ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (33)ကြွေလွင့်နတ်ဆိုးချောက်ကမ်းပါး
ချူဖုန်းကသားရဲဘုရင်၏ခေါင်းထက်တွင်ပြန်ပေါ်လာခဲ့သည်။ထို့နောက်တွင်မထင်မှတ်ထားသောထောင့်နေရာသို့လှံဖြင့်ပစ်လွှတ်လိုက်သည်။
ချူဖုန်း၏အရင်ဘဝအတွေ့ကြုံများအရလွဲနိုင်ရန်ခဲယဥ်းလှသည်။သားရဲဘုရင်ကရှောင်တိမ်းရန်မတက်နိုင်ခဲ့ပေ။
သွေးလှံတစ်ခုပြီးတစ်ခုပစ်လွှတ်ကာသားရဲဘုရင်၏ခန္တာကိုယ်အားထိုးစိုက်လိုက်သည်။
သွေးလှံများကသားရဲဘုရင်၏ခန္တာကိုယ်နေရာအနှံတွင်စိုက်ဝင်နေပြီးသားရဲဘုရင်တစ်ကိုယ်လုံးအားသွေးချင်းချင်းနီနေစေသည်။
ဒါတောင်မသေနိုင်ပေ။ အဆင့် A သားရဲများ၏အသက်ကပြင်းလှပေသည်။မလွတ်မြောက်နိုင်ကြောင်းသိသောသားရဲဘုရင်ကထွက်ပြေးချင်းမပြုခဲ့ပေ။
ချူဖုန်းအားစိုက်ကြည့်ကာသတ်ဖြတ်ရန်အခွင့်အလမ်းအားစောင့်ဆိုင်းနေသည်။ချူဖုန်းကလည်းသူ့ကိုသတ်ရန်အခွင့်အရေးကိုပေးမည်မဟုတ်ပေ။ခေါင်းကိုမော့ကာကြည့်နေသောသားရဲဘုရင်ကိုကြည့်ကာချူဖုန်းကအကြံတစ်ခုအားရလိုက်မိသည်။
သူ့လက်ထဲတွင်အဆင့်မြင့်သားရဲဖမ်းဘောလုံးတစ်ခုပေါ်လာသည်။
"သားရဲဘုရင်မင်းငါကိုပြောတာကိုနားလည်နိုင်တာငါသိတယ်။သိပ်မကြာခင်မှာငါမင်းကိုသတ်ပစ်နိုင်လိမ့်မယ်"
"ဂါးးးး"
သားရဲဘုရင်ကဟိန်းဟောက်ကာချူဖုန်းအားကြည့်လိုက်သည်။ထိုမျောက်သတ္တဝါကပျံနိုင်သောကြောင့်သူ့အတွက်ထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်ကြောင်းသိနေသည်။
ချူဖုန်းက
"မင်းသာငါ့ရဲ့အိမ်မွေးသားရဲဖြစ်လာပေးမယ်ဆိုရင်ငါမင်းကိုမသတ်ဘူးလို့ကတိပေးတယ်"
အဆင့် A သားရဲတစ်ကောင်ကို အဆင့်မြင့်သားရဲဖမ်းဘောလုံးဖြင့်ဖမ်းနိုင်ပါကလုံးဝကိုအရှုံးမရှိသောကိစ္စတစ်ခုဖြစ်သည်။
ချူဖုန်းကအဆင့်မြင့်သားရဲဖမ်းဘောလုံးအားပစ်လွှတ်လိုက်သည်။ဘောလုံးမှအလင်းတန်းတစ်ခုထွက်ပေါ်လာကာသားရဲဘုရင်အားစုပ်ယူသွားခဲ့သည်။
ခဏအကြာတွင်သားရဲဘောလုံးက ကွဲထွက်သွားကာသားရဲဘုရင်ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဂါးးးးးး
သားရဲဘုရင်ကဒဏ်ရာကြောင့်သေလုမျောပါးဖြစ်နေသော်လည်းရက်စက်ကြမ်းကြုတ်နေတုန်းဖြစ်သည်။သူ့မျက်လုံးများကအေးစက်နေသည်။အခွင့်အရေးသာရပါကချူဖုန်းအားအသေသတ်မည်မှာအသေအချာပင်။
( စောက်တိရစ္ဆာန်ကောင်သေချင်နေတာပဲ)
ချူဖုန်း၏မျက်လုံးများကအေးစက်မဲမှောင်သွားသည်။
" မင်းကငါ့စကားကိုနားမထောင်မှတော့သွားသေလိုက်တော့"
ချူဖုန်းကထိုစကားပြောပြီးနောက်တွင်လှံများအားတစ်ချောင်းပြီးတစ်ချောင်းပစ်လွှတ်လေသည်။
"ငါမင်းကိုအသက်ရှင်ဖို့အခွင့်အငေးပေးတာကိုတာမယူချင်ဘူးဟုတ်လား
ကိုယ့်အတွက်ဘာကောင်းမှန်းမသိတဲ့အကောင်"
အဆင့် A သားရဲများကသားရဲသဘာဝအတိုင်းရက်စက်ကြမ်းကြုတ်လှသလိုမာနလည်းကြီးလှသည်။သူတို့သဘောနှင့်သူတို့အညံ့ခံရန်က ကောင်းကင်က ကြယ်ကိုခူးဆွတ်တာထက်ပို၍ခက်ခဲလှသည်။
အဆင့် A သားရဲများကိုအတင်းအကြပ်ဖိနှိပ်ရန်ကစူပါဘောလုံးနှင့်မှဖြစ်နိုင်မည်။အဆင့်နိမ့်နှင့်အလယ်အလတ် စူပါဘောလုံးပင်အောင်မြင်ရန်ရာခိုင်နှုန်းနည်းပါးလှသည်။အဆင့်မြင့်စူပါဘောလုံးများသာရာနှုန်းပြည့်အောင်မြင်နိုင်သည်။
ဒါပေမယ့်လည်းအဆင့်မြင့်စူပါဘောလုံးများကစောက်ရမ်းကိုစျေးကြီးလွန်းလှသည်။
အထွေထွေပစ္စည်းရွှေအဆင့်စာရင်း တွင် အဆင့်မြင့်စူပါဘောလုံးများက အမှတ် 100000 တန်ကာသာမန်အဆင့်A သားရဲများအတွက်အသုံးပြုရန်မထိုက်တန်ပေ။
ချူဖုန်းထံ၌ပင် တစ်ဝက်စျေးဖြင့်ဝယ်ယူထားသော အဆင့်မြင့်စူပါဘောလုံးတစ်ခုသာရှိသည်။ထိုစူပါဘောလုံးကို အိမ်မက်မြူခိုးသားရဲအားဖမ်းဆီးရန်ဝယ်ယူထားသောကြောင့် သားရဲဘုရင်ထံ၌အသုံးမပြုချင်ပေ။
သားရဲဖမ်းဘောလုံး၏သီအိုရီတစ်ခုမှာသားရဲကအသိဉာဏ်နည်းလေ၊အရိုက်နှက်ခံရ၍သေလုမျောပါးဖြစ်လေ အောင်မြင်နိုင်ချေကပိုများလာမည်ဖြစ်သည်။
သို့သော်လည်းသားရဲကိုပြန်ကောင်းရန်ပေးဆပ်ရမည့်တန်ဖိုးကမသေးလှချေ။
ချူဖုန်းကသားရဲဘုရင်အားကြည့်ကာသတ်ရန်သာဆုံးဖြတ်လိုက်သည်။နာရီဝက်အကြာတွင်သားရဲဘုရင်ကသေဆုံးသွားလေသည်။
အဆိပ်သင့်သွေးများကြောင့်သားရဲဘုရင်ကပုပ်ပွသွားကာသွေးများကခမ်းခြောက်သွားသည်။ချူဖုန်းကဝါးမျိုလိုလျှင်ပင်မဖြစ်နိုင်တော့ပေ။
နှမြောစရာကောင်းလွန်းလှသည်။ချူဖုန်းက ကျန်နေသေးသောသွေးသရဖူနတ်ဆိုးသားရဲများအားလုံးအားသတ်ပစ်လိုက်သည်။
ချူဖုန်းက သွေးသရဖူနတ်ဆိုးသားရဲတစ်မျိုးနွယ်လုံးအားရှင်းလင်းခဲ့ခြင်းဖြစ်သည်။ထိုအခိုက်အတန့်တွင်ရွှေစာရင်းမှအသံအားကြားလိုက်ရသည်။
"အဆင့် A သွေးသရဖူနတ်ဆိုးသားရဲဘုရင်အားသတ်ဖြတ်ခြင်း - 30000 မှတ်
အဆင့်နှစ်ဆင့်ကျော်ဖြတ်ကာသတ်ဖြတ်ခြင်းအတွက်ဆုလာဒ်- 1000%
စုစုပေါင်း - 330000 မှတ်
Fu****k
ချူဖုန်းကမထိန်းနိုင်ပဲဆဲလိုက်မိသည်။အဆင့်နှစ်ဆင့်ကိုကျော်ဖြတ်သတ်ဖြတ်ခြင်းကထိုမျှလောက်ရမည်ဟုမမျှော်လင့်ထားပေ။ဆုလာဒ် ဆယ်ဆကပင် 300000 ဖြစ်နေလေပြီ။
သူအရင်ကခက်ခက်ခဲခဲနှင့်အဆင့် B သားရဲတစ်ကောင်အားသတ်ခြင်းကပင် 6000 သာရရှိခဲ့သည်။သားရဲဘုရင်ကတစ်မျိုးနွယ်လုံးပေါင်းထက်ပိုတန်ဖိုးရှိလှသည်။
စောနကသူသတ်ခဲ့သောသွေးသရဖူနတ်ဆိုးသားရဲ 22 ကောင်ကသူ့အား အမှတ် 132000 သာပေးခဲ့သည်။သားရဲဘုရင်၏သုံးပုံတစ်ပုံသာရှိသည်။
အခုအချိန်တွင်ချူဖုန်းက အမှတ် 450000 ရှိသွားပြီဖြစ်သောကြောင့်ပြားနေသောအိတ်ကပ်ကပြန်ပြည့်တင်းသွားပြီဖြစ်သည်။
အဆင့်နှစ်ဆင့်ကျော်ဖြတ်သတ်ဖြတ်ချင်းကတကယ်တန်လှ၍လုပ်ကိုလုပ်ရမည်။ချူဖုန်းက အဆင့် C ဖြစ်လာစဥ်ကပင်ဒီလောက်မပျော်ဘူးပေ။အဆင့် C မှာရှိနေတုန်းအမှတ်ကောင်းကောင်းရှာရမည်။
သူအဆင့် B ကိုသာရောက်သွားပါက နှစ်ဆင့်ကျော်ဖြတ်ရန် A+ အဆင့်ကိုသတ်ရပေမည်။ထားလိုက်ပါတော့သူအသက်ရှင်ချင်သေးသည်။ဒါကဘယ်လိုမှမဖြစ်နိုင်ပေ။
အဆင့် A များကအဆင့် A+ ကိုမယှဥ်နိုင်ပေ။ဘယ်လောက်ကွာခြားမှန်းချူဖုန်းသိသည်။
ချူဖုန်းကလွှတ်ထွက်သွားသည်များမရှိစေရန်ပတ်ပတ်လည်အားသေချာစစ်ဆေးပြီးမှထွက်ခွာလာလိုက်သည်။
ဒီခရီးစဥ်၏အဓိကရည်ရွယ်ချက်ဖြစ်သည့်အိမ်မက်မြူခိုးသားရဲကိုရှာဖွေရပေဦးမည်။
ချူဖုန်းကမီးခိုးရောင်အဆင့်အိမ်မက်မြူခိုးသားရဲကိုစိတ်ဝင်စားခြင်းမဟုတ်ပေ။သူက အနက်ရောင်အဆင့်အိမ်မက်မြူခိုးသားရဲကိုစိတ်ဝင်စားခြင်းဖြစ်သည်။
ထိုအဆင့်သားရဲကကြီးထွားနှုန်းမြန်လှသည်။ချူဖုန်းက A+ အဆင့်ရောက်အောင်ပျိုးထောင်ပေးမည်ဖြစ်သည်။
ထို့အပြင်သူက အိမ်မွေးသားရဲရွှေအဆင့်စာရင်း (နဂိုက အိမ်မွေးတိရစ္ဆာန်ကိုပြောင်းရေးပါ့မယ်ဗျ) တွင်ရှိသောမြင့်မြတ်ဆုလာဒ်အားလည်းရယူနိုင်မည်ဖြစ်သည်။ထိုဆုကချူဖုန်းအလွန်လိုချင်သောအရာဖြစ်သည်။
အဲ့ဒါက ဘိုးဘေးနဂါးတစ်ကောင်ဖြစ်သည်။
နဂါးအပေါင်းတို့၏ဘိုးဘေး။
အဲ့ဒါကစိတ်ဝိညာဥ်လေးဆိုရင်တောင်တန်ဖိုးမဖြတ်နိုင်ပေ။ရွှေအဆင့်စာရင်းတွင်ဘာကြောင့်အသိမ်းဆည်းခံရလဲတော့ဘယ်သူမှမသိပေ။
ချူဖုန်းကမထင်မှတ်ထားတာတွေဖြစ်မလာရန်နှောင့်နှေးမနေရဲပေ။မတော်တဆကံကောင်းသောတစ်ကောင်ကောင်ကအိမ်မွေးသားရဲကိုရသွားပါကသူရင်ကျိုးရလိမ့်မည်။
ချူဖုန်းကအရင်ချိန်တုန်းကသူရဲဘောကြောင်သောအိမ်မက်မြူခိုးသားရဲ၏မြူများကိုစုပ်ယူထားသောကြောင့်ထိုအကောင်အားရှာဖွေနိုင်သည်။
ထိုအကောင်ကကောင်းကင်ချိတ်ဆက်နတ်ဆိုးတောင်တန်းအစွန်အဖျားတွင်ရှိနေသည်။
သို့သော်လည်း......
ချူဖုန်းကမျက်မှောင်ကြုတ်လိုက်သည်။
( အဲ့ခွေးကောင်ကဘယ်ကိုရောက်နေတာလဲဟ၊ငါအာရုံခံလို့မရအောင်တစ်ခုခုကတားနေသလိုပဲ)
ဆက်မတွေးတော့ပဲအသံ၏ ငါးဆ အမြန်နှုန်းဖြင့်ပျံသန်းလိုက်လေသည်။လမ်းတစ်လျှောက်တွင်တွေ့သမျှသားရဲများကိုသတ်ကာအမှတ်များအဖြစ်ပြောင်းလဲလိုက်သည်။
အိမ်မက်မြူခိုးသားရဲနှင့်နီးကပ်လာသည်နှင့်အမျှချူဖုန်း၏အာရုံခံမှုကပိုပီပြင်လာသည်။အိမ်မက်မြူခိုးသားရဲ၏ တည်နေရာ အားခန့်မှန်း၍ရလိုက်သည်။
ချူဖုန်းကအံ့အားသင့်သွားရသည်။အိမ်မက်မြူခိုးသားရဲကလျှင်မြန်သောအရှိန်ဖြင့်သွားနေခြင်းကြောင့်ပင်ဖြစ်သည်။
"ငါလိုက်ဖမ်းနေတာကိုသိသွားလို့များလား၊မဖြစ်နိုင်ဘူး အဆင့် B သားရဲတစ်ကောင်ကအဲ့လောက်အာရုံခံမကောင်းဘူး"
သံသယများစွာဖြင့်ချူဖုန်းကဆက်၍လိုက်နေသည်။ဆယ့်ငါးမိနစ်ခေါက်အကြာတွင်ချူဖုန်းကအလွန်နက်ရှိုင်းသောချောက်တစ်ခုရှေ့တွင်ရပ်လိုက်သည်။
မြေပြင်ကမီးခိုးရောင်အမှုန်များနှင့်ဖုံးလွှမ်းနေသည်။ဖုန်မှုန့်များမဟုတ်ပဲသားရဲများ၏ပြာများဖြစ်ဟန်တူသည်။
မရေတွက်နိုင်သောပြာများစုပုံနေရာမှမိုးဒဏ်ကြောင့်ချောက်ကမ်းပါးစွန်းများဖြစ်လာဟန်တူသည်။မီးခိုးဖြူကမ္ဘာကမိုင်ပေါင်းရာနှင့်ချီကျယ်ဝန်းလေသည်။
ချူဖုန်းကသူ့ဦးရေပြားများထုံကျဥ်လာသလိုပင်ခံစားလိုက်ရသည်။မရေတွက်နိုင်သောသတ္တဝါများအားသတ်ကာမီးရှို့ခံထားရသလိုပင်။ချူဖုန်းမျက်မှောင် ကြုတ် သွားသည်။
"အဲ့ခွေးသတောင်းစားကတကယ့်ကိုပဲ..."
ချူဖုန်းကအောက်ကိုငုံ့ကြည့်လိုက်မိသောအခါမိုင်ပေါင်းထောင်သောင်းချီနက်သောချောက်နက်တစ်ခုကိုတွေ့လိုက်ရသည်။
သတ္တဝါတစ်ကောင်ကလူသားများကိုဝါးမျိုရန်သူ့ပါးစပ်အားအစွမ်းကုန်ဟထားသကဲ့သို့ပင်။မြင်သူတိုင်းအားကြက်သီးမွှေးငြင်းထကာရှိသမျှအမွေးများထောင်ထလာစေသည်။
ထိုအရာက ချောက်နက်ကြီး၏ဒုတိယအဆင့်ပင်ဖြစ်သည်။
အခြားနာမည်နှင့်ဆိုပါက
ကြွေလွင့်နတ်ဆိုးချောက်ကမ်းပါး
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Aventuraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...