61-62

49 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (61) မင်းလောင်းရဲလား

     အိမ်မက်မြူခိုးသားရဲဘုရင် ကချူဖုန်းအားအပြည့်အဝယုံကြည်သည်။
    
     ဒီကောင် ကအံသြစရာတွေအများကြီးလုပ်ပြနိုင်သေးတာပဲ၊ခုလည်းလုပ်နိုင်လောက်မှာပါ
    
     အစီအစဥ်ကခဏတွင်းချင်းပင်အတည်ဖြစ်သွားခဲ့သည်။အိမ်မက်မြူခိုးသားရဲဘုရင်က သူ့မြူခိုးအားလုံးကိုပြန်လည်သိမ်းဆည်းလိုက်သည်။
    
     ထို့နောက်သူ့၏ ဝိညာဥ်ပုံဆောင်ခဲကိုပါလောင်ကျွမ်းပြစ်လိုက်သည်။အနက်ရောင်မြူခိုးများကပြင်းပြင်းထန်ထန်ပင်တုန်ခါလာကာ ၊ပြန့်ကျဲသွားလိုက်စုစည်းလာလိုက်နှင့်သံသရာလည်နေခဲ့သည်။
    
     သိပ်သည်းသောစွမ်းအင်အတက်အကျများက အန်ဒါဆန်နှင့် ကျန်လူများ၏ နှလုံးသားကိုတုန်လှုပ်စေသည်။
    
     သို့သော်လည်းအိမ်မက်မြူခိုးသားရဲဘုရင်က မလုံလောက်သေးဟုခံစားနေရသည်။သူက ဝိညာဥ်တစ်ထောင်ပန်းပွင့်ကိုပါထုတ်ယူသုံးစွဲလိုက်သည်။
    
     အစွမ်းထက်လှတဲ့ ဝိညာဥ်တစ်ထောင်ပန်းပွင့်ကြောင့်မြူခိုးများ၏သိပ်သည်းစက အဆများစွာထိုးတက်သွားသည်။အိမ်မက်မြူခိုးသားရဲ ကသူ့ရှေ့မှ အနက်ရောင်ဘောလုံးကိုအကောင်းဆုံးထိန်းသိမ်းရန်ကြိုးစားနေသည်။
    
     ဒါကိုမြင်တော့ မိုချင်းဖန် ကပြုံးလိုက်သည်။
    
     "အာ ၊စွမ်းအားအကုန်စုစည်းထားတာလား၊တကယ်ကြောက်စရာပဲ၊ကံဆိုးတာက ပြင်ဆင်ဖို့အချိန်ကြာတာပဲ"
    
     မိုချန့းဖန်က အမှန်တကယ်ပင်အတွေ့အကြုံရင့်ကျက်သောနတ်ဆိုးအိုကြီးပေ။သူကချက်ချင်းပင် သိရှိသွားသည်။သူ့မျက်နှာထက်တွင်လှောင်ပြောင်သောအမူအရာကပေါ်လာပြီး
    
     "မင်းကိုဥာဏ်ကောင်းတယ်ပြောရမလား၊မိုက်မဲတယ်ပြောရမလားတောင်ငါမသိတော့ဘူး
    
     A+ အဆင့်ရှေ့မှာမင်းကတကယ်စွမ်းအားတွေစုဆောင်းရဲသေးတယ်၊ငါ့ကိုမျက်စိကန်းနေတယ်ထင်နေတာလားကွ၊ငါမင်းကိုသတ်လိုက်ရင် အဲ့စွမ်းအားတွေကိုမင်းဘယ်လိုသုံးမလဲကြည့်ရသေးတာပေါ့"
    
    မိုချင်းဖန်ကသူ့လက်များကိုမြှောက်လိုက်သည်။သူ့လက်များက ဓားများကဲ့သို့ဖြစ်လာကာ အိမ်မက်မြူခိုးသားရဲဘုရင်ကိုသတ်ရန်ပြင်လိုက်သည်။
   
    အန်ဒါဆန်နှင့်ကျန်လူများက အိမ်မက်မြူခိုးသားရဲအရှေ့တွင်ကာကွယ်ရန်ငပ်တန့်လိုက်ကြသည်။သူတို့က ဒါကသာသူတို့အတွက်နောက်ဆုံးအခွင့်အရေးဆိုတာနားလည်နေသည်။ သူတို့သေရရင်တောင်အိမ်မက်မြူခိုးသားရဲဘုရင်အတွက် ရသလောက်အချိန်ဆွဲပေးထားရမည်။
   
    "ဟမ့် ပုရွတ်ဆိတ်တွေ"
   
    မိုချန်းဖန်ု အထင်သေးစွာနှာခေါင်းရှုံ့လိုက်သည်။အဆင့်နိမ့် ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့်များကသူ့ဓားချက်တစ်ချက်ကိုပင်ကာကွယ်နိုင်မည်မဟုတ်ပေ။
   
    ထိုအချိန်တွင်ချူဖုန်းက အန်ဒါဆန်၏ ပခုံးကိုပုတ်လိုက်ကာ
   
    "မင်းတို့ဘေးဖယ်နေ၊မင်းတို့သူ့ကိုမတားနိုင်ဘူး၊ဒီတိုက်ပွဲကိုငါ့အတွက်ချန်ထားခဲ့"
   
    အန်ဒါဆန်မျက်လုံးပြူးသွားသည်။သူက
   
    "မင်းနောက်နေတာလား၊မင်းတစ်ယောက်တည်း A+ အဆင့်ကိုတားမယ်လို့ပြောနေတာလား"
   
    ချူဖုန်းကလေးနက်စွာခေါင်းညိတ်လိုက်သည်။အန်ဒါဆန်ကတော့ရူးချင်နေပြီ
   
    "မင်းက အဆင့် C တစ်ယောက်ဆိုတာမေ့နေတာလား၊သူကပျံနိုင်တယ်၊မင်းသူ့ကိုထိနိုင်မှာတောင်မဟုတ်ဘူး"
   
    ချူဖုန်းကပြုံးလိုက်ကာ
   
    "သူတစ်ယောက်ထဲပျံသန်းနိုင်တာမဟုတ်ဘူး၊ငါလည်းပျံနိုင်တယ်"
   
    ထိုစကားကြောင့်အန်ဒါဆန် က အံအားသင့်စွာချူဖုန်းကိုကြည့်လိုက်သည်။ချူဖုန်းကအသက်ပြင်းပြင်းရှုလိုက်သည်။
   
  (  ကောင်းကင်အလင်းတောင်ပံရေ မင်းအပေါ်မှာအားလုံးမူတည်နေပြီနော်)
   
    လူတိုင်း၏အကြည့်အောက်တွင် ချူဖုန်းနောက်ကျောမှ လှပသောအဖြူရောင်တောင်ပံတစ်စုံကထွက်ပေါ်လာသည်။တောင်ပံများခတ်လိုက်ချိန်တွင်ချူဖုန်းက တည်နေရာကူးပြောင်းသွားသလို ကောင်းကင်ပေါ်သို့ထိုးတက်သွားသည်။
   
    အသံရဲ့ ဆယ်ဆ အမြန်နှုန်း
   
    လေထဲတွင်မျောလွင့်နေသောမိုချန်းဖန်နှင့်မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်သည်။
   
    "ဒါဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းကပျံသန်းနိုင်တာလား၊မင်းက လူသားမဟုတ်ဘူးလား"
   
    အန်ဒါဆန် ကတုန်လှုပ်ချောက်ချားနေသည်။ချောက်နက်ထဲတွင် A+ အဆင့်နှင့်အထက်အဆင့်များသာပျံသန်းနိုင်ကြသည်။ထိုအရာကချောက်နက်ထဲရှိလူမျိုးပေါင်းဆုံလက်ခံထားသောနိယာမတစ်ခုပင်။
   
    သို့သော်လည်းချူဖုန်းက အဆင့် C ဖြင့်ပင် ပျံသန်းနေနိုင်သည်။လူသားအကုန်လုံးကပျံသန်းနိုင်ကြတာလား၊အန်ဒါဆန် ကမှတ်ချက်မပေးရဲပေ။
   
    ထို့အပြင်ချူဖုန်းက သူမြင်ဖူးသော A+ အဆင့်များထက်ပိုမြန်ပုံရသည်။ဘယ်လိုမှမဖြစ်နိုင်သောအရာပင်။
   
    "မင်းက ငါ့ကိုအံသြစေတာပဲ၊အသံရဲ့အမြန်နှုန်းဆယ်ဆ ကအရမ်းမြန်လွန်းတယ်"
   
    စလာတည်းကတည်ငြိမ်နေသော မိုချင်းဖန်၏မျက်နှာတွင်တုန်လှုပ်မှုများထွက်ပေါ်လာသည်။ချူဖုန်းကခပ်ဖျော့ဖျော့ပြုံးလိုက်ကာ
   
    "ဟုတ်တယ်၊အဲ့တာက မင်းရဲ့အရှိန်ထက်တော့ပိုမြန်တယ်"
   
    မိုချန်းဖန် ကတိတ်ဆိတ်နေသည်။ချူဖုန်းပြောတာအမှန်ပင်။သူ့၏ပုံရိပ် က အသံ၏ အမြန်နှုန်း နှစ်ဆသာရှိသည်။သူကချူဖုန်း၏အရိပ်ကိုပင်ထိနိုင်မည်မဟုတ်ပေ။မိုချန်းဖန်ကအေးစက်စွာပင်
   
    "အိမ်မက်မြူခိုးသားရဲဘုရင်ကိုငါသတ်မှာကို မင်းတားနိုင်မယ်ထင်လား၊မင်းရဲ့တိုက်ခိုက်မှုတွေကိုငါဂရုမစိုက်ဘူး၊ငါသူ့ကို အတင်းသတ်ပစ်လိုက်လို့ရတယ်"
   
    ထိုစကား က အန်ဒါဆန် နှင့်အဖွဲ့အားကြောက်လန့်သွားစေသည်။ချူဖုန်းက အရှိန်မြန်သည်မှာမှန်သော်လည်း မိုချန်းဖန်ကိုမတားနိုင်ပေ။
   
    ချူဖုန်း ကထိုစကားကြားသောအခါ ပေါ့ပေါ့ ပါးပါးပင်
   
    "မင်းမှန်တယ်၊ငါ့အရှိန်ကမင်းထက်မြန်ပေမယ့်ငါမင်းကိုမတားနိုင်ဘူး ၊မင်း အိမ်မက်မြူခိုးသားရဲဘုရင်ကိုသွားသတ်နေတဲ့အချိန်ငါမင်းတပည့်ကိုသတ်လိုက်မယ်လေ
   
    ငါ့ကိုယုံ၊ငါ့အရှိန်နဲ့ဆို မားရ် ကဘာနာကျင်မှုမှမရှိပဲသေစေရမယ်
   
    အန်ဒါဆန်နဲ့သူ့အဖွဲ့အတွက်ကတော့ငါဘာမှမတက်နိုင်ဘူး၊မင်းသူတို့ကိုသတ်လိုက်ပေါ့
   
    ပြီးရင်တော့ငါက သူတို့အတွက်လက်စားချေပေးမယ်၊မင်းရဲ့မျိုးနွယ်တစ်ခုလုံးကိုငါအမြစ်ပြတ်သုတ်သင်ပစ်မယ်၊ငါ့အဲ့လိုလုပ်နိုင်တာမင်းယုံလား"
   
    ချူဖုန်းကလေထဲတွင်ရပ်နေရင်းဘာမှအရေးမပါသောအရာကိုပြောနေသလိုပင်။
   
    မြေပေါ်ရှိ အန်ဒါဆန် ကဒါကိုကြားတော့ရုတ်တရက်ရယ်မောပြီးချူဖုန်းကိုလက်မထောင်ပြလိုက်သည်။
   
    "ဟားးးးး၊ကောင်းတယ်ချူဖုန်း၊သူငါ့ကိုသတ်လိုက်ရင် ငါနဲ့အတူ မြေနတ်ဆိုးမျိုးနွယ်ရဲ့ဝိညာဥ်အသွင်ပြောင်းခြင်းဆယ်ယောက်ကိုအနည်းဆုံးပြန်သတ်ပေးရမယ်"
   
    ထို့ပါနှင့်ထို့ကူ တို့ကလည်းမိုက်မဲစွာပင်
   
    "ကျွန်တော်တို့ကတော့အဲ့လောက်လောဘမကြီးပါဘူး ဝိညာဥ်အသွင်ပြောင်းခြင်းနတ်ဆိုးရှစ်ယောက်ဆိုရပါပြီ"
   
    မှင်စာလေး ဘရော့ကလည်းအဆုတ်ကွဲမတက်ပင်ထအော်လိုက်သည်။
   
    "ငါကောပဲ၊ ငါလည်းရှိသေးတယ်၊ငါ့လိုအဆင့် B တစ်ယောက်နဲ့ဝိညာဥ်ပြောင်းလဲခြင်းတစ်ယောက်ကိုမြေမြှပ်နိုင်ရင်ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ"
   
    မြေပြင်ပေါ်တွင်ဆူညံနေကြသည်။ဘယ်သူကမှကြောက်လန့်ခြင်းမရှိသလို၊ဘယ်သူကမှချူဖုန်းကိုအပြစ်တင်ခြင်းမရှိပေ။
   
    အဲ့ဒီအစားသူတို့က စျေးမှာဟင်းသီး ဟင်းရွက် ဝယ်သလို ရွေးချယ်မှုများပင်ပြုလုပ်နေကြသည်။သူတို့က သူတို့နှင့်အတူ ဝိညာဥ်အသွင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်ကိုမြေမြှပ်ပစ်ရန်အတွက်ပင်ငြင်းခုန်နေကြသေးသည်။
   
    နောက်ဆုံးတော့လည်း မြေနတ်ဆိုးမျိုးနွယ်ရဲ့ ဝိညာဥ်အသွင်ပြောင်းခြင်း အဆင့်ကအကန့်အသတ်ရှိသည်။သေမှာကိုကြောက်ရွံ့ခြင်းမရှိကျေနပ်စရာကောင်းစွာပင်သေရဲသူများချည်းပင်။
   
    ချူဖုန်းကလည်းသူ့တစ်ခါမှမလုပ်ဘူးသောလုပ်ရပ်တစ်ခုကိုလုပ်ခဲ့သည်။သူက A+ အဆင့်တစ်ယောက်ကိုလက်ညိုးထိုးကာခြိမ်းချောက်ခဲ့သည်။
   
    မင်းလုပ်ရဲရင်မင်းရဲ့မျိုးနွယ်တစ်ခုလုံးကိုငါသတ်ပစ်မယ်၊
   
    ကြီးစိုးခြင်း
   
    လွမ်းမိုးနိုင်ခြင်းရှိခြင်း
   
    မိုချင်းဖန်ကတကယ်ပင်တုန့်ဆိုင်းသွားသည်။သူကချူဖုန်းနောက်နေခြင်းမဟုတ်မှန်းခံစားမိနေသည်။ချူဖုန်းပြသခဲ့သောစွမ်းရည်များကြောင့်ထိုအရာက မဖြစ်နိုင်တာမဟုတ်ပေ။
   
    အောက်ရှိမျိုးနွယ်စုများကလည်းဝမ်းသာစိတ်များပြည့်နေသည်။သူတို့ကနတ်ဆိုးမျိုးနွယ်၏ဖိနှိပ်မှုကိုတစ်သက်လုံးခံစားခဲ့ရသော်လည်းဒီတစ်ကြိမ်တော့ဦးခေါင်းကိုမော့ကာသေဆုံးနိုင်ပြီဖြစ်သည်။သူတို့က သူတို့ဘိုးဘေးများလိုခေါင်းမတ်မတ်ထားကာသေနိုင်ကြပြီဖြစ်သည်။
   
    ချူဖုန်းကပြုံးရင်းတုန်လှုပ်ချောက်ချားနေသော မိုချင်းဖန်အားကြည့်ကာ
   
    "မားရ်ကိုလျှို့ဝှက် ကာကွယ်ဖို့မင်းရဲ့လက်ကိုတောင်ဖြတ်ပြီးပုံရိပ်အသွင်ဖန်တီးခဲ့သေးတာပဲ၊ဒါကြောင့်မို့လို့ မားရ် ကမင်းအတွက်အရမ်းအရေးကြီးတယ်မလား"
   
   " ငါတို့လောင်းကြေးထပ်ကြမလား မိုချင်းဖန်"
   
  "  အိမ်မက်မြူခိုးသားရဲဘုရင်ရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုမှာမင်းရဲ့ ပုံရိပ်ကပဲစွမ်းအားကုန်သွားမလား ဆိုတာလောင်းမလား၊မင်းစွမ်းအားကုန်ရင် မင်းတို့အရှုံးပဲ ၊မင်းရဲ့စွမ်းအားမကုန်ရင် ငါတို့ကံမကောင်းတာပေါ့၊ဘယ်လိုလဲ"
   
   " မိုချင်းဖန် ၊ မင်းလောင်းရဲလား"

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now