုးစားပုံဖော်လိုက်သည်။
ဘာကြီးလဲကွာ ၊ ငါဘယ်လိုမှ လိုက်မလုပ်နိုင်ဘူး။
ချူဖုန်း၏ အကြံဥာဏ်များက ကုန်ဆုံးသွားလေသည်။ ထို့သေခြင်းရှင်ခြင်းအခိုက်အတန့်လေးတွင် ချူဖုန်းက သူ့၏ အသန်မာဆုံးစွမ်းအားဖြစ်သော ကောင်းလင်အလင်းတောင်ပံကိုသာ အစွမ်းကုန်အသက်သွင်းလိုက်သည်။
ထိုစွမ်းအားကြောင့် ချူဖုန်း၏ ကျောရိုးများက တဆက်ဆက်တုန်ရင်နေပြီးကြီးမားသော ဖိအားနှင့် ရင်ဆိုင်လိုက်ရသည်။
သို့သော်လည်း ချူဖုန်း တွင် ရွေးချယ်စရာရှိမနေပေ။သူက ပြန်လည် မတိုက်ခိုက်နိုင်သောကြောင့် ထွက်မပြေးပါက သေခြင်းကိုသာ စောင့်ဆိုင်းနေရလိမ့်မည်။
သူ့ခန္တာကိုယ်၏ မသိစိတ်က ရွှေရောင်ဆံပင်နှင့်လူ ၏ပုံစံကို အလိုလိုအတုခိုးနေမိသည်။
အရေးကြီးသောအချိန်လေးတွင် ချူဖုန်းက မသိစိတ်အရ ကောင်းကင်အလင်းတောင်ပံကိုထိန်းချုပ်လိုက်ကာ ဥပဒေသတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ရုတ်တရက် ချူဖုန်း၏ မြင်ကွင်းက ပြောင်းလဲသွားကာ အမှောင်ထုတစ်ခုကြားထဲရောက်သွားပြီး ဘေးပတ်ဝန်းကျင်ကို မြင်နိုင်ကြားနိုင်ခြင်းမရှိတော့ပေ။
ချူဖုန်းက သူ့ကိုသူအလင်းအဖြစ်ပြောင်းလဲသွားကြောင်းခံစားလိုက်ရသည်။ရွှေရောင်ဆံပင်နှင့်လူ ဦးဆောင်ချိန်ကထက် အနည်းငယ်တော့ ကွဲပြားသလိုပင်။
ထိုအချိန်တွင် ချူဖုန်းက ပတ်ဝန်းကျင်ရှိ အလင်းတန်းတစ်ခုကိုသာ မြင်နေရသည်။
အလင်းက ဒီနေရာ၏ ဥပဒေသတစ်ခုလိုဖြစ်နေကာ ထာဝရပျောက်ကွယ်မသွားမည့်ပုံပင်။
ကောင်းကင်အလင်းတောင်ပံများ၏ အကူအညီနှင့် ချူဖုန်းက ရင်းနှီးနေသော ခံစားချက်ကို ရမိလိုက်ရာ အံအားသင့်သွားရသည်။
ချူဖုန်း တွေးလိုက်မိသည်နှင့် ထို မှော်ဝင်အခိုက်အတန့်လေးက ပျက်ပြယ်သွားခဲ့သည်။သူက ခေါင်းကိုလှည့်၍ ကြည့်လိုက်မိချိန်တွင် တစ္ဆေနတ်ဆိုးဗိုလ်ချုပ်မှာ အဝေးတွင်ကျန်နေခဲ့ပြီး သူက တည်နေရာရွှေ့ပြောင်းလိုက်သလို ချိုင့်ဝှမ်းအပြင်ဘက်သို့ရောက်လာခဲ့သည်။
A+နတ်ဆိုးဗိုလ်ချုပ်ပင်လျှင်အချိန်မှီမတုံ့ပြန်နိုင်ခဲ့သောကြောင့် ထိုအရှိန်က ဘယ်လောက်မြန်ကြောင်းသိသာ ထင်ရှားလှသည်။
"ဟားးးး ၊ မိုက်တယ်ဟေ့"
မြန်ဆန်လှသော အရှိန်ကြောင့် တစ္ဆေနတ်ဆိုးဗိုလ်ချုပ်ပင်လျှင်အချိန်မှီမတုံ့ပြန်လိုက်နိုင်သောကြောင့် အံအားသင့်စရာ ကောင်းလွန်းလှသည်။
သိုင်းပညာကမ္ဘာတွင် အမြန်နှုန်းမှာ တုနှိုင်းမရသောစွမ်းအားတစ်ခုဖြစ်သည်။အမြန်နှုန်းကိုသာ အချိန်တိုင်းထိန်းသိမ်းထား နိုင်ခဲ့လျှင် ကမ္ဘာတစ်ခုလုံးနေရာအနှံ့သို့ လှည့်လည်သွားလာနိုင်သည်။
နောက်တစ်ခဏတွင် ချူဖုန်းက အလျှင်အမြန်ပင် ထွက်ပြေးလိုက်တော့သည်။ထိုအခြေအနေသို့ နောက်တစ်ကြိမ်ဝင်ရောက်နိုင်မရောက်နိုင်ကို ဘယ်သူကမှ အာမ မခံနိုင်ပေ။ အရင်ဆုံးထွက်ပြေးတာက ပိုကောင်းသည်။
အကွာအဝေးက ကြီးမားလွန်းလှသောကြောင့် နတ်ဆိုးဗိုလ်ချုပ်က ဘာမှ လုပ်နိုင်ခြင်းမရှိပေ။
ချူဖုန်း ခွက်ပြေးလွတ်မြောက်တော့မည့်အချိန်တွင် အနက်ရောင်အလင်းစက်ဝိုင်းတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး အလင်းစက်ဝိုင်းအောက်သို့ ချူဖုန်းရောက်သွားခဲ့သည်။
အလင်းစက်ဝိုင်းအောက်တွင် ချူဖုန်းတစ်ကိုယ်လုံးအေးခဲသွားခဲ့ပြီး ပါးစပ်တစ်ခုသာ လှုပ်ရှား၍ရသည်။
"Sအဆင့် ဒိုမိန်း ........ရွှေရောင်ဆံပင်နဲ့ကောင် ၊ မင်းမလာရင် ငါတကယ်သေတော့မှာနော် "
နောက်တစ်ခဏတွင် တစ္ဆေနတ်ဆိုးဘုရင်က ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီးသူ့အမူအရာက အေးစက်နေသည်။
"ကျူးကျော်သူ၊ ရွှေရောင်ဆံပင်နဲ့ကောင် ဘယ်မှာလဲ ပြောပြရင် ငါမင်းကို အေးအေးချမ်းချမ်းသေခွင့်ပေးမယ်"
ချူဖုန်းက ကူကယ်ရာမဲ့စွာ တစ္ဆေနတ်ဆိုးဘုရင်ကိုကြည့်လိုက်ပြီး
"အမ်.....သူက မင်းအနောက်မှာ ရပ်နေပြီးတော့ မင်းကိုပြုံးပြနေတယ်......."
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Aventuraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...