43-44

49 3 0
                                    

ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း

အပိုင်း (43) ငါ့ကိုလည်းခေါ်ပါဟ

       လူတိုင်းအောက်ထပ်သို့ရောက်သောအခါတွင် မြို့စောင့်တပ်မှုးနှင့်တည်းခိုခန်းပိုင်ရှင်ကစကားပြောခြင်းအားရပ်တန့်လိုက်သည်။
      
       ထို့နောက်မြို့စောင့်တပ်မှုးကလူများအားကြည့်ကာ
      
       "တတိယမင်းသားက အိမ်မက်မြူခိုးသားရဲဘုရင်ကိုသတ်ဖြတ်ဖို့အတွက်လူလိုတယ်၊အဲ့တာကြောင့်မင်းတို့ကိုခေါ်ရတာပဲ၊အိမ်မက်မြူခိုးသားရဲကိုသတ်ဖြတ်တဲ့နေရာမှာအလုပ်ကြိုးစားတဲ့လူတွေကို တတိယမင်းသားက ဆုချီးမြှင့်လိမ့်မယ်"
      
       တခြားလူများသဘောတူမတူကိုမမေးတော့ပေ။ အဆင့် B များအားရွေးချယ်ကာခေါ်ဆောင်လိုက်သည်။ အဆင့် C များကိုတော့မခေါ်ပေ။
      
       သူတို့မျက်လုံးထဲတွင် အဆင့် C များကဘောင်မဝင်ကြောင်းသိသာလှသည်။အဆင့် 6 ဝိညာဥ်ပြောင်းလဲခြင်းနှင့်ရင်ဆိုင်ရာတွင် အဆင့် C များက အမြှောက်စာဖြစ်ရန်ပင်မထိုက်တန်လှပေ။
      
       အဆင့် C များက ဝမ်းသာစွာ သက်ပြင်းချလိုက်သော်လည်း ချူဖုန်း က ဒစ်လည်နေချေပြီ။
      
       (သေစမ်းပါကွ ငါဘာလုပ်ရမလဲ၊သူတို့ကအဆင့် C တွေကိုမခေါ်ဘူးဟ၊ သူတို့နဲ့လိုက်မသွားရင်လည်း အလောင်းဝိညာဥ်တောင်တန်းကိုဝင်ဖို့က ခေါင်းစားရဦးမယ်။မင်းတို့ရှေ့မှာငါရပ်နေတာမမြင်ဘူးလားဟ ခေါ်ကြပါကွာ )
      
       ထို့ကြောင့်ပင်ချူဖုန်းက အလျှင်အမြန်ပင်
      
       "ဆရာ ကျွန်တော် ကျွန်တော်ကိုလည်းခေါ်ပါ၊ဒီမစ်ရှင်မှာကျွန်တော်ပါချင်လို့"
      
       ချူဖုန်းစကားကသိပ်မကျယ်သော်လည်းရှိနေသမျှလူအားလုံးအားအံအားသင့်သွားစေသည်။တခြားမပြောနှင့် မြို့စောင့်တပ်မှုးတောင်အံအားသင့်ပြီး နားကြားမှားတာဟုထင်မှတ်မိသည်။
      
       "မင်းရောသွားချင်တယ်လို့ပြောလိုက်တာလား"
      
       လူများစွာကသူ့အားစိုက်ကြည့်နေသောကြောင့်ချူဖုန်းကရှက်ရွံ့စွာချောင်းဟန့်လိုက်ရင်း
      
       "အဟမ်း တတိယနတ်ဆိုးမင်းသားက အလုပ်ကြိုးစားရင်ဆုချမယ်ဆိုတာလေ၊ ကျွန်တော်အတွက်ကြီးကြီးမားမားမလိုပါဘူး မှော်ကျောက်တုံးရာဂဏန်းလောက်ဆိုရပါပြီ"
      
       ချူဖုန်းကသူ့ကိုယ်သူလောဘကြီးပြီးပိုက်ဆံအတွက်သေရဲသောလူငယ်တစ်ယောက်အဖြစ်အပြီအပြင်သရုပ်ဆောင်နေသည်။ထိုစကားများက မြို့စောင့်တပ်မှုးအားဆွံ့အစေခဲ့သည်။
      
       (လဥပဲပေါ့ ဒီဘက်ခေတ်ထဲမှာသေချင်တဲ့သူတွေအဲ့လောက်များမှန်းမသိခဲ့ဘူးခေါ်ထားတဲ့လူတွေရုပ်ကိုမင်းမကြည့်ဘူးလား သူတို့ဘိုးဘေးသေသွားသလိုရုပ်ဖြစ်နေတာ
       တတိယမင်းသားကဆုကြေးပေးမယ်ပေါ့ ဟုတ်လားမင်းလိုစောက်ရူးပဲယုံ၊နတ်ဆိုးမင်းသားအတွက်အလုပ်လုပ်ပေးပေးမပေးပေး မင်းတို့ကသေမှာပဲ)
      
       မြို့စောင့်ခေါင်းဆောင်ကခေါင်းညိတ်လိုက်ကာ
      
       "ကောင်းပြီငါမင်းကိုထည့်ပေးမယ်၊ကျန်တဲ့ကောင်တွေ ဒီနတ်သူငယ်လေးဆီကနေသင်ယူထား၊မင်းတို့ တတိယနတ်ဆိုးသားတော်အတွက်အလုပ်လုပ်ပေးရတာကံကောင်းမှုတစ်ခုပဲ"
      
       ချူဖုန်းကအရွေးခံလိုက်ရသောကြောင့်အလွန်ပင်ပျော်ရွှင်နေခဲ့သည် ။ ဘရော့နှင့်ကျန်လူများကအံအားသင့်နေသည်။သူတို့ကအားကောင်းလွန်းသောကြောင့်အရွေးခံလိုက်ရသော်လည်းထို လဒ ကတကယ်ပင်သူ့သဘောနှင့်သူဝင်ခဲ့သည်။
      
   (    ဟမ့် နတ်သူငယ်မျိုးနွယ်တစ်ခုလုံးအတွက်အရှက်ရစရာပဲ)
  
       ဘရော့နောက်မှ  မာဗယ်ကနှာခေါင်းရှုံ့လိုက်သော်လည်း အန်ဒါဆန် ကသူမကို အလျှင်အမြန် တားဆီးလိုက်သည်။
      
       မတော်လို့သာသူတို့က သူပုန်တွေမှန်းသာသိသွားပါက တစ်ယောက်မှလွတ်နိုင်မည်မဟုတ်ပေ။
      
       ချူဖုန်းက အရွေးခြယ်ခံ များဆီသို့လျှောက်သွားလိုက်သည်။အမှုမဲ့အမှတ်မဲ့နှင့် ဘရော့တို့နားတွင်ရပ်လိုက်သည်။ အန်ဒါဆင် ကမျက်မှောင်ကြုတ်လိုက်သည်။ဒါကမလိုလားအပ်တဲ့အာရုံစိုက်မှုများရမည်ကိုစိုးရိမ်လိုက်သည်။
      
       သို့သော်လည်း မြို့စောင့်တပ်မှုးကအချိန်မဆွဲပဲ သူတို့အားခေါ်၍ထွက်ခွာခဲ့သည်။လမ်းတွင်ထွက်ပြေးရန်ကြံသောလူကို အပိုင်းပိုင်းဖြတ်ကာ လမ်းဘေးတွင်ပင်ထားရစ်ခဲ့သည်။
      
       ထို့နောက်တွင်တော့ဘယ်သူမှထွက်မပြေးတော့ပေ။တစ်နာရီကျော်သွားပြီးနောက်မှာတော့လူတိုင်းရဲ့မျက်စိရှေ့မှာတောင်တန်းတစ်ခုကိုတွေ့လိုက်ရသည်။
      
       တောင်တန်းက မိုင်ပေါင်း တစ်ထောင် ကျော်လှည်လျှားပြီး ရှေးဟောင်းသစ်ပင်များနှင့်အုပ်ဆိုင်းနေသည်။အမြစ်များကအချင်းချင်းတွယ်စပ်နေသလိုဖြစ်နေသည်။ချောက်ချားဖွယ်လေထုကတိုက်ခတ်နေကာ ဝိညာဥ်ငိုကြွေးသံလိုအသံများထွက်ပေါ်နေသည်။
      
       အလောင်းဝိညာဥ်တောင်တန်းက နတ်ဆိုးမြို့တော်အနားတွင် တားမြစ်နယ်မြေ တစ်ခုဖြစ်သည်။
      
       လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက နတ်ဆိုးမျိုးနွယ်နှင့် အခြားမျိုးနွယ်များက အလောင်းဝိညာဥ်တောင်တန်းတွင်စစ်ပွဲများဖြစ်ပွားကာ မရေတွက်နိုင်သောလူများသေဆုံးခဲ့ရသည်။
      
       ဝိညာဥ်တစ်ထောင်ပန်းပွင့်က သေဆုံးသူများ၏ဝိညာဥ်ကိုစားသုံးကာမွေးဖွားလာခြင်းဖြစ်နိုင်သည်။
      
       ထို့အပြင် ဝိညာဥ်အဖြစ်ပြောင်းလဲသွား သော အလောင်းကောင်တစ်ခုရှိပြီး နတ်ဘုရားအဆင့်သို့ရောက်နေပြီဟုကောလဟာလများကြားရသည်။အသိဥာဏ်မရှိပဲရက်စက်ကြမ်းကြုတ်သည်။
      
       ဝိညာဥ်အသွင်ပြောင်းခြင်းအထွဋ်အထိပ်များပင် ဒီတောင်တန်း၌သေရန်ရာခိုင်နှုန်းများသည်။အလွန်ပျင်းရိနေသောသူများသာလာလိမ့်မည်။
      
       သို့သော်လည်းအခုချိန်တွင်တော့ အိမ်မက်မြူခိုးသားရဲဘုရင် ကြောင့်စစ်သည်အများအပြားစုစည်းနေသည်။
      
       အချောင်ရမလား လာချောင်းနေသောတချို့နတ်ဆိုးမြို့မှလူများရှိနေရာအခြေအနေ ကရှုပ်ထွေးနေသည်။
      
       တတိယမင်းသားကရှုပ်ထွေးနေသော အခြေအနေကိုပိုရှုပ်ထွေးစေရန်လူများစွာအားရှာလာခိုင်းခြင်းဖြစ်သည်။
      
       မည်သို့ပင်ဖြစ်စေကာမူ ဒီနေရာက သူ့ပိုင်နက် သူသာအသန်မာဆုံးဖြစ်သောကြောင့် နောက်ဆုံးသူသာအောင်နိုင်သူဖြစ်ရမည်ဟုမျော်လင့်ထားပုံပင်။
      
       ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ ချူဖုန်း နှင့် အခြားလူ များက အလောင်းဝိညာဥ်တောင်တန်းအတွင်းသို့ဝင်ရောက်လာကြသည်။မြို့စောင့်တပ်မှုးကလူများကိုစုစည်းစေကာ
      
       "တတိယနတ်ဆိုးသားတော်ရောက်လာတဲ့အချိန်ကြရင် မင်းတို့သတိထားနေကြ၊သူစိတ်ဆိုးအောင်လုပ်မိရင် မင်းတို့ကိုဘယ်သူမှမကယ်နိုင်ဘူး"
      
       နတ်ဆိုးခေါင်းဆောင်စကားပြောနေရင်းနှင့်ပင်ကြီးမားသောဝံပုလွေ အူသံကိုကြားလိုက်ရသည်။
      
       ထို့နောက် မြေနတ်ဆိုးတပ်သားများက အုပ်စုနှစ်စုကွဲသွားပြီးအလယ်မှ အမဲရောင်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်လူငယ်တစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
      
       သူ့ဘေးတွင်အမြင့် ဆယ်မီတာရှိပြီး အရှည် မီတာသုံးဆယ်ရှည်လျှားသော မျက်သုံးလုံးနတ်ဆိုးဝံပုလွေတသ်ကောင်ရှိနေသည်။မျက်လုံးသုံးလုံးဝံပုလွေဘုရင် ပါးစပ်မှသွေးများစီးကျနေလျှက်ရှိပြီးသားကောင်တစ်ကောင်ကောင်အားစားထားရန်ရှိသည်။
      
       ချူဖုန်းအနည်းငယ်အာရုံစိုက်လိုက်သည်။
      
       (ဒီနတ်ဆိုးဝံပုလွေဘုရင်က ဝိညာဥ်အသွင်ပြောင်းခြင်း အဆင့် 3 ကိုတောင်ရောက်နေပြီ ကြည့်ရတာ တတိယမင်းသားက ပိုကစွမ်းထက်ပုံပဲ)
      
       ချူဖုန်းတွေးနေစဥ်မှာပင် တခြားတစ်ဖက်ရှိတော်လှန်ရေးတပ်သားများကလည်းထိတ်လန့်သွားကြသည်။
      
       အန်ဒါဆင်၏မျက်ခုံးများကတွန့်သွားကာ
      
       ( ဘောပဲပေါ့ကွာ ၊ နတ်ဆိုးဝံပုလွေကတောင်ငါ့လောက်နီးနီးသန်မာနေပြီ၊ တတိယမင်းသားဆိုရင်ဘယ်လောက်တောင်သန်မာလိုက်မလဲ ၊ဒီတစ်ခါမစ်ရှင်က အန္တရာယ်များလွန်းတယ်)
      
       တတိယနတ်ဆိုးမင်းသားက အလွန်လျှင်မြန်လှသည်။ခဏတွင်းချင်းပင်လူအုပ်၏ရှေ့သို့ရောက်ရှိလာခဲ့သည်။
      
       သူ့၏အေးစက်ပြီးမဲမှောင်နေသောမျက်လုံးတစ်စုံဖြင့်လူတိုင်းအားကြည့်ကာ
      
       "မင်းတို့ကိုပြီးရင်အဖွဲ့နှစ်ဆယ်ခွဲပေးမယ်၊တစ်ယောက်ချင်းဆီတိုင်းက ခြေရာခံ ကရိယာတစ်ခုစီရမယ်၊အိမ်မက်မြူခိုးသားရဲဘုရင်နဲ့တွေ့ရင်အဲ့တာတွေကိုဖျက်စီးလိုက်၊ဒါဆိုရင် ငါချက်ချင်းတန်းသိလိမ့်မယ်။အိမ်မက်မြူခိုးသားရဲဘုရင်နဲ့ရင်ဆိုင်ရရင်မင်းတို့သေရမယ်ဆိုရင်တောင်နောက်မဆုတ်နဲ့၊အစွမ်းကုန်တားထား၊ မဟုတ်ရင်တော့အကျိုးဆက်တွေကဘာဆိုတာမင်းတို့ကိုငါပြရလိမ့်မယ်"
      
       ပြောပြီးသည်နှင့်တတိယနတ်ဆိုးမင်းသားက လှည့်ထွက်သွားခဲ့သည်။ အမြှောက်စာများကသူ့အာရုံစိုက်မှုနှင့်မထိုက်တန်ပေ။
      
       ထို့နောက်တွင်မြေနတ်ဆိုးများက လူတိုင်းအားခြေရာခံကရိယာများလိုက်ပေးလေသည်။ အဖွဲ့နှစ်ဆယ်ခွဲပီးတော့တစ်ဖွဲ့မှာ လူနှစ်ဆယ်ရှိသည်။
      
       ထိုအဖွဲ့များကို A အဆင့်မြေနတ်ဆိုးတပ်မှုးများကဦးဆောင်ပြီးအိမ်မက်မြူခိုးသားရဲနှင့်တွေ့လျှင်အကုန်လုံးလျှင်လျှင်မြန်မြန်အသုတ်သင်မခံရစေရန်ဖြစ်သည်။
      
       နတ်ဆိုးကိုယ်ရံတော်နှစ်ဦးက အကြီးဆုံးအဖွဲ့တွင်စောင့်ကြပ်နေသည်။တိုက်ဆိုင်စွာပင် ချူဖုန်းနှင့် ဘရော့တို့လူစုက ထိုလူအုပ်ကြီးထဲတွင်ရှိနေသည်။
      
       ချူဖုန်း၏ခန့်မှန်းချက်အရ နတ်ဆိုးကိုယ်ရံတော်များမှာတစ်ယောက်က ဝိညာဥ်အသွင်ပြောင်းခြင်းဒုတိယအဆင့်ဖြစ်ပြီးနောက်တစ်ယောက် က ပထမအဆင့်ဖြစ်သည်။
      
       သူတို့ကအိမ်မက်မြူခိုးသားရဲနှင့် ဆုံတွေ့လျှင်ပင် တတိယမင်းသားတို့အဖွဲ့မရောက်လာခင်ထိတောင့်ခံထားနိုင်သည်။
      
       သို့သော်လည်းချူဖုန်းကနတ်ဆိုးအစောင့်နှစ်ဦးအားသနားမိနေသည်။သူ့ကိုဖယ်ထားလိုက်လျှင်ပင် ဒီအဖွဲ့ထဲတွင်လက်ရွေးစင် နတ်သူငယ်တစ်ကောင်ရှိသည်။
      
       နတ်ဆိုးတော်လှန်ရေးတပ်မတော်ကသာ စတင်လှုပ်ရှားလာလျှင် ထိုနတ်ဆိုးနှစ်ဦးက သေချာပေါက်သေဆုံးရလိမ့်မည်။
      
       တတိယမင်းသား၏ကိုယ်ရံတော်အစောင့်များကထပ်ရော့ဦးမည်။



ကမ္ဘာလုံးဆိုင်ရာရှင်သန်ခြင်း(1 to ongoing)Where stories live. Discover now