ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (69) ခရမ်းသွေးနှင်းနဂါး
ချောက်နက်ကြီး ၏ဥပဒေသ မှာ တောတွင်း ဥပဒေဖြစ်သည်။အားနည်းသူများက အားကြီးသူများ၏အစာသာဖြစ်သည်။
ထို့ကြောင့်လည်း ချူဖုန်းကသူအပြစ်ရှိတယ်ဟု မခံစားရပေ။သူကလူကောင်းမဟုတ် သလို သူတော်စင်လည်းမဟုတ်ပေ။
ဒီခေတ်ကြီးထဲတွင်လူကောင်းများက အသက်မရှည်တက်ကြပေ။ချူဖုန်းက ခဏကြာ အနက်ရောင်ပုရွတ်ဆိတ် များရှိမရှိအားကြည့်လိုက်သည်။
အကုန်သေ သွားတာ သေချာတော့မှသာ လေထဲသို့ပျံတက်လိုက်သည်။သူကအနားယူရန်နေရာတစ်ခုအားရှာဖွေလိုက်သည်။
ဆုလာဒ်များရေတွက်ရန်အချိန်ရောက်ပြီ။ဒီအချိန်ကတော့ချူဖုန်းအနှစ်သက်ဆုံးအချိန်ပင်ဖြစ်သည်။
အကြောင်းကြားစာများက များလွန်းလှသောကြောင့်အကြမ်းဖျင်းရေတွက်ခြင်းသည်ပင် နှစ်နာရီကြာခဲ့သည်။
အဆင့် B များက မျိုးနွယ်ထဲတွင်အနည်းဆုံးဖြစ်ပြီး အကောင်ရေ 200 သာရှိသည်။ ပုရွတ်ဆိတ်များက အားနည်းသောကြောင့် ရွှေအဆင့်စာရင်းကအမှတ် 1000 သာပေးသည်။ သားရဲများထဲတွင်အနိမ့်ဆုံးဖြစ်သည်။
သတ်ဖြတ်ခြင်းဆုလာဒ်တစ်ကောင်လျှင်စုစုပေါင်း 2000 သာရခဲ့သည်။အကောင် 200 က ချူဖုန်းအား 400,000 သာပေးခဲ့သည်။ဆိုးတော့မဆိုးလှပေ။
အဓိက သူ့ရမှတ်များ က အဆင့် C များမှရခြင်းဖြစ်သည်။စုစုပေါင်းရမှတ်ကိုကြည့်၍ ချူဖုန်းအံ့အားသင့်စွာသက်ပြင်းရှိုက်လိုက်သည်။
"ငါဘယ်လောက်တောင်သတ်လိုက်မိတာလဲဟ"
အနက်ရောင်ပုရွတ်ဆိတ် အဆင့် C တစ်ကောင်လျှင် အမှတ် 20 သာရသည်။အဆင့်ကျော်သတ်ဖြတ်ခြင်းအတွက်ဆုလာဒ်မရှိပေ။
ဒါတောင်မှပဲသူ့ကိုစုစုပေါင်းရမှတ် 1.6 သန်းအားပေးသွားသေးသည်။တနည်းအားဖြင့်ဆိုလျှင်သူက အဆင့် C 80000 ကျော်သတ်ဖြတ်ခဲ့ခြင်းပင်။
အဆင့် D များအတွက်ကတော့ချူဖုန်းကရေတွက်မနေတော့ပေ။အရမ်းများတာကြောင့်ရေတွက်နေရင် နှစ်ရက်လောက်ကြာသွားလိမ့်မည်။သူကငမိုက်သားမဟုတ်ပေ။
ချူဖုန်းက သူရေတွက်ထားသောအမှတ်များကိုအမှတ်စုစုပေါင်းထဲမှပြန်၍နုတ်လိုက်ချိန်တွင် အမှတ် 400,000 ကျန်နေခဲ့သည်။
အဆင့် D များက တစ်ကောင်လျှင် နှစ်မှတ်သုံးမှတ်သာတန်သောကြောင့်ဘယ်လောက်များကြောင်းသိသာနိုင်သည်။ချူဖုန်းက အံကိုတင်းတင်းကြိတ်ကာ
"မင်းတို့တွေသေပြီးရင် နောက်ဘဝကို အမြန်ကူးကြပါကွာ၊ သရဲတစ္ဆေအဖြစ်မပြောင်းကျပါနဲ့ ၊ညဘက်လည်းငါ့တံခါးကိုလာမခေါက်ကြပါနဲ့ကွာ"
စုစုပေါင်းရမှတ်က 2.2 သန်း၊စာလိပ်သုံးခုပဲကုန်ကျခဲ့သည်။အမြတ်အစွန်းကများပြားလှသည်။ အမြတ်ကြီးစားသူတွေမြင်ရင် ထိုင်ငိုချင်စိတ်ပင်ဖြစ်လာလိမ့်မည်။
ချူဖုန်းက စုစုပေါင်းအမှတ် 6.8 သန်းထိရရှိနေပြီဖြစ်သည်။ မီးနဂါးမုန်တိုင်း ကလည်း တစ်ခုသာကျန်တော့သည်။
သို့သော်လည်းချူဖုန်းကစိတ်မပူမိပေ။သူဒီတစ်ခါရိတ်သိမ်းမှုက မျော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ပတ်တုန်းကတောင် အမှတ် 70000 လောက်ကအရူးအမူးပျော်ရွှင်စရာဖြစ်သော်လည်း ခုတော့တည်ငြိမ်နေခဲ့ပြီ။
ချူဖုန်းက ကျန်သောစာလိပ် ကိုလည်း မဖြုန်းတီး ပဲ အကောင်းဆုံးအသုံးချရမည် ဟုတွေးနေမိသည်။ထို့ကြောင့် သားရဲအသိုက်ကိုရှာရန် ခရီးဆက်ထွက်လိုက်လေသည်။
ဒီတစ်ကြိမ်မှာတော့ချူဖုန်းက သူ့ကံကောင်းမှုတွေ ကိုပုရွတ်ဆိတ်သိုက်ရှာတွေ့ရာ၌အကုန်အသုံးချခဲ့ဟန်ပင်၊တစ်နေကုန်တာတောင်ဘာမှရှာမတွေ့တော့ပေ။
ထို့ပြင် ချူဖုန်းက သူဆက်သွားရင် ကျွန်းတဲ့အလယ်အူတိုင်ကိုရောက်သွားမည်ဟု ခန့်မှန်းမိနေသည်။
သီးခြားကျွန်းရဲ့အလယ်ဗဟို
သင်္ချိုင်းနယ်မြေ
ချူဖုန်းက ထိုနေရာကို တကယ်ကြောက်လန့်မိသည်။ထို့ကြောင့်ပင် နောက်ဆုံးစာလိပ်အားအဆင့် B သားရဲအနည်းငယ်ပေါ်တွင်သာ သုံး၍ပြန်ရန်ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ချူဖုန်း ဆုံးဖြတ်ချက်ချလိုက် ချိန်တွင် သိပ်မဝေးသောနေရာမှအလွန်ကောင်းမွန်သော သွေးစွမ်းအားကိုအာရုံခံမိလိုက်သည်။
ထိုသွေးစွမ်းအားက သူ့၏ ပျက်စီးခြင်းသွေးမျိုးဆက်အတွက် အကောင်းဆုံးအားဆေးဟု ချူဖုန်းကခံစားနေရသည်။သူ့ဆဲလ်များအတွင်းမှ ဆာလောင်နေမှုကိုခံစားလိုက်ရသည်။
ချူဖုန်းကသွားရန်ပြင်လိုက်သော်လည်း ထိုသွေးစွမ်းအားက အလယ်ဗဟိုမှထွက်လာကြောင်းသိလိုက်ရသည်။ချူဖုန်းတုံ့ဆိုင်းနေမိသည်။
သူ့အရင်ဘဝက သင်္ချိုင်းနယ်မြေ အားဘယ်သူမှမသိခဲ့ကြပေ။ ဟိုးအတွင်းနက်ထဲသို့ရောက်ဖူးသူဟူ၍မကြားဖူးပေ။
ဖြစ်နိုင်တာကဝင်သွားပြီး အန္တရာယ်နှင့်ကြုံတာကြောင့်ပြန်မပြောနိုင်ခြင်းဖြစ်ပုံရသည်။
ချူဖုန်း ကသူ့ကိုသူအားတင်းလိုက်သည်။ ခေတ်သစ်ရောက်ချိန်တွင် မည်သည့်စစ်သည်တော် က ဓားသွားပေါ်တွင် မကခုန်ပဲနေမည်နည်း၊ သူတို့က ချောက်နက်ထဲကိုဝင်တိုင်း သူတို့ဇက်ပေါ်တွင် ဓားသွားအမြဲတမ်း တင်ထားရခြင်းဖြစ်သည်။
လူသားများက အသက်နှင့် ဘဝအတွက် တိုက်ပွဲဝင်ရန်စိတ်ဓာတ်မချို့တဲ့ကြပေ။ဒါကြောင့်လည်းပဲနှစ်အနည်းငယ်အတွင်းကျွမ်းကျင်သူများစွာပေါ်ထွက်လာခြင်းဖြစ်သည်။
နတ်ဆိုးများကပင် လူသားများက အနိုင်ယူရန်ခက်ခဲကြောင်းကိုဝန်ခံခဲ့ရသည်။
ထို့အပြင် ချူဖုန်းထံ၌ ကောင်းကင် အလင်းတောင်ပံ ရှိသည်။အခြေအနေမဟန်ပါကထွက်ပြေးလို့ရသည်။သူကသာမန်လူသားများထက် ရှင်သန်နိုင်စွမ်းပိုမြင့်မားလှသည်။
ထိုသို့တွေးမိသည်နှင့်ချူဖုန်းက တုံဆိုင်းမနေပဲ သွေးစွမ်းအင် ထွက်ပေါ်ရာသို့ ပြေးသွားလိုက်သည်။လမ်းတစ်လျှောက်တွင် ဂရုတစိုက်နှင့် ပတ်ဝန်းကျင် ကိုသတိထားကာသွားလာနေသည်။
ထိုနားသို့ရောက်သွားချိန်တွင် ဘေးပတ်လည်၌ သစ်ပင်များ ကလွဲ၍ ဘာမှရှိမနေပေ။အပြင်ဘက်ဧရိယာနှင့် ယှဥ်လျှင် ဗဟိုဧရိယာ က သစ်ပင်ပိုများလှသည်။
ချူဖုန်းက ထိုနေရာတွင်ရပ်နေရင်းနှင့် သူ့မျက်ခုံးများက နှစ်ခုထိ စပ်သည်အထိ စဥ်းစားနေမိသည်။
သူအာရုံခံမိတာက မှန်နေသော်လည်း ဒီနေရာတွင်ဘာမှရှိမနေပေ။ချူဖုန်း တွေးနေစဥ် သူ့မျက်လုံးများက လှုပ်ရှားသွားသည်။
သူသိလိုက်ပြီ၊ ထိုအရာက သက်ရှိသတ္တဝါ တစ်ကောင်ဖြစ်မည်။ထိုကောင်က အခုဆိုရင် သူ့နောက်ကျောက သစ်ပင်ပေါ်တွင်ရှိနေသည်။သူ့ကိုတိုက်ခိုက်ရန်ချောင်းမြောင်းနေပုံပင်။
ချူဖုန်းကထိုအကောင်နှင့် အနည်းငယ်ကစားရန်ဆုံးဖြတ်လိုက်သည်။သူကဘာမှမသိဟန်ဖြင့် ရှေ့သို့သာဆက်လျှောက်သွားလိုက်သည်။
နောက်တစ်ခဏတွင် ချူဖုန်းခြေနောက်တစ်လှမ်း လှမ်းမည်ကြံရာတွင် ထို သတ္တဝါ ကလှုပ်ရှားလာခဲ့သည်။
ထိုကောင်က သူ့ကိုသူ ဖုံးကွယ်ထား သည် ဟုထင်နေသော်လည်း သူ့၏သွေးစွမ်းအား များက ချူဖုန်းအတွက် မီးပြတိုက်လိုဖြစ်နေသည်။
ချူဖုန်းက တိုက်ခိုက်လာမှုအားရှောင်တိမ်းကာ လှည့်ကြည့်လိုက်သည်။
ခရမ်းသွေးနှင်းနဂါး
ချူဖုန်းက အံသြ မှင်တက်စွာအော်ဟစ်လိုက်သည်။ဒါကဘယ်လိုမှမဖြစ်နိုင်ပေ။ချူဖုန်းကခရမ်းသွေးနှင်းနဂါးအကြောင်းကိုသိသည်။
ထိုကောင်တွေက အလွန်အေးလွန်းသောအကောင်များဖြစ်ပြီးသူတို့သွေးများပင် ခဲနေသည်။ သူခံစားမိသည့် သွေးစွမ်းအားကဒီကောင်ဆီမှမဖြစ်နိုင်လောက်ပေ။
ခရမ်းသွေးနှင်းနဂါးက သာမန်အဆင့် B သာရှိသောကြောင့် ချူဖုန်းကို မထိခိုက်စေနိုင်ပေ။ချူဖုန်း ကသတ်ချင်ရင် ချက်ချင်း သတ်ပစ်၍ ရသည်။
သို့သော်လည်းချူဖုန်းက မသတ်ပဲရှောင်တိမ်းနေရင်း ခရမ်းသွေးနှင်းနဂါးကို အကဲခတ်နေခဲ့သည်။
ထိုကောင်က ပုံမှန် ခရမ်းသွေးနှင်းနဂါး များလိုပင် ခန္တာကိုယ်အရွယ်အစား၊ အကြေးခွံ၊ပုံသဏ္ဍာန်အားလုံးအတူပင်ဖြစ်သည်။
ကျွန်း၏အကန့်အသတ်ကြောင့် ထိုကောင်က အဆင့် B ကိုမကျော်နိုင်သေးပေ။သူ့၏သွေးစွမ်းအားက ဘယ်လာမှန်းကိုချူဖုန်းမစဥ်းစားတက်တော့ပေ။
ချူဖုန်းနားမလည်နိုင်ဖြစ်နေချိန်တွင် ခရမ်းသွေးနှင်းနဂါး ကထပ်မံတိုက်ခိုက်လိုက်သည်။
ချူဖုန်းက သူ့ အလိုအလျောက် ပျက်စီးခြင်းသွေးမျိုးဆက်အား သုံးမိသွားသည်။
ထိုအချိန်တွင်ထူးခြားမှုတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Aventuraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...