93-94

41 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (93) အရှုံးကိုဝန်မခံရဲရင် သိုင်းမလေ့ကျင့်နဲ့

     "မင်းအကိုက အဲ့လိုလေ့ကျင့်ရင် မင်းအကိုလည်း အမှိုက်ပဲ"
    
     ချူဖုန်း၏ စကားများက ပိုင်ဇီဟောင် ၏ နှလုံးသားကို ဓားဖြင့်ထိုးခံရသလိုခံစားစေရသည်။
    
     မင်းငါကိုပြောချင်တာလားရတယ်စိတ်ကြိုက်ပြော၊ဒါပေမယ့်ငါ့အကိုကိုတော့မစော်ကားနဲ့ကွ
    
     ချူဖုန်း၏စကားက ဦးနှောက်မရှိသောဖန်ဂဲလ် များကိုဒေါသထွက်သွားစေသည်။ဝက်ခြံများနှင့်မိန်းကလေးက ဦးဆောင်၍
    
     "သူ့အကိုဘယ်သူလဲနင်သိလား၊နင့်မှာဝေဖန်ပိုင်ခွင့်ရှိတယ်ထင်နေလား"
    
     "နင့်ကိုနင် ဘယ်သူများထင်နေလဲ၊ အကိုကြီးကျစ်ယွမ်က ဝိညာဥ်ရွှေအဆင့်စာရင်းမှာနံပါတ် (8) နင်က ကျင့်ကြံသူတောင်မဖြစ်သေးဘဲနဲ့ဝေဖန်ပိုင်ခွင့်ရှိတယ်ထင်နေလား"
    
     ချူဖုန်းက ကောင်မလေးများ၏အပြောကိုစိတ်မဆိုးခဲ့ပေ။သူဒီနေ့လာရသည့်ရည်ရွယ်ချက်ကလည်း ပိုင်ကျစ်ယွမ် ကြောင့်ဖြစ်သည်။ယဘယ်လိုပံစံလဲဆိုတာမသိရသေးပေမယ့် ဖန်ဂဲလ်များနှင့် လူမှုဆက်ဆံရေးကောင်းသော ညီတစ်ယောက်ရှိနေသည့်ပုံပင်။
    
    " တိတ်တိတ်နေ"
   
    ပိုင်ဇီဟောင် က လက်ကိုဝှေ့ယမ်းကာပြောလိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်သွားသည်။
   
    ချူဖုန့းက ထိုမြင်ကွင်းကိုကြည့်ကာပြုံးလိုက်ပြီး
   
    "တကယ်လို့မင်းအကိုဒီနေရာမှာရှိနေရင်တောင်ငါအဲ့လိုပြောမှာပဲ ၊အသုံးမကျရင်မကျဘူးဝန်ခံမှသာ မင်းဆက်တိုးတက်နိုင်မှာ"
   
    ပိုင်ဇီဟောင် က ဒေါသအလွန်ထွက်လာပြီ။သူကချူဖုန်းအား
   
    "မင်းက အသုံးမကျဘူးပြောနေရအောင် မင်းဘယ်လောက်စွမ်းလဲငါကြည့်ပါရစေ"
   
    ချူဖုန်းက သမ်းလိုက်ကာ
   
    "ကောင်းပြီမြန်မြန်တော့လုပ် ငါလုပ်စရာရှိသေးတယ်"
   
    ချူဖုန်း၏ဂရုမစိုက်သောပုံစံကြောင့် ပိုင်ဇီဟောင် ကရူးသွားတော့မလိုခံစားနေရသည်။ သူက ချက်ချင်းပင် ဒြပ်စင်ငါးမျိုးလက်သီး သိုင်းကိုခင်းကျင်းလိုက်သည်။သူခင်းကျင်းတဲ့ပုံစံကိုကြည့်ပြီး ချူဖုန်းကစိတ်ပျက်စွာခေါင်းခါလိုက်သည်။
   
    "မင်းစပြီးတော့ သိုင်းကွက်ခင်းထဲက ကိုမှားနေတာ ၊မင်းအကိုမင်းကိုသင်ပေးတာ မှားနေတာလား၊ မင်းကိုတိုင်က စောက်သုံးမကျတာလား"
   
    "အား ငါမင်းကိုသတ်မယ်"
   
    ပိုင်ဇီဟောင် ကအော်ဟစ်ကာ ဒြပ်စင်ငါးမျိုးလက်သီးသိုင်း ၏ တိုက်စစ်အားကောင်းသော မီးလက်သီးကို အသုံးပြုလိုက်သည်။
   
    "မင်းရဲ့ လက်သီးသိုင်း ကနိမ့်လွန်းပေမယ့် ခုခံအားကတော့မဆိုးဘူး ၊ဒါပေမယ့် ဝိညာဥ်စွမ်းအင်တွေကို ညာဘက် လက်သီးကိုပို့တဲ့အချိန်မှာတစ်စက္ကန့်လောက်နှောင့်နှေးနေတယ်၊အဲ့တာကပဲ ဟာကွက်တွေဖြစ်လာတာပဲ
   
    မင်းက ဒြပ်စင်ငါးမျိုးလက်သီး သိုင်းရဲ့ အနှစ်သာရကို ကောင်းကောင်းမဖမ်းဆုတ်နိုင်သေးဘူး"
   
    ဒြပ်စင်ငါးမျိုးလက်သီး သိုင်း၏ ကျွမ်းကျင်သူ တစ်ယောက်အနေနှင့်ဟာကွက်များပြည့်နေသော သိုင်းကွက်ကိုဆက်မကြည့်လိုတော့ပေ။
   
    ထားလိုက်တော့ ၊ တကယ့် ဒြပ်စင်ငါးမျိုးလက်သီး ကဘာဆိုတာပြပေးလိုက်တော့မယ်။
   
    ချူဖုန်းက တူညီသောသိုင်းကွက်ကိုပင် အသုံးပြုလိုက်ခြင်းဖြစ်သော်လည်း သူ့၏ ခံစစ်ကပို၍ လုံခြုံကာ ရန်သူက မတိုက်နိုင်ရန် ဆူးများဖြင့် ကာရံထားသော ဖြူတစ်ကောင်လိုပင်။
   
    "ကလေးလေး၊ သေချာကြည့် ဒြပ်စင်ငါးမျိုးလက်သီး ဆိုတာဒီလိုသုံးရတာ"
   
    ချူဖုန်းက ဒြပ်စင်ငါးမျိုးလက်သီး သိုင်းကွက်တွင် ဝိညာဥ်စွမ်းအင်ကို အရိပ်အယောင်မျှသာအသုံးပြုခဲ့သည်။သူလှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် မီးတောင်ပေါက်ကွဲသွားသလိုပင် အရှိန်ပြင်းပြင်းလက်သီးချက်က ထွက်ပေါ်လာသည်။
   
    ပိုင်ဇီဟောင် က ချူဖုန်း၏ လက်သီးနှင့် ထိမိလိုက်သည့် အချိန်တွင် အရှိန်ပြင်းတော ပြိုင်ကားနှင့် အတိုက်ခံလိုက်ရသလို နောက်သို့ လွင့်စင်သွားခဲ့သည်။
   
     ပိုင်ဇီဟောင်  ၏ညာဘက်လက် တစ်ခုလုံးက ကျိုးကြေသွားခဲ့ရသည်။သူကထိတ်လန့်စွာဖြင့်ချူဖုန်းအားကြည့်လိုက်မိသည်။
    
     "မဖြစ်နိုင်ဘူး ၊ ဘယ်လိုမှမဖြစ်နိုင်ဘူး အကိုကြီးသင်ပေးထားတဲ့ သိုင်းပညာကိုအနိုင်ယူဖို့မဖြစ်နိုင်ဘူး"
    
     ပိုင်ဇီဟောင် ၏စိတ်ထဲတွင်သူ့ကိုကြီးက သူ့အတွက် နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ ထို့ကြောင့်သူ့ကိုကြီးသင်ပေးထားသော သိုင်းပညာဖြင့်အနိုင်ယူခံလိုက်ရခြင်းကိုသူလက်မခံနိုင်ပေ။ထို့အပြင် သူကိုအနိုင်ယူသွားသည့်လူက အရန်စစ်သည်တော်အဆင့်သာရှိသေးသောလူတစ်ယောက်ဖြစ်နေခြင်းပင်။
    
     သူကအဆင့် C ကိုပင်ရောက်နေသော် လည်း အနိုင်ယူခြင်းခံလိုက်ရသည်။ချူဖုန်းနှင့်ရင်ဆိုင်ရချိန်တွင် ရလိုက်သောခံစားချက်က ကြောက်မက်ဖွယ်ပင် ၊သူ့အကိုကြီးတောင်သူ့ကိုဒီလောက်ထိဖိအားမပေးနိုင်ပေ။
    
     ပတ်ဝန်းကျင်က ဦးနှောက်မရှိတဲ့ ဖန်ဂဲလ် လေးတွေအကုန်လုံးတိတ်ဆိတ်သွားခဲ့သည်။သူတို့အတွက် ပိုင်ဇီဟောင် ကနတ်ဘုရားလိုဖြစ်နေပြီးထိုလူကရှုံးနိမ့်သွားရသည်။တချို့ဆိုလျှင် ပိုင်ဇီဟောင်  ကိုရည်းစားစာပေးဖူးသောလူများပင်ရှိသည်။
    
     ပိုင်ဇီဟောင် က ချူဖုန်းကို အားငယ်စွာကြည့်ကာအသံတိုးတိုးဖြင့်
    
     "မင်းစောနက သုံးလိုက်တာ ဒြပ်စင်ငါးမျိုးလက်သီး သိုင်း မဟုတ်ဘူးမလား"
    
     ဒီအချိန်သူစိတ်ထဲဖြစ်စေချင်နေတာက ပြိုင်ဘက်က ဒြပ်စင်ငါးမျိုးလက်သီး သိုင်းကို မသုံးပဲ ဆင်တူတဲ့သိုင်းတစ်ခုကို သုံးပါစေဟုဆုတောင်းနေမိသည်။
    
     သို့သော်လည်း ကံဆိုးစွာပင် ချူဖုန်းက ခေါင်းကို ခါလိုက်ကာ
    
     "မဟုတ်ဘူး၊မင်းအရှုံးကို ဝန်မခံရဲရင် သိုင်းလေ့ကျင့်မနေနဲ့ ၊မင်းအကိုကိုပိုအရှက်ရစေလိမ့်မယ်"
    
     ချူဖုန်းပြောတာကိုကြားလိုက်တော့ ပိုင်ဇီဟောင် ကသူပြောလိုသည့်စကားများကိုမျိုချလိုက်ရသည်။
    
     "ဟုတ်တယ်သူပြောတာအမှန်ပဲ ၊ ငါမနိုင်ရင်တောင်ငါ့အကိုကြီးရှိတယ်၊ငါအကိုကြီးက မယုံနိုင်အောင်အစွမ်းထက်တယ်၊သူကဒီကောင်ကိုအနိုင်ယူလိမ့်မယ်"
    
     သူ့ကိုသူတီးတိုးပြောရင်းပိုင်ဇီဟောင်က ပြေးထွက်သွားလိုက်သည်။ချူဖုန်းက နောက်မှနေ၍
    
     "ဟေ့ကောင်နေဦးလေ၊ငါမင်းကိုမေးစရာရှိလို့ဟ၊ ချူစစ်ရို နဲ့ ချိုချိုစွင်း တို့ သိလား"
    
     ပိုင်ဇီဟောင် ကအရင်လိုမာနမကြီးတော့ပဲ ခေါင်းကိုညိတ်ကာ
    
     "သိတယ်လေ၊ သူတို့က ငါ့လိုမျိုးစေ့တပည့်တွေပဲ၊ ငါတို့ကအတန်းဖော်တွေ"
    
     "အဲ့ဒါဆို သူတို့ဘယ်မှာနေတာလဲ"
    
     "အိပ်ဆောင်အမှတ် 7 မှာမျိုးစေ့တပည့် မိန်းကလေးတွေနေကြတယ်"
    
     "အိုးး ကောင်းပြီ ၊ မင်းသွားလို့ရပြီ"
    
     လိပ်စာသိပြီးနောက် ချူဖုန်းက ပိုင်ဇီဟောင် ကိုဂရုမစိုက်တော့ပေ။သူကလှည့်ကာထွက်သွားလိုက်သည်။
    
     ချူဖုန်းထွက်သွားတော့မှ ပိုင်ဇီဟောင်က သူ့ခေါင်းကို သူပြန်ရိုက်ကာ
    
     "ဟူတ်သားပဲ ၊ငါသူ့နာမည်မေးလိုက်ဖို့မေ့နေတယ်၊ ထားလိုက်တော့ သူက ချူစစ်ရို နဲ့ ချိုချိုစွင်း တို့ဆီသွားမှာပဲ ၊သူတို့ကိုရှာလိုက်ရင် အဲ့ကောင်ကိုတွေ့မှာပဲ"
    
     ပိုင်ဇီဟောင် ကရေရွတ်ရင်းသူ့အကိုကြီးရှိရာသို့ထွက်သွားလိုက်သည်။သူက သူ့ပရိတ်သတ်များကိုပင် ဂရုမစိုက်တော့ပေ။
    
     ချူဖုန်းက လည်းထွက်လာပြီးနောက်တွင် မေ့မေ့ပျောက်ပျောက်သာနေလိုက်သည်။တကယ်တော့ သူက တစ်တောင်ထက် တစ်တောင်ပိုမြင့် သေးကြောင်းကို သင်ပေးခဲ့ရုံလေးဖြစ်တာကြောင့် သိပ်ဂရုမစိုက်ပေ။
    
     တက္ကသိုလ်ဝန်းအတွင်း မေးရင်းနှင့် ချူဖုန်းက အိပ်ဆောင် 7 သို့ရောက်လာသည်။သို့သော်လည်းသူက အောက်ထပ်တွင် တိုင်ပတ်နေပြန်သည်။
    
     ချောက်နက်ထဲမှပြန်လာတာမကြာသေးသောကြောင့်  သူ့တွင် ကမ္ဘာမြေ၏ ထုတ်ကုန်များရှိမနေပေ။   ဖုန်းယူလာရန်မေ့လျော့နေသောကြောင့် ဘယ်လိုဆက်သွယ်ရမှန်းကိုမသိတော့ပေ။
    
     ချူဖုန်းက သူ့ခေါင်းကို ကုတ်ကာစဥ်းစားနေစဥ် ချူစစ်ရို နှင့် ချိုချိုစွင်း တို့က အိပ်ဆောင်ထဲမှ ထွက်လာကြသည်။သူမတို့ ဘေးတွင် ကောင်မလေးတစ်ယောက်ပါသော်လည်း ချူဖုန်းက သူမကိုမသိပေ။သူတို့သုံးယောက်က ခပ်သွက်သွပ်လမ်းလျှောက်လာနေကြသည်။
    
    "အမ ချူစစ်ရို ၊ အမ ချိုချိုစွင်း"
    
     ချူဖုန်းက လှမ်း၍ အော်ခေါ်လိုက်သည်။ချိုချိုစွင်းက ချူဖုန်းကို ပထမဆုံးတွေ့သောသူဖြစ်သည်။သူမက
    
     "ဟာ ရှောင်ဖုန်း မင်းဘာလို့ ဒီရောက်နေတာလဲ"
    
     ချူဖုန်းပြန်မဖြေနိုင်ခင် ချိုချိုစွင်း ကချူဖုန်း၏ လက်မောင်းကို ကိုင်ကာ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။သူမကအလောတကြီးလေသံဖြင့်
    
     "ချူဖုန်း ငါတို့ ခန်းမကို မြန်မြန်သွားရမယ်၊ ပိုင်ကျစ်ယွမ်က ဒြပ်စင်ငါးမျိုးလက်သီးသိုင်းအကြောင်းကို ရှင်းပြပေးလိမ့်မယ်၊ငါတို့နောက်ကျရင် ထိုင်စရာမရှိဖြစ်နေမယ်"




ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now