ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (35) ပထမဆုံးအိမ်မွေးသားရဲ
အိမ်မက်ဆိုးမြူခိုးသားရဲကချူဖုန်းအပေါ်မျှော်လင့်ချက်မထားချေ။တိုက်ခိုက်ပြီးဘယ်လိုလွတ်အောင်ပြေးရမလဲသာကြံစည်နေသည်။
ဒီနေရာမှာတော့အသေမခံနိုင်ပေ။တွင်းနက်ဒုတိယအဆင့်တွင်ရတနာတစ်ခုပေါ်လာပြီးရနိုင်သူတိုင်းကကောင်းကင်သို့ခြေတစ်လှမ်းထဲနှင့်ရောက်သွားမည်ဖြစ်သည်။
ထို့အပြင်သားရဲဘုရင်ကလည်းထိုနေရာတွင်ရှိနေပုံပေါ်ကာ ဒုက္ခရောက်နေပုံရသည်။အမြန်သွားမှရပေမည်။
အလောင်းမီးတောက်များကနီးကပ်လာနေပြီ။နောက်ကျသွားပုံရသည်။နှိုင်းယှဥ်ကြည့်ရလျှင်သူ့၏ မီးခိုးငွေ့များကိုသာထိုကောင်များကပိုနှစ်သက်ဟန်တူသည်။
အိမ်မက်မြူခိုးသားရဲကချူဖုန်းအားကြည့်ရင်းအကြံရလိုက်သည်။ရုတ်တရက်အရှိန်ပြင်းပြင်းနှင့်ချူဖုန်းအနားသို့ပြေးသွားလိုက်သည်။
ထို့နောက် သူ့ခန္တာကိုယ်မှမြူခိုးငွေ့များကအကုန်လွင့်စင်ကုန်သည်။
ချူဖုန်းကတိတ်တဆိတ်ပင် အိမ်မက်မြူခိုးသားရဲလုပ်ကိုင်နေပုံအားကြည့်နေလိုက်သည်။သူ့ခန္တာကိုယ်အနားမှဖြတ်သွားသည်ကိုပင်ဘာမှမလုပ်ခဲ့ပေ။
( အရမ်းကောင်းတယ်)
အိမ်မက်မြူခိုးသားရဲက ချူဖုန်းသူ့အားမတိုက်ကြောင်းတွေ့လိုက်ရသောအခါဝမ်းသာသွားသည်။တကယ်လို့ချူဖုန်းသာသူ့ကိုတိုက်ခိုက်ခဲ့ပါကသူကျိန်းသေ သေလိမ့်မည်ဖြစ်သည်။
အလောင်းမီးတောက်များကလည်းနီးကပ်လာနေပြီဖြစ်သည်။အိမ်မက်မြူခိုးသားရဲကဆုံးဖြတ်ချက်ချလိုက်ကာစိတ်ပိုင်းဖြတ်လိုက်သည်။
သူ့ခန္တာကိုယ်မှမြူခိုးများအားလမ်းလွှဲရန်အတွက်စွန့်ပစ်လိုက်သည်။ထို့နောက်တွင်တော့အိမ်မက်မြူခိုးသားရဲကဖောက်ထွင်းမြင်ရလောက်သည်အထိဖြစ်လာခဲ့သည်။
သိသာစွာပင် သူလွတ်မြောက်ရန်အတွက်သူ့စွမ်းအားများအားစွန့်လွှတ်ခဲ့ခြင်းပင်။
အလောင်းမီးတောက်များလိုချင်နေသည်ကသူ့၏မူလမြူခိုးများဖြစ်သည်။မျောက်ဝံလိုသတ္တဝါအားငါးစာအဖြစ်ချကာလွတ်မြောက်ရန်ကြိုးစားခြင်းပင်။
နဂိုတည်းကပုံသဏ္ဍာန်မရှိသောကြောင့်ခုလိုဖောက်ထွင်းမြင်နိုင်လုအခြေအနေတွင်သူလွတ်မြောက်ရန်လွယ်ကူလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် အလောင်းမီးတောက်များကမလှုပ်မယှက်ရပ်နေသောချူဖုန်းဆီသို့ပြေးဝင်သွားလိုက်ကြသည်။
( သနားစရာပဲကွာ၊ဒီမျောက်နဲ့တူတဲ့အကောင်ကတကယ်ကံဆိုးတာပဲ၊)
အိမ်မက်မြူခိုးသားရဲကတွေးတောကာချူဖုန်းအတွက်စိတ်မကောင်းဖြစ်နေလေသည်။သို့သော်လည်းထိုအတွေးကခဏတွင်းချင်းပင်ပျောက်ပျက်လွင့်ပါးသွားသည်။
( ဟမ့် ၊သူ့ကိုကတိဖျက်ပြီးငါ့နောက် လိုက် ဖို့ ဘယ်သူပြောလဲ)
သို့သော်လည်းအိမ်မက်မြူခိုးသားရဲကချူဖုန်းအားထွက်ပြေးစေရန်နှစ်ကြိမ်ခန့်အော်ဟစ်လိုက်သည်။
( ငါသတိပေးထားတယ်ထွက်ပြေးတာမပြေးတာသူ့သမိုင်းပဲငါ့တာဝန်ကျေပြီ)
အိမ်မက်မြူခိုးသားရဲကချူဖုန်းအားသတိပေးပြီးထွက်ပြေးရန်ပြင်လိုက်သော်လည်းသူ့ခန္တာကိုယ်ကအေးခဲသွားကာလှုပ်ရှားလို့မရတော့ပေ။
( ဘာဖြစ်သွားတာလဲဟ)
အချိန်တွေကရပ်တန့်သွားသလိုပင်အိမ်မက်မြူခိုးသားရဲကချုပ်နှောင်ခံထားရသလိုခံစားလိုက်ရသည်။
သူ့မျက်လုံးထောင့်မှ အလောင်းမီးတောက်များကလည်းမလှုပ်ရှားနိုင်ကြောင်းတွေ့လိုက်ရသည်။
ထိုအချိန်တွင်သူ့ဘဝ၏ခံယူချက်များအားရိုက်ချိုးပစ်နိုင်သောပုံရိပ်တစ်ခုအားတွေ့လိုက်ရသည်။
သေမည်ဟုသူထင်မှတ်ထားသောမျောက်သတ္တဝါကလှုပ်ရှား၍ရနေသည်။ထိုသူ့ ခန္တာကိုယ်ပေါ်မှစွမ်းအင်များကအလွန်အားနည်းလှကာ C အဆင့်သာရှိသေးသည်။
သို့ရာတွင်ထိုလူကရှေ့သို့ပေါ့ပေါ့ပါးပါးလက်သီးတစ်ချက်အားပစ်လွှတ်လိုက်သည်။အလောင်းမီးတောက်ကချက်ချင်းပင်ပေါက်ကွဲသွားကာမီးတောက်များငြိမ်းသွားခဲ့သည်။
( ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊သူက အဆင့် C ပဲရှိနေသေးတာအသေအချာကြီးကိုဘာလို့အဲ့လောက်သန်မာနေရတာလဲ သွားပြီ သွားပြီ ငါတော့သေပြီခုလေးတင်မှ သူ့ကို အသုံးချထားတာ အမေကယ်ပါ)
အိမ်မက်မြူခိုးသားရဲ၏စိတ်ထဲတွင်ရှုပ်ယှက်ခတ်နေကာစိုးရိမ်ပူပန်နေသော်လည်းချူဖုန်းကသားရဲ၏အတွေးများကိုသတိမထားမိပေ။
သူကဒီတစ်ချိန်လုံး အလောင်းကောင်မီးတောက်များကိုဂရုမစိုက်ပေ။သူလှောက်သွားသည့်လမ်းတစ်လျှောက်တွင်အလောင်းမီးတောက်များကပေါက်ကွဲကာသေဆုံးသွားခဲ့သည်။ဆယ်စက္ကန့်အကြာတွင်အလောင်းမီးတောက်များအားလုံးသေဆုံးသွားသည်။
ရှားပါးသောအိမ်မက်မြူခိုးသားရဲမှလွဲ၍ကျန်သောအကောင်များမှာချူဖုန်း၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။
ချူဖုန်းနားထဲတွင်ရွှေစာရင်းမှအသံများကိုကြားနေရသည်။
" ဟ ဟ ဟ ကြွေလွင့်နတ်ဆိုးချောက်ကမ်းပါးကသားရဲတွေကဘယ်ဆိုးလို့တုန်းဟ၊ငါ့ကိုအမှတ်တွေအများကြီးပေးသွားတယ်"
အလောင်းမီးတောက်တစ်ကောင်က အမှတ် 8000 တန်သည်။အဆင့်ကျော်ဖြတ်သတ်ဖြတ်ခြင်းအတွက်ဆုလာဒ်အပါဝင်သူ့အား 100000 နီးပါးရှာဖွေပေးသွားကြသည်။
ချူဖုန်းကဒီမှာပဲဆက်နေ၍အမှတ်ရှာရန်သားရဲများကိုသတ်ဖြတ်ချင်သော်လည်းအရေးကြီးလုပ်စရာအများအပြားရှိနေသေးသည်။
ချူဖုန်းကထိတ်လန့်တုန်လှုပ်နေသောအိမ်မက်မြူခိုးသားရဲကိုတစ်ချက်ကြည့်လိုက်သည်။ စောနကပင် ချူဖုန်း က ရေဒြပ်စင်ဒိုမိန်းကို ပြန်လည်သိမ်းဆည်းပြီးဖြစ်သည်။
သို့သော်လည်းအိမ်မက်မြူခိုးသားရဲမှာလှုပ်ရှားခြင်းမရှိချေ။အိမ်မက်မြူခိုးသားရဲကတကယ့်ကိုထိတ်လန့်နေခဲ့သည်။
( ချီးပဲကွာ၊ငါတို့နောက်ဆုံးအချိန်တွေ့တုန်းက ဒီကောင်ကဒီလောက်အစွမ်းမထက်သေးပါဘူးး
ခုတော့အဆင့် C လေးနဲ့တင် အဆင့် B ကိုသတ်နိုင်နေပြီတဲ့လား၊မင်းငါ့ကိုနောက်နေတာလားဟ၊ငါဘယ်လိုမှထွက်ပြေးလို့ရမှာမဟုတ်ဘူး
ငါထွက်ပြေးဖို့ကြိုးစားတာနဲ့အဲ့ကောင်ငါ့ကိုသတ်မှာသေချာတယ်)
ချူဖုန်းကအိမ်မက်မြူခိုးသားရဲအားပြုံ၍ကြည့်လိုက်ကာ အဆင့်မြင့်သားရဲဖမ်းဘောလုံးအားထုတ်လိုက်သည်။
"မင်းနဲ့ငါစကားတွေအများကြီးမပြောချင်ဘူးကွာ၊လေကုန်တယ်၊မင်းငါ့ရဲ့အိမ်မွေးသားရဲဖြစ်လာရင် ငါမင်းကိုမသတ်ဘူး၊အဲ့လိုမှမဟုတ်ရင်ငါ့ကိုထောင်ခြောက်ဆင်မှုနဲ့မင်းကိုငါသတ်မယ်"
အမှန်တကယ်တွင် အိမ်မက်မြူခိုးသားရဲ၏ လက်ရှိအခြေအနေအရ အမြင့်မြင့်သားရဲဖမ်းဘောလုံးဖြင့်အတင်းအကျပ်ဖမ်းပါကအောင်မြင်နိုင်ချေများသည်။
သို့သော်လည်းချူဖုန်းက အားစိုက်ထုတ်ရန်ပျင်းရိနေခဲ့သည်၊ အဟမ်း အဟမ်း သာတူညီမျှမှု၊လွတ်လပ်မှုနှင့်သားရဲ၏စိတ်ဆန္ဒကိုဦးစားပေးရန်ဆုံးဖြတ်လိုက်သည်။
အိမ်မက်မြူခိုးသားရဲများကဥာဏ်ကောင်းကြောင်းသူသိသည်။ထို့ကြောင့်ပင်အိမ်မက်မြူခိုးသားရဲအားဆုံးဖြတ်ခိုင်းချင်းဖြစ်သည်။
ထင်ထားသည့်အတိုင်းပင်အိမ်မက်မြူခိုးသားရဲကခပ်တိုးတိုးနှစ်ကြိမ်အော်ကာ ချူဖုန်းလက်အတွင်းရှိသားရဲဖမ်းဘောလုံးထဲသို့ကိုယ်တိုင်ဝင်ရောက်သွားလေသည်။
( အဟွတ် အဟွတ်၊ ဒီကောင်ကသူရဲဘောကြောင်ယုံတင်မကဘူးသေရမှာလဲကြောက်တာပဲဟ၊အိမ်မက်မြူခိုးသားရဲမျိုးနွယ်ရဲ့ဂုဏ်သိက္ခာတွေဘယ်ရောက်သွားတာလဲဟ)
ချူဖုန်းကခေါင်းကိုခါယမ်းမိလိုက်သည်။သားရဲဖမ်းဘောလုံးကခဏမျှတုန်ခါသွားပြီးငြိမ်သက်သွားသည်။အောင်မြင်သွားကြောင်းသိလိုက်ရချိန်တွင်ချူဖုန်းအလွန်ပျော်ရွှင်နေမိသည်။
သူပြန်လည်မွေးဖွားလာပြီးပထမဆုံးရခဲ့သောအိမ်မွေးသားရဲမှာ အံသြစရာကောင်းစွာပင် အဆင့် B ရှားပါးသားရဲဖြစ်နေသည်။
ကမ္ဘာမြေပေါ်တွင် အိမ်မက်မြူခိုးသားရဲက ဘော့စ်အဆင့်ဖြစ်သည်။အနည်းငယ်ပြုစုပျိုးထောင်ပေးလိုက်ရုံနှင့် A အဆင့်ဖြစ်လာနိုင်သည်။ထိုအချိန်တွင်သူ့အတွက်အကူအညီများစွာရပေလိမ့်မည်။
ထို့နောက်ချူဖုန်းက အိမ်မက်မြူခိုးသားရဲအားလွတ်ပေးလိုက်သည်။သားရဲပန်ပေါ်လာသောအချိန်တွင်ချူဖုန်းက အိမ်မက်မြူခိုးသားရဲနှင့် သခင် - ကျွန် ပုံစံဆက်ဆံရေးအားအာရုံရလိုက်သည်။
သူ့၏အတွေးတစ်ချက်နှင့်ပင် အိမ်မက်မြူခိုးသားရဲအားထိန်းချုပ်နိုင်သည်။ဒါကလည်း သားရဲဖမ်းဘောလုံးရဲ့အကျိုးသက်ရောက်မှုများထဲမှတစ်ခုဖြစ်သည်။
ဒါကလူသားပညာရှင်တစ်ယောက်ကတီထွင်ထားခဲ့သည်ဟု ဒဏ္ဍာရီများတွင်ဆိုကြသည်။အခြားမျိုးနွယ်များ၏သားရဲထိန်းချုပ်ပုံစံဖြင့်လုံးဝ ကွဲပြားလွန်းလှသည်။
သားရဲထိန်းချုပ်ခြင်းကျင့်စဥ်ကိုလေ့ကျင့်စရာမလိုသလိုအကန့်အသတ်လည်းမရှိလှပေ။ထို့ကြောင့်လည်းတခြားမျိုးနွယ်စုများစွာကမနာလိုခြင်းအားခံရသည်။
"အာ သ သခင်"
ထိုအချိန်တွင်ချူဖုန်း၏စိတ်ထဲတွင်ကြောက်လန့်နေပုံရသောအသံတစ်ခုကိုကြားလိုက်ရသည်။အသံကလူသားကလေးငယ်များလိုပင်ကြည်လင်နေသည်။
ချူဖုန်းကစိတ်ညစ်စွာ အိမ်မက်မြူခိုးသားရဲအားကြည့်လိုက်သည်။ထိုအကောင်ကဒီလောက်ငယ်နေမည်မှန်းမထင်ထားပေ။အိမ်မက်မြူခိုးသားရဲများကြားတွင်၎င်းကတော်တော်ငယ်ပုံရမည်။
ချူဖုန်းကသူ့၏သိုလှောင်အိတ်ထဲမှဝိညာဥ်အသီးအနှံများကိုထုတ်ပြီးအိမ်မက်မြူခိုးသားရဲရှေ့တွင်ပစ်ချပေးလိုက်သည်။
"အဲ့တာတွေစားပြီးမြန်မြန်ပြန်ကောင်းလာအောင်လုပ်"
ထိုအသီးအနှံများက D အဆင့်နှင့် C အဆင့်အတွက်အသုံးဝင်သောသစ်သီးများုဖစ်ပြီးအိမ်မက်မြူခိုးသားရဲအတွက်ကတော့ထိရောက်မှုနည်းပါးလှသည်။
သို့သော်လည်းအနည်းငယ်ပြန်ကောင်းလျှင်ရပါပြီ။ချူဖုန်း၏သိုလှောင်ခန်းက တစ်ခဏအတွင်းတစ်ဝက်ကျော်လောက်လွတ်သွားသည်။
သိုလှောင်ခန်းများမှာရွှေအဆင့်စာရင်းမှပေးအပ်ခြင်းဖြစ်ပြီးလူတိုင်းတွင်တစ်ခုစီရှိကြသည်။စတင်သောအရွယ်အစားကအကုန်အတူတူဖြစ်သည်။ဇယားကွက်အခုတစ်ရာစီပါသည်။
အဆင့်မြင့်လိုပါကအမှတ်များကိုသုံး၍အဆင့်မြှင့်နိုင်သည်။အိမ်မက်မြူခိုးသားရဲကသီးနှံများကိုစားပြီးသောအခါအတန်ငယ်ပြန်ကောင်းလာခဲ့သည်။သူ့၏မြူခိုးများက အချင်းမီတာဝက်လောက်ထိပြန်ကောင်းလာပြီဖြစ်သည်။
ချူဖုန်းကအိမ်မက်မြူခိုးသားရဲအား ကြည့်ကာ
"မင်းကိုငါမေးရဦးမယ်
မင်းတို့အိမ်မက်မြူခိုးသားရဲမျိုးနွယ်မှာအနက်ရောင်မြူခိုးအဆင့်ရှိတဲ့သားရဲဘုရင်တစ်ပါးမွေးဖွားလာပြီလား၊သူ့ရဲ့ခွန်အားကအဆင့်ဘယ်လောက်ရှိလဲ
ပြီးတော့မင်းကဘာလို့အခုမှ ချောက်နက်ဒုတိယအဆင့်ကိုသွားတာလဲ၊အဲ့မှာမင်းကိုဆွဲဆောင်နေတဲ့အရာတစ်ခုခုရှိလို့လား?"
အားပေးကျတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ😁
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Phiêu lưuအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...