ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း
အပိုင်း (175) အောက်လမ်းလား ၊ နတ်ဘုရားတမန်တော်လား
ချူဖုန်း၏ အတွေးများက ပိုမိုအားကောင်းလာခဲ့သည်။
နံပါတ်သုံးကဲ့သို့ ထူးခြားသော လူတစ်ယောက်က မသေမျိုးနယ်မြေကို ရောက်ရောက်ချင်းသွားလည်ပတ်ရသည့်မသေမျိုး မှာ သာမန်မသေမျိုးမဖြစ်နိုင်တာကတော့ ကျိန်းသေသည်။
သေခြင်းဝိညာဥ်ချောက်ကမ်းပါးရှိ စွမ်းအားကြီးသော ထိပ်တန်းတည်ရှိမှု ထဲမှ တစ်ယောက်တောင်ဖြစ်နေနိုင်သည်။
နံပါတ်သုံး စိတ်ဝင်စားနေသည့် လူ၏ စွမ်းအားက နံပါတ်သုံး၏အစီအစဥ်ဆွဲထားသောပုံရိပ်က ပြိုင်ဘက်မဖြစ်နိုင်ပေ။
သို့သော်လည်း သွေးအရိပ်စစ်သည်တော်ဆယ်ယောက်၏ပုံရိပ်များက သူတို့ ပင်မခန္တာကိုယ်မှ စွမ်းအားများကို ချေးယူ၍ရသည်။
တစ်ချိန်တုန်းက ရွှေရောင်ဆံပင်နှင့် လူက နတ်ဆိုးအရှင်ကို သတ်ရန် သူ့ပင်မခန္တာကိုယ်မှ စွမ်းအားကို ငှား၍ သုံးဖူးခဲ့သည်။
အဲ့သွေးအရိပ်စစ်သည်တော်တွေက တကယ်အလေးအနက်ထားရင် ဒီဘက်ခေတ်က လူတွေက သူတို့ပြိုင်ဘက်တွေဖြစ်နိုင်ပါတော့မလား။
တကယ်လို့သာ သေခြင်းဝိညာဥ်ချောက်ကမ်းပါးတွင် ကြီးကြီးမားမားတစ်ခုခုဖြစ်သွားပါက သူအခွင့်အရေးတစ်ချို့ရနိုင်သည်။
အနည်းငယ်ဆိုရင်တောင်သူ့အတွက် လုံလောက်ပြီဖြစ်သည်။နံပါတ်သုံးက အသားစားရလျှင် သူက အနည်းဆုံး အရိုးအရင်း လောက်တော့စားရလိမ့်မည်။
ထိုအတွေးကြောင့် ချူဖုန်းက ထွက်သွားရန်မစဥ်းစားတော့ပေ။သေမင်းဝိညာဥ်ချောက်ကမ်းပါး က သူ့အတွက်အလွန်ကောင်းမွန်လှသည်။
သေမင်းဝိညာဥ်ချောက်ကမ်းပါးတွင် မသေမျိုးသတ္တဝါ များက သောင်ပြင်တွင်ရှိနေသောသဲများကဲ့သို့ အဆုံးမရှိ များပြားလှသည်ဟု ပြောခြင်းက ချဲ့ကားနေခြင်းမဟုတ်ပေ။
သူ့နှလုံးသားကျေနပ်လောက်သည့် အထိသတ်ဖြတ်ရန် လုံလောက်သည်။ထို့ပြင် စွမ်းအားကြီးသောမသေမျိုးသတ္တဝါများက ဟိုးအတွင်းဘက်ထဲတွင်ရှိနေခြင်းဖြစ်သည်။
သူက အတွင်းဘက်ထဲသို့ ဝင်ရန်အစီအစဥ်မရှိပေ။ အပြင်ဘက်တွင်သာ လှည့်လည်သွားလာမည်ဖြစ်သည်။
သေမင်းဝိညာဥ်ချောက်ကမ်းပါးက အလွန်ကြီးမားလှပြီး ချောက်ကမ်းပါးမှ ငြောထွက်နေသော အစွန်းတစ်ခုက ကီလိုမီတာသောင်းဂဏန်းလောက်ကျယ်ပြန့်ပြီး ကမ္ဘာပေါ်ရှိ တိုက်ကြီးတစ်ခုလိုဖြစ်နေသည်။
ထိုပေါ်တွင် တောင်များ ၊ မြစ်များနှင့် သဲကန္တရ များပါရှိနေသည်။ ချူဖုန်းက အချိန်အတော်ကြာရှာဖွေပြီးနောက်တွင် အလယ်အလတ်အရွယ်အစားရှိသည့် ကုန်းမြေတစ်ခုအားရွေးချယ်လိုက်သည်။
ထိုမြေက မိုင်ထောင်ပေါင်းများစွာကျယ်ဝန်းလှသည်။ထိုပေါ်တွင် ရှိနေသော သက်ရှိများမှာ မသေမျိုးသတ္တဝါများသာဖြစ်ပြီး ဇွန်ဘီနှင့် အရိုးစု အများအပြားရှိနေသည်။ ထိုကောင်များက တိုက်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
သို့သော်လည်း တခြားသတ္တဝါ အနည်းငယ်လည်း ရှိနေသေးသည်။ မြင့်မားသော တောင်တစ်ခုပေါ်တွင် ချူဖုန်းက အထူးမျိုးစိတ် မသေမျိုးတချို့ အားရှာဖွေတွေ့ရှိလိုက်သည်။
အလောင်းတစ္ဆေမျိုးနွယ်
မသေမျိုးများကြားတွင် မှော်ဆရာအဖြစ်ထင်ရှားသည့်မျိုးနွယ်စုတစ်စု ၊ သူတို့၏လက်နက်များက သုံးပေခန့်ရှည်သည့် နှင်တံတစ်ချောင်းဖြစ်သည်။
သူတို့က မွေးဖွားလာတည်းက လေ ၊ မိုးကြိုး ၊ မီး ၊ရေ ၊ ရေခဲ နှင့် မုန်တိုင်းကဲ့သို့သော သဘာဝစွမ်းအားများကို ခြယ်လှယ်အသုံးပြုနိုင်ကြသည်။
သူတို့က အဝေးမှတိုက်ခိုက်သော အစုအဖွဲ့ထဲတွင်ပါဝင်သည်။ထိုအလောင်းတစ္ဆေမျိုးနွယ်၏ ကြွယ်ဝသော အသက်စွမ်းအင်များက ချူဖုန်းကို ဆွဲဆောင်နိုင်ဆုံးဖြစ်သည်။
ဒဏ္ဍာရီလာအဆိုများအရ အလောင်းတစ္ဆေမျိုးနွယ်ကို နတ်ဘုရားများ၏ ကိုယ်စားလှယ်များဟုဆိုကြသည်။သူတို့က မသေမျိုးများနှင့် နတ်ဘုရားများကိုဆက်သွယ်ပေးနိုင်ကြသည်။
ထို့ကြောင့်သူတို့၏ မွေးဖွားလာမှုက တဆင့် နတ်ဘုရားများ၏ သဲလွန်စကို ရှာဖွေနိုင်သည်။
သူတို့က တခြားမသေမျိုးများထက်အသက်အော်ရာ ပိုမိုကြွယ်ဝပြီး သူတို့၏ ဥာဏ်ရည်က သာမန်သက်ရှိများထက် နိမ့်ကျသော်လည်း မသေမျိုးသတ္တဝါအရိုးစုများထက်တော့ များစွာသာလွန်သည်။
သူတို့က သူတို့၏ အားသာချက်နှင့် အားနည်းချက်ကိုခွဲခြားတက်ကြပြီး မနိုင်လျှင်ပြေးကြသည်။ မသေမျိုးများကဲ့သို့ မမိုက်မဲလှပေ။
အဆင့် A+ မသေမျိုးများပင်လျှင် အလောင်းတစ္ဆေများထက် ဥာဏ်ရည်ဥာဏ်သွေးနိမ့်ကျကောင်းနိမ့်ကျလိမ့်မည်။
မသေမျိုးသတ္တဝါများအတွက်လည်း အလောင်းတစ္ဆေများ က အလွန်ကောင်းသော အရသာဖြစ်သဖြင့် စွမ်းအားကြီးသော မသေမျိုးများက အလွယ်တကူဖမ်းယူစားသောက်ကြသည်။
ဒီနေရာတွင် အလောင်းတစ္ဆေမျိုးနွယ် အများအပြားရှိသောကြောင့် ချူဖုန်းက စိတ်ဝင်စားမိသွားသည်။ သူ့အတွက် အခုချိန်တွင် အလိုအပ်ဆုံးမှာ ကြီးမားသောရှင်သန်မှုအမှတ်ပင်ဖြစ်သည်။
သူသာ ဒီ အလောင်းတစ္ဆေမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်နိုင်လိုက်ပါက သူ့၏ မသေမျိုးတပ်ဖွဲ့မှာ ကြီးကြီးမားမား တိုးတက်သွားနိုင်သည်။
ထိုသို့သာဆိုပါက သူ့မသေမျိုးတပ်ဖွဲ့က သူ့အတွက် ချွန်ထက်ကာသွေးထားသောဓားတစ်ချောင်းဖြစ်လာလိမ့်မည်။ထို့ကြောင့် ချူဖုန်းက ဒီမြေပေါ်တွင် အရင်ဆုံးတိုးတက်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် နံပါတ်သုံးက ကိစ္စကြီးကြီးမားမားတစ်ခုခုဖြစ်အောင်ပြုလုပ်ချိန်တွင် သူ့အတွက် အကျိုးအမြတ်အနည်းငယ်ရရှိရန် သူကိုယ်တိုင်အဆင်သင့်ပြင်ထားရလိမ့်မည်။
ချူဖုန်းက ချောက်ကမ်းပါးနံရံ၏ လွတ်နေသောနေရာများမှ တစ်ဆင့်သူ့တပ်ဖွဲ့အားအောက်သို့ဆင်းခိုင်းလိုက်တော့သည်။
သူ၏ စွမ်းအားကြီးသောတပ်ဖွဲ့က တဖြည်းဖြည်းနှင့် အလယ်အလတ်မြေပေါ်သို့ရောက်ရှိလာကြသည်။
ထို့နောက်တွင် ချူဖုန်းက သူ့တပ်ဖွဲ့နားခိုရန်နေရာပါးရှာဖွေလိုက်သည်။ သူ့အနေဖြင့် ခံတပ်တစ်ခုကိုအရင်ဆုံးတည်ဆောက်ထားရပေမည်။
ဒီနေရာရှိ မသေမျိုးများက အပြင်ကအကောင်များနှင့် မတူညီပေ။သူတို့၏ တိုက်ပွဲစွမ်းအားက ပြောပလောက်စရာမရှိသော်လည်း မသေမျိုးများအနေဖြင့် သေမင်းဝိညာဥ်ချောက်ကမ်းပါးတွင် ရှင်သန်နေထိုင်ရန် ဘယ်လောက်သေသေဂရုမစိုက်ကြပေ။
အဆင့်နိမ့် အရိုးစုများနှင့် ဇွန်ဘီများက အကောင်းဆုံးဥပမာ တစ်ခုပင်ဖြစ်သည်။သူတို့က တိုက်ပွဲစွမ်းအားနည်းသော်လည်း အုပ်စုလိုက်ဖွဲ့ကာနေထိုင်သောကြောင့် တော်တန်ယုံကောင်များက ရန်မစရဲကြပေ။
အလောင်းတစ္ဆေများကလည်း ထိုသို့သောကောင်များဖြစ်သည်။ချူဖုန်းက အလောင်းတစ္ဆေမျိုးနွယ်ကို ပစ်မှတ်ထားသောကြောင့် သူ့ကိုသူပြန်လည်၍ သားကောင်အဖြစ်မခံနိုင်ပေ။
နောက်မှ နောင်တရတာထက် ကြိုတင်လုံခြံအောင်နေခြင်းက ပိုမိုကောင်းမွန်လှသည်။ ထို့ကြောင့် ချူဖုန်းက လတ်တလောနှိမ့်ချနေရန် ဆုံးဖြတ်လိုက်သည်။
အရာအားလုံးအဆင်သင့်ဖြစ်ပြီးနောက်တွင် ချူဖုန်းက သူ့အရိုးစုတပ်ဖွဲ့ကို ဦးဆောင်ကာ မသေမျိုးများနှင့် ဇွန်ဘီအုပ်စုများအား စတင်တိုက်ခိုက်လိုက်တော့သည်။
ချူဖုန်းက တောင်ပေါ်တွင်ရှိနေသော အလောင်းတစ္ဆေမျိုးနွယ် ကိုသွားရောက်ရန်စရန်စိတ်ကူးမရှိပေ။ သူ့လက်ရှိတပ်ဖွဲ့နှင့် သာသွားရန်စပါက ထိုကောင်များ၏ သွားကြားပင်ညပ်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ချူဖုန်းက သူ့တပ်ဖွဲ့ပိုမိုတိုးတက်လာစေရန်အစီအစဥ်ချမှတ်လိုက်သည်။
အချိန်အတော်ကြာရှာဖွေပြီးနောက်တွင် ချူဖုန်းကတစ်သောင်းကျော်လောက်ရှိသော အရိုးစုအသိုက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။
ချူဖုန်းကစတင်ပြင်ဆင်လိုက်သည်။ တခြားပြောစရာဘာမှမရှိပေ။ပြောစရာဆိုလို့ ဇွန်ဘီတပ်ဖွဲ့ပါဝင်လာခြင်းသာဖြစ်သည်။သို့သော်လည်း သူတို့က အရန်သာဖြစ်သည်။
တိုက်ပွဲက လျှင်မြန်စွာစပြီး လျှင်မြန်စွာပင်ပြီးဆုံးသွားခဲ့သည်။
ဝိညာဥ်မီးတောက် များကိုစုပ်ယူခြင်း ၊ ရှင်သန်ခြင်းရမှတ်များစုဆောင်းခြင်း နှင့် အရိုးစုအကျဥ်းသားများဖမ်းယူခြင်းတို့ကိုဆက်လက်လုပ်ဆောင်လိုက်သည်။
ထို့ကြောင့်လည်း ချူဖုန်းနှင့် သူ့၏ တပ်ဖွဲ့က အလုပ်ရှုပ်နေခဲ့ကြသည်။ချူဖုန်းက ဇွန်ဘီတပ်ဖွဲ့အတွက်ဝေစုတစ်ခုပေးရန်ကိုလည်း မမေ့ခဲ့ပေ။
သူတို့၏ တိုက်ပွဲစွမ်းအားများက အားးနည်းနေသောကြောင့် သူတို့ကို ထောက်ပံပေးရန်လိုအပ်ပေသည်။
ချူဖုန်းက ဆက်လက်ရှာဖွေလိုက်ပြီး သိပ်မကြာခင်အချိန်လေးတွင် ဇွန်ဘီအုပ်စုတစ်စုအားထပ်မံရှာတွေ့လိုက်သည်။ဇွန်ဘီအုပ်စုတွင် ကျွမ်းကျင်သူများရှိနေသည်။
Aအဆင့်နှင့် နှိုင်းယှဥ် နိုင်သည့် အဖြူရောင်ဖုတ်ကောင်များနှင့် ဝိညာဥ်အသွင်ပြောင်းခြင်းအဆင့်နှင့် နှိုင်းယှဥ် နိုင်သည့်ကျွမ်းကျင်သူများစွာရှိနေသည်။
အထူးသဖြင့် ဖုတ်ကောင်များ၏ အခြေခံအုတ်မြစ်ဖြစ်သော အစိမ်းရောင်အချွဲများနှင့် ဇွန်ဘီအစိမ်းရောင်များ၏ အရှိန်က စိတ်ဝင်စားစရာကောင်းလှသည်။
ထိုတပ်ဖွဲ့က ချူဖုန်း၏ တပ်ဖွဲ့အားသေကြေပျက်စီးမှုအနည်းကို ဖြစ်စေခဲ့သော်လည်း ချူဖုန်းက ဒေါသမထွက်သည့်အပြင် ပျော်တောင်ပျော်နေသေးသည်။
သူဆက်လက်၍ ပြုစုပျိုးထောင်နေသရွေ့ သူ့၏ ဇွန်ဘီများက သူ့တပ်ဖွဲ့ အတွက် အဓိကတိုက်ခိုက်ရေးအင်အားစုတစ်ခုဖြစ်လာလိမ့်မည်။
ချူဖုန်း၏ တပ်ဖွဲ့များက အစွန်အဖျားမှ တဖြေးဖြေးချင်း အလောင်းတစ္ဆေများရှိသည့် အလယ်စက်ဝိုင်းဆီသို့ဖြေးညှင်းစွာတိုးဝင်လာခဲ့သည်။
ထိုသို့လာရာခရီးလမ်းတစ်လျှောက်တွင် ချူဖုန်း၏ အရိုးစုစစ်တပ် အင်အားက ကြီးမားလာကာ အရိုးစုခေါင်းဆောင်ငါးဆယ်နှင့် လက်ရွေးစင်အရိုးစုတစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။
တခြားအကောင်များကလည်း လက်ရွေးစင်အဆင့်ကို ရောက်ရှိရန်အလွန်နီးကပ်နေပြီဖြစ်သည်။
ဇွန်ဘီများကလည်း နောက်ချန်မနေခဲ့ပေ။ သူတို့ထံတွင် အစိမ်းရောင်ဇွန်ဘီဆယ်ကောင် ၊ အဖြူရောင်ဇွန်ဘီ အကောင်တစ်ရာလောက်ရှိပြီး ကျန်တာကတော့ သာမန် ခရမ်းရောင်ဇွန်ဘီများသာဖြစ်သည်။
ဇွန်ဘီများက နောက်ကျမှရောက်လာသောကြောင့် အရိုးစုတပ်ဖွဲ့ကို မယှဥ်နိုင်သေးသော်လည်း သူတို့ကတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုအဖြစ်ပုံပေါ်နေပြီဖြစ်သည်။
ထို့ကြောင့်လည်း ချူဖုန်းက အလောင်းတစ္ဆေများကို မျက်စိကျလာခဲ့သည်။အလောင်းတစ္ဆေများကို သတ်ခြင်းက သူ့တပ်ဖွဲ့အတွက် အကျိုးသက်ရောက်မှုအများကြီးရှိနေသည်။
အလောင်းတစ္ဆေတစ်ကောင်၏ အသက်စွမ်းအင်က တူညီသောအဆင့်ရှိသည့် မသေမျိုးဆယ်ကောင် ဒါမှ မဟုတ် ထိုထက်ပိုများပေသည်။
ထို့ကြောင့် ဒီတိုက်ပွဲသာပြီးဆုံးသွားပါက ချူဖုန်း၏ တပ်ဖွဲ့မှာ အဆင့် A+ နှင့်ပင် ယှဥ်၍ တိုက်ခိုက်နိုင်လိမ့်မည်။
ထို့ကြောင့် ချူဖုန်းက စိတ်မဝင်စားဟုပြောလျှင် လိမ်ညာခြင်းသာဖြစ်သည်။ ထို့ကြောင့်သူက အလောင်းတစ္ဆေများကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက ကမူးရှုးထိုး မဆင်မခြင်မလှုပ်ရှားခဲ့ပေ။
တစ်ခါတစ်လေတွင် သူတစ်ယောက်ထဲ အလောင်းတစ္ဆေများနေထိုင်ရာတောင်ထိပ်ပေါ်သို့ ရဲဝံစွာပင်ပြေးတက်သွားခဲ့သည်။
သူ့ကို အလောင်းတစ္ဆေများရှာတွေ့အောင်ပြုလုပ်၍ တိုက်ခိုက်ကာ အလောင်းတစ္ဆေများ၏ တိုက်ခိုက်ရေးစွမ်းအားများကို လေ့လာလိုခဲ့သည်။
ထိုအခိုက်အတန့်လေးတွင် ချူဖုန်းက သူ့ရှေ့တွင်ကင်းလှည့်နေသည့် အလောင်းတစ္ဆေမျိုးနွယ်ဝင် ဆယ်ယောက်ကို တွေ့ရှိလိုက်သည်။
ထိုကောင်များ၏ ပုံစံက တူညီလှပြီး သူတို့လည်ပင်းတွင် အရိုးခေါင်းခွံများကိုချိတ်ဆွဲထားကြသည်။ သူတို့၏ အသားအရေက အချိန်တော်ကြာတည်းက ချောက်ကပ်နေသကဲ့ သို့ ညိုညစ်ညစ်ဖြစ်နေကာ အရိုးနှင့် ထိစပ်နေသည်။
သူတို့ခန္တာကိုယ်တွင် ခြုံလွှာတစ်ခုကိုခြုံထားပြီး သူတို့၏ အရိုးများတွင် တစ်ချို့သောစည်းမျဥ်းများရေးထိုးထားသည်။
ထိုအရာက သူတို့ ကောင်းကင်နှင့် ကမ္ဘာမြေကိုဆက်သွယ်နိုင်သည့် သော့ချက်ဖြစ်နိုင်သည်။
အလောင်းတစ္ဆေမျိုးနွယ်က ဥာဏ်တုံးသောအရိုးစုများနှင့်မတူညီပဲ နေထိုင်မှုအဆင့်အတန်းတစ်ခုရှိသည်။အဆင့်နိမ့်သောအလောင်းတစ္ဆေများက သူတို့နယ်မြေကို ကင်းလှည့်ကာ ကာကွယ်ရန်တာဝန်ရှိသည်။
ကင်းလှည့်နေသော အလောင်းတစ္ဆေများက ချူဖုန်းကိုတွေ့လိုက်ချိန်တွင် တုံ့ဆိုင်းခြင်းမရှိပဲတိုက်ခိုက်လိုက်ကြသည်။
တစ်ခဏချင်းအတွင်း သဲ ၊ ကျောက်တုံးနှင့် လေများက ပုံပျက်ကာ ဖရိဖရဲဖြစ်သွားတော့သည်။
YOU ARE READING
ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)
Maceraအဟမ်း အားလုံးပဲမဂ်လာပါဗျစာစဥ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ၊စနစ်ပုံစံလေးပေါ့ဗျာ၊နိုင်ငံAမှာမိုင်းတွင်းတူးဖော်တဲ့အလုပ်သမားတွေကနတ်ဆိုးတွင်းနက်ကြီးတစ်ခုကိုတူးဖော်မိသွားတယ်၊ကမ္ဘာကြီးမှာဝိညာဥ်စွမ်းအင်တွေထွက်ပေါ်လာတယ်၊အဲ့လိုပဲနတ်ဆိုးတွေလည်းပေါ်ပေါက်လာခဲ့တယ်။ရ...