27-28

54 3 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (27) သိုင်းပညာတက္ကသိုလ်

        အထွေထွေရွှေစာရင်းတွင်ရောင်းချသည့်ပစ္စည်းအားလုံးကိုတစ်ဝက်စျေးဖြင့်ရမည်ဖြစ်သည်။တစ်သက်တာအတွက်ဖြစ်သည်။
       
        ဥပမာသားရဲများကိုဖမ်းရာတွင်သုံးသည့် သားရဲဖမ်းဘောလုံးကိုအဆင့်အနိမ့်၊အလယ်အလတ်အဆင့်နှင့်အဆင့်မြင့်ဟူ၍ခွဲခြားထားသည်။အဆင့်နိမ့်က D အဆင့်၊ အလယ်အလတ်အဆင့်က C အဆင့် နှင့် အဆင့်မြင့်က B အဆင့်ကို ဖမ်းဆီးနိုင်ရန်ဖြစ်နိုင်ချေရှိသည်။
       
        ပုံမှန်စျေးနှုန်းက အဆင့်နိမ့်ကို 100 ၊ အလယ်အလတ်ကို 500 ၊အဆင့်မြင့်ကို 1000 ပေးချေရသည်။ 50% လျော့စျေးနှင့်ဆိုပါက 50 ၊250 ၊ 500 သာကျသင့်ပေလိမ့်မည်။
       
        ထို့အပြင်အောင်မြင်နိုင်မှုနှုန်းမြင့်မားသော စူပါအိမ်မွေးဘောလုံးများလည်းရှိသည်။
       
        အဆင့်နိမ့်စူပါဘောလုံးများက အဆင့် B ကိုဖမ်းဆီးနိုင်ရန်ရာခိုင်နှုန်းများပြီးအဆင့် A ကိုဖမ်းဆီးရန်ရာခိုင်နှုန်းနည်းသည်။မူရင်းစျေးက 10000 ဖြစ်ပြီး လျှော့စျေးနှင့်ဆိုပါက 5000 သာကျသင့်သည်။
       
        အလယ်အလတ်စူပါဘောလုံးများက အဆင့် A ကိုဖမ်းယူနိုင်ရန်ရာခိုင်နှုန်းများသည်။မူရင်းစျေးက 50000 ဖြစ်ပြီး လျှော့စျေးဖြင့်ဆိုပါက 25000 သာကျသင့်မည်ဖြစ်သည်။
       
        အဆင့်မြင့်စူပါဘောလုံးက A+ အဆင့်တစ်ကောင်အားဖမ်းယူရန်ရာခိုင်နှုန်းများသည်။မူရင်းစျေးက 1,000,000 ဖြစ်ပြီး လျှော့စျေးနှင့်ဆိုပါက 500,000 ကျသင့်မည်ဖြစ်သည်။
       
        စျေးပေါသောပစ္စည်းများကလျော့စျေး၏တန်ဖိုးကိုထင်ရှားအောင်မပြသနိုင်ပေ။
       
        နောက်ထပ်ဥပမာအနေနှင့်တခြားလူများကဒဏ္ဍာရီအဆင့်လျှို့ဝှက်ရတနာသေတ္တာကိုဖွင့်ရန် အမှတ် 10 သန်းကုန်ကျမည်ဖြစ်သော်လည်းချူဖုန်းအတွက် ကတော့အမှတ် 5 သန်းသာကျသင့်မည်ဖြစ်သည်။
       
        ရွှေအဆင့်သတ်မှတ်ချက်တွင်အဖိုးတန်ဆုံးရတနာဖြစ်သော စွန့်ပစ်နတ်ဘုရားရှေးဟောင်းပန်းချီကားသည် အမှတ် 10 ဘီလီယံတန်သည်။
       
        နတ်ဆိုးလှိုင်းတစ်ခုပြီးနောက်တွင်ရွှေစာရင်းဆယ်ခုကအပိုဆုကြေးတစ်ခုအားပေးအပ်လေ့ရှိသည်။
       
        ထိုအချိန်တွင်နတ်ဆိုးအရိုးများနှင့်ပန်းချီကားအားလဲလှယ်ပါက တစ်ဝက်စျေးနတ်ဆိုးအရိုး 5 ဘီလီယံသာကျသင့်မည်ဖြစ်သည်။ဒါတောင်မှစျေးနှုန်းကမြင့်မားနေတုန်းပင်ဖြစ်သည်။
       
        ပထမဆုံးနတ်ဆိုးလှိုင်းတွင်လူသားများသတ်ဖြတ်ခဲ့သောနတ်ဆိုးစုစုပေါင်းမှာပင် 5 ဘီလီယံသာရှိပေသည်။
       
        သို့သော်လည်းချူဖုန်းက ဆုလာဒ် 50% လျော့စျေးကိုပါထပ်ပေါင်းပါက နတ်ဆိုးအရိုး 2.5 ဘီလီယံသာကျသင့်တော့မည်။ဒါကမဖြစ်နိုင်သောအရာမဟုတ်တော့ပေ။
       
        ထိုအတွေးကိုတွေးရင်းနှင့်ချူဖုန်းနှလုံးခုန်သံများမြန်ဆန်လာသည်။ပထမဆုံးနတ်ဆိုးလှိုင်းတွင် စွန့်ပစ်နတ်ဘုရားပန်းချီအားအရယူရန်ဆုံးဖြတ်လိုက်သည်။
       
        ပြီးနောက်တွင် စွန့်ပစ်နတ်ဘုရားနယ်မြေအားထိန်းချုပ်ရမည်။ထိုနယ်မြေကအရင်ဘဝကလူသားများ၏အခြေစိုက်စခန်းဖြစ်သည်။ထိုနယ်မြေကိုထိန်းချုပ်ခြင်းဖြင့်အကျိုးကျေးဇူးအများအပြားရရှိနိုင်သည်။ထိုနေရာကချူဖုန်းအနာဂတ်တိုးတက်ရန်အတွက်အလွန်အရေးကြီးလှသည်။
       
        ပထမဆုံးနတ်ဆိုးလှိုင်းရောက်လာရန်က ရက်နှစ်ဆယ်မျှသာလိုပေတော့သည်။လက်ရှိအင်အားနှင့်တော့သူ့ရည်ရွယ်ချက်ကိုဖြစ်မြောက်အောင်မလုပ်နိုင်ပေ။
       
        သူပိုသန်မာလာမှဖြစ်ပေမည်။ချူဖုန်းနှလုံးသားထဲ၌တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည်။
       
        ချူဖုန်းက လျှို့ဝှက်ရတနာသေတ္တာကိုဖွင့်၍ ဒဏ္ဍာရီအဆင့်အပိုင်းအစကိုရယူရန်ကြံရွယ်လိုက်ချိန်အသံတစ်ခုအားကြားလိုက်ရသည်။
       
        အိမ်တံခါးကပွင့်လာသည်။ထို့နောက်တွင်
        "ရှောင်ဖုန်းရေ၊ငါတို့ပြန်လာပြီဟေ့"
       
        "အဖေနဲ့အမေပြန်ရောက်လာပြီလား"
       
        ချူဖုန်းစိတ်လှုပ်ရှားစွာထရပ်လိုက်ရင်းအရူးတစ်ရောက်လိုဧည့်ခန်းသို့ပြေးထွက်သွားလေသည်။သူ့ရှေ့ကရင်းနှီးနေတဲ့မျက်နှာနှစ်ခုအားကြည့်ကာသူတို့အားပွေ့ဖက်လိုက်သည်။
       
        "အဖေနဲ့အမေ၊သားအမေတို့ကိုလွမ်းနေတာ၊အရမ်းကိုလွမ်းနေခဲ့တာ"
       
        ထိုအချိန်တွင်ချူဖုန်းမျက်လုံးများမှမျက်ရည်များပါးပြင်ပေါ်သို့စီးဆင်းသွားသည်။အချိန်တွေကအလွန်ကြာရှည်လှသည်။သူဘဝနှစ်ခုတွင်နေထိုင်ခဲ့ရသည်။
       
        သူ့အရင်ဘဝတွင်၊သူ့အဖေနှင့်အမေ ကသူ့အသက်ကိုကယ်တင်ရန် အဆင့် C နတ်ဆိုးဝံပုလွေကိုသူတို့အသက်နှင့်ရင်းကာတားဆီးပေးခဲ့ကြသည်။
       
        "ရှောင်ဖုန်း ၊အမြန်ပြေး"
       
        "နောက်ကိုဘယ်တော့မှပြန်လှည့်မကြည့်နဲ့"
       
        "မင်းညီမကိုသွားရှာပါ"
       
        "မင်းတို့မောင်နှမ နှစ်ယောက်လုံးဆက်အသက်ရှင်ဖို့မျှော်လင့်ပါတယ်"
       
        ချူဖုန်းကနောက်ဆုံးအချိန်တွင်သူ့မိဘများအားနတ်ဆိုးဝံပုလွေကအပိုင်းပိုင်းဆွဲဖြဲလိုက်တာကိုတွေ့လိုက်ရသည်။
       
        သူ့နှလုံးသားကသွေးများယိုစီးနေကာသူ့ကမ္ဘာကြီးကပြိုလဲသွားခဲ့သည်။ထိုအချိန်မှစ၍ချူဖုန်းက ချောက်နက်ကြီးမှနတ်ဆိုးသတ္တဝါများနှင့်သေ သည့်တိုင် တိုက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။
       
        အဖေ - ချူထျန်းလိုင်
       
        အမေ - စွင်းနန်းရင်
       
        သူတို့နှစ်ယောက်ကခရီးပန်းလာ၍ခရီးဆောင်အိတ်များကိုချပြီးနားချင်နေသော်လည်းသားဖြစ်သူကပြေးလာကာပွေ့ဖက်သောကြောင့်ပြုံး၍ပင်ရပ်နေကြသည်။
       
        စွင်းနန်းရင်က ချူဖုန်း၏မျက်လုံးထောင့်မှမျက်ရည်များအားလက်ခလေးဖြင့်ညင်သာစွာသုတ်ပေးရင်း
       
        "အရူးလေး၊အမေလည်းသားကိုအရမ်းလွမ်းတာပေါ့"
       
        "ဟမ့်၊မင်းကလူကြီးဖြစ်နေပြီလေ၊တစ်ပတ်လောက်ဝေးနေတာကိုဘာလို့ငိုနေတာလဲ"
       
        ချူထျန်းလိုင်ကချူဖုန်း၏ခေါင်းအားရိုက်လိုက်သော်လည်းသူ့မျက်လုံးများအတွင်းမှချစ်ခင်မှုကိုဖုံးကွယ်၍မရပေ။
       
        ချူဖုန်းကရယ်မောလိုက်သည်။သူ့အရင်ဘဝတုန်းက ကိစ္စတွေကိုဘယ်တော့မှပြောပြမှာမဟုတ်ပေ။ဒီဘဝမှာတော့သူ့မိသားစုကိုသူအစွမ်းကုန်ကာကွယ်ပေးမည်ဖြစ်သည်။
       
        ဒါနဲ့အဖေနဲ့အမေက ဘာလို့အစောကြီးပြန်လာတာလဲ"
       
        ချူဖုန်းကသူ့အရင်ဘဝတွင်သူ့မိဘများက ပထမဆုံးနတ်ဆိုးလှိုင်းထွက်ပေါ်လာမည့်အချိန်မှသာအိမ်ပြန်ရောက်လာကြောင်းမှတ်မိနေသည်။
       
        သူ့၏ပြန်လည်မွေးဖွားခြင်းကလိပ်ပြာ အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေခဲ့ပုံပင်။ချူထျန်းလိုင်က လေးနက်သောအသံဖြင့်
       
        ပြီးခဲ့တဲ့တစ်ပတ်လောက်တည်းက ကမ္ဘာကြီးကမငြိမ်သက်တော့ဘူးလေ၊တွင်းနက်တွေထဲကနတ်ဆိုးတွေလည်းထွက်လာတယ်၊အဲ့ဒါကြောင့်မို့လို့မင်းအမေက မင်းကိုစိတ်မချလို့စောစောပြန်ဖို့ပြောလို့ပြန်လာခဲ့တာ"
       
        စွင်းနန်းရင်ကချူထျန်းလိုင်အားကြည့်ကာအေးစက်စွာဖြင့်
       
        "ရှင်ကသားကိုစိတ်ပူနေတာကိုဘာလို့သူများကိုအကြောင်းပြနေတာလဲ၊ဘယ်သူလဲမသိပါဘူးသူ့သားကိုစိတ်မချလို့ရှိသမျှအလုပ်တွေကိုပစ်ပြီးအိမ်ပြန်လာချင်နေတာ"
       
        ဒါကိုကြားတော့ ချူထျန်းလိုင်က ချောင်းဟန့်လိုက်သည်။ ဖခင်တစ်ယောက်၏တင်းမာသောမျက်နှာပုံစံကိုထိန်းမထားနိုင်ပဲပြိုလဲကျလုနီးပါးဖြစ်နေခဲ့သည်။
       
        ဒါကိုတွေ့တော့ချူဖုန်းကကြိတ်ကာရယ်လိုက်သည်။ချူထျန်းလိုင်ကချောင်းအနည်းငယ်ဆိုးကာ
       
        "ဒီတစ်ခေါက်ပြန်လာတာကမင်းဘေးကင်း လားကြည့်ဖို့ပဲ၊ပြီးတော့မင်းအမေနဲ့ငါက မင်းဦးလေးရှိတဲ့ မြို့တော်မှာသွားနေဖို့ဆုံးဖြတ်ပြီးပြီ
       
        အနာဂတ်ကဘယ်လိုဖြစ်မလဲမသေချာတော့ဘူး၊တကယ်လို့အန္တရာယ်ရှိတယ်ဆိုရင်တောင်မြို့တော်ကအလုံခြုံဆုံးနေရာတစ်ခုပဲ
       
        ပြီးတော့မင်းညီမကလည်းမြို့တော်မှာစာသင်နေတာဆိုတော့ငါတို့မိသားစုတွေပြန်ဆုံကြတာပေါ့ကွာ
       
        တပ်ထဲကရဲဘော်ရဲဘက်တွေပြောကြတာကတော့မြို့တော်မှာ သိုင်းပညာတက္ကသိုလ်တစ်ခုဖွင့်မယ်တဲ့
       
        သိုင်းပညာတက္ကသိုလ်ကလူတွေကိုဘယ်လိုကျင့်ကြံရမယ်ဆိုတာနဲ့ကောင်းကင်ပေါ်ကရွှေစာရင်းတွေကိုဘယ်လိုအသုံးချရမလဲဆိုတာသင်ပေးမယ်လို့ကြားတယ်၊တချို့ထူးချွန်တဲ့ကျောင်းသားတွေက မြေအောက်က ဝိညာဥ်သစ်သီးတွေနဲ့ဝိညာဥ်အရည်တွေတောင်ရနိုင်တယ်တဲ့ကွ
       
        မင်း သိုင်းပညာတက္ကသိုလ်ဝင်နိုင်အောင်ကြိုးစားရမယ်နော်၊မဝင်နိုင်ရင်တောင်ကွာ သိုင်းပညာတက္ကသိုလ်အကြိုပြင်ဆင်တဲ့စခန်းကိုတော့ရအောင်ဝင်ရမယ်
       
        အနာဂတ်ကမ္ဘာက သိုင်းပညာခေတ်လို့လူတိုင်းကပြောနေကြပြီကွ"
       
        သူ့အဖေပြောတာကိုနားထောင်ရင်းချူဖုန်းနှလုံးသားကအခုန်မြန်လာသည်။
       ( ဟွာရှရဲ့သိုင်းပညာတက္ကသိုလ်ကဖွင့်ပြီလား)
       
        အရင်ဘဝက ချူဖုန်း၏သိုင်းပညာအခြေခံကသိုင်းပညာတက္ကသိုလ်မှလေ့လာသင်ကြားခဲ့ခြင်းဖြစ်သည်။
       
        ထို့အပြင် လင်းရီ နှင့် လျှိုရှန်းတို့အားစတင်တွေ့ဆုံရာဖြစ်သည်။
       
        နောက်ဆုံးတော့ရောက်လာပြီပေါ့။

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now