49-50

45 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (49)ငါ့ကိုလည်းပေးခုတ်ပါဦးဟ

       တော်လှန်ရေးတပ်သားများက ချူဖုန်း၏လှည့်စားမှုအားခံလိုက်ရသည်။
      
       (မင်းတို့ရဲ့ အကြောင်းကိုဖုံးကွယ်ထားပြီး အကျိုးကျေးဇူးရချင်နေတာလား ဆုတောင်းလေသားလေးတွေရဲ့
      
       ဒါကငါ့အရင်ဘဝတုန်းက ကစားခဲ့တဲ့လှည့်ကွက်တွေထဲကတစ်ခုပဲရှိသေးတယ်၊
      
       လူ့သားတွေကအန္တရာယ်များလွန်းတယ် အန်ဒါဆန်ရဲ့ မင်းဒါတွေကိုနားမလည်သေးပါဘူးကွာ)
      
       ထိုလူများကိုဖော်ထုတ်ရန် ကချူဖုန်း၏ရည်ရွယ်ချက်မဟုတ်ပေ။သူ့၏အစီအစဥ်များထဲမှတစ်ခုသာဖြစ်သည်။
      
       သူက တော်လှန်ရေးတပ်သားများကိုအသုံးချကာ ရန်သူ့အလယ်ဗဟိုတွင်းသို့ဝင်ရန်ကြိုးစားလိုက်ခြင်းဖြစ်သည်။
      
       သူအောင်မြင်သွားခဲ့ပြီ။ခုဆိုလျှင် ချူဖုန်းက ဒီမွန်တစ် နှင့် ဒီမွန်နှစ်တို့နှင့် ခန္တာကိုယ်ချင်းအရမ်းနီးကပ်နေပြီဖြစ်သည်။
      
       ချူဖုန်းက သူပုန်များအကြောင်းထုတ်ပြောပြီးနောက်တွင် နတ်ဆိုးနှစ်ယောက် ကချူဖုန်းကိုစိတ်မဝင်စားတော့ပေ။
      
       ဒါက ဝီစီ ကိုမှုတ်ခဲ့သော ရှမာရိ လိုကြီးမြတ်သောလူတစ်ယောက်လိုပင်။
      
       ထိုအချိန်တွင် လူတိုင်း၏ အာရုံ ကအန်ဒါဆန် နှင့် သူ့လူများပေါ်တွင်ကျရောက်နေသည်။အတူလာခဲ့ကြသော B အဆင့်များပင် သူတို့အနားမှထွက်ခွာသွားကြသည်။
      
       သူတို့ပါရောယောင်၍ဒုက္ခရောက်မည်ကိုစိုးရိမ်နေကြသည်။
      
       အန်ဒါဆန် ကသူ့ရဲ့စိတ်ဒုက္ခကိုဘယ်သူ့ကိုမှမပြောပြနိုင်ပေ။သူက အမှောင်နတ်သူငယ်ကသူ့အကြောင်းဘယ်လိုသိသွားမှန်းစဥ်းစားမရပေ။
      
       ဒါပေမယ့်လည်းမကြာသေးခင် ကသူပါးရိုက်ပြီးသတ်ပစ်ချင်ခဲ့သော လူယုတ်မာ ကသူ့အားပြန်ရောင်းစားသွားခဲ့သည်။
      
       သူ့ရဲ့စွမ်းအားအစစ်အမှန်ကိုသုံးလျှင်ပင် သူ့တပ်သားများကိုအသက်ရှင်လျှက်ကယ်ထုတ်သွားနိုင်မလားသူမသေချာပေ။
      
       တစ်ဖက် ကနတ်ဆိုးကိုယ်ရံတော်နှစ်ယောက်က စတုတ္တအဆင့် ဝိညာဥ်အသွင်ပြောင်းလဲခြင်းနှင့် တတိယအဆင့် ဝိညာဥ်ပြောင်းလဲခြင်းတွင်ရှိနေသည်။
      
       အန်ဒါဆင်တွေးနေစဥ်မှာပဲ နတ်ဆိုးကိုယ်ရံတော်နှစ်ယောက်ကသူ့အားဝိုင်းထားလိုက်သည်။နတ်ဆိုးကိုယ်ရံတော်များကလည်းအံသြနေသည်။
      
       သူတို့က အိမ်မက်မြူခိုးသားရဲဘုရင်ကို ရှာမတွေ့သော်လည်း သူပုန်စစ်တပ်၏ ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့်နှင့်တွေ့နေပြီးဖမ်းဆီးနိုင်လိုက်ပါက ကြီးမားသောဆုလာဒ်ကိုပင်ရနိုင်သည်။
      
       "ဟေးသားကြီး၊ ဒီအမှောင်နတ်သူငယ်ကမင်းကိုသူပုန်လို့ပြောနေတယ်၊မင်းငါတို့နဲ့ပူးပေါင်းပြီးအစစ်ဆေးခံပေးပါ"
      
       ဒီမွန်နှစ် ၏ဆိုးဝါးသောအသံအားကြားလိုက်ရသည်။
      
     (  မှန်တာပဲဖြစ်ဖြစ်မမှန်တာပဲဖြစ်ဖြစ်ငါတို့သူ့ကိုဖမ်းပြီးရင်သိရမှာပဲ)
    
     အန်ဒါဆန် ကတုံးအမနေပေ။သူကတကယ်လည်းတော်လှန်ရေးတပ်မတော်မှဖြစ်သည်။
    
     ထိုအချိန်မှာတော့နတ်ဆိုးနှစ်ဦးက အန်ဒါဆင်၏လုပ်ရပ်များကိုသာစောင့်ကြည့်နေကြသည်။သူတို့နောက်ကလူများကိုဂရုပင်မစိုက်ပေ။သူတို့နောက်မှာက သူတို့ရဲ့မြေနတ်ဆိုးမျိုးနွယ်၊အိုး ပြီးတော့ဘာမှအသုံးမဝင်တဲ့ C အဆင့်စစ်သည်တော်တစ်ယောက်သာရှိသည်။
    
     သူတို့ရှေ့က ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့်ကသာသူတို့အတွက်တကယ့်ရန်သူဖြစ်သည်။ဒါကြောင့်သူတို့နောက်ကျောကိုလျှစ်လျှူရှုထားသည်။
    
     ချူဖုန်းကထိုမြင်ကွင်းကိုကြည့်ကာငိုချင်လောက်သည်အထိပင်ဝမ်းသာလာသည်။
    
     သူ့အရှေ့တွင် ဝတ်လစ်စားလစ်နဲ့အလှလေးနှစ်ယောက်ကိုသူ့အိပ်ယာထက်၌တွေ့လိုက်ရသလိုပင်၊ဘာကိုစောင့်နေတော့မှာလဲ ဟဲဟဲ။ (လူယုတ်မာသံဖြင့် 😂)
    
     နတ်ဆိုးကိုယ်ရံတော်နှစ်ယောက်ကလှုပ်ရှားရန်ပြင်နေစဥ်မှာပင် ချူဖုန်းကလှုပ်ရှားလိုက်သည်။
    
     သူ့ရဲ့အဆုံးသတ်ဓားအားထုတ်လိုက်သည်။သေချာစေရန်အတွက်သူက ဓားသွားတစ်လျှောက်တွင် အစွယ်နတ်ဆိုးအဆိပ်များကိုသုတ်လိမ်းထားသည်။
    
     တစ်ခဏတွင်းမှာပဲအစွမ်းအကုန်လုံးငိုထုတ်သုံးလိုက်သည်။ချူဖုန်း၏ပစ်မှတ်က တတိယအဆင့် ဝိညာဥ်အသွင်ပြောင်းလဲခြင်းဖြစ်သည့် ဒီမွန်နှစ် ကိုပင်ဖြစ်သည်။
    
     သတ်
    
     သတ်
    
     သတ်
    
     သူ့ကိုသတ်ပစ်ရမယ်။
    
     ချူဖုန်းကဒီတစ်ကြိမ်မှာတော့ဘာမှဂရုမစိုက်တော့ပေ။သူ့၏ရှိသမျှအစွမ်းအကုန်အားသုံးကာတိုက်ခိုက်လိုက်သည်။
    
     အဆုံးမရှိသောဓားချက်များက ကောင်းကင်ယံမှပိုက်ကွန်တစ်ခုလို ဒီမွန်နှစ် ကိုလွှမ်းခြုံသွားသည်။
    
     ရန်သူကိုမသတ်နိုင်လျှင်တောင်သွေးနှင့်ထိနေသမျှ အစွယ်နတ်ဆိုးအဆိပ်က အသက်ဝင်နေမှာပဲဖြစ်သည်။   
    
     အစွယ်နတ်ဆိုးအဆိပ် 0.1 ဂရမ် ကသာမန် A အဆင့် နတ်ဆိုးအားကြီးမားစွာဒဏ်ရာရစေနိုင်သည်။
    
     0.5 ဂရမ် က A အဆင့်နတ်ဆိုးကိုသေစေနိုင်သည်။သူအတွက်အချိန်လုံလောက်နေသရွှေ့ ဒီမွန်နှစ် ကအစွယ်နတ်ဆိုးအဆိပ်ကြောင့်သေမှာအသေအချာပင်။
    
     ရုတ်တရက်အလှည့်အပြောင်းကလူတိုင်းအားကြောင်အသွားစေသည်။လူတိုင်းကချူဖုန်းအားကြည့်ကာဆွံ့အနေသည်။
    
     ဘာလဲဟ ဒါကဘယ်လိုဇာတ်လမ်းမျိုးလဲ၊သူလျှိုဟန်ဆောင်ပြီးမှနောက်ကျောဓားနဲ့ထိုးတာလား။
    
     ချူဖုန်း၏ ဓား ကသူ့နောက်ကျောကိုထိမှန်သွားသည့်အချိန်ထိ ဒီမွန်နှစ် ၏မျက်နှာကစိတ်ရှုပ်ထွေးမှုများနှင့်ပြည့်နှက်နေသည်။
    
     "ဘာကြောင့်ဒီလိုဖြစ်ရတာလဲ"
    
     ဒီမွန်နှစ် ကအံအားသင့်နေသည့်အချိန်တွင်ချူဖုန်းက ဆယ်ကြိမ်ထက်မနည်းခုတ်ပိုင်းလိုက်ပြီဖြစ်သည်။
    
     ဓားချက်တစ်ချက်ချင်းစီတွင်သွေးများပန်းထွက်လာသောကြောင့် အစွယ်နတ်ဆိုးအဆိပ်ဘယ်လောက်ဂရမ်ဝင်သွားမှန်း ဘုရားသာသိလိမ့်မည်။
    
     သာမန် A အဆင့်နတ်ဆိုးသာဆိုပါကသေလောက်ပြီ၊သို့သော်လည်း ဒီမွန်နှစ်က ဝိညာဥ်အသွင်ပြောင်းခြင်း ကိုသုံးကြိမ်အထိကြုံတွေ့ခဲ့ရသောကြောင့်သူ့ခန္တာကိုယ်ကသာမန်နတ်ဆိုးများထက်ပိုသန်မာသည်။  
    
     ထို့ကြောင့်လည်းအခုချိန်ထိရပ်နေနိုင်ခြင်းပင်။သို့သော်လည်းသူ့နောက်ကျောတစ်ခုလုံးက မဲနက်နေလေပြီ။သူကနောက်ဘက်သို့လှည့်ကာကြည့်လိုက်သည်။
    
     ဒီမွန်နှစ် ကဒဏ်ရာအပြင်းအထန်ရပြီးသေလုမျောပါးဖြစ်နေသော်လည်းချူဖုန်းကလုံလောက်သည်မထင်ပေ။နောက်ထပ်အကြိမ်အနည်းငယ်ခုတ်ရန်ကြံရွယ်လိုက်သည်။
    
     ထိုအချိန်မှသာကြောင်အနေသော ဒီမွန်တစ် ကဒေါသတကြီးဖြင့်
    
     "လဥ ပဲပေါ့တကယ်တော့မင်းကနောက်ကွယ်ကကြိုးကိုင်နေတဲ့ကောင်ပဲ"
    
     သူကချူဖုန်းကိုစူးရှစွာကြည့်နေရင်းဖြင့်သူ့၏ အေးစက်သောလက်သည်းများဖြင့်ကုတ်ဆွဲရန်ကြံလိုက်သည်။သူကချူဖုန်းကိုအရှင်လတ်လတ် အစိတ်စိတ်အမွှာမွှာလုပ်ချင်နေပုံပင်။
    
     ချူဖုန်းက အလောတကြီးဖြင့် အန်ဒါဆန်အား
    
     "ဟေ့ မင်းဘာကိုစောင့်နေတာလဲ၊အဲ့ကောင်ကိုတားထားလေ၊ဒီနတ်ဆိုးနှစ်ကောင်ကိုအစွမ်းကုန်သတ်မှရမယ်သူတို့ပြန်ကောင်းလာရင် ငါတို့သေမှာနော်"
    
     ချူဖုန်းကအခြေအနေကိုပုံကြီးချဲ့ကာပြောလိုက်သည်။သို့သော်လည်း အန်ဒါဆန် ကဒါကိုမသိပေ။
    
     ချူဖုန်းကအန်ဒါဆန်ကို ပိုကြောက်လာပြီး၊ပိုအားကုန်ထုတ်သုံးတာကိုလိုချင်နေခြင်းပင်။
    
     ဒါကိုကြားတော့ အန်ဒါဆန်ကချက်ချင်းလှုပ်ရှားလိုက်သည်။သူကချူဖုန်း စွမ်းအားများဘယ်လိုထွက်လာကြောင်းစဥ်းစားချိန်ပင်မရပေ။
    
     သူ့စွမ်းအားကုန်သုံးကာချူဖုန်းအားတိုက်ခိုက်ရန်ကြိုးစားနေသောနတ်ဆိုးအားတိုက်လိုက်လိုက်သည်။
    
     ဝိညာဥ်ပြောင်းလဲခြင်း စတုတ္တအဆင့်နဲ့ဝိညာဥ်ပြောင်းလဲခြင်းတတိယအဆင့်။
    
     အန်ဒါဆန် က ဒီမွန်တစ် ၏ပြိုင်ဘက်မဟုတ်သော်လည်းခဏတာအချိန်ဆွဲပေးဖို့ကမဖြစ်နိုင်တာမဟုတ်ပေ။
    
     ဒါကိုမြင်တာနှင့်တစ်ပြိုင်နက်ချူဖုန်းကတွန့်ဆုတ်ခြင်းမရှိပဲ ဒီမွန်နှစ် အားဆက်လက် ခုတ်လိုက်သည်။
    
     အလုပ်လုပ်ရင် ငါကဘေးကင်းတာပဲကြိုက်တယ်ကွ၊ရွှေအဆင့်စာရင်းမှ အသံထွက်ပေါ်မလာမချင်းချူဖုန်းက ဒီမွန်နှစ်အားဓားဖြင့် ခုတ်နေခဲ့သည်။
    
     ရွှေအဆင့်စာရင်းမှအသံအားသူ့ခေါင်းထဲမှကြားလိုက်ရချိန်မှသာရပ်တန့်လိုက်သည်။
    
     ချူဖုန်းက မဲနက်နေသော ဒီမွန်နှစ် ၏ အလောင်းအားကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
    
     "လခွမ်း ပဲပေါ့ကွာ ခုတ်ကတာလက်တွေကိုညောင်းနေတာပဲ၊သူ့သွေးတွေက ငါစုပ်ယူလို့မရတော့ဘူး"
    
     ထိုစကားများက အန်ဒါဆန် ၏နောက်ကျောအားအေးစိမ့်သွားစေသည်။
    
  (   သူကဘယ်လိုကောင်လဲကွ၊သွေးတွေကိုတောင်စုပ်တယ်တဲ့လား
 
          အမှောင်နတ်သူငယ်တွေက ဘယ်တုန်းက နတ်ဆိုးတွေထက် ပိုပြီးဆိုးယုတ်လာတာလဲဟ
         
          ဒါကအရေးကြီးတဲ့အချက်အလက်ပဲ၊ငါဌာနချုပ်ကိုပြန်သတင်းပို့ရမယ်)
         
          အန်ဒါဆန် ကတိတ်တိတ်လေးဆုံးဖြတ်ချက်ချလိုက်သည်။သူကစိတ်တွေထွေပြားနေစဥ် ဒီမွန်တစ် ၏ လက်သည်းများက သူ့ကိုစုတ်ဖြဲသွားမတက်ဖြစ်သွားသည်။
         
          သူ့အတွေးတွေကိုမပျံ့လွင့်ရဲတော့ပေ။သူက ချူဖုန်းကိုမကြည့်ပဲကျယ်လောင်စွာအော်ဟစ်လိုက်သည်။
         
          "ဟေ့ကောင်၊မင်းဘာလုပ်ဖို့ကြံထားလဲ၊ ငါဒီကောင်ကိုမနိုင်ဘူးနော် ၊ဒီအတိုင်းဆက်သွားရင် တတိယနတ်ဆိုးမင်းသားရောက်လာရင် ငါတို့အကုန်သေကုန်လိမ့်မယ်"
         
          ဒီမွန်ဝမ်း ကအေးစက်စွာဖြင့်
         
          "ဟမ့်မင်းတို့လွတ်နိုင်မယ်ထင်နေလား ၊ ငါမင်းကိုထိန်းထားနိုင်တာနဲ့ တတိယမင်းသားရောက်လာရင်မင်းတို့အကုန်သေပြီ"
         
          ထိုစကားကြားတော့ချူဖုန်းကပြုံးလိုက်ကာ
         
          "စိတ်မပူပါနဲ့ မင်းမှာအဲ့အခွင့်အရေးမရှိတော့ဘူး"
         
          ချူဖုန်းကလက်ကိုညင်သာစွာဝှေ့ယမ်းလိုက်ကာ
         
          "ဝေ့ ၊ အိမ်မက်မြူခိုးသားရဲဘုရင်ထွက်လာခဲ့လိုက်တော့၊ဒီကောင်က သူ့ညီကိုတွေနဲ့ပြန်ဆုံချင်လို့တဲ့ ၊ ပို့ပေးလိုက်ရအောင်"
         
          ချူဖုန်းပြောပြီးသည်နှင့်အနက်ရောင်မြူခိုးများက ထွက်ပေါ်လာသည်။ထိုမြင်ကွင်းက အန်ဒါဆန်ကိုသေလောက်အောင်ထိတ်လန့်သွားစေသည်။မျက်လုံးများကပြူးကျယ်လာပြီး
         
          "မင်း မင်းက အိမ်မက်မြူခိုးသားရဲဘုရင်နဲ့မဟာမိတ်ဖွဲ့ထားတာလား"
         
          ချူဖုန်းကဆွံအစွာဖြင့်
         
          "မင်းမသိဘူးလားဟ၊ငါ့ကြောင့်သာမဟုတ်ရင်အဲ့အချိန်ထဲက အိမ်မက်မြူခိုူသားရဲဘုရင်က မင်းကိုသတ်ပြီးတာကြာပေါ့"
         
          အန်ဒါဆန် ကစကားပင်ပြန်မပြောနိုင်တော့ပေ။သူကသူ့ကိုယ်သူလုံအောင်ဖုန်းကွယ်ထားနိုင်ပြီဟုထင်သော်လည်းတခြားလူများရှေ့တွင်အရူးတစ်ယောင်လိုပင်။
         
          တစ်ဖက်လူက သူ့နှာခေါင်းထိပ်တွင်စက်ဝိုင်းပုံများပင်ရေးဆွဲသွားတာကိုသူမသိပေ။
         
          "ကောင်းပြီ လှည့်စားနေတာတွေကိုရပ်လိုက်တော့ ၊မင်းတို့နှစ်ယောက်သူ့ကိုအတူတူသတ်လိုက်ကြတော့"
         
          ပြောပြီးတော့မှချူဖုန်းကတစ်စုံတရာအားတွေးနေသလိုရပ်တန့်လိုက်သည်။ပြီးနောက်တွင်
         
          "အာ၊ မဟုတ်ဘူး ခဏလေး ငါတို့သုံးယောက်အတူသတ်ကြမယ်၊အိမ်မက်မြူခိုးသားရဲဘုရင် သူ့ကိုမသတ်ခင်လေး ငါ့ကိုတစ်ချက်လောက်ပေးခုတ်ဦးဟ"
         
          ချူဖုန်းကအခုမှပင် စုပေါင်းသတ်ဖြတ်ခြင်းအတွက်အမှတ်များပေးကြောင်းသတိရသွားသည်။



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now