161-162

33 2 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (161 ) 

      ချူဖုန်းက ထိုအတွေးများကိုသူ့စိတ်ထဲတွင် တွေးနေမိသည်။
     
      ထို့အပြင် ရွှေရောင်ဆံပင်နှင့်လူ ပြောသည့်အတိုင်းဆိုလျှင် သူတို့က ဒီနေရာမှ ထွက်သွား၍ မရဟုဆိုနိုင်သော်လည်း အမြဲတမ်း မဟုတ်ပေ။
     
      ထို့ကြောင့်လည်း ချူဖုန်းက ထိုအတွေးများတွေးမိနေခြင်းဖြစ်သည်။
     
      ပထမဆုံးနတ်ဆိုးလှိုင်းက နတ်ဆိုးတို့၏ သေးငယ်သော စမ်းသပ်မှုတစ်ခုသာဖြစ်သည်။
     
      ချိတ်ပိတ်ထားသောအစီအရင်မှာ ပထမဆုံးအကြိမ်အားနည်းခြင်းဖြစ်တာကြောင့် ထွက်ပေါက်က ခိုင်မာနေဆဲဖြစ်ပြီး အဆင့် A+ တစ်ချို့သာထွက်လာနိုင်သည်။
     
      နောက်ပိုင်းကျမှသာ အစီအရင်ဝင်ပေါက်က အားနည်းသည်ထက်နည်းလာပြီး နတ်ဆိုးအရှင်များသာမကအားကောင်းလွန်းသော သတ္တဝါ များပါ ထွက်ပေါ်လာ လိမ့်မည်။
     
      ထိုအချိန်ကျမှသာ ကမ္ဘာကြီး၏ တကယ့်တိုက်ပွဲအစစ်က စမည်ဖြစ်သောကြောင့် ချူဖုန်းက ကြိုတင်ပြင်ဆင်နေခြငိးဖြစ်သည်။
     
      ထိုလူသုံးယောက် ချူဖုန်း နားသို့ရောက်လာချိန်တွင် ချူဖုန်း ၏ အတွေးစများက ပြတ်တောက်သွားသည်။
     
      သို့သော်လည်း သူဘာမှမပြောရသေးခင် ခန္တာကိုယ်အားကောင်းသောလူက ချူဖုန်းအား
     
      "ကောင်လေး ၊ ခန္တာကိုယ် ကြံခိုင်မှု က သွေးမျိုးဆက်နဲ့ဆက်စပ်နေတယ် ဆိုတာမင်းတွေးကြည့်ဖူးလား ၊ မင်းရဲ့ ခန္တာကိုယ်က မသန်မာရင် ကြံခိုင်မှုမရှိရင် ဒီနေရာက သွေးအနှစ်သာရတွေကို အများကြီးစုပ်ယူလို့ မရဘူး
     
      ၊ မဟုတ်ရင် မင်းခန္တာကိုယ်က ပေါက်ကွဲသွားလိမ့်မယ်၊ ဒါပေမယ့် ငါ့ရဲ့ ကြယ်ကိုးစင်းအရှင်သခင်ခန္တာကိုယ်နည်းစနစ်နဲ့ ဆိုရင် အခြေအနေတွေက မတူညီကွဲပြားသွားလိမ့်မယ်"
     
      ထိုစကားကိုကြားလိုက်ချိန်တွင် ချူဖုန်း က အကောင်ကြီးကြီးနှင့် လူအား ကူကယ်ရာမဲ့စွာကြည့်၍ စိတ်ထဲမှကျိန်ဆဲနေမိသည်။
     
      မင်းက ငါ့ကိုမေးနေတာမဟုတ်ဘူးကွ ၊ မင်းရဲ့ နည်းစနစ်ကို ရောင်းဖို့ကြိုးစားနေတာနဲ့ပိုတူနေတယ်။
     
      ချူဖုန်းက တုံးအသောလူမဟုတ်တာကြောင့် ထိုလူပြောသည်မှာအဓိပ္ပါယ်ရှိကြောင်းသိနေသည်။
     
      သူ့ခန္တာကိုယ်က အားနည်းလှပြီး ၊ သူ့၏ သွေးမျိုးဆက်ကအားကောင်းနေသည်။ မတော် ၍သာ ညီမျှနေမှုပျက်စီးသွားပါက သူက ဆိုးဆိုးဝါးဝါး ခံစားရလိမ့်မည်။
     
      ထို့ကြောင့်သူ့ခန္တာကိုယ်အားကြံခိုင်အောင်လုပ်ရပေမည်။ အဆင့် A+ နှင့် မနှိုင်းယှဥ်နိုင်ရင်တောင် အနည်းဆုံး ဝိညာဥ်အသွင်ပြောင်းလဲခြင်း အထွဋ်အထိပ်အဆင့်နှင့် နှိုင်းယှဥ်နိုင်အောင်ပြုလုပ်ရမည်။
     
      သူ့ထံတွင် အားကောင်းသောခန္တာကိုယ်ကို ရရှိရန်အတွက် ပျက်စီးခြင်းသွေးမျိုးဆက်ရှိသော်လည်း တစ်ခါမှ တိုးတက်အောင်လုပ်ချိန်မရခဲ့ပေ။
     
      သူ့ထံတွင် အခွင့်အရေးကောင်းများစွာရှိနေပြီး ထိုသွေးမျိုးဆက်က အကောင်းဆုံး မဟုတ်သောကြောင့်ဖြစ်သည်။
     
      တစ်ခါတစ်လေတွင် အခွင်အရေးကောင်းများစွာရှိနေခြင်းကလည်း စိတ်ဒုက္ခရောက်ရသည်။ ချူဖုန်းက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။
     
      သို့သော်လည်း ထိုသုံးယောက်က ထပ်မံ၍ အငြင်းပွားတော့မည်ကိုမြင်လိုက်ရချိန်တွင် ချူဖုန်းက အလျှင်အမြန်အော်ဟစ်လိုက်သည်။
     
      "ရပ် .... ရပ်လိုက်တော့ ငြင်းမနေကြပါနဲ့တော့ ဗျာ"
     
      ထိုလူသုံးယောက်က သူ့ကိုကြည့်လိုက်ချိန်တွင် ချူဖုန်း က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ထို့ကြောင့်သူက ပြန်လည်၍ ရှင်းပြလိုက်သည်။
     
     
     " ခင်ဗျားတို့ ကျွန်တော်ကို ဘယ်လိုပဲကူညီ ကူညီ ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျွန်တော်မှာ ကျင့်ကြံဖို့ အစီအစဥ် ဆွဲပြီး သားရှိနေတယ်....."
    
      ချူဖုန်း ပြောလိုက်ချိန်တွင် ထိုသုံးယောက်က အချင်းချင်းကြည့်လိုက်မိကြသည်။
     
      နံပါတ် ခုနှစ်က
     
      "မင်းမှာ ကျင့်ကြံဖို့ အစီအစဥ်ရှိတာကောင်းပါတယ် ၊ ဒါပေမယ့် သူတို့က မင်းကို ကူညီဖို့ ဘာမှလုပ်နိုင်မှ မဟုတ်ဘူး ၊ ငါတစ်ယောက်တည်းနဲ့လုံလောက်တယ် "
     
      "နောက်ထပ် မကောင်းတဲ့စကားထွက်လာကြည့်လိုက် ငါမင်းကိုသေတဲ့အထိရိုက်ပစ်မယ်"
     
      နံပါတ်ငါး ကတိုက်ခိုက်ရန်ပင် ပြင်ဆင်လိုက်သည်။
     
      "မလုပ်နဲ့ မလုပ်ကြပါနဲ့ဗျာ မတိုက်ကြပါနဲ့တော့
     
      စီနီယာ နံပါတ်ငါးက ကျွန်တော်ကို စွမ်းအားတိုးတက်စေမယ့်နည်းလမ်းကိုသင်ပေးပါ
     
      စီနီယာ နံပါတ်ခြောက် ကျွန်တော် ခန္တာကိုယ် ကြံခိုင်လာဖို့ စီနီယာ ကိုအားကိုးမယ်နော်
     
      စီနီယာနံပါတ်ခုနှစ်က ကျွန်တောိကို သွေးမျိုးဆက်အကြောင်းသင်ပေးပါ"
     
      ထိုလူသန်ကြီး များက မပြောမဆိုနှင့် ထ၍တိုက်ခိုက်ကြပြီး သူက ပဲလှော်ကြားဆားညပ် သလိုဖြစ်သွားမည်ကို ချူဖုန်းက ကြောက်လန့်နေမိသည်။ ထိုသို့ဆိုလျှင် သူသေရတာ မတန် ဖြစ်သွားလိမ့်မည်။
     
      ချူဖုန်းက ထိုသန်မာသောလူသုံးယောက်ကို စိတ်ကျေနပ်အောင်စီမံပေးနိုင်ခဲ့ပြီး ဘယ်လိုမျိုးထိရောက်အောင် ကျင့်ကြံရမလဲဆိုတာကို ဆွေးနွေးလိုက်ကြသည်။
     
      ပြင်းထန်စွာငြင်းခုံပြီးနောက်ဆုံးတွင်တော့ ထိုသုံးယောက်အကြားတွင် နားလည်မှုတစ်ခုရရှိသွားသည်။
     
      နံပါတ်ခုနှစ်က မကျေမနပ်ဖြင့်သက်ပြင်းချလိုက်မိသည်။သူက အကြီးအကဲလော ခန့်အပ်ထားသည့် တရားဝင် နည်းပြဆရာဖြစ်သည်။
     
      သူတို့သုံးယောက်ပေါင်းပြီးသင်ကြားပေးခဲ့လျှင် ရလာမည့် ရလာဒ်ကို ဘယ်သူကမှသိနိုင်မည်မဟုတ်ပေ။
     
      သို့သော်လည်း သူက တခြားနှစ်ယောက်ကို အနိုင်မယူနိုင်သောကြောင့် လက်ခံယုံသာရှိတော့သည်။သူက ချူဖုန်းကိုကြည့်လိုက်ကာ
     
      "ငါတို့သုံးယောက်ဆွေးနွေးပြီးသွားပြီ ၊ ပထမဆုံးအနေနဲ့ မင်းရဲ့ ဝိညာဥ်စွမ်းအားတွေကို ချိတ်ပိတ်ထားမှာဖြစ်တဲ့အတွက် မင်းရဲ့ ခန္တာကိုယ်အင်အားကိုပဲ သုံးနိုင်လိမ့်မယ်
     
      ပြီးရင် ငါတို့က မင်းကို ပင်လယ်ထဲက ကောင်းကင်ဘုံကျောက်တုံးနဲ့ တွဲချည်ထားမယ် ၊ မင်းရဲ့ ခန္တာကိုယ်စွမ်းအားနဲ့ပဲ သွေးပင်လယ်က လှိုင်းလုံးတွေရဲ့ ရိုက်နှုက်မှုကိုခုခံရမယ်
     
      သွေးလှိုင်းတွေရိုက်ခတ်နေတဲ့ တစ်ချိန်တည်းမှာပဲ မင်းက ပဥ္စမမြောက်အကိုရဲ့ အဆုံးမဲ့မူလ နည်းစနစ်ကိုလေ့ကျင့်ရမယ် ၊ အဲ့တာက မင်းရဲ့ ခန္တာကိုယ် စွမ်းအားကို တိုးတက် လာစေလိမ့်မယ်
     
      တစ်ချိန်တည်းမှာပဲ မင်းက အကိုခြောက်ရဲ့ ကြယ်ကိုးစင်းအရှင်သခင်ခန္တာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကိုလည်းလေ့ကျင့်ရမယ် ၊ အဲ့ဒါမှ မင်းရဲ့ ခန္တာကိုယ်ကြံခိုင်မှုက တိုးမြင့်လာပြီးတော့ သွေးအနှစ်သာရကျောက်တုံးတွေကို စုပ်ယူတဲ့နေရာမှာ ကြီးကြီးမားမား ပိုမြန်လာလိမ့်မယ်၊ မင်းနည်းနည်းပါးပါးတော့ ထိခိုက်မိမှာပေါ့ကွာ"
     
      ချူဖုန်း က လူသန်ကြီး များ တီထွင်ထားသည့် နည်းလမ်းကို နားထောင်နေရင်းနှင့် သူ့မျက်နှာက ဖြူစုတ်လာခဲ့သည်။
     
      မင်းတို့က ငါ့ကို ပင်လယ်ထဲပစ်ချပြီးတော့ ကောင်းကင်ဘုံကျောက်တုံးနဲ့ ချည်နှောင်ထားမယ်ပေါ့ ၊ပြီးတော့လည်း ငါ့ဝိညာဥ်စွမ်းအင်ကို ချိတ်ပိတ်ထားဦးမယ်ဟုတ်လား။
     
      ကျေးဇူးပြုပြီးလူသားဆန်ပေးကြပါကွာ
     
      မီတာတစ်ရာကျော်အဝေးတွင် ရှိသော လှိုင်းလုံးကြီးများကိုကြည့်ကာ ချူဖုန်းကကူကယ်ရာမဲ့စွာ အသက်ပြင်းပြင်းရှုလိုက်မိသည်။
     
      အဲ့တာက နာကျင်ယုံလောက်မဟုတ်ဘူးဟ ၊ ငါသေပါသေနိုင်တယ်လေကွာ။
     
      သူပြောသည့်စကားကြောင့် ချူဖုန်းစိုးရိမ်သွားသည်ကိုတွေ့လိုက်ချိန်တွင် နံပါတ်ခုနှစ်က သူ့ရင်ဘတ်ကို သူရဲကောင်းဆန်စွာပုတ်လိုက်ပြီး
     
      "မစိုးရိမ်ပါနဲ့ ၊ ငါတို့သုံးယောက်က မင်းကိုစောင့်ကြည့်နေပြီးတော့ မင်းသေခါနီး အချိန်ကျရင်ကယ်ပေးမှာပါ"
     
      ထိုစကားများကိုကြားလိုက်ချိန်တွင် ချူဖုန်း၏ မျက်နှာက ပို၍ပင် သွေးဆုတ်သွားခဲ့သည်။
     
      ငါသေရမယ့်အချိန်မှာပေါ့ ၊ မင်းက တကယ့်ကို တိုက်ရိုက်ပြောတက်တာပဲ
     
      အဲ့တော့ ငါ က အခုသေဖို့ ခြေတစ်လှမ်းပဲဝေးတော့တယ် ဆိုတဲ့ သဘောပေါ့
     
      ပြီးတော့ မင်းတို့ရဲ့ ဥာဏ်ရည်နဲ့ မင်းတို့ထပ်ပြီးတိုက်ခိုက်ကြတဲ့ အချိန်ကြရင် ငါ့ကိုမေ့သွားမှာပဲလေ၊ အဲ့အချိန်ကျရင် မင်းငါ့ကို ဂရုစိုက်နိုင်မယ်ထင်နေလား
     
      အဲ့တာက လုံးဝ လုံးဝမဖြစ်နိုင်ဘူး
     
      သေစမ်းပါကွာ ၊ ငါ့ရဲ့ အဖိုးတန်လှတဲ့အသက်လေးကို ငါမထိန်းထားနိုင်တော့ဘူးနဲ့တူတယ်
     
      ထိုအခိုက်အတန့်လေးတွင် ချူဖုန်းက ရုတ်တရက် ဆံပင်ရွှေရောင်နှင့် လူအားပြန်လည်လွမ်းဆွတ်မိသွားသည်။ထိုလူက လူသန်ကြီးသုံးယောက်ထက် ပို၍ စိတ်ချရသည်။
     
      သို့သော်လည်း ချူဖုန်းတွင် ရွေးချယ်စရာမရှိပေ။ သူက သူ့ရှေ့မှ လူသန်ကြီးသုံးယောက်ကို အနိုင်ယူနိုင်မည့်စွမ်းအားမရှိသောကြောင့် လက်ခံလိုက်ရသည်။
     
      ထို့ကြောင့် သိပ်မကြာခင်အချိန်တွင် ချူဖုန်းက သွေးပင်လယ် အလယ်တွင်ရှိနေသောကောင်းကင်ဘုံကျောက်တုံးနှင့် တွဲ ၍အချည် ခံလိုက်ရပြီး သူ့၏ ဝိညာဥ်စွမ်းအင်များမှာလည်း ချိတ်ပိတ်ခံလိုက်ရတော့သည်။
     
      ဘယ်တော့မှ ကုန်ဆုံးသွားမည်မဟုတ်သည့် လှိုင်းလုံးများကိုကြည့်နေရင်း ချူဖုန်း ၏ မျက်လုံးထဲတွင် စိတ်ပျက်ဝမ်းနည်း မှုများ ပြည့်နှက်နေသည်။
     
      လူသန်ကြီးသုံးယောက်ထွက်သွားပြီးအချိန်တွင် သူတို့၏ ဖိနှိပ်မှုများမရှိတော့သောကြောင့် လှိုင်းလုံးများက ပြန်လည်ထကြွလာသည်။
     
      တစ်ခဏအတွင်း မီတာတစ်ရာမြင့်မားသော လှိုင်းလုံးကြီးက ချူဖုန်း အားရိုက်ချသွားခဲ့သည်။
     
      ဘုန်းးးးး
     
      လူတစ်ယောက်က သူ့၏ အားကုန်သုံးကာ တူတစ်လက်ဖြင့် သူ့ကို ရိုက်ချလိုက်သလို ချူဖုန်းက ခံစားလိုက်ရသည်။
     
      ဝိညာဥ်စွမ်းအင်အကာအကွယ် မရှိဘဲ ခန္တာကိုယ်သက်သက်ဖြင့် ခုခံလိုက်ရသောကြောင့် ခဏတွင်းချင်း ခန္တာကိုယ်အစိတ်အပိုင်းတိုင်းက နာကျင်မှုကို ချူဖုန်းက ခံစားလိုက်ရသည်။
     
      မခံစားဖူးသူများမသိနိုင်သောခံစားချက်တစ်ခုဖြစ်ပြီး ချူဖုန်းက သူ့ကိုယ်သူ နောက်တစ်ခဏတွင် သေဆုံးသွားရလိမ့်မည်ဟု ထင်မှတ်မိနေသည်။
     
      သူမေ့မြော တော့မည့်အခိုက်အတန့်လေးတွင် နားလည်ရန်ခက်ခဲသော ဘာသာစကားတစ်ခုနှင့် အံသြဖွယ်ကောင်းသော နည်းစနစ်အားပြောပြနေ သည်ကို ယောင်ဝါးဝါးကြားလိုက်ရသည်။
     
      ဥုံ..........
     
      ထိုအရာက နံပါတ်ခြောက်၏ ခန္တာကိုယ်ကြံခိုင်စေသောနည်းစနစ်ဖြစ်သည့် ကြယ်ကိုးစင်းအရှင်သခင်ခန္တာကိုယ် အနုပညာပင် ဖြစ်သည်။
     
      ထိုအခိုက်အတန့်လေးတွင် နံပါတ်ခြောက်က ချူဖုန်းအား ဆရာစားမချန်ပဲ အကုန်လုံးအား ပြောပြပေးနေသည်။
     
      သူ့၏ အသံတွင် ထူးခြားဆန်းကြယ်သောစွမ်းအားတစ်ခုပါနေပုံရကာ ချူဖုန်းကျင့်ကြံ နိုင်စေရန် လမ်းပြပေးလျှက်ရှိသည်။ထိုကျင့်ကြံခြင်းနည်းစနစ်က ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်ရန် လုံးဝမလိုအပ်ပေ။
     
      ဒီနည်းစနစ်က ဝိညာဥ်ကျင့်ကြံခြင်းလမ်းစဥ်နှင့် လုံးဝ ကွဲပြားနေသော လမ်းကြောင်းတစ်ခုဖြစ်သည်။
     
      ထိုနည်းစနစ်ကို သာ ကျင့်ကြံခြင်းနည်းစနစ်ရွှေအဆင့်ဇယား တွင်ရောင်းချခဲ့ပါက မြင့်မြတ်အဆင့် အဖြစ်သတ်မှတ်ပေးလိမ့်မည်။
     
      အကြီးအကဲလော ၏ ချူဖုန်းကိုပြုစုပျိုးထောင် ပေးရမည် ဆိုသောအမိန့် ကြောင့် ရှေးခေတ်မှ လူအိုကြီးအားလုံးက အလကားအနေဖြင့်သူ့အား သင်ကြားပေးကြသည်။
     
      နံပါတ်ခြောက်၏အသံ ထိန်းချုပ်မှုအောက်တွင် ချူဖုန်း ခန္တာကိုယ်က သူ့အလိုလို လိုက်လံလုပ်ဆောင်နေခဲ့သည်။
     
      နွေးထွေးသောစွမ်းအင်စီးကြောင်းတစ်ခုက ထွက်ပေါ်လာကာ သူ့ခန္တာကိုယ်အတွင်းရှိ နာကျင်မှုများအားတဖြေးဖြေးချင်းသက်သာသွားသလို ခံစားလိုက်ရသည်။
     
      ထို့နောက်တွင် နံပါတ်ငါး၏ အသံအားကြားလိုက်ရသည်။
     
      "မင်းရဲ့ ခန္တာကိုယ်ကို သက်သောင့်သက်သာဖြစ်နေပါစေ ၊ လှိုင်းလုံးတွေကိုကြမ်းကြမ်းတမ်းတမ်းပြန်မတိုက်ခိုက်ပါနဲ့ ၊ လှိုင်းလုံးတွေတက်လာတဲ့အချိန်မှာ သူတို့ရဲ့ ကြိမ်နှုန်းတွေနဲ့ ကိုက်ညီအောင်ညှိယူဖို့မမေ့ပါနဲ့ ၊ မင်းကိုမင်း လှိုင်းလုံးတွေရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်သဘောထားလိုက်ပါ ၊ အဲ့တာက ငါ့ရဲ့ မူလနည်းစနစ်အနုပညာပဲ ၊ အဲ့တာက စွမ်းအား ထိန်းချုပ်ခြင်းနည်းလမ်း.........."
     
      ထိုနှစ်ယောက်၏ လမ်းညွှန်မှုအောက်တွင် ချူဖုန်းက ဆွဲငင်ခံလိုက်ရသလို အလွန်နာကျင်နေသော်လည်း သူ့အသိစိတ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
     
      ချူဖုန်း၏ မျက်လုံးများက ပွင့်လာပြီး လှိုင်းများ ပြန်လည်ဆုတ်ခွာသွားသည့် တိုတောင်းသော အချိန်လေးကို အခွင့်အရေးယူလိုက်ကာ သန့်ရှင်းသောလေများကို ပါးစပ်အပြည့် ရှုသွင်းလိုက်တော့သည်။
     
      သူက အခုအချိန်လောက်ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရသလို ခံစားလိုက်မိသည်။
     
      စောနက သူက လှိုင်းလုံးများအောက်ရောက်သွားချိန်တွင် သူ့ကိုသူ နောက်တစ်ခဏ အတွင်းသေပြီဟု ထင်မိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် သူက အသက်ရှင်နေခဲ့သည်။
     
      နောက်အခိုက်အတန့်ကတော့ သူအသွင်ပြောင်းရမည့် အချိန်ဖြစ်သည်။
     
      "မင်း ငါ့ကို အနိုင်မယူနိုင်စေရဘူးကွ...."
     
      သူ့၏ ဟိန်းဟောက်သံက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လိုပင်။
     
      ချူဖုန်း၏ အကြည့်များက စူးရှ လာသည်။



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now