133-134

48 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (133)မဟာအကြီးအကဲအားသတ်ဖြတ်ခြင်း

       ခွန်လွန်မြင့်မြတ်နယ်မြေရဲ့စစ်​မှန်​တဲ့ကျွမ်းကျင်သူ မဟာအကြီးအကဲ။ဒါက ပုံရိပ်တစ်ခုသာဖြစ်သော်လည်း ကြောက်စရာကောင်းသော ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်ခဲ့သည်။
      
       လူအိုကြီး၏ မျက်နှာက မှုန်ဝါးနေသော်လည်း အကြည့်များကတောက်ပနေသည်။ သူနှင့်မျက်လုံးခြင်းဆုံကြည့်မိလိုက်သူတိုင်းကို စူးရှသောနာကျင်မှုကိုခံစားမိစေသည်။
      
       လူအိုကြီးက စကားမပြောခဲ့သော်လည်း သူ့၏ မမြင်နိုင်သော အရှိန်အဝါက လူတိုင်းအားဖိနှိပ်ထားခဲ့သည်။
      
       သူက မြေတွင်းအောက်ခြေတွင် သေလားရှင်လားမသိသော အကြီးအကဲမို နှင့် သတိလစ်နေသောလင်းရီအားကြည့်လိုက်သည်။
      
       လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ကာလင်းစန်အားကြည့်လိုက်သည်။ လင်းစန်က လူအိုကြီး၏ အကြည့်ကိုနားလည်သောကြောင့် ဖြစ်ပျက်သမျှအား အလျှင်အမြန်ရှင်းပြလိုက်သည်။
      
       လင်းစန်က မီးထဲကိုလောင်စာထပ်မထည့်ရဲဘဲ အမှန်အတိုင်းသာပြောပြလိုက်သည်။သူသာလိမ်ပြောလိုက်ပါက မဟာအကြီးအကဲသိသွားချိန်တွင် သူ့ကိုဒေါသထွက်သွားလိမ့်မည်။
      
       ဘာတွေဖြစ်သွားမှန်းသိလိုက်ချိန်တွင် လူအိုကြီးက ရုတ်တရက်ချူဖုန်းကို အံအားသင့်စွာကြည့်ကာ လေသံတိုးတိုးဖြင့်
      
       "ဘယ်လောက်မွန်းစတားဆန်လိုက်လဲ၊မင်းက တကယ်ရက်စက်တာပဲ ၊ဘာပဲဖြစ်ဖြစ်ပါ မင်းက ခွန်လွန်က လူတွေကိုတိုက်ရဲမှတော့ တန်ဖိုးတစ်ခုတော့ပေးရမယ်"
      
       လူအိုကြီးက ယဲ့ချင်ထျန်းကိုဂရုမစိုက်စွာကြည့်လိုက်သည်။ သူ့စကားသံက ကျယ်လောင်သောခေါင်စလောင်းသံလိုစူးရှနေပြီး လူတိုင်း၏နားထဲတွင် ကျယ်လောင်ပြတ်သားစွာကြားလိုက်ရသည်။
      
       ဘယ်လောက်တောင်တိကျလိုက်တဲ့ စွမ်းအားထိန်းချုပ်မှုလဲ။
      
       "ယဲ့ချင်ထျန်း ငါဒီကောင်လေးကိုခေါ်သွားရလိမ့်မယ်၊ မင်းမှာ ဘာပြောစရာရှိလဲ"
      
       သူ့အသံက နူးညံနေသော်လည်း မေးခွန်းထုတ်စရာမလိုလောက်အောင်ကိုမောက်မာသည်။ယဲ့ချင်ထျန်း၏ မျက်နှာက ရှုံ့မဲ့သွားခဲ့ရသည်။ သူနားလည်လိုက်သည်က ထိုလူက အပြင်တွင်ပြုံးနေသော်လည်း တကယ်တမ်းဒေါသထွက်နေခြင်းကိုပင်။
      
       သူက ချူဖုန်းကိုထည့်ပေးလိုက်ရန်သဘောမတူပေ။ တကယ်လို့ သူသာထည့်ပေးလိုက်ရင် ချူဖုန်း အသက်ရှင်နိုင်မလားဆိုတာ မသေချာပေ။
      
       ယဲ့ချင်ထျန်းက သူ့လက်ကိုတင်းတင်းဆုပ်လိုက်က
      
       "စီနီယာမဟာအကြီးအကဲ ၊ စီနီယာက သနားကြင်နာတက်တဲ့လူပါ၊ ဂျူနီယာတွေရဲ့အမှားကို ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်...."
      
       ယဲ့ချင်းထန်၏ စကားကိုကြားလိုက်ချိန်တွင် လူအိုကြီးက ရယ်စရာပျက်လုံးတစ်ခုကိုကြားလိုက်ရသလို အားရပါးရရယ်မောလိုက်သည်။
      
       ပြီးနောက်တွင် သူ့လက်ဝါးကိုဆန့်ထုတ်ကာ ယဲ့ချင်းထျန် အားတိုက်ခိုက်လိုက်ရင်း
      
       "ငါမင်းကိုမေးတယ်ဆိုတာ အဇူရာနဂါးရဲ့ မျက်နှာထောက်နေလို့ ၊ အဲ့ဒါကို မင်းက ကိုယ့်အတွက်ဘာကောင်းလဲဆိုတာ မသိဘူးပဲကွ"
      
       သူက ယဲ့ချင်ထျန်အားအသာအယာပင်အနိုင်ယူလိုက်နိုင်သည်။ ပြောရလျှင် A+ အဆင့်အောက်က လူတိုငိးက ပုရွတ်ဆိတ်များဟုပြောချင်းမှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။ A+ တစ်ယောက်ကသာတိုက်ခိုက်ပါကဘယ်လိုသေသွားမှန်းသိလိုက်မည်မဟုတ်ပေ။
      
       လီဖန်းနှင့် ကျန်လူများက ထိတ်လန့်စွာကြည့်နေကြသည်။ သူတို့စွမ်းအားကြီးသည်ဟုထင်ထားသည့် ယဲ့ချင်ထျန်ကို လက်ဝါးတစ်ချက်တည်းနှင့် အမှောက်သိပ်သွားခဲ့သည်။
      
       အကိုကြီးဖုန်း.....အန္တရာယ်ရှိနေပြီ
      
       လီဖန်းနှင့်ပါ့ချွမ် တို့က ထိတ်လန့်စွာဖြင့်တစ်ယောက်ကို​တစ်ယောက်ကြည့်လိုက်ကြသည်။
      
       ထိုအချိန်တွင် လူအိုကြီးက ချူဖုန်းကိုကြည့်ကာ
      
       "ကောင်လေး မင်းကငယ်ရွယ်ပြီး မသိတက်သေးတာမို့လို့ ငါမင်းကိုမသတ်တော့ဘူး ၊ ဒါပေမယ့် မင်းငါနဲ့ ခွန်လွန်တောင်ကိုလိုက်ခဲ့ပြီး မင်းနှလုံးသားကိုသန့်စင်ဖို့ အနှစ်တရာနေရမယ်၊ ဒါကမင်းအတွက်ပြစ်ဒဏ်ပဲ"
      
       နှလုံးသားကိုသန့်စင်ဖို့ အနှစ်တရာနေရမယ်ပေါ့လေ၊ မင်းနောက်နေတာလား ၊ အဲ့ဒါသူ့ကို သေတဲ့အထိအကျဥ်းချထားတာနဲ့အတူတူပဲလေ၊ ဒါတောင်မှ ရိုးသားပြီးသဘောထားကြီးချင်ယောင်ဆောင်နေသေးတယ်.....
      
       လျှိုရှန်းအာက အကြီးအကဲ၏ စကားအားကြားလိုက်ချိန်တွင် သူမကတုန်လှုပ်သွားခဲ့သည်။ သူမက အလျှင်အမြန်ပင်ဒူးထောက်လိုက်ကာ
      
       "အကြီးအကဲ ချူဖုန်းခုလိုလုပ်မိတာက ကျွန်မကြောင့်ပါ ဒါကြောင့်မို့လို့ ချူဖုန်းကို ခွင့်လွှတ်ပေးပါ "
      
       မဟာအကြီးအကဲက ဒူးထောက်နေသော လျှိုရှန်းအာကိုကြည့်လိုက်ကာ
      
       "ရှန်းအာ ၊ နင်က ခွန်လွန်မြင့်မြတ်နယ်မြေရဲ့ သူတော်စင်မ တစ်ယောက်ပဲ ၊မင်းက ဂိုဏ်ထဲမှာ အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားစေမှုနဲ့အပြစ်ပေးခံရမယ်၊ ငါတို့ ပြန်ရောက်တော့မှအဲ့အကြောင်းကိုဆက်ပြောကြမယ်"
      
       ထိုစကားကြားချိန်တွင် လျှိုရှန်းအာ၏မျက်နှာက သွေးစုတ်ကာဖြူရော်သွားသည်။ သူမကအပြစ်ပေးခံရမည်ကိုကြောက်၍မဟုတ်ပေ။ဘယ်သူကမှ မဟာအကြီးအကဲ ၏စိတ်ကိုပြန်မပြင်နိုင်ကြောင်းသိလိုက်မိသောကြောင့်ဖြစ်သည်။
      
       ထိုအချိန်တွင် မဟာအကြီးအကဲက ချူဖုန်းကိုဖမ်းရန်သွားနေကြောင်းမြင်လိုက်ရချိန်တွင် သူမနှလုံးသားတစ်ခုလုံးတင်ကျပ်သွားသည်။ သူမက မဟာအကြီးအကဲ ဒေါသထွက်မည်ကိုမစိုးရိမ်တော့ပဲကျယ်လောင်စွာအော်ဟစ်လိုက်သည်။
      
       "ချူဖုန်း ပြေးးးးး"
      
       "ဟမ့် သစ္စာဖောက် နင်ကသေဖို့တောင်းဆိုနေတာပဲ"
      
             မဟာအကြီးအကဲ ကဒေါသထွက်စွာအော်ဟစ်လိုက်ရာ အသံလှိုင်းလုံးများက လျှိုရှန်းအာကိုထိမှန်၍ ဒဏ်ရာရသွားစေသည်။
            
             သူမက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းပြုတ်ကျသွားပြီးအတွင်းကလီစာများပင်ဒဏ်ရာရသွားကာ သွေးများအန်လိုက်ရသည်။
            
             ချူဖုန်း၏မျက်လုံးများက ပြူးကျယ်သွားကာ
            
             "လူအိုကြီး ၊ရှန်းအာက ခွန်လွန်မြင့်မြတ်နယ်မြေ ကပဲလေ၊ မင်းဘာလို့ အဲ့လောက်ထိရက်စက်ရတာလဲ"
            
             မဟာအကြီးအကဲ က ဂရုမစိုက်စွာပြုံးလိုက်ပြီး
            
             "သူမမှာ ရှိသမျှအကုန်က ငါပေးထားတာပဲ ၊ သူမက ငါ့စကားကိုနားမထောင်ရင်အပစ်ပေးခံရမယ်၊ ခွန်လွန်နယ်မြေရဲ့တပည့်တိုင်းက ငါ့စကားကို ကောင်းကင်ရဲ့ ဆန္ဒလိုနာခံနေရမယ်၊
            
              အကြောတင်းတဲ့ကောင်လေး အဲ့တာက မင်းနဲ့ဘာဆိုင်လို့လဲ ၊ မင်းက အဲ့ကလေးမကိုစိတ်ပူနေတာလား ၊ ဒါပေမယ့် ငါ့လုပ်ရပ်ကိုတစ်ယောက်ယောက်ကမေးခွန်းထုတ်တာကိုငါတကယ်မကြိုက်ဘူး၊ မင်းက ငါ့ကိုပိုပြီးမယုံကြည်လေ၊ ငါကသူမကို ပိုပြီး ပျက်စီးပစ်လေပဲ"
             
             သူ့အသံများက မိုးကြိုးသွားတစ်ခုလိုပင်စူးရှကျယ်လောင်လှသည်။ ကြားလိုက်ရသောခွန်လွန်မှ တပည့်တိုင်းကတုန်ရင်လာကာ သူတို့၏ ကြောက်စိတ်ကိုထိန်းမထားနိုင်ခဲ့ပေ။ မဟာအကြီးအကဲ၏ ရက်စက်မှုက ဟာသတစ်ခုမဟုတ်ပေ။
            
             "ခွေးအိုကြီး မင်းရှန်းအာကို နာကျင်အောင်လုပ်ရဲရင် ငါ့မှာရှိတဲ့ အရာအကုန်လုံးအသုံးချပြီး မင်းကိုသတ်မယ်၊ ငါ့ကိုအတင်းအကျပ်တွန်းအားမပေးနဲ့"
            
             ချူဖုန်း၏ မျက်နှာအမူအရာက ရေခဲတုံးလိုဖြစ်နေပြီး သူ့အသံက အေးစက်နေသည်။
            
             "အိုးးး"
            
             မဟာအကြီးအကဲက အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။ သူကချူဖုန်းကိုကြည့်ကာ
            
             "ကောင်လေး မင်းမှာ ဝှက်ဖဲတွေရှိနေတာနဲ့ပဲ ငါ့ကိုခြိမ်းခြောက်နိုင်မယ်ထင်နေလား"
            
             ခုရောက်ရှိနေတာက ပုံရိပ်လေးသာဖြစ်သော်လည်း သူ့စွမ်းအားက ကောင်းကင်အရှင်များနှင့်နှိုင်းယှဥ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်အရှင် အောက်အဆင့်များက သူ့ကိုမခြိမ်းချောက်နိုင်ပေ။
            
             ချူဖုန်းက အသက်ကိုပြင်းပြင်းရှုလိုက်သည်။ ထိုပုံရိပ်က အဆင့် A+ နှင့်ပင်နှိုင်းယှဥ်နိုင်သောကြောင့်သူက အစွမ်းကုန် တိုက်ခိုက်မှသာအခွင့်အရေးရှိလိမ့်မည်။
            
             သူ့နားတွင် ရှိသော အိမ်မက်မြူခိုးသားရဲဘုရင် နှင့် ရှေးဘိုးဘေးနဂါး တို့နှစ်ကောင်ပေါင်းလျှင်ပင် ထိုလူကိုမနိုင်နိုင်ပေ။
            
             သို့ရာတွင် အရာရာတိုင်း၌ ချွင်းချက်တစ်ခုရှိသည်။
            
             ချူဖုန်း၏ လက်ထဲတွင်လည်း သူ့၏အပြင်းထန်ဆုံးလူသတ်လက်နက်တစ်ခုရှိသည်။ထိုလက်နက်က ဒဏ္ဍာရီလာကောင်းကင်အလင်းတောင်ပံ၏ စွမ်းအားထဲမှတစ်ခုဖြစ်သော
            
             နတ်သမီးတရားစီရင်ခြင်း ၏ အစွမ်းထက်ဆုံးစွမ်းအားဖြစ်သော
            
             သတ်ဖြတ်ခြင်း - ပြိုင်ဘက်၏အဆင့်ကိုလျစ်လျှုရှု၍သတ်ဖြတ်ရန် တစ်ကြိမ်အခွင့်အရေး
            
             သူသာထို စွမ်းအားကိုအသက်သွင်းနိုင်လျှင် A+ အဆင့်နှင့် ညီမျှသော ပုံရိပ်ကို သတ်ဖြတ်နိုင်လိမ့်မည်။ ဒါကလောင်းကစားတစ်ခုဖြစ်သောကြောင့် ချူဖုန်းက အပြည့်အဝယုံကြည်ချက်တော့ရှိမနေပေ။
            
             ဟူးးးးး ၊ ဘုရားသခင်ကောင်းချီးပေးပါစေ ၊ မြတ်စွာဘုရားကယ်တော်မူပါဘုရား....
            
             ချူဖုန်းကသူ့ဓားကို သေချာဆုပ်ကိုင်လိုက်သည်။ တစ်ဖက်လူက ကောင်းကင်အရှင် မကလို့ နတ်ဘုရားပဲဖြစ်နေပါစေ ချူဖုန်းက သူ့ဓားကို ဆွဲကိုင်ထားဦးမည်ဖြစ်သည်။
            
             ချူဖုန်းမျက်လုံးအတွင်းရှိ ဆုံးဖြတ်ချက်ပြတ်သားမှုများကိုကြည့်၍ မဟာအကြီးအကဲကစိတ်ဝင်စားသွားသည်။
            
             ထိုကောင်က နောက်နေသည့်ပုံမရှိပေ။ သို့သော်လည်း ကောင်းကင်အရှင်အဆင့်အောက်ရှိလူများက သူ့ကိုမခြိမ်းချောက်နိုင်သောကြောင့်စိတ်တော့မပူမိပေ။
            
             မဟာအကြီးအကဲ၏ ဖိနှိပ်ခံထားရသော ယဲ့ချင်ထျန်းက ချူဖုန်းကိုကြည့်ကာစိုးရိမ်တကြီးအော်ပြောလိုက်သည်။
            
             "ချူဖုန်း ၊ မင်းရဲ့ စိတ်ကို ဒေါသကြောင့်ဖုံးလွှမ်းမသွားစေနဲ့ ၊ ကောင်းကင်အရှင်အဆင့် ဆိုတာ ငါတို့နားမလည်နိုင်တဲ့တည်ရှိမှုပဲ ၊ သူ့ကိုသွားပြီး ခြိမ်းခြောက်မနေနဲ့ဟ"
            
             သူကပြောပြီးသည်နှင့် ကောင်းကင်ပေါ်သို့ စိုးရိမ်တကြီးကြည့်လိုက်မိသည်။ သူမျှော်လင့်နေသောသူက ရောက်မလာသေးပေ။
            
             ယဲ့ချင်ထျန်းက ကောင်းကင်ကပ်ဘေး ပေါ်လာစဥ်ကတည်းက မြို့တော် ဌာနချုပ်သို့ လှမ်း၍ အကြောင်းကြားပြီးပြီဖြစ်သောကြောင့် မြို့တော်မှ လူကရောက်လာသင့်ပြီ။
            
             သူဖြစ်စေချင်သည်က ချူဖုန်းက ထိုလူကိုပြဿနာမရှာပဲအေးဆေးနေစေချင်သည်။ ထို့နောက်သူတို့မြို့တော်မှ လူရောက်လာပါက အရာအားလုံးက အဆင်ပြေပြီဖြစ်သည်။
            
             သို့သော်လည်း သူစီစဥ်ထားသမျှကဖြစ်မလာခဲ့ပေ။ချူဖုန်းဆိုသည့်မသာလေးက အမြဲတမ်းမောက်မာလှသည်။ သူက ကောင်းကင်အရှင် ရှေ့တွင်ပင် မောက်မာမှုကိုလျှော့ချထားခြင်းမရှိခဲ့ပေ။ယဲ့ချင်ထျန် ကစိတ်ပျက်သွားမိသည်။
            
             သွားပြီ ၊အဲ့ခွေးကောင်လေးချူဖုန်းကတကယ်သေပြီပဲ
            
             နောက်အခိုက်အတန့်တွင် မဟာအကြီးအကဲ ၏ ပုံရိပ်ယောင်လက်ဝါးက လေထုထဲမှထွက်ပေါ်လာကာ ချူဖုန်းကိုရိုက်ချလိုက်သည်။
            
             ထိုအချိန်တွင် လူတိုင်းက ကြည့်ရှုရဲခြင်းမရှိသောကြောင့်မျက်လုံးများကိုသာမှိတ်ထားလိုက်ကြလိုက်သည်။ဒီတစ်ကြိမ်တော့ ချူဖုန်း ကတကယ်သေဖို့နီးစပ်နေပြီ။
            
        သူ့အရည်အချင်းများက ဘယ်လောက်ကောင်းကောင်း ကောင်းကင်အရှင်တစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။
       
        ပြီးသွားပြီ ၊ ပုရွတ်ဆိတ်တစ်ကောင်က ခုန်ပျံပြီး လေပေါ်မှ လင်းယုန် ကိုတိုက်ခိုက်၍မရပေ။
       
        ချူဖုန်းကတော့ပြင်းထန်သော လက်ဝါးချက်နှင့်ရင်ဆိုင်နေရချိန်တွင်ပင်တည်ငြိမ်နေသည်။သူ့၏အာရုံစူးစိုက်မှုအားလုံးကို ကောင်းကင်အလင်းတောင်ပံတွင်သာ စုစည်းထားလိုက်သည်။
       
        ရှင်သန်ခြင်းနဲ့သေဆုံးခြင်းက တစ်ခဏအတွင်းပြောင်းလဲသွားနိုင်သည်။သူကတော့ အဆင်သင့်ဖြစ်နေပြီ ၊ ခွေးအိုကြီးပိုပြီးနီးကပ်လာသည့်အချိန်ထိစောင့်ဆိုင်းနေမိသည်။သူ့ရှင်မလား သေမလားဆိုတာ ဒီတိုက်ကွက်တစ်ခုပေါ်တွင်မူတည်နေသည်။
       
        အချိန်တွေကနှေးကွေးသွားသလိုခံစားလိုက်ရပြီး ချူဖုန်း ကသူ့မိသားစု နှင့်သူငယ်ချင်းများ ၊ သူ့အားစိတ်ပူနေသူများကိုကြည့်လိုက်ကာ ပြုံးလိုက်ပြီး
       
        "ငါက ချူဖုန်း၊ ငါ့ဘဝကိုအခုမှ စတင်တဲ့ဟာကို ငါကဘာလို့ ဒီလိုနေရာမှာ ပြိုလဲကျရမှာလဲ ၊ လာခဲ့စမ်းပါ ၊ မင်းက ကောင်းကင်အရှင်ဖြစ်နေရင်တောင်မှ မင်းကိုငါဘယ်လိုသတ်မလဲကြည့်လိုက်ဦး "
       
        ချူဖုန်းနောက်ကျောရှိ ကောင်းကင်အလင်းတောင်ပံက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
       
        ထိုအချိန်တွင် မိုးကုတ်စက်ဝိုင်းတစ်ဖက်ဆီမှ သက်ပြင်းချသံကိုကြားလိုက်ရသည်။
       
        "စီနီယာ မဟာအကြီးအကဲ ကျေးဇူးပြုပြီး သက်ညှာသနားပေးပါ၊ ဒီနေရာက ငါတို့ နဂါးတပ်ဖွဲ့ ကာကွယ်ထားတဲ့နေရာပဲ ၊ နင် စည်းကျော်နေပြီ"
       
        ထိုသာယာသောအသံကို ယဲ့ချင်ထျန်းက ကြားလိုက်ရချိန်တွင် ဖိနှိပ်ခံနေရာမှ ကယ်တင်ခံလိုက်ရသလိုခံစားလိုက်ရသည်။
       
        "ဟူးး မြတ်စွာဘုရား၊ တော်သေးတာပေါ့နောက်ဆုံးချိန်လေးမင်းရောက်လာလို့"
       
        သူမက ဟွာရှနဂါးတပ်ဖွဲ့၏ တည်ထောင်သူသုံးယောက်ထဲမှတစ်ဦးတည်းသောမိန်းကလေးဖြစ်ပြီး သူမ၏ လက်တွင်အမြဲလိုလိုသွေးစွန်းနေတက်သောသူဖြစ်သည်။
       
        သူမက သူမ၏ လူများက အမဟောင်ဟုခေါ်ခြင်းကိုကြိုက်နှစ်သက်သော်လည်း သူမ၏ရန်သူများက သူမကို အနီရောင်နတ်ဆိုးမ ဟုသာခေါ်ကြသည်။တခြားလူများအတွက်တော့သူမက နတ်ဆိုးတစ်ကောင်လိုပင်။
       
        သူမပေါ်လာသည့်အချိန်အတွင်းမှာပင် သူမ၏ စွမ်းအားများက မဟာအကြီးအကဲပေါ်တွင် ပစ်မှတ်ထားချိတ်ပိတ်လိုက်သည်။
       
        ထိုအချိန်ခဏလေးအတွင်း မဟာအကြီးအကဲ၏ ပုံရိပ်ကပို၍ဝေဝါးလာသည်။ နောက်ဆုံးတော့သူမက လူကိုယ်တိုင်ရောက်လာခြင်းဖြစ်သောကြောင့်ပုံရိပ်တစ်ခုက ယှဥ်၍မရပေ။
       
        "နောက်ဆုံးတော့မင်းလည်းရောက်လာပြီကိုး၊ ဒါပေမယ့် ငါတကယ်သတ်ချင်လာရင်မင်းတောင်တားလို့မရစေရဘူး"
       
        ပြောပြီးသည်နှင့် မဟာအကြီးအကဲ ကသူ့၏ လက်ဝါးဖြင့်ချူဖုန်းအားရိုက်ချလိုက်သည်။ သူက သွေးနတ်ဆိုးရောက်မလာခင် ချူဖုန်းအားသတ်ဖြတ်ရန်အတွက် ဆုံးဖြတ်ထားသည်။
       
        သို့သော်လည်း အမဟောင်၏ အော်ရာပစ်မှတ်ထားခြင်းခံရသောကြောင့်ချူဖုန်းကိုတိုက်ခိုက်ရာတွင် အနည်းငယ်နှောင့်နှေးသွားခဲ့သည်။
       
        အရင်ဘဝက မရေတွက်နိုင်သောတိုက်ပွဲများကိုတိုက်ဖူးသောလူတစ်ယောက်အနေနှင့် ချူဖုန်း၏ တိုက်ပွဲအပေါ် အာရုံစူးစိုက်မှုက မြင့်မားလှသည်။
       
        တစ်ခဏအတွင်း ချူဖုန်း၏ နောက်ကျောမှ အဖြူရောင်အလင်းတန်းကြီးက နေတစ်စင်းကဲ့သို့ တောက်ပစွာထွက်ပေါ်လာခဲ့သည်။
       
        ထိုအချိန်တွင် ချူဖုန်း က ကောင်းကင်ပေါ်သို့ပျံတက်ကာ အော်ဟစ်လိုက်သည်။
       
        "ငါ့ဘဝက ငါ့လက်ထဲမှာ ၊ ငါ့အသက်ကို ငါပိုင်တယ်၊ မင်းက ကောင်းကင်အရှင် ဆိုရင်တောင်ငါ့ကို သတ်လို့မရစေရဘူး၊ ငါကပဲ မင်းကိုသတ်ပစ်မယ်"
       
        သူ့ဘက်က အကူအညီများရောက်လာသော်လည်း ချူဖုန်းက ရဲရင့် ၍အကြောက်အရွံ့ကင်းမဲ့စွာ မဟာအကြီးအကဲအားတိုက်ခိုက်လိုက်သည်။


ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now