ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (127) တိုက်ပွဲခေါ်သံ
ချူဖုန်း၏ ပြင်းထန်လှသောတုံ့ပြန်မှုကြောင့် လူတိုင်းကတိတ်ဆိတ်သွားသည်။ခပ်လှမ်းလှမ်း တွင်ရှိနေသော လီဖန်းနှင့် ပါ့ချွမ်တို့က ချူဖုန်း၏ စွမ်းအားကိုရှင်းရှင်းလင်းလင်း ခံစားမိလိုက်သောကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။
ဘော့စ် ၊ အဲ့ဒါငါတို့ ဘော့စ်ပဲ ၊ ဘော့စ်ရဲ့စွမ်းအားက ကောင်းကင်ကိုတောင်ဒူးနဲ့တိုက်နိုင်တယ်ကွ။
လီဖန်းက သူ့ဝမ်းကွဲနှင့်တိုက်နေခြင်းကိုပင်ဂရုမစိုက်တော့ပဲ ရွှေရောင်အကာအကွယ်နားတွင်အနီးကပ်ရပ်ကာကြည့်နေသည်။သူက အရူးအမူးဖြစ်နေသောဖန်တစ်ယောက်လို " ဘော့စ် ကပြိုင်ဘက်ကင်းတယ် "ဟုကြွေးကြော်နေသည်။
ပိုင်ကျစ်ယွမ် ကလည်း စိတ်လှုပ်ရှားနေသည်။
ဆရာ ၊ အဲ့တာငါ့ဆရာကွ
ချူဖုန်းက ဒီမတိုင်ခင်တုန်းက သူသာလက်သီးအော်ရာကို နားလည်နိုင်လျှင် တပည့်အဖြစ်ခေါ်မည်ဟုကတိပေးထားဖူးသည်။
နဂိုတုန်းကတော့ သူက ချူဖုန်းသူ့ထက်ငယ်သောကြောင့်စိတ်ထဲတွင်မတင်မကျဖြစ်နေသည်။ ခုချိန်မှာတော့ ထိုအတွေးများရှိမနေတော့ပေ။
သူအရမ်းဝမ်းမြောက်ဝမ်းသာဖြစ်နေသလိုယုံကြည်မိနေသည်။ ဒီလိုအစွမ်းထက်သော ဆရာတစ်ယောက်က သူ့ကိုသင်ပေးနေမှတော့ သူပို၍မသန်မာမည်ကိုစိုးရိမ်စရာမလိုတော့ပေ။
ကွဲအက်နေသောရွှေရောင်အကာအ ကွယ် ၏နောက်တွင်ချူဖုန်းကလျှိုရှန်းအာကိုပွေ့ဖက်ထားသည်။ သူ့မျက်လုံးများကမှိတ်ထားပြီး သူ့အပြုံးများက လိုချင်တာရသွားသည့်ကလေးတစ်ယောက်လိုပြုံးနေခဲ့သည်။ သူက လျှိုရှန်းအာ ကို
"မကြောက်နဲ့တော့နော် ၊ မင်းအနားမှာ ကိုယ်ရှိနေသမျှ ကာလပတ်လုံး မင်းကိုဘယ်သူမှ ထပ်ပြီးထိခိုက်အောင်လုပ်ခွင့်မပေးဘူး ၊ သူတို့မင်းကို ထိခိုက်အောင်လုပ်ချင်ရင် ကိုယ့်အလောင်းကိုကျော်သွားမှရမယ်"
သူ့လေသံက ညင်သာနေပြီး သူ့၏လေးလံသောအသက်ရှုသံက သူ့ရင်ခွင်ထဲရှိကောင်မလေးကို ထိတ်လန့်စေသည်။ အချိန်တွေက ရပ်တန့်နေသလိုပင်။
အချိန်တစ်ခုကြာပြီးမှ ချူဖုန်းက သူ့ရင်ခွင်ထဲမှ ကောင်မလေးရုန်းကန်နေကြောင်းခံစားမိလိုက်သည်။ သူက ကောင်မလေး၏ အသက်ပြင်းပြင်းရှုသံကိုပင်ကြားနေရသည်။
ချူဖုန်းက သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားသောကြောင့် လျှိုရှန်းအာက အသက်ရှုမဝသလိုခံစားလိုက်ရသည်။ ထို့ကြောင့်သူမက လေသံတိုးတိုးဖြင့်
"နင် နင် ငါ ငါ့ကို လွှတ်ပေးနိုင်မလား ၊ ငါအရမ်းအသက်ရှုကျပ်နေပြီ"
လျှိုရှန်းအာ၏ အသံက အဝါရောင်အော်ရီယိုငှက်လေးလိုသာယာလှပြီး ရှက်ရွံ့စိတ်များနှင့်ပြည့်နှက်နေသည်။
"အမ်"
ချူဖုန်းက ရုတ်တရက်ပြဿနာကိုနားလည်သွားသည်။ သူက ရောက်ရောက်ချင်းလျှိုရှန်းအာကိုတင်းကြပ်စွာဖက် ထားမိနေသည်။
ပြီးနောက်သူ့ခံစားချက်အစစ်အမှန်ကို ဖွင့်ဟဝန်ခံမိလိုက်သည်။ဒါပေမယ့် လျှိုရှန်းအာနှင့်သူက ဒီနေ့မှစတွေ့ဖူးခြင်းဖြစ်သည်။သူမက သူ့ကို လူယုတ်မာလို့ ထင်သွားတာများလား ?
သွားပြီ သွားပြီ ၊ ငါတော့သွားပြီပဲ ၊ ပထမဆုံးအမြင်ကတော့မကောင်းတဲ့အမြင်ဖြစ်ပြီနဲ့တူတယ်။
ချူဖုန်း၏ မာနကြီးသောမောက်မာသည့်ပုံစံကပျောက်ကွယ်သွားကာ သကြားလုံး ခိုးမိ၍လူမိသွားသောကလေးတစ်ယောက်လို သူ့လက်ကိုဘယ်နားထားရမှန်းမသိတော့ပေ။ သူက ကို့ယို့ကားယား ချောင်းဟန့်လိုက်ပြီး
"အဟမ်း အဟမ်း မင်း...အဆင်ပြေရဲ့လား "
"ငါ ငါအဆင်ပြေပါတယ်"
သူမ၏မျက်နှာက နီမြန်းနေသည်။ ဒါကသူမမွေးလာပြီးတဲက သူစိမ်းယောကျာ်း လေးတစ်ယောက်နှင့် အရမ်းနီးကပ်စွာရှိနေဖူးခြင်းဖြစ်သည်။
သို့သော်လည်း အံအားသင့်စွာပင် သူမကိုတခြားယောကျာ်းလေးတစ်ယောက်က ပိုင်စိုးပိုင်နင်းပွေ့ဖက်ခဲ့သော်လည်း သူမက ဒေါသမထွက်မိပေ။ ထိုအစားသက်တောင့်သက်သာပင် ခံစားမိနေသည်။သူမက ထိုကဲ့သို့ အရာမျိုးက အရင်က ဖြစ်ခဲ့ဖူးသည်ဟုခံစားမိနေသည်။
"မင်းဒဏ်ရာက သွေးထွက်နေတယ်"
"ရပါတယ် ၊ ငါ ဝိညာဥ်စွမ်းအင်သုံးလိုက်ရင် ပျောက်သွားမှာပါ"
ချူဖုန်းက ထိုဒဏ်ရာကိုကြည့်ရင်းသူ့နှလုံးသားကနာကျင်လာသည်။ သူက သိုလှောင်နေရာလွတ်မှ အသက်ဆေးရည်ကိုထုတ်ကာပေးလိုက်သည်။
"သောက်လိုက် ဒါက မင်းရဲ့ဒဏ်ရာတွေကိုသက်သာလာလိမ့်မယ်"
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Adventureအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...