ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (139) နတ်ဘုရားဖြစ်လာနိုင်တယ်
ချူဖုန်း က မြို့တော်သခင်ခန်းမကို တစ်ချက်သာကြည့်လိုက်ပြီး ကောင်းကင်အလင်းတောင်ပံ ကိုအစွမ်းကုန်သုံးကာ ထွက်ပြေးလိုက်သည်။
အသံ၏ အရှိန်ဆယ်ဆ အမြန်နှုန်း ကိုပင်မဆိုင်းမတွထုတ်သုံးလိုက်ကာ ကောင်းကင်ထက်သို့ပျံတက်၍အဝေးသို့ပြေးထွက်သွားသည်။
"ငါလခွမ်း အရမ်းကြောက်ဖို့ကောင်းလိုက်တာကွာ"
အကြောင်းပြချက်ကတော့ စောနက ချူဖုန်း မြို့အရှင် ပင်မခန်းဆောင်ကို ကြည့်လိက်ချိန်တွင် အထဲ၌ A+ အဆင့် နတ်ဆိုးဘုရင် ဆယ်ယောက်အားတွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ချူဖုန်းက ထိုနတ်ဆိုးများကိုတွေ့လိုက်ရသည့်အချိန်တွင် ထိုနတ်ဆိုးများကလည်း ချူဖုန်းအားတွေ့လိုက်ကြသည်။အဆင့် A+ များ၏ ရှေ့တွင် ချူဖုန်း၏ ပြောင်းလဲခြင်းဆေးရည်က အလုပ်မဖြစ်ပေ။
သူတို့က သူ့ကို အမှန်အတိုင်းမြင်နေရသည်။
ချူဖုန်းက လူအုပ်ထဲတွင် မိုချင်ဖန် အားလည်းတွေ့မိလိုက်သည်။မိုချင်းဖန် ကလည်း ချူဖုန်း၏ အရှိန်အဝါကို ရင်းနှီးနေသလိုခံစားမိလိုက်သည်။
မိုချင်းဖန် ကချူဖုန်း ကိုမှတ်မိလိုက်သည့်အချိန်တွင် ချူဖုန်း က အဝေးသို့ထွက်ပြေးသွားပြီဖြစ်သည်။
ချူဖုန်းက သူ့ကိုယ်သူအဆင့်A+ များ၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်းကိုသိသည်။အထဲမှာ ရှိနေတဲ့ A+ ဆယ်ယောက်ဆိုလျှင်တော့ပြောနေစရာမလိုပေ။
ချူဖုန်းအစက မြို့အရှင်ခန်းမအထက်ရှိနတ်ဆိုး အရှိန်အဝါများကို နတ်ဆိုးအများအပြားစုစည်း နေခြင်းကြောင့်ဖြစ်လာသည်ဟုထင်မိခြင်းဖြစ်သည်။
နတ်ဆိုးဘုရင် များ ဆွေးနွေးပွဲ ထိုင်နေခြင်းဖြစ်မည်ဟု မထင်မှတ်ထားပေ။ချူဖုန်း ထင်ထားသည့်အတိုင်းဆိုလျှင် ထိုကောင်များက ကမ္ဘာမြေကိုကျူးကျော်ရန် ဆွေးနွေးနေခြင်းဖြစ်ရမည်။
ထို့ကြောင့်ပင် ချူဖုန်ူက ပြတ်ပြတ်သားသားထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကင်အလင်းတောင်ပံ ကလည်း ချက်ချင်း သာမန် A+ အဆင့် ၏ အမြန်နှုန်း ကိုကျော်လွန်သွားသောကြောင့် ချူဖုန်း လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ချူဖုန်း ထွက်ပြေးလွတ်မြောက်သွားသည့်အချိန်တွင် ဟောခန်းမကြီးတစ်ခုလုံးကတိတ်ဆိတ်နေသည်။ထို့နောက်တွင် မျက်စိသုံးလုံးနတ်ဆိုးဘုရင်က ပြုံးလိုက်ပြီး စကားပြောလိုက်သည်။ သူ့အသံက လွှတစ်ချောင်းသစ်သားဖြတ်သကဲ့သို့ စူးရှရှဖြစ်နေသည်။
"ကျွတ် ကျွတ် ၊ မိုချင်းဖန် စောနက ကောင်လေးက ငါတို့ နတ်ဆိုးမျိုးနွယ်က မဟုတ်ဘူး ၊ ဟုတ်တယ်မလား"
ချူဖုန်း ၏ အရှိန်အဝါက တစ်ခဏအတွင်းပေါ်လာပြီးပျောက်သွားသောကြောင့် မရင်းနှီးကြောင်းကိုသာသိလိုက်ပြီးနောက်ထပ်ဘာမှမသိနိုင်တော့ပေ။
တခြားတစ်ဖက်ရှိ မိုချင်းဖန်က ချူဖုန်းထွက်သွားရာဖက်ကို ကြည့်ကာ တစ်စုံ တစ်ခု ကိုစိတ်ဝင်တစားတွေးနေသည်။
"ငါတို့က အသိတွေပါ၊ သူက ဒီတစ်ခါတော့မလွတ်နိုင်တော့ပါဘူး ၊ ကောင်းပြီ ငါတို့ဆက်ပြောကြတာပေါ့"
မိုချင်းဖန် ကဘာမှထပ်မပြောတော့ပေ။ သူ့စိတ်ထဲမှာတော့ ချူဖုန်းက အခွင့်အလမ်းကောင်းတွေရထားသည်ဟုထင်မိနေသည်။ ထို့ကြောင့် ချူဖုန်းအားသတ်ပြီး ထိုအခွင့်အလမ်း အားရယူလိုနေသည်။
တခြားနတ်ဆိုး ဘုရင်တွေကိုသာပြောပြလိုက်ပါက သူက သူ့ပြိုင်ဘက်ကိုသူရှာနေသလိုဖြစ်နေလိမ့်မည်။
တခြားနတ်ဆိုးဘုရင်များက အကြောင်းအရင်းကိုမသိကြပေ။ဒါပေမယ့် ချူဖုန်းကို သိနေခဲ့သည့် တခြား နတ်ဆိုးတစ်ကောင်ရှိနေသေးသည်။
သူကတော့ မာရ်း ၊ ချူဖုန်း၏ တိုက်ခိုက်မှုများအောက်တွင် ပြိုလဲကျလုနီးပါးဖြစ်ခဲ့ရသောသူ၊
မားရ်က ချူဖုန်းကိုမှတ်မိနေသည်။အဲ့လူသားကို သူဘယ်တော့မှ အမှတ်မှားမှာမဟုတ်ပေ။ပြင်းပြင်းထန်ထန် ရှုံးနိမ့်ပြီးနောက်တွင် မားရ်က သူ့စိတ်ထဲတွင် အတွင်းနတ်ဆိုးပေါ်လာမှန်းကိုသိနေသည်။
ချူဖုန်း ဆီမှရခဲ့သော အတွင်းနတ်ဆိုးအား သူမနှိမ်နင်းနိုင်မချင်း သူ့စွမ်းအားများတိုးတက်မလာနိုင်ကြောင်းကို မားရ်ကသိထားသည်။
သို့သော်လည်း မားရ်ကို အံ့အားသင့်စေသည်က သူမြို့တော်ကိုပြန်ရောက်ပြီးနောက်တွင် သူ့ခွန်အားများ က အဆမတန်တိုးတက်လာခြင်းကိုပင်။ ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာ ကို မားရ်တစ်ယောက်ရှာဖွေနိုင်ခဲ့ခြင်းမရှိပေ။
ပြောရလျှင် သူကျင့်ကြံနေခြင်းမရှိရင်တောင်သူ့ခွန်အားများက တိုးတက်လာနေဆဲပင်။ မားရ်က ထိုအကြောင်းအား သူ့ဆရာကိုမေးမြန်းခဲ့သည်။
သို့သော်လည်း သူ့ဆရာက သူ့ခွန်အားများတိုးတက်လာခြင်းက ကောင်းသည် ၊ အာရုံစိုက်နေစရာမလိုဟုပြောခဲ့သည်။မနေ့ကလေးတင် မားရ်ကိုယ်တိုင်ပင် မျှော်လင့်ထားခြင်းမရှိပဲ A+ အဆင့်သို့ရောက်ရှိသွားခဲ့သည်။
အခုဆိုလျှင်သူက မြေနတ်ဆိုးမျိုးနွယ်၏ နံပါတ်တစ်ဂျီးနီးယပ်ဖြစ်လာခဲ့သည်။ထိုအရာက မားရ်ကိုမယုံနိုင်အောင်ဖြစ်ခဲ့ရသည်။သို့သော်လည်း သူက ထုတ်ဖော်ပြောကြားခြင်းမရှိပဲ သူ့နှလုံးသားထဲတွင်သာသိမ်းဆည်းထားလိုက်တော့သည်။
မားရ်က ချူဖုန်း ထွက်သွားရာနေရာသို့ကြည့်ကာ လက်သီးအားစုပ်ထားလိုက်သည်။
ငါက အခုဆိုရင် နတ်ဆိုးဘုရင်ဖြစ်လာပြီ ၊ ချူဖုန်း ငါတို့ နောက်တစ်ခါထပ်တွေ့ခဲ့ရင် ငါမင်းကိုအနိုင်ယူပြမယ်။
ထိုအချိန်တွင် ပျံသန်းနေသောချူဖုန်းကတစ်စုံတစ်ခုကိုသတိရမိလိုက်သည်။
"အမ်.....ငါစောနက မြင်လိုက်တာ မားရ်လား၊ မတွေ့ရတာ ရက်နည်းနည်းပဲရှိသေးအဲ့ကောင်က တကယ်ကြီး A+ အဆင့်ကို ချိုးဖြတ်နိုင်သွားတာလား"
ချူဖုန်းက အလွန် ယုတ္တိမရှိသလိုခံစားလိုက်ရသည်။နတ်ဆိုးမျိုးနွယ်ဆိုလျှင်တောင် A+ အဆင့်ကို ကျော်ဖြတ်ရန်မလွယ်ကူပေ။ချူဖုန်းက စောနကအကြောင်းကိုသေချာပြန်တွေးနေရင်းမှ မျက်မှောင်ကြုတ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
"မာရ်း ရဲ့ အရှိန်အဝါ ကနည်းနည်းထူးဆန်းသလိုပဲ ၊ အဲ့တာနဲ့တူသလိုပဲ"
ချူဖုန်း ကသူ့အရင်ဘဝက ကြုံတွေ့ခဲ့ရဖူးသည့် အရာတစ်ခုနှင့်တူနေကြောင်းသတိရမိလိုက်သည်။ သို့သော်လည်း ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။
သူမှတ်မိသည့်အတိုင်းဆိုလျှင်တော့ထိုအရာက ကောင်းသောကိစ္စမဟုတ်ပေ။ချူဖုန်း က ကူကယ်ရာမဲ့စွာခေါင်းကိုခါယမ်းလိုက်သည်။
"ထားလိုက်ပါ၊ ဘယ်သူကဂရုစိုက်မှာလဲ၊ တကယ်လို့ဒုက္ခရောက်ရင်တောင် မာရ်းရောက်မှာလေ"
ချူဖုန်းကတွေးတောချင်းကိုရပ်လိုက်ကာ တောင်ဘက်သို့ဦးတည်ကာဆက်သွားလိုက်သည်။
ချူဖုန်းက လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သောအဆင့်နိမ့်နတ်ဆိုးများအားတွေ့လိုက်ရသည်။မမြင်ရသောလျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုက ခေါ်ဆောင်နေသလိုနေရာအနှံ့မှနတ်ဆိုးများက နတ်ဆိုးမြို့တော်ဆီသို့ အရပ်မျက်နှာမျိုးစုံမှသွားနေကြသည်။
ချူဖုန်းက အဆုံးမဲ့သောနတ်ဆိုးသတ္တဝါများကိုကြည့်နေရင်းနှင့် သူနှလုံးသားထဲတွင် အရေးကြီးသောခံစားချက်အားရလိုက်သည်။ထိုနတ်ဆိုးများက အဆင့် D အဆင့်နှင့် နှိုင်းယှဥ်နိုင်သည်။
သို့သော်လည်း ထိုအဆင့်နိမ့်နတ်ဆိုးများက နတ်ဆိုးမျိုးနွယ် ကမ္ဘာမြေ ကိုကျူးကျော်ရာတွင် အမြောက်စာ များသာဖြစ်လိမ့်မည်။ သူတို့အများအပြားသေခြင်းကနတ်ဆိုးမျိုးနွယ်ကို မထိခိုက်နိုင်ပေ။
ချူဖုန်းက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ထိုနတ်ဆိုးများအားမသတ်ရန်ရွေးချယ်လိုက်သည်။ ထိုအကောင်များက အရေးမပါလှပေ။
တိုက်ပွဲတစ်ခု၏ အဓိက ရလာဒ်မှာ နှစ်ဖက်လုံးမှ အဆင့်မြင့်သူများအပေါ်တွင် မူတည်နေခြင်းဖြစ်သည်။A+ အဆင့် တစ်ယောက်ကို သတ်ခြင်းက အဆင့်နိမ့်နတ်ဆိုးတစ်သန်းကို သတ်ခြင်းထက်ပို၍အရေးပါသည်။
ချူဖုန်း ကတိတ်ဆိတ်စွာပင် သူ့အရှိန်အားမြှင့်လိုက်သည်။
နေဝင်ရီတရောအချိန်တွင် ချူဖုန်းက တောင်သမုဒ္ဒရာအတွင်း သီးခြားတည်ရှိနေသောကျွန်းငယ်လေးဆီသို့ရောက်ရှိသွားသည်။
ကျိန်စာကျွန်းက အရင်ကနှင့် ဘာမှ ကွာခြားနေခြင်းမရှိပေ။သို့သော်လည်း ချူဖုန်း က ကျိန်စာကျွန်းရှိ သင်္ချိုင်းဂူ များကိုတွေ့လိုက်ချိန်တွင် မရင်းနှီးသလိုခံစားလိုက်ရသည်။
သူခံစားမိနေသည်က ထိုအရာများက သူ့အတွက် လုပ်ပေးထားသလိုပင်၊ ချူဖုန်းက တံတွေး ကိုမြိုချလိုက်ကာ တွန့်ဆုတ်စွာဖြင့် ဆင်းသက်လိုက်သည်။
ထို့နောက်တွင် ချူဖုန်း အရင်ကရှာတွေ့ထားသော အလယ်ဗဟိုဒေသရှိ လှိုဏ်ဂူဆီသို့တည့်တည့်သွားလိုက်သည်။လှိုဏ်ဂူရှေ့တွင် ချူဖုန်းက သူ့အံကြိတ်လိုက်ကာအထဲသို့ဝင်သွားလိုက်သည်။
အထဲသို့အရောက်တွင် သူ့ခန္တာကိုယ်မှ ရင်းနှီးနေသောဆာလောင်မှုအားခံစားလိုက်မိသည်။ထိုဆွဲဆောင်မှုကြောင့် ချူဖုန်းက ရှေ့သို့ဆက်ကာသွားလိုက်သည်။
မှောင်မဲ၍တိတ်ဆိတ်သောလမ်း ကြောင်း အတိုင်းလျှောက်လှမ်းသွားနေရာမှ ရုတ်တရက် သူ့မြင်ကွင်းက ကြည်လင်လာကာ အကန့်အသတ်မဲ့သောသွေးပင်လယ်အားတွေ့လိုက်ရသည်။
သွေးလှိုင်းလုံးများက ရိုက်ခတ်လျှက်ရှိသော်လည်း သွေးညှီနံကိုမရပေ။အနံသင်းသင်းလေးနှင့် လူကိုလန်းဆန်းစေသောရနံသာရှိသည်။
သွေးပင်လယ်၏ ကမ်းခြေတစ်လျှောက်တွင် သန့်စင်သော ထိပ်တန်းအဆင့် သွေးအနှစ်သာရများကိုတွေ့လိုက်ရသည်။
ပထမတစ်ခေါက်တုန်း ကချူဖုန်းက အစိတ်အပိုင်းအသေးလေးသုံးခုကိုသာခိုးယူခဲ့သော်လည်း ထိုအရာကပင် အမှတ် ဆယ်သန်းကျော်တန်ကြေးရှိနေသည်။ဒီနေရာတွင် တော့ ကျောက်တုံးများကဲ့သို့နေရာအနှံတွင် ရှိနေသည်။
သူနောက်တစ်ကြိမ်ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် ချူဖုန်းက မနေနိုင်ပဲ တံတွေးအားမျို ချမိလိုက်သည်။သူက သွေးအနှစ်သာရများအား လက်တစ်ဆုပ်စာပြေးကောက်လိုစိတ်ကို အတင်းပင် ချိုးနှိမ်ထားလိုက်ရသည်။
သူက ကမ်းခြေတွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ သူက အနည်းငယ်မှရွှေ့လျားခြင်းမရှိပေ။
ခုချိန်မှာကြောက်စရာကောင်းတဲ့တည်ရှိမှုက ဘာလုပ်နေမှန်းကိုဘယ်သူကသိမှာလဲ၊
ချူဖုန်း ကနာခံမှုရှိသောကလေးတစ်ယောက်လို မတ်တပ်ရပ်နေသည်မှာ ဘယ်လောက်ပင်ကြာနေမှန်းမသိတော့ပေ။
တလှိမ့်လှိမ့်တက်လာသော လှိုင်းလုံးများကိုလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုက ဖြိုခွဲလိုက်စဥ် ချူဖုန်း က ရင်းနှီးနေသောအကြောက်တရားအားထပ်မံခံစားလိုက်ရသည်။
ထို့နောက်တွင် ချူဖုန်းနားထဲ၌ အိုမင်းကာရှေးကျလွန်းသော အသံအားကြားလိုက်ရသည်။
"ဟမ်....နောက်တစ်ယောက် ထပ်ယောက်လာပြန်ပြီလား၊ နှစ်တွေ ဘယ် လောက် ထိကြာသွားပြီလဲ
အာ... ဘာလို့မင်းဖြစ်နေရတာလဲ ၊ မင်း ငါ့သွေးအနှစ်သာရတွေပြန်လာပေးတာလား"
လူအိုကြီး၏ အသံကိုကြားလိုက်ရချိန်တွင် ချူဖုန်း ကရှက်သွားသလိုကြောက်လည်းကြောက်မိသွားသည်။
( ဘာကို သွေးအနှစ်သာရလဲ ၊ ငါသုံးလို့ကုန်တာကြာပေါ့၊ ပြီးတော့ အခုထပ်လိုချင်လို့လာတာလေ ဟီး။)
"ဟင်းး.. ဒါကရက်နည်းနည်းလေးပဲကြာသေးတာပဲ ၊ ဒါကြောင့်ငါအိပ်ရေးမဝသလိုခံစားနေရတာကိုး"
ထိုစကားသံနှင့်သက်ပြင်းချသံကိုကြားလိုက်ရချိန်တွင် ချူဖုန်း၏ မျက်နှာက စိမ်းတက်သွားသည်။
( ဒီလူအိုကြီးက သူအိပ်ရေးမဝလို့ ဒေါသတော့မထွက်လောက်ပါဘူးနော်ဟုတ်တယ်မလား။ငါ့အပေါ်တော့ဒေါသတွေပုံမချပါစေနဲ့။)
ချူဖုန်း ကဘာမှမပြောပဲ နာခံမှုရှိစွာပင် မတ်တပ်ရပ်နေခဲ့သည်။ ထိုအချိန်တွင် အသံကဆက်၍ပေါ်လာခဲ့သည်။
"အဲ့တာကိုထားလိုက်တော့ ၊မင်းအတွက် ဒီနေရာကို ဝင်လာဖို့က လွယ်ကူမှာမဟုတ်ဘူး ၊ ဆရာကြီးရဲ့တောင်းဆိုချက်အရကော၊ ကံကြမ္မာအရကော မင်းအတွက်ငါ အခွင့်အရေးပေးလိုက်မယ်"
"ဟမ်...ဘာကိုပြောချင်တာလဲ"
ချူဖုန်းကထိုစကားကိုကြားလိုက်ချိန်တွင် အံသြသွားသည်။
လူတစ်ယောက်က ဒီနေရာကိုလာဖို့ မလွယ်ကူဘူးလား၊ ငါလာတုန်းက ငါဘာလို့ ဘာမှမခံစားရတာလဲ၊ ငါနှစ်ကြိမ်လုံးဒီတိုင်းပဲဝင်လာတာလေ၊ ဘာခက်ခဲတာမှမတွေ့ပါဘူး၊ လမ်းလျှောက်ပြီး ဝင်လာလိုက်တာပဲ။
ချူဖုန်း၏ ပုံစံက အူကြောင်ကြောင် ဖြစ်နေစဥ်၊ရှေးကျသောအသံကကျယ်လောင်လာသည်။
ကြီးကျယ်ခမ်းနားသောလှိုင်းလုံးကြီးက အလယ်ခေါင်မှ ထပ်ခြမ်းကွဲသွားကာ မြင့်မားသောကျောက်တုံးစင်မြင့်တစ်ခုကနှေးကွေးစွာမြင့်တက်လာသည်။ထိုကျောက်တုံးစင်မြင့်က ရေအောက်တွင် နှစ်ပေါင်းများစွာနစ်မြုပ်နေခဲ့သလိုခံစားရစေပြီး ထာဝရတည်ရှိနေမည့် အရှိန်အဝါကိုလည်း ခံစားလိုက်ရသည်။
"သွားးး ၊ အဲ့ပေါ်မှာမတ်တပ်ရပ်လိုက်၊ မင်းအဲ့တာရဲ့အသိအမှတ်ပြုခြင်းခံရမလားကြည့်ရအောင်"
"ဘာလဲ"
ချူဖုန်းက စကားမပြောနိုင်အောင်ကိုဆွံ့အနေမိသည်။ဘာကြောင့်သွားသင့်လဲဆိုတာကိုသူ့တွင် အကြံဥာဏ်ရှိမနေပေ။
ရှေးကျသောအသံက နောက်တစ်ကြိမ်အေးဆေးစွာပင်
"သွား၊ ဒါမင်းရဲ့ ကံကြမ္မာပဲ။မင်းက အဲ့ဒါရဲ့အသိအမှတ်ပြုခံရရင် မင်းရဲ့ အရည်အချင်းက နတ်ဘုရားတစ်ပါးဖြစ်လာနိုင်တယ်"
ထိုအချိန်တွင် ချူဖုန်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။
လှိုင်းပုတ်သံများက ပျောက်ကွယ်သွားပြီး သူ့နားထဲတွင် အသံတစ်ခုကိုသာကြားနေရသည်။
နတ်ဘုရားတစ်ပါးဖြစ်လာနိုင်တယ်......
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...