77-78

46 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (77)

        ထိုအတွေးကြောင့်ချူဖုန်းကစမ်းသပ်လိုစိတ်များဖြစ်ပေါလာသည်။သူ့သွေးမျိုးဆက် တွေကိုဘယ်လိုအဆင့်မြင့်ရမလဲဆိုတာအကြံရှိနှင့်ပြီးသားဖြစ်သည်။
       
        ပျက်စီးခြင်းသွေးမျိုးဆက်က သာမန်သွေးစွမ်းအား များကိုဖြိုခွဲကာ ချူဖုန်း၏ ခန္တာကိုယ်ကိုအားကောင်းအောင်လုပ်ပေးခဲ့သည်။
       
        ခရမ်းသွေးနှင်းနဂါး ကိုသတ်ပြီးကျန်ခဲ့သော သွေးပုလဲကတော့ နတ်ဘုရားအဆင့်သွေးမျိုးဆက်နှစ်ခုကိုလှုပ်ရှားစေခဲ့သည်။သွေးမျိုးဆက်နှစ်ခုက သူ့ခန္တာကိုယ်ကိုအနည်းငယ်သာပို့ပြီးသူတို့ခွဲယူလိုက်ကြသည်။
       
        ထိုအရာကြောင့် ထိုနှစ်ကောင်က ဇီဇာကြောင်ကြောင်းသိနိုင်သည်။သို့သော်လည်းချူဖုန်းက စိတ်မပူပေ။သူက သွေးပင်လယ်မှ သွေးအနှစ်သာရ ကျောက်တုံးများကိုကောက်ယူလာခဲ့သည်။
       
        ထိုသွေးအနှစ်သာရ က ကျိန်းသေထိုနှစ်ကောင်ကိုဆွဲဆောင်နိုင်လိမ့်မည်။ထိုအတွေးနှင့်ပင် ချူဖုန်းလက်ထဲ၌ 50 ဂရမ်လောက်ရှိသောသွေးအနှစ်သာရ တုံးသေးသေးလေးပေါ်လာခဲ့သည်။
       
        အရင်ဆုံးစမ်းသပ်ကြည့်ရန်ပြင်လိုက်သည်။ချူဖုန်းက သူ့လက်ထဲရှိသွေးအနှစ်သာရ ကို ဝိညာဥ်စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်သည်။
       
        ထိုခဏတွင် ချူဖုန်း ခန္တာကိုယ်ထဲရှိ သွေး မျိုး ဆက် နှစ် ခုက သွေး နံ ရ သော ငမန်း များကဲ့သို့နိုးထလာခဲ့ကြသည်။
       
        ချူဖုန်းက စောင့်ကြည့်နိုင်ရန်အတွက် သွေးအနှစ်သာရကို ဖြေးဖြေးချင်း စုပ်ယူလိုက်သည်။
       
        ချူဖုန်း၏ ခန္တာကိုယ်ထဲသို့သွေးအနှစ်သာရမှ သွေးစွမ်းအားများဝင်လာသည်နှင့်တစ်ပြိုင်နက်ပင် ပျက်စီးခြင်းသွေးမျိုးဆက် ကသူ့စွမ်းအားများဖြင့်စုပ်ယူလိုက်သည်။
       
        အံသြစရာကောင်းစွာပင် ရှေးခေတ်မသေမျိုးသွေးမျိုးဆက်က ဘာမှမလုပ်ပဲစောင့်ကြည့်နေခဲ့သည်။ချူဖုန်းထင်သလိုတိုက်ပွဲဖြစ်မလာပေ။နောက်ခဏတွင်ချူဖုန်းက နားလည်သွားခဲ့သည်။
       
        ပျက်စီးခြင်းသွေးမျိုးဆက်စီမှ သွေးစွမ်းအားတစ်ဝက်ကခွဲထွက်ကာ ရှေးခေတ် မသေမျိုးသွေးမျိုးဆက်ဆီ သို့ရောက်သွားသည်။ထိုမြင်ကွင်းအား ကြည့်ရင်း ချူဖုန်းကအသာအယာပင်ပြုံးလိုက်သည်။
       
        ကြည့်ရသည်မှာထိုနှစ်ကောင်ကနားလည်မှုယူထားသလိုပင်၊သို့သော်လည်းချူဖုန်းက သိနေသည်။အပြင်ပန်းမှကြည့်ရင် ပျက်စီးခြင်းသွေးမျိုးဆက်ကသန့်စင်ပြီး ရှေးခေတ်မသေမျိုးသွေးမျိုးဆက် ကအသင့် ကောက်စားယုံဟုထင်ရသည်။
       
        သို့သော်လည်း ချူဖုန်းက မယုံပေ။ပျက်စီးခြင်းသွေးမျိုးဆက်လို ငလည်တစ်ယောက်ကသူ့အတွက်မကျန်ရင် ဘာမှလုပ်မည်မဟုတ်ပေ။လက်ကြားထဲတွင်လှည့်ကွက်လေးတော့ရှိနေရမည်။
       
        ချူဖုန်းက စိတ်ထဲတွင် ထိုနှစ်ကောင်ကိုကျိန်ဆဲနေသော်လည်းဆက်လက်စောင့်ကြည့်နေသည်။
       
        သွေးအနှစ်သာရ စွမ်းအားများကိုစုပ်ယူနေရင်းနှင့် သွေးမျိုးဆက်နှစ်ခု၏ စွမ်းအားကတဖြည်းဖြည်းကြီးထွားလာနေသည်။ထိုမျှသာမက သွေးမျိုးဆက်နှစ်ခုကြားမှ လျှံကြလာသောစွမ်းအားအနည်းငယ်ကိုလည်း သူ့၏ပင်ကိုယ်မူလ သွေးများက စုပ်ယူရင်း တဖြည်းဖြည်းအားကောင်းလာနေသည်။
       
        သွေးမျိုးဆက် နှစ်ခုက သိသိသာသာအားကောင်းလာသော်လည်း သူတို့၏ဝိသေသလဏ္ခာကိုတော့အသက်မသွင်းနိုင်သေးပေ။
       
        နဂိုက 0.1 ဆိုလျှင် အခု 1 % ထိတိုးလာသော်လည်းချူဖုန်းက ပျော်ရွှင်မနေပေ။သူအခုသုံးလိုက်သည့်အရာမှာ သွေးအနှစ်သာရများဖြစ်သည်။
       
        အထွေထွေပစ္စည်းရွှေစာရင်း တွင်ပင် တစ်ဂရမ်လျှင် 100000 တန်သည်။ဒါတောင်မှအဆင့်နိမ့်သွေးအနှစ်သာရဖြစ်သည်။
       
        ချူဖုန်းခုသုံးလိုက်သောသွေးအနှစ်သာရများက ပို၍အဆင့်မြင့်မားသောကြောင့်တန်ကြေးမှာလည်း ဆယ်ဆမြင့်သည်။
       
        အနာဂတ်အကြောင်းတွေးကာ ချူဖုန်းရင်လေးသွားမိသည်။သူက 1% တိုးလာရန် သန်းတရာ လောက်သုံးနေရမည့်ပုံပင်။
       
        သွေးမျိုးဆက်များက သန်မာလာလေစွမ်းအင်ကပိုလိုလာမည်ဖြစ်သည်။ချူဖုန်းက စဥ်းစားနေရင်းသူ့ကိုယ်သူသတ်သေပစ်ချင်နေပြီ
       
        အနာဂတ်မှာသူအမှတ်အများအပြားရှာရမည့်အပြင်မပြည့်နိုင်သော တွင်းနက် နှစ်ခုကိုလည်းဖြည့်ရဦးမည်။
       
        ချူဖုန်းအနည်းငယ်တွေးတောကာ ကျိန်စာကျွန်းသို့ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။
       
        "မဖြစ်တော့ဘူး ငါကျိန်စာကျွန်းကိုပြန်သွားမှရမယ်၊ကြောက်စရာကောင်းတဲ့တည်ရှိမှုရှိနေရင်တောင်သွားကိုသွားရမှာပဲ"
       
        ချူဖုန်းက အလွန်ကူကယ်ရာမဲ့နေခဲ့သည်။သူရှာဖွေသည့်အမှတ်များနှင့်သာဆိုပါက သွေးမျိုးဆက်နှစ်ခုကို တစ်သက်လုံးနိုးထစေရန်မဖြစ်နိုင်ပေ။
       
        ကျိန်စာကျွန်းဆိုရင်တော့မတူကွဲပြားသောဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်သည်။ကျိန်စာကျွန်း၏ သွေးပင်လယ်ပတ်လည်တွင် သွေးအနှစ်သာရ များမရေတွက်နိုင်အောင်ပြန့်ကျဲနေသည်။
       
        သူ့အရင် ဘဝကလည်း မသေမျိုးဧကရာဇ် ကထိုနေရာသို့ရောက်ဖူးရမည်ဟု ချူဖုန်းထင်နေမိသည်။မဟုတ်ပါက ထိုသွေးမျိုးဆက် ကိုအပြည့်အဝ နှိုးဆွရန်မဖြစ်နိုင်ပေ။
       
        ထို့အပြင် အရင်တစ်ခါကသာ ကြောက်မက်ဖွယ်တည်ရှိမှု ကသူ့ကိုမသတ် ချင် သောကြောင့်သာ သူက လွတ်မြောက် လာခြင်းဖြစ်သည်။
       
        ထို့ကြောင့်လည်း ချူဖုန်းက ပြန်သွားရန်စဥ်းစား ရဲခြင်းပင်၊မသွားခင်တော့အနည်းငယ်ပြင်ဆင်ရပေဦးမည်။
       
        ချူဖုန်းက စိတ်လေးစွာဖြင့် ကျန်ရှိနေသော သွေးအနှစ်သာရ များကိုစုပ်ယူလိုက်သည်။စုစုပေါင်း 400 ဂရမ်၊
       
        ဒါတောင်မှ 4% ကျော်သာတက်လာသည်။5 % တောင်မပြည့်ပေ။ ချူဖုန်းကသူ့မှန်းဆချက်မှန်မမှန်သိရန်အတွက် သွေးမျိုးဆက်ရွှေအဆင့်စာရင်း အားဆင့်ခေါ်ကာစစ်ဆေးလိုက်သည်။
       
        အမှတ်မပေးရဘဲအတိအကျလည်းသိရသောကြောင့် ချူဖုန်းကတုံ့ဆိုင်းမနေပေ။
       
        "သွေးမျိုးဆက်ကိုစစ်ဆေးမယ်"
       
        သွေးမျိုးဆက် ရွှေအဆင့်စာရင်း မှရွှေရောင်အလင်းတန်းတစ်ခုက ချူဖုန်းခန္တာကိုယ်ထဲသို့တိုးဝင်သွားသည်။တစ်ခဏအကြာတွင်ရွှေစာရင်း၏အသံအားကြားလိုက်ရသည်။
       
        (လူသား ချူဖုန်း ၏သွေးမျိုးဆက်အားရှာဖွေနေသည်။
       
        ပုံမှန် လူသားသွေးမျိုးဆက် - 94.5%
       
        အဆင့်           -      သာမန်
       
        ပျက်စီးခြင်းသွေးမျိုးဆက် - 2.25%
       
        အဆင့်             -     နတ်ဘုရားအဆင့်
       
        မသေမျိုးသွေးမျိုးဆက် - 2.25%  
       
        အဆင့်              -     နတ်ဘုရားအဆင့်
       
        သွေးမျိုးဆက်များက ချူဖုန်းခန့်မှန်းထားသည်ထက် 0.1 သာလျော့နည်းသည်။ချူဖုန်းက မျက်နှာပြင်အားပိတ်ရန်ကြံလိုက်စဥ်အသံတစ်ခုအားကြားလိုက်ရသည်။
       
        (ပျက်စီးခြင်းသွေးမျိုးဆက် နိုးထနှုန်း 5% သို့ရောက်ပါက ပျက်စီးခြင်းသွေးမျိုးဆက်၏ဝိသေသလက္ခဏာ (ဝါးမျိုခြင်း) အားအသက်သွင်းနိုင်သည်။
       
        မသေမျိုးသွေးမျိုးဆက် နိုးထခြင်း 5% သို့ရောက်ပါက မသေမျိုးသွေးမျိုးဆက် ၏ဝိသေသနလက္ခဏာ (မသေခြင်းနှင့်မပျက်စီးခြင်း ) အားအသက်သွင်းနိုင်သည်။)
       
        ချူဖုန်း၏မျက်လုံးများကအရောင်တောက်လာခဲ့သည်။သူ့၏ပန်းတိုင်က သွေးမျိုးဆက် 5% နိုးထခြင်းသို့ပြောင်းလဲသွားသည်။ဘာမှမသိတာထက်စာလျှင်ပန်းတိုင်ရှိတာကကောင်းမွန်လှသည်။
       
        ထို့ပြင်ချူဖုန်းက အရင်ဘဝက မသေမျိုးဧကရာဇ် အသုံးပြုခဲ့သည်မှာ ပုံရိပ်မဟုတ်ပဲ ကိုယ်ပွားများဖြစ်ကြောင်းနားလည်သွားသည်။
       
        ထိုနှစ်ခုကတူညီသည်ဟုထင်ရသော်လည်းကွဲဲပြားလှသည်။သွေးမျိုးဆက်များ 5% သိုရောက်ပါကချူဖုန်းကသူ့အစီအစဥ်များကိုအကောင်အထည်ဖော်နိုင်ပြီဖြစ်သည်။
       
        ပျက်စီးခြင်းသွေးမျိုးဆက်က ဝါးမျိုခြင်းသွေးကိုထုတ်ပေးနိုင်ပြီးသည်နှင့် သူ့ကိုယ်ပိုင်တပ်ဖွဲ့ကိုဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်။
       
        မသေမျိုးသွေးမျိုးဆက်ကလည်းကိုယ်ပွားများထုတ်ပေးနိုင်သဖြင့် ကိစ္စများကပိုလွယ်လာလိမ့်မည်။
       
        ချူဖုန်းက သွေးမျိုးဆက်များအကြောင်းမစဥ်းစားတော့ပဲနေလိုက်သည်။စျေးဝယ်ထွက်ဖို့အချိန်ရောက်လာပြီ။
       
        လက်ထဲရှိသော 5 သန်းကိုသာအသုံးမပြုပါက သူကချူဖုန်းမဟုတ်တော့ပေ။အမှတ်များကိုသိမ်းထားမည့်အစားခွန်အားတိုးတက်အောင်လုပ်ရမည်။
       
        ချူဖုန်းက ရွှေအဆင့်စာရင်း မှသူ့အား ဒဏ္ဍာရီလာရတနာသေတ္တာဖွင့်ခွင့် သုံးကြိမ်ပေးထားကြောင်းကိုသူမမေ့ပေ။
       
        ကံစမ်းရန်အချိန်ကျရောက်လာခဲ့လေပြီ။


ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now